Tuesday, April 22, 2008

To all Mates

ကျွန်တော်တို့ စုဆောင်းထားတဲ့ E-Book ကလေးတွေကို စပြီးတော့ တင်ပေးနေပါပြီ။ ဘေးက Linksတွေကနေတစ်ဆင့် Download လုပ်ယူနိုင်ကြပါတယ်။ လိုချင်တဲ့ စာအုပ်များရှိရင် ကျွန်တော်တို့ဆီကို Subject Title နဲ့တောင်းခံနိုင်ပါတယ်။ အတတ်နိုင်ဆုံးရှာဖွေပေးပါမယ်ခင်ဗျား။ ကျွန်တော့်တို့ ဆီကို ပို့စ်များရေးတင်ကြဘို့ကိုလဲ ဖိတ်ခေါ်ပါတယ်။ countrybuilders2008@gmail.com ကို ပေးပို့နိုင်ပါတယ်ခင်ဗျား။ ပို့စ်အသစ်များကို နောက်တစ်ပတ်မှ တင်နိုင်ပါမည်ခင်ဗျာ။

Thursday, April 17, 2008

The Economy, The Households And The Dictator

နိုင်ငံတော်၏ စီးပွားရေး၊ အိမ်ထောင်စုများနှင့် အာဏာရှင်
နှစ်စဉ်နှစ်တိုင်း စီးပွားရေး ၁% တက်နေရင် ကျွန်တော်တို့ရဲ့ ကလေးတွေဝင်ငွေဟာ ကျွန်တော်တို့ ၀င်ငွေထက် ၁.၄ဆ ရမယ်။ စီးပွားရေး ၃% တက်နေရင်တော့ သူတို့ဝင်ငွေဟာ ၂.၅ ဆ ရမှာပဲ။ အရှေ့တောင်အာရှ နိုင်ငံတွေထဲကတစ်ချို့ဟာ ၁၉၆၀ ကနေ ၁၉၉၀ အတွင်း နှစ်စဉ် စီးပွားရေး ၆% ကျော် တိုးတက်ခဲ့တယ်။ ဒီဟာ ဘာကိုပြသလဲဆိုတော့ မျိုးဆက်တစ်ခုအတွင်းမှာပဲ ၀င်ငွေ ၆ဆကျော် တိုးတက်လာတာပါ။
စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဟာ အရေးကြီးတယ်ဆိုတဲ့ အချက်ကို သိလိုက်တာနဲ့ လူတိုင်းမေးလေ့ရှိတဲ့ မေးခွန်းက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြန်သည်ထက်မြန်အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်းပါ။ အလားတူ ထပ်မေးလေ့ရှိတဲ့ မေးခွန်းက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်းကွဲပြားရခြင်း ရဲ့ အဓိက အချက်တွေက ဘာလဲ၊ အဲဒီ့အချက်တွေကို ဘယ်လိုထိန်းချုပ်နိုင်မလဲဆိုတာပါပဲ။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးတဲ့ ပေါ်လစီတွေ၊ လုပ်ငန်းလမ်းစဉ်တွေ ချမှတ်နိုင်ဘို့အတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဆုံးအဖြတ်ပေးနေတာက ဘယ်အချက်တွေလဲဆိုတာကိုတော့ သိရမှာပေါ့။ နောက်တစ်ခုသိရမှာက ဒီစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက လူမှုရေး ဆိုင်ရာ ဘ၀သက်သာချောင်ချိမှု၊ သာယာပျော်ရွှင်မှု အစရှိတဲ့ ကိစ္စရပ်တွေမှာ ဘယ်လောက်တောင် ဘယ်လိုမျိုး အကျိုးသက်ရောက်မှုရှိနိုင် သလဲဆိုတာကို သိထားရပါမယ်။ အဲဒီ့မှာ ကြီးထွားခြင်း သီအိုရီ (Growth Theory) ရဲ့ ရုပ်လုံးစပေါ်လာတာပါပဲ။
ကမ္ဘာ့ဓန၊ ၀င်ငွေရရှိမှု အချိုးအစားနှင့် စီးပွားရေးတိုးတက်မှုနှုန်းများ
Summers and Heston ကသုတေသနလုပ်ထားတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၇ နိုင်ငံရဲ့ ပျမ်းမျှ တစ်ဦးချင်းစီဝင်ငွေ(GDP per capita) ကို ၁၉၆၀၊ ၁၉၈၀၊ ၂၀၀၀ ခုနှစ်တွေမှာရှိတဲ့အခြေအနေအတိုင်း နှိုင်းယှဉ်ကြည့်ထားတဲ့ ဇယားကို အောက်မှာတွေ့နိုင်ပါတယ်။



၂၀၀၀ ပြည့်နှစ်မှာ လူဇင်ဘတ်က (Luxembourg) တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၄၄၀၀၀ နဲ့ အချမ်းသာဆုံး နံပါတ် ၂ မှာ အမေရိကန် က ဒေါ်လာ ၃၂၅၀၀ နဲ့ ဒုတိယနေရာမှာရှိပြီးတော့ ဂျီ ဆဲဗင်းနဲ့ ဓနသဟာယနိုင်ငံများ က စင်ကာပူ၊ ဟောင်ကောင်၊ တိုင်ဝမ်၊ ဆိုက်ပရပ်(စ်) အစရှိနိုင်ငံများနဲ့ ထိပ်ပိုင်း ၂၅ နေရာကိုယူထားကြပါတယ်။ မြန်မာနိုင်ငံအပါအ၀င် အာဖရိကနိုင်ငံ အများစုက အောက်ဆုံး ၂၅ နိုင်ငံနေရာကို ယူထားကြပြီးတော့ တန်ဇန်းနီးယားနိုင်ငံက တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၅၇၀ နဲ့ အောက်ဆုံးအဆင့်မှာ ရှိပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ စီးပွားရေးတိုးတက်နေတဲ့ အာရှနိုင်ငံတစ်ခုဖြစ်တဲ့ စင်ကာပူဟာ ၂၀၀၇ ခုနှစ်မှာ တစ်ဦးချင်းထုတ်ကုန်တန်ဘိုးချင်းနှိုင်းယှဉ်လိုက်မယ်ဆိုရင် အမေရိကန်ထက် သာသွားပြီဆိုတာ စီအိုင်အေက ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ တွေ့နိုင်ကြပါတယ်။

ဒါပေမယ့် ဒီဇယားက ဖော်ပြနေတဲ့ အရေးကြီးတဲ့ အချက်ကတော့ ၂၀၀၀ခုနှစ်မှာ ဖြစ်နေတဲ့ဝင်ငွေ အချိုးအစားကွာဟခြင်းဟာ ၁၉၆၀ ပြည့်နှစ်က အတိုင်းပါပဲ။ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိဆိုတဲ့ အချက်ပါပဲ။ ဒါပေမဲ့ ဒီနှစ် ၄၀ ကာလအတွင်းမှာ အရေးပါတဲ့ ပြောင်းလဲမှုတွေတော့ ဖြစ်ပျက်သွားခဲ့ပါတယ်လို့ ဆိုပါတယ်။ အာဂျင်တီးနား၊ ဥရုဂွေး၊ အစ္စရေးနဲ့ တောင်အာဖရိကနိုင်ငံတွေဟာ ၁၉၆၀ ပြည့်နှစ်တုန်းက ထိပ်ဆုံး ၂၅ နိုင်ငံစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ၂၀၀၀ပြည့်နှစ်မှာတော့ မပါတော့ပါဘူး။ တစ်ခြားတစ်ဘက်မှာတော့ တရုတ်၊ အင်ဒိုနီးရှား၊ နီပေါ၊ ပါကစ္စတန်၊ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် အစရှိတဲ့ နိုင်ငံတွေဟာ အောက်ဆုံး ၂၅ နိုင်ငံကနေ ရုန်းထွက်နိုင်ခဲ့တာကို တွေ့ရပါတယ်။


တစ်ဦးချင်းဝင်ငွေကွာတော့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းလဲ ကွာတာကို ဆက်ပြီးတွေ့ရပြန်ပါတယ်။


နိုင်ငံတစ်ချို့ရဲ့ တစ်ဦးချင်းဝင်ငွေတိုးတက်မှုနှုန်းပြဇယားကို အောက်မှာလေ့လာနိုင်ပါတယ်။





အရှေ့အာရှနိုင်ငံတွေဖြစ်တဲ့ တိုင်ဝမ်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း ၊ဟောင်ကောင်၊ တရုတ်နဲ့ ဂျပန် အစရှိတဲ့နိုင်ငံတွေဟာ တောင်အာဖရိတိုက်ရဲ့ ဆာဟာရ အစွန်းပိုင်းမှာရှိတဲ့ ဘော့(စ်) ၀ါနာ (Bostwana) ဆိုက်ပရပ်(စ်)၊ ရိုမေးနီးယား၊ မောရစ်ရှပ်(စ်) အစရှိတဲ့ နိုင်ငံတွေနဲ့အတူ ကျွန်တော်တို့အခုခောတ်အတွက် အံ့ဘွယ် နိုင်ငံများ (Miracles of our time) လို့ သတ်မှတ်နိုင်လောက်အောင် စီးပွားရေးတိုးတက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အောက်မှာ ပြထားတဲ့ ဂရပ်ဖ်ကို လေ့လာကြည့်မယ်ဆိုရင် နိုင်ငံအများစုရဲ့ တစ်ဦးချင်း ၀င်ငွေဟာ နှစ် (၄၀)အတွင်းမှာ ဘာမှထူးပြီးတော့ တိုးလာတာမျိုးမရှိဘူးဆိုတာပါပဲ။




အဲဒါကြောင့်မို့လို့ ကမ္ဘာ့နိုင်ငံများမှာရှိတဲ့ တစ်ဦးချင်းဝင်ငွေကို နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် အံ့ဘွယ်တွေ ဖြစ်သွားခဲ့သော်လည်း လူတစ်ဦး ထုတ်လုပ်နိုင်မှု၊ ၀င်ငွေနဲ့ စီးပွားရေး တိုးတက်မှု ခြားနားခြင်းတွေဟာ အရင်ကတိုင်းဘာမှ မပြောင်းလဲဘူးလို့ကောက်ချက်ချနိုင်ပါတယ်။ ထပ်ပြီးဆိုနိုင်တာက သာမန်အားဖြင့် ဆင်းရဲတဲ့ နိုင်ငံတစ်ခုဟာ ချမ်းသာထက်နိုင်ငံတစ်ခုထက် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ပိုပြီးတော့ မြန်မြန်မတိုးတက် နိုင်ဘူးဆိုတဲ့အချက်ပါ။ စီးပွားရေး ပညာရှင်များကတော့ Unconditional Convergence က ဇီးရိုး ဖြစ်နေတယ် လို့ ဆိုကြပါတယ်။ ဖော်မြူလာနဲ့ ဖော်ပြချင်ရင်တော့ Δlny2000-1960 = &+b.lny1960 လို့ ဖော်ပြပါတယ်။ b ရဲ့ အညွှန်းကိန်းကတော့ သုညပါ။ ဒါပေမယ့် တစ်ခြားတစ်ဘက်မှာ Δlny2000-1960=&+b.lny1960+rX1960 ဆိုတဲ့ regression formula တစ်ခုရှိပြန်ပါတယ်။ ထပ်ပြီးပေါင်းထည့်လိုက်တဲ့ rX1960 ဆိုတဲ့ အပိုင်းကလေးဟာ ပြည်တွင်းမှာ ရှိတဲ့ ပညာရေး အဆင့်အတန်း၊ ပြည်တွင်းအခွန်နဲ့ ငွေကြေးဆိုင်ရာ ပေါ်လစီ ဈေးကွက်ပြိုင်ဆိုင်မှု အစရှိတဲ့ အစုတစ်ခုကို ပေါင်းထည့်လိုက်တာဖြစ်ပါတယ်။ ဒီဖော်မြူလာဟာ ဘာကို ဖော်ပြနေသလဲဆိုတော့ ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံတစ်ခု လက်ခံကျင့်သုံးတဲ့ ပညာရေးစံနစ်၊ ငွေကြေးနဲ့ အခွန်ကောက်ယူမှု ပုံစံ၊ ဈေးကွက်ပြိုင်ဆိုင်မှု အစရှိတဲ့ နည်းစံနစ်တွေကို လက်ခံ ကျင့်သုံးမယ်ဆိုရင် အဲဒီ့ဆင်းရဲတဲ့ နိုင်ငံဟာလဲ ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံကို မှီလာနိုင်ပါတယ်ဆိုတာကို ဖော်ပြထားတာဖြစ်ပါတယ်။ စီးပွားရေး ပညာရပ်ဆိုင်ရာ အသုံးအနှုံးအရ ပြောရမယ်ဆိုရင် Conditional Convergence လို့ ဖော်ပြထားပါတယ်။
အာဏာရှင်အုပ်ချုပ်တဲ့ နိုင်ငံတစ်ခုရဲ့ စီးပွားရေး စံနစ်ကို လေ့လာကြည့်ရအောင်လားခင်ဗျာ။
  • လေ့လာမဲ့ အချိန် ကာလအပိုင်းအခြားကို အတိအကျသတ်မှတ်ပါတယ်။ တစ်နှစ်၊ ဆယ်နှစ်၊ မျိုးဆက်တစ်ခု အစရှိသည်ဖြင့်ပါ။ t = {0,1,2,3}
  • အဲဒီ့နိုင်ငံရဲ့ စီးပွားရေးက သီးခြား တည်ရှိနေတဲ့ ကျွန်းတစ်ခုလိုပါပဲ။ မှတ်ချက် - မြန်မာနိုင်ငံဟာ ဘယ်လောက်ပဲ ဈေးကွက်စီးပွားရေးကျင့်သုံးနေပါတယ် အော်နေနေ တစ်ကယ်တမ်းကျတော့ isolated economy ပါပဲ။ အိမ်ထောင်စုတွေ အများကြီး အဲဒီ့ကျွန်းပေါ်မှာ နေကြတယ်လို့ သတ်မှတ်လိုက်ပါ။ ဈေးကွက်ဆိုတာ လုံးဝမရှိပဲ ကုန်ထုတ်လုပ်မှု အားလုံးကို ဗဟိုကထိန်းချုပ်ထားပါတယ်။ လူမှုရေး၊ စီးပွားရေး ကိစ္စ အ၀၀ကို အာဏာရှင် တစ်ယောက်ထဲကသာထိန်းချုပ်ထားတယ်လို့ သတ်မှတ်ပါတယ်။
  • အဲဒီ့နိုင်ငံက ထုတ်ကုန်တစ်ခုထွက်တယ်ထားပါ။ အဲဒီ့ ထုတ်ကုန် ထုတ်လုပ်နိုင်ဘို့အတွက် အရင်းအနှီး (capital) နဲ့ လုပ်အား (Labour) လိုအပ်ပါတယ်။ အဲဒီ့ထွက်လာတဲ့ ထုတ်ကုန်ကို လက်ငင်းစားသုံးမှု (consumption)အတွက်အသုံးပြုနိုင်သလို၊ အနာဂတ်ရင်းနှီးမြုပ်နှံမှု (Investment) ပြုလုပ်ဘို့အတွက် ပြုလုပ်နိုင်ပါတယ်။
  • အိမ်ထောင်စု တစ်ခုကို လုပ်အား ယူနစ်တစ်ခု လို့သတ်မှတ်ပါတယ်။ အဲဒီ့လုပ်အား ယူနစ်တစ်ခုကို အလျော့အတင်းမရှိ အာဏာရှင် အား ပေးအပ်ရပါတယ်။ စီမံအုပ်ချုပ်တဲ့ အာဏာရှင်က ရရှိလာတဲ့ လုပ်အားတစ်ရပ်လုံးနဲ့ အရင်းအနှီး စုစုပေါင်းကို အသုံးချပြီးတော့ တိုင်းပြည်ကထုတ်လုပ်တဲ့ ထုတ်ကုန် ကို ရယူထုတ်လုပ်ပါတယ်။
  • အချိန်ကာလအပိုင်းအခြားတစ်ခုတိုင်းမှာ အဲဒီ့အချိန်မှာထွက်ရှိနေတဲ့ ထုတ်ကုန်ရဲ့ အစိတ်အပိုင်း တစ်ခု S = {0,1} ကို ထုတ်ယူပြီးတော့ အဲဒီ့အထဲက အချို့ကို နိုင်ငံစီးပွားရေး တစ်ခုလုံးရဲ့ အရင်းအနှီးထဲကို ထပ်ထည့် တိုးပွားကာ ကျန်တဲ့ အစိတ်အပိုင်းကို အိမ်ထောင်စုများအားလုံးကို အချိုးညီညီ ခွဲဝေပေးပါတယ်။
  • အောက်မှာ ဆက်လက်ဖော်ပြမဲ့ ဖော်မြူလာများကို အတိုချုပ်အနေနဲ့ အောက်ပါအတိုင်း မှတ်ယူကြစေလိုပါတယ်။ Lt ကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာရှိတဲ့ လုပ်သားအင်အား ၊ Kt ကို လေ့လာတဲ့ အချိန်ရဲ့ အစမှာရှိထားတဲ့ အရင်းအနှီး၊ Yt ကို သတ်မှတ်ထားတဲ့ အချိန်အတွင်းထွက်လာမဲ့ ထွက်ကုန် စုစုပေါင်း၊ Ct ကို အဲဒီ့အချိန်အတွင်းမှာ စားသုံးမဲ့ စုစုပေါင်း စားသုံးမှု၊ It ကို ထပ်ထပ်ထည့်လိုက်တဲ့ အရင်းအနှီးလို့ သတ်မှတ်လိုက်ပြီးတော့ စာလုံးသေးနဲ့ ရေးထားတာတွေကို တော့ စုစုပေါင်းလုပ်သားအင်အားပေါ်မှာ အခြေခံပြီးတွက်ထားတဲ့ အချိုးတွေလို့ မှတ်ယူလိုက်ပါ။ ဥပမာ kt = Kt/Lt , yt= Yt/Lt, ct = Ct/Lt , it=It/Lt.

နောက်တစ်ခန်းဖြစ်တဲ့ အာဏာရှင်စံနစ်အောက်မှာ ထွက်ရှိတဲ့ ထွက်ကုန်များဟာ ဘာတွေအပေါ်မှာ အခြေခံနေသလဲဆိုတာကို မဆက်ခင်မှာ ကျွန်တော်တို့မြန်မာနိုင်ငံဟာ အာဏာရှင်စံနစ်ကို အသုံးပြုပြီးအုပ်ချုပ်နေတာလားဆိုတာကို ကျွန်တော်တို့ အနည်းငယ်ဆွေးနွေးလိုပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ယခင်ကတည်းက ဗဟိုကထိန်းချုပ်တဲ့ စံနစ်ကို ကျင့်သုံးပြီးတော့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို စီမံခန့်ခွဲခဲ့တာ ဖြစ်ပါတယ်။ယခင်က မြန်မာပြည်သူများ ရရှိခံစားနိုင်ကြတဲ့ လောင်စာဆီ၊ သက်သာချောင်ချိတဲ့ စားသောက်ကုန်ဈေးနှုန်းနဲ့၊ ကျန်းမာရေး၊ ပညာရေး ၀န်ဆောင်မှု စံနစ်တွေဟာ ကျွန်တော်တို့ နိုင်ငံကထွက်ရှိတဲ့ ထုတ်ကုန်များရဲ့ အစိတ်အပိုင်းများထဲမှ ပြန်လည်ရရှိလာတဲ့ အချိုးကျခွဲဝေမှု အပိုင်းများဖြစ်မယ်လို့ ယူဆရပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ အာဏာရှင် တစ်စု ကအာဏာရှင် ပီပီ စီမံခန့်ခွဲအုပ်ချုပ်ခဲ့ရင်တောင်မှ ပြည်သူများရဲ့အခြေအနေဟာ ဒါ့ထက်အများကြီး ပိုပြီးတိုးတက်စရာရှိတယ်ဆိုတာကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရပါတယ်ခင်ဗျာ။ လောင်စာဆီဈေးနှုန်းတိုးမြင့်သတ်မှတ်ခြင်း၊ ထွက်ရှိလာတဲ့ ထုတ်ကုန်များအား ပြန်လည်ခွဲဝေမှု ပြုလုပ်ရာမှာ အချိုးကျခွဲဝေမှု လုံးဝမရှိခြင်း၊ တိုင်းပြည်ရဲ့ အဓိကအရင်းအနှီးဖြစ်တဲ့ လုပ်အားနဲ့ အရင်းအနှီးကို တိုးပွားအောင်မပြုလုပ်ခြင်းစတဲ့အချက်တွေ ဗဟိုထိန်းချုပ်မှုစံနစ်အောက်ကထွက်ရှိလာတဲ့ စားသောက်ကုန် အစရှိတဲ့ ထွက်ကုန်များကို နိုင်ငံတွင်းမှာရှိတဲ့ လုပ်အားယူနစ်တစ်ခု (အိမ်ထောင်စုတစ်ခု) က အလွယ်တကူ ရယူခံစားနိုင်ခြင်းမရှိတဲ့ အချက်တွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ အာဏာရှင်စံနစ် ထက်အများကြီးပိုဆိုးတဲ့ စံနစ်တစ်ခုနဲ့ အုပ်ချုပ်ခံနေရတယ်ဆိုတဲ့အချက်ကို သိသာထင်ရှားစေပါတယ်။ ဒီအချက်တွေနဲ့ သိသာကိုက်ညီနေတဲ့ စံနစ်ကတော့ ကျွန်ပိုင်ရှင်စံနစ်သာလျှင်ဖြစ်ပြီး ကျွန်တော်အပါအ၀င် မြန်မာနိုင်ငံသားများဟာ စီးပွားရေးပညာရပ်ဆိုင်ရာ လူနေမှု စံနှုန်းများအရ ကျွန် သဘောက်စစ်စစ်များသာ ဖြစ်ကြောင်းပြောကြားရင်း ဒီအပိုင်းကို အဆုံးသတ်ပါရစေခင်ဗျား။

မှတ်ချက်။ ၁၉၈၇ ခုနှစ်တွင် စီးပွားရေးပညာရပ်ဆိုင်ရာ နိုဘယ်ဆုရပညာရှင် Robert Solow ၏ ကြီးထွားမှု သီအိုရီ အား အခြေခံကာ ရေးသားပါတယ်။

Tuesday, April 15, 2008

How to increase Economic Development of Myanmar (2)

သဘာဝဓာတ်ငွေ့ ကလေးအကြောင်းကို ဆက်ပြောချင်ပါတယ်။ ကျွန်တော်တို့ ပထမဆုံးရည်ရွယ်တာက နိုင်ငံတစ်နိုင်ငံမှာ စစ်အာဏာရှင် အုပ်ချုပ်မှုစံနစ် (သို့) Social Planner တစ်ဦးထဲက စီးပွားရေးကို စီမံခန့်ခွဲတဲ့ စံနစ်ကျင့်သုံးခဲ့မယ်ဆိုရင် စီးပွားရေး ပုံစံဘယ်လိုမျိုးဖြစ်သွားနိုင်တယ်ဆိုတာကို လွပ်လပ်တဲ့ ဈေးကွက်စီးပွားရေးစံနစ်နဲ့ နှိုင်းယှဉ်တင်ပြလိုခြင်းဖြစ်ပါတယ်။ ဘာ့ကြောင့်ရေးသားလိုရသလဲဆိုတော့ မြန်မာနိုင်ငံက စီးပွားရေး တက္ကသိုလ်တွေမှာ အဲဒီ့အကြောင်းတော့ ထည့်သင်မပေးလောက်ဘူးလို့ ထင်မိလို့ပါ။ အဲဒီ့အကြောင်းကို ရေးသားနိုင်ဘို့အတွက် ကုန်ကြမ်းရှာရာကနေ သဘာဝဓာတ်ငွေ့ အကြောင်းထွက်လာရခြင်းဖြစ်ပါတယ်။ နောက်ဆက်ပြီးတော့ သစ်တော၊ ကျောက်မျက်၊ လူသားအရင်းအမြစ်အစ အဖတ်ဆယ်မရအောင်ကျတဲ့ သိက္ခာအဆုံး ဆုံးရှုံးနစ်နာနေရမှုတွေကို တင်ပြပေးလိုပါတယ်။
ကမ္ဘာပေါ်မှာ မြန်မာပြည်ရဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုဟာ ရုရှား နဲ့ အမေရိကန်ပြီးရင် နံပါတ် (၃) လိုက်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ရုရှားက ၆၅၆ ဘီလီယံ ကုဗမီတာ၊ အမေရိကန်က ၄၉၀ ဘီလီယံ ကုဗမီတာ ထုတ်လုပ်ခဲ့ပြီး ဥရောပ သမဂ္ဂတစ်ခုလုံး ထုတ်တာတောင်မှ ၂၁၅ ဘီလီယံ ကုဗမီတာပဲ ရှိပါတယ်။ မြန်မာက ၄၆၀ ဘီလီယံကုဗမီတာ ကျော် ထုတ်ခဲ့တာကို အရင် ပို့(စ်)ကို ဖတ်ဘူးတဲ့သူတိုင်း သိကြမှာပါ။
မြန်မာနိုင်ငံ က အရင်းအမြစ်တွေ အရမ်းကို ပေါကြွယ်ဝနေလို့လားလို့ ဆက်ကြည့်လိုက်တဲ့အခါမှာ ရုရှားရဲ့ Proved Natural Gas Reserve က နံပါတ်(၁) နေရာမှာ ၄၇.၅၇ ထရီလီယံ ကုဗမီတာတောင်ရှိနေပြီးတော့ နံပါတ်(၂)မှာ အီရန်က ၂၆ ထရီလီယံ ကျော်၊ နံပါတ်(၃) မှာ ကာတာက ၂၆ ထရီလီယံ နီးပါး ရှိတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ Reserve ကရောခင်ဗျာ။ ၂၀၀၆ ခုနှစ် Estimate အရ နံပါတ် (၄၂) နေရာမှာ ၂၇၁ ဘီလီယံ ကုဗမီတာသာရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့ကို ရသလောက်ဝယ်နေတဲ့ ထိုင်းက ၄၀၀ ဘီလီယံ ကုဗမီတာနဲ့၊ တရုတ်က ၂.၄ ထရီလီယံ ကုဗမီတာနဲ့ နံပါတ် (၁၅)မှာ ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ၂၀၀၇ ၊ သြဂုတ်လပိုင်းမှာ ဒေ၀ူးနဲ့ ဖက်စပ်လုပ်နေတဲ့ လုပ်ကွက်က နှစ်ပေါင်း (၃၀) လောက်ကြာအောင် ထုတ်နိုင်မယ့် ဓာတ်ငွေ့တွေကို ထပ်တွေ့ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ အရံ သဘာဝဓာတ်ငွေ့ဟာ အဆပေါင်းများစွာ တက်သွားမယ်လို့ ယူဆရပါတယ်။ မြန်မာပြည်သားတွေ အကျိုးရှိမရှိတော့ မသိပါဘူး။ အဲဒီ့လုပ်ကွက် တွေ့တယ်လို့ သတင်းပေါက်သွားတဲ့ အချိန်မှာပဲ ဒေ၀ူးရဲ့ ရှယ်ယာဈေးတွေဟာ တစ်ရက်တည်းနဲ့ ၁၀% ကျော်တက်သွားတာကို တွေ့ရပါတယ်။ မြန်မာပြည်သားတွေ ဒေ၀ူးရှယ်ယာဝယ်ထားတဲ့သူ ဘယ်နှစ်ယောက်ရှိပါသလဲ လို့ ကျွန်တော် မေးလိုက်ချင်ပါတယ် ခင်ဗျာ။ ကမ္ဘာပေါ်မှာ အကြီးမားဆုံးရေနံသိုက်ကြီးဟာ အမေရိကန် မှာ ရှိပါတယ်။ ဘာ့ကြောင့် အမေရိကန် ကိုယ့်ရေနံကို ထုတ်မသုံးတာလဲ။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံထက် ပိုများတဲ့ အရံဓာတ်ငွေ့တွေ ရှိနေပါရက် ဘာကြောင့် မြန်မာနိုင်ငံက ဓာတ်ငွေ့ကို ငွေပေးဝယ်သလဲ။အဖြေကတော့ ရှင်းပါတယ်။ ငွေဟာ ထိုင်း ၊ အမေရိကန်လို နိုင်ငံတွေအတွက် စက္ကူပါပဲ။ ဘာ့ကြောင့် ဓာတ်ငွေ့တွေကို တရကြမ်း ထုတ်ယူနေကြသလဲ၊ ရတဲ့အချိန်မှာ ရသမျှယူတာ မဆန်းပါဘူး။ အမေရိကန် မကောင်းဘူး ၊ နိုင်ငံကို ကာကွယ်ပါ အသံကောင်းဟစ်နေတဲ့ သူတွေက အောက်က နားမလည်တဲ့ သူတွေကို အရိုးအရင်းပေး မှိုင်းတိုက်ပြီး အမေရိကန်ရဲ့ အကျိုးစီးပွားကို ကောင်းကောင်းကြီးကာကွယ်နေပါတယ်။ Chevron ဟာ အမေရိကန် ကုမ္ပဏီပါ။ ဓာတ်ငွေ့ပိုက်လိုင်းတွေကိုစောင့်နေတဲ့ တပ်ရင်း ၁၀ ရင်းကျော်ဟာ မြန်မာပြည်ရဲ့ အရင်းအမြစ်တွေကို ကာကွယ်နေတာလား။ အမေရိကန်နဲ့ လူယုတ်မာ အပေါင်းအပါတစ်စုကို ကာကွယ်နေတာလား။ အခုဆိုရင် မြန်မာပြည်ကသစ်တောတွေဟာလဲ ကုန်သလောက်နီးနီးရှိပါပြီ။ ဒီအတိုင်းဆက်သွားနေရင် နောက် ၁၀ နှစ် ၁၅ နှစ်ကြာချိန်မှာ မြန်မာနိုင်ငံဟာ လုံးဝကို အဖတ်ဆည်မရအောင် ပျက်စီးတော့မယ့် အခြေအနေပါ။ မိန်းမဆိုမကောင်းတဲ့ မိန်းမ၊ ယောက်ကျားဆိုရင် နိုင်ငံခြားမှာ ကျွန်ခံ မှ ထမင်း ၀မယ့် အခြေအနေမှာ ရှိပါတယ်။ မြန်မာပြည်မှာ ဆန်ထွက်လို့ ထမင်းတော့ မငတ်ပါဘူးလို့ ခပ်ညံ့ညံ့ အတွေးအခေါ်နဲ့ စောဒကတက်စရာ အကြောင်းရှိပါတယ်။ ၆ သန်းကျော်သော မြန်မာပြည်သားတွေ အခုလက်ရှိအချိန်မှာ တောင် နေ့ညနတ်မှန်အောင် ထမင်းမစားနိုင်မှန်း သိရင် စောဒကတက်စရာ မလိုပါဘူးလို့ ပြောချင်ပါတယ်။ မြို့နေ ဆင်ခြေဖုံးလူတန်းစားပဲ ငတ်တာပါ။ တောမှာ စားစရာပေါပါတယ် ဆိုရင်လဲ ကျွန်တော်တို့နဲ့ တောရွာများကို လိုက်ခဲ့ကြဘို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျောမွဲ ဆိုတာ ဒါမျိုးလူကို ခေါ်တယ်ဆိုပြီးတော့ လယ်သူရင်းငှားဆိုတဲ့ လူတန်းစားများကို ပြသလိုပါတယ်။
နိဂုံးချုပ်အားဖြင့် ဆိုရမယ်ဆိုရင်တော့ ဒီအစိုးရလုပ်နေတာတွေဟာ သူတို့ကိုယ်တိုင်အတွက်လဲ အကျိုးရှိသင့်သလောက် အကျိုးမရှိ၊ ပြည်သူတွေလဲ ဒုက္ခပင်လယ်ဝေဖြစ်ကာ ထိုင်း၊ တရုတ်အစရှိတဲ့ လူလည်နိုင်ငံကြီးများသာ အဆီစား၊ အသားမျိုပြီး အကျိုးစီးပွားများ ရှိန်ရှိန်ငြီးတောက်ပလျှက်ရှိနေကြကြောင်းပါ။ မြန်မာနိုင်ငံဖြစ်သွားနိုင်တဲ့ အခြေအနေကို ဥပမာကြည့်ချင်ရင်တော့ မြန်မာပြည်မှာ မကြာခဏ တွေ့ရတတ်တဲ့ စီးပွားရေး ရုတ်တရက်ကျဆင်းသွားတဲ့ မိသားစုများဘယ်လိုဖြစ်သွားတတ်တယ်ဆိုတာ ကြည့်ရှုနမူနာယူနိုင်ကြ ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

Monday, April 7, 2008

Real Time Data Capture Program, But what's the use of it?

ကွန်ပြူတာစံနစ်တစ်ခု နဲ့ ထိန်းချုပ်ပြီးတော့ လည်ပတ်နေတဲ့ စက်တွေထဲက ကိုယ်လိုချင်တဲ့ ဒေတာတွေကို အချိန်နဲ့အမျှ ကွန်ပြူတာထဲမှာ သိမ်းဆည်းထား နိုင်မယ့် Visual Basic Program တစ်ခုကိုဆွေးနွေးလိုပါတယ်။ လိုအပ်တဲ့ Components တွေ (ဗီဒီယို၊ စာအုပ်၊ စက်အစိတ်အပိုင်း Listing) အားလုံးကို ကျွန်တော်နောက်ကျမှ ၀က်ဘ်ပေါ်မှာ တင်ပြပေးပါ့မယ်။ ဗီဒီယိုတင်တာ အဆင်မပြေတာရယ်၊ (၃ရက်ကြာတောင် Upload မပြီးပါဘူး) ကျွန်တော်ကိုယ်တိုင်အလုပ်ရှုပ်နေတာရယ်ကြောင့် ဝေဖန်၊ အကြုံပြု၊ တိုက်ခိုက်မှုများအား လုံးကို ဖြေရှင်းချက်မပေးနိုင်သေးပါဘူး။ ဒါပေမယ့် အားလုံးကျေနပ်အောင် တုံ့ပြန် ဆောင်ရွက်ပေးသွားမှာပါလို့ အရင်ပြောပါရစေခင်ဗျာ။ Kindly Jump the useless Junks here.



ကျွန်တော် အသုံးပြုထားတဲ့ Protocol က Dedicated protocol ဖြစ်ပါတယ်။ ကျွန်တော် အဓိက ကျတဲ့ အချက်တွေနဲ့ ဒီပရိုဂရမ်ကို ဘယ်နေရာတွေမှာ သုံးနိုင်တဲ့ ဆိုတဲ့အချက်တွေကို အဓိက ဆွေးနွေးသွားပါ့မယ်။ အသေးစိတ်ကို စာအုပ်တွေနဲ့ ဗီဒီယိုတွေထဲမှာ ကြည့်ကြဘို့ မေတ္တာရပ်ခံပါတယ်။











Dedicated Protocol ထဲမှာ Control Format ၅ ခုရှိတဲ့ အနက်က Format 1 ကိုပဲ ရွေးချယ်ပါတယ်။ ကျွန်တော်တို့ မှတ်ယူနိုင်တဲ့ အချက်တစ်ခုကတော့ Computer နဲ့ ဆက်စပ်ပစ္စည်းတွေ အချင်းချင်းဆက်သွယ်အလုပ်လုပ်ကြတဲ့ အခါမှာ တိကျတဲ့ အချက်ပြသင်္ကေတ ဇယားတွေ ရှိတယ်ဆိုတာပါ။ Computer နဲ့ Printer ချိတ်ရင် ဘယ်လိုဇယားတွေရှိတယ်။ Computer ကနောက် Computer ကိုသွားရင် ဘယ်လိုဇယားတွေ ရှိတယ်။ ပိုပြီးတော့ အဆင့်တစ်ခုထပ်မြှင့်ချင်လို့ရင် ကိုယ် တည်ဆောက်ထားတဲ့ Electronic Device တစ်ခုနဲ့ Computer ချိတ်ဆက်အလုပ်လုပ်နိုင်အောင် ဇယားတစ်ခု ဘယ်လိုရေးဆွဲသတ်မှတ်မယ်အစရှိသည်ဖြင့် လေ့လာနိုင်ပါတယ်။ ကျွန်တော်တို့ရေးတဲ့ Program ဟာ Personal Computer (PC) တစ်ခုကနေ Specialized Computer တစ်ခုကို ချိတ်ဆက် ပြီးတော့ ဒေတာပို့ခြင်း ရယူခြင်းများ ပြုလုပ်ရန်အတွက် ရေးသားထားခြင်းဖြစ်ပါတယ်။ ဒေတာလိုချင်ရင် ကွန်ပြူတာဘက်က ဘာပို့ပြီးတော့ အထူးပြုကွန်ပြူတာဘက်က ဒေတာရ၊ မရဘာပြန်ပြောရမယ်ဆိုတာကို အရင်လေ့လာဘို့လိုပါ တယ်။ အသေးစိတ်ရှင်းပြဘို့မလွယ်မှန်းသိတဲ့အတွက် ကျွန်တော်တင်ပေးမယ့် စာအုပ်တွေကိုသာ ဖတ်ကြပါလို့ ထပ်ကာ ထပ်ကာ ပြောပရစေ။



ပထမဆုံး ကွန်ပြူတာ ဘက်ကနေ ဒေတာပို့ပေးမယ့် ဖောင် တစ်ခုကို ဆောက်ပါတယ်။



ပုံမှာပြထားတဲ့အတိုင်း Text Fields နဲ့ Combo Fields တွေပထမဆုံးဆောက်ပါတယ်။ နာရီပုံလေးနဲ့ တယ်လီဖုန်းပုံကလေးတွေက ပရိုဂရမ်ကို နောက်ကနေအလုပ်လုပ်ပေးနေတဲ့ Control တွေဖြစ်ပါတယ်။ သဘောတရားခြင်းကတော့ C Language မှာ Header File ခေါ်ရသလိုမျိုး နဲ့တူမယ်လို့ ကျွန်တော်ထင်ပါတယ်။ VB6 ရဲ့ မူလ Menu မှာ တယ်လီဖုန်းပုံကလေးမပါပါဘူး။ အဲဒီ့ပုံကလေးက Com port တွေကို Control လုပ်တဲ့ Component ပဲဖြစ်ပါတယ်။ Project Menu ရဲ့အောက်မှာ Reference နဲ့ Component Sub Menu နှစ်ခုရှိပါတယ်။ အဲဒီအထဲကိုသွားပြီးတော့ Microsoft Comm Control 6.0 နဲ့ Microsoft Excel 11.0 Object Library တွေကို အရင် ရွေးထားရပါမယ်။ ဒီ VB ကတော်တော် ဟောင်းနေပါပြီ။ ကျွန်တော် ရထားတာကိုက လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်ကပါ။ ဒီနေရာမှာ ကျွန်တော်တို့ မှတ်ယူနိုင်တာက Original Software တွေမှာ Full function မပါတတ်ဘူးဆိုတာပါ။ ကိုယ်ရေးချင်တဲ့ ပရိုဂရမ်တစ်ခုက Error တက်နေတယ်ဆိုရင် Components တွေလိုနေလို့ဖြစ်နိုင်တယ်ဆိုတာပါ။ Software Version တူရင်တော့ တိုက်ရိုက် apply လုပ်နိုင်ပါတယ်။ Professional Version ထဲမှာ ပါတဲ့ Components တွေက အများကြီးပါ။ ကိုယ်အသုံးလိုရာကို ယူပြီးတော့ Program ရေးကြတာပါပဲ။













ပရိုဂရမ်စပြီးတော့ ပြောပါ့မယ်ခင်ဗျာ။



Dim x, y As Integer
Dim textcheck, ldtime, ftpclstime, wipeclstime, ftpcycle, wipecycle As String
Dim uldtime, indextime As String



Variable တွေ သတ်မှတ်ပါတယ်။ အနီရောင်နဲ့ ပြထားတဲ့ Variable တွေကို String အဖြစ်သတ်မှတ်ပါတယ်။ စက်ဆီကလာတဲ့ ဒေတာတွေကို အဲဒီ့ နေရာတွေမှာထည့်ရမှာပါ။ ဘာဖြစ်လို့ စာကြောင်းအနေနဲ့ သတ်မှတ်ရသလဲဆိုတော့ Communication Methods တော်တော်များများမှာ ပြန်လာတဲ့ ဒေတာတွေဟာ Hex Key Characters တွေအနေနဲ့ ပြန်လာလို့ပဲဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ မြင်နေရသလိုမျိုး နံပါတ်တွေ ပေါ်အောင် အဲဒီ့ Hex ကိုပဲ Decimal ပြောင်းပြီးတော့ ပြရတာဖြစ်ပါတယ်။ Programming Language တော်တော်များများ မှာ Hex Key နဲ့ Decimal ပြောင်းခြင်းကို အလွယ်တကူ ပြုလုပ်နိုင်ကြပါတယ်။
Private Sub Form_Load()
Dim xlapp As Object
Dim filename As String



Excel File တစ်ခုတည်ဆောက်ဘို့အတွက် Parameter တွေစရေးရတာဖြစ်ပါတယ်။
x = 1
y = 1
cbosendcommand.AddItem "BW"
cbosendcommand.AddItem "WW"
cbosenddevice.AddItem "X"
cbosenddevice.AddItem "Y"
cbosenddevice.AddItem "M"
cbosenddevice.AddItem "D"
cbosenddevice.AddItem "R"
cbosenddevice.AddItem "T"
cbosenddevice.AddItem "C"
cbosend_dpoint.AddItem "01"
cbosend_dpoint.AddItem "02"
cbosend_dpoint.AddItem "03"
cbosend_dpoint.AddItem "04"
cbosend_dpoint.AddItem "05"
cbosend_dpoint.AddItem "06"
cbosend_dpoint.AddItem "07"
cbosend_dpoint.AddItem "08"
cbosend_dpoint.AddItem "09"
cbosend_dpoint.AddItem "10"



Combo Box တွေကို List Down လုပ်လိုက်ရင် ပေါ်လာမဲ့ စာလုံးတွေကို ထည့်တာဖြစ်ပါတယ်။ ဘာကြောင့် ဒီစကားလုံးတွေရွေးသလဲဆိုတာကို နောက်ကျ ဖော်ပြပေးပါ့မယ်။
Stx$ = Chr$(&H2): Etx$ = Chr$(&H3)
Enq$ = Chr$(&H5): Ack$ = Chr$(&H6)
Esc$ = Chr$(&H1B): Nak$ = Chr$(&H15)
Can$ = Chr$(&H18)



ဒီ Command တွေက အသုံးအ၀င်ဆုံးဖြစ်ပါတယ်။ တစ်ခြား Language တွေမှာ ဘယ်လိုရေးမလဲ လေ့လာဝေမျှ ပေးနိုင်ပါတယ်။ဒေတာ ပို့တဲ့ Format ဇယားလေးကို ကြည့်လိုက်ရင် ပုံစံက ENQ : St : Pc : Command : Msg Wait Time : Head Device : Number Of : Sum Check ဆိုပြီးတော့တွေ့ရပါလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့ Specialized Computer ထဲက ဒေတာလိုချင်ရင် "ENQ00FFBRAD010042" ဆိုတဲ့ စာကြောင်းလိုမျိုး Command တစ်ခုကို ပရိုဂရမ်က ပို့ပေးလိုက်တာပါပဲ။ ဒါမျိုး code ပို့ပေးလိုက်ရင် တစ်ဘက်ကွန်ပြူတာကလဲ ဒါဘာလုပ်ဘို့ခိုင်းနေတာလဲဆိုတာ နားလည်သွားပါတယ်။ ကြားထဲမှာ Binary ပြောင်းတာ အစရှိတဲ့ အလုပ်အားလုံးကို ကွန်ပြူတာကပဲ လုပ်သွားပါတယ်။ ပရင်တာနဲ့ ကွန်ပြူတာ ချိတ်ပြီးအလုပ်လုပ်နေတာ၊ စက်နဲ့ ကွန်ပြူတာချိတ်ပြီးအလုပ်လုပ်နေတာတွေအားလုံးဟာ ဒါမျိုးကုဒ်ပေါင်းများစွာ အသွားအပြန်လုပ်ပြီးတော့ အလုပ်လုပ်နေမယ်လို့ ကျွန်တော်ခန့်မှန်းတွေးကြည့်လို့ရပါတယ်။ အခု ရေးထားတဲ့ ပရိုဂရမ်က အဓိကထိန်းပေးနေတာက ဒါမျိုးကုဒ်တွေ အသွားအပြန်လုပ်နေတဲ့ အချိန်မျိုးတွေမှာ စံနစ်တကျ Timing Diagram တွေ၊ Signal တွေအမျိုးမျိုးပေးနေတာတွေကိုပဲ အထိန်းအကွပ်လုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ကျွန်တော် ENQ signal နဲ့ Sum check အကြောင်းကိုပဲ အဓိကပြောချင်ပါတယ်။ ASCII Table ရဲ့ ပထမပိုင်းကို ကြည့်လိုက်ကြရအောင်။

ASCII (Hex) 00 ကနေ 20 အထိက ကုဒ်တွေဟာ စာလုံးတွေမဟုတ်ပဲ Signal တွေ ဖြစ်နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ အဲဒီ့အထဲက တစ်ချို့ ကုဒ်တွေသာ Keyboard ပေါ်ကစာလုံးတွေဖြစ်ပြီးတော့ တစ်ချို့ကုဒ်တွေက အခုကျွန်တော်တို့ သုံးမဲ့ Communication လိုမျိုးမှာ အသုံးပြုဘို့အတွက် ပဲဖြစ်ပါတယ်။ ကုဒ်တစ်ခုချင်းစီရဲ့ Function ဟာ ဘာဖြစ်တယ်။ ဘယ်နေရာမျိုးမှာ အသုံးတဲ့ တယ်ဆိုတာဆိုတာကိုတော့ ရှာဖွေလေ့လာကြစေလိုပါတယ်။ Enq Signal က ASCII Table ရဲ့ Hex 05 မှာ ရှိတဲ့အတွက် အထက်မှာ ပြထားတဲ့အတိုင်း Parameter တွေထဲမှာ ထည့်ထားလိုက်ခြင်းဖြစ်ပါတယ်။ တစ်ခြား Programming Language တွေ အများကြီးရှိတဲ့ အထဲမှာ ဒါမျိုး Assign လုပ်ဘို့ ဘယ်လိုရေးရမယ်ဆိုတာကိုတော မိမိတို့ကိုယ်တိုင်သာ လေ့လာနိုင်ကြပါတယ်ခင်ဗျာ။
With MSComm1
If MSComm1.PortOpen = True Then
MSComm1.PortOpen = False
End If
.CommPort = 1
.Settings = "9600,N,8,1"
.InputLen = 0
End With
End Sub




Serial Com Port 1 က ပွင့်နေရင် ပြန်ပိတ်လိုက်ပါလို့ အရင်ရေးပါတယ်။ နောက်ပြီးတော့ Setting လုပ်ပါတယ်။ Baud Rate, Parity, Data bit နဲ့ Sum check လုပ်မယ်ဆိုတဲ့ အကြောင်းကို ပြောလိုက်တာပါ။ Inputlen ကတော့ ၀င်လာတဲ့ ဒေတာကို အကန့်အသတ်မထားပဲ လက်ခံမယ်လို့ ကြေညာလိုက်ပါတယ်။



ဒါ ဖောင်ဖွင့်လိုက်တာနဲ့ နောက်ကွယ်က လုပ်ဆောင်သွားတဲ့ ပရိုဂရမ် အစိတ်အပိုင်းဖြစ်ပါတယ်။





Private Sub send_Click()
Dim stno, pc, msgtime As String
Dim tmpstr As String
Dim sndstr As String
Dim OVEN As Object
Dim fopen As Boolean
Call initialize
stno = "00"
pc = "FF"
msgtime = "A"
tmpstr = stno + pc + Trim$(cbosendcommand) + msgtime + Trim$(cbosenddevice) + Trim$(Text1) + Trim$(cbosend_dpoint) + Trim$(txtsenddata(0))
checksum = 0
For I = 1 To Len(tmpstr)
checksum = checksum + Asc("" & Mid(tmpstr, I, 1) & "")
Next I
checksum = Right(Hex(checksum), 2)




Sum Check လုပ်သွားတဲ့ Loop ဖြစ်ပါတယ်။ ဘာကြောင့် လုပ်ရသလဲဆိုတာကို Data Communication သီအိုရီ အခြေခံကို သိသူများသိကြပါတယ်။ ဒီဟာက ပရိုဂရမ်နဲ့ ဘယ်လိုလုပ်လို့ရသလဲဆိုတဲ့ Concept ကိုပဲ ယူကြစေလိုပါတယ်။ ပထမဆုံး tmpstr variable ထဲကို တည်ဆောက်ထားတဲ့ form ပေါ်က User select or Type လုပ်လိုက်တဲ့ Combo Box or Text field တွေထဲက စာလုံးတွေကို ပေါင်းထည့်ပေးလိုက်ပါတယ်။ ပြီးတော့မှ အဲဒီ့စာကြောင်းရှိတဲ့ စာလုံးအရေအတွက်အတိုင်း တစ်လုံးပြီးတစ်လုံး Hex Key တွေပြောင်းပြီးတော့ Loop ထဲမှာ ပေါင်းပေါင်းထည့်၊ နောက်ဆုံးအဆင့်မှာ ပေါင်းလို့ရတဲ့ ရလဒ်ရဲ့ ညာဘက်အစွန်ဆုံး ၂လုံးကိုပဲ ယူပြီးတော့ ပေးပို့မယ့် Sum Check Code အဖြစ်သတ်မှတ်လိုက်ခြင်းပါ။ Looping လုပ်တာကို Asc, Mid, Right, Hex အစရှိတဲ့ commands တွေနဲ့ တွဲစပ်အသုံးပြုသွားခြင်းဖြစ်ပါတယ်။ Command တစ်ခုခြင်းစီရဲ့ အလုပ်လုပ်ပုံနဲ့ Command Structure တွေကို Help ထဲမှာသာ ကြည့်ကြဘို့မေတ္တာ ရပ်ခံပါတယ်။




Enq$ = Chr$(&H5)
sndstr = Enq$ & stno & pc & Trim$(cbosendcommand) & msgtime & Trim$(cbosenddevice) & Trim$(Text1) & Trim$(cbosend_dpoint) & Trim$(txtsenddata(0)) & checksum



ဒီ Command အပြီးမှာတော့ sndstr ဆိုတဲ့ Variable ထဲမှာ Π00FFBRAD01000542 လိုမျိုး ပေးပို့ရမဲ့ စာကြောင်းတစ်ခုဝင်သွားပါပြီ။ အရှေ့ဆုံးက လေးထောင့်အကွက်ကလေးက Enq Signal ပဲဖြစ်ပြီးတော့ စာလုံးတစ်ခုအနေနဲ့ မြင်ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီ လေးထောင့်အကွက်မပါရင်လဲ ဘာမှမြင်ရမှာ မဟုတ်ပါဘူး။
Call sendtoPLC(sndstr)
Call comin
End Sub





အဲဒီ့ Command Line ကိုပို့လိုက်ခြင်းနဲ့ ပြန်ဝင်လာတဲ့ ဒေတာကို လက်ခံခြင်း ကို Sub program ၂ခုရေးပြီးတော့ လုပ်လိုက်ပါတယ်။



Sub sendtoPLC(sndstr As String)
Dim a As Single
With MSComm1
.RTSEnable = True
.DTREnable = True
For a = 1 To 300000
Next a

.Output = sndstr
End With
End Sub




DTR, DSR Control Method ကိုသုံးပြီးတော့ ပို့လိုက်ပါတယ်။ ဘယ်လိုပို့တယ်ဆိုတဲ့ အသေးစိတ်ရှင်းပြချက်ကို စာအုပ်ထဲမှာ ကြည့်ပါ။ Signal တစ်ခုနဲ့ တစ်ခုအကြားမှာ အချိန် ဘယ်လောက် ခြားရမလဲဆိုတာ Diagram ထဲမှာ ပြထားတဲ့အတွက် For Loop နဲ့ ပတ်ပေးထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ သတိထားရမှာက Timing out ရင် ဘာမှထွက်လာမှာ မဟုတ်ဘူးဆိုတာပါပဲ။ နောက်ပရိုဂရမ်က ဒေတာဝင်လာတာကို ရယူတဲ့အပိုင်းပါ။

Sub comin()
For k = 1 To 10000
Next k
With MSComm1
If .CDHolding = False Then
For k = 1 To 30000
Next k
.DTREnable = True
End If
dsp_buff = ""
For j = 1 To 100
For I = 1 To 200000
Next I
ret = .InBufferCount
If ret > 0 Then
dsp_buff = dsp_buff + .Input
frmReceive.Text = dsp_buff
End If
Next j
End With
End Sub

ဒီမှာ တွေ့နေရတဲ့ .DTR enable = True/False ဆိုတာတွေက Diamgram ထဲက Signal ပုံစံတွေနဲ့ အညီ အဖွင့်အပိတ်လုပ်နေခြင်းပါပဲ။ ကြားထဲမှာ စောင့်ရမယ်ဆိုရင် Loop ထည့်ခံပါတယ်။ Wait() command ကိုလဲ အသုံးပြုနိုင်ပါတယ်။ ၀င်လာတဲ့ ဒေတာကို ကျွန်တော်တို့ ပထမဆုံးဆောက်ခဲ့တဲ့ Form ထဲက frmreceive.text ဆိုတဲ့ Text field ထဲကိုထည့်လိုက်ပါတယ်။ ၀င်လာတဲ့ ဒေတာမှန် မမှန်ဆိုတာကို တော့ အရင်အထပ်ထပ် Run ပြီးတော့ စစ်ဆေးမှု ပြုလုပ်ရပါတယ်။ Timing ချိန်တာ Signal On/Off လုပ်တာမှန်မမှန် စစ်ဆေးတာမျိုးတွေပါ။

Setup
Set xlapp = New Excel.Application
Set xlbook = GetObject("C:\Test1.xls")
xlbook.Application.Visible = True
Set OVEN = xlbook.Worksheets("Test")
OVEN.Application.Visible = True
OVEN.Activate
If y = 0 Then
y = y + 1
End If


ဒီမှာ Setup Program က Module.bas Program ကိုသွားခေါ်တာပါ။ Visual Basic Program ကနေ Excel မှာရှိတဲ့ Function တွေကို အသုံးပြုရင် အပေါ်မှာ ပြထားတဲ့ Code တွေကို လေ့လာပြီးတော့ အသုံးပြုနိုင်ပါတယ်။ ပရိုဂရမ်ကြည့်ပဲ သက်သက်ရေးသားဘို့ခက်ခဲတဲ့ တွက်ချက်မှုမျိုးများကို Excel ရဲ့ ဖော်မြူလာတွေကို အသုံးချပြီးတော့ နောက်ကွယ်ကနေ တွက်ချက်မှုတွေ ပြုလုပ်ခိုင်းထားနိုင်ပါတယ်။


textcheck = Mid(dsp_buff, 6, 4)
ldtime = Mid(dsp_buff, 10, 4)
ftpclstime = Mid(frmReceive.Text, 14, 4)
wipeclstime = Mid(frmReceive.Text, 18, 4)
wipecycle = Mid(frmReceive.Text, 22, 4)
ftpcycle = Mid(frmReceive.Text, 26, 4)
uldtime = Mid(frmReceive.Text, 30, 4)
indextime = Mid(frmReceive.Text, 34, 4)
textlen = Len(textcheck)
LDLEN = Len(ldtime)
ftpclslen = Len(ftpclstime)
wipeclslen = Len(wipeclstime)
wipecyclelen = Len(wipecycle)
ftpcyclelen = Len(ftpcycle)
uldlen = Len(uldtime)
indexlen = Len(indextime)
Text34.Text = textcheck

ဝင်လာတဲ့ ဒေတာတွေကို Variables တွေထဲမှာ ပြောင်းထည့်လိုက်ပါပြီ။

Text37.Text = textcheck
RESULT = 1
FINALRESULT = 0
Text37.Text = Text34.Text
'On Error GoTo hebierrorhandler
For I = 1 To textlen
checkcondition = False
Text37.Text = Left(Text34.Text, textlen)
textcheck = Right(Text37.Text, 1)
If textcheck = "0" Then e = 0
If textcheck = "1" Then e = 1
If textcheck = "2" Then e = 2
If textcheck = "3" Then e = 3
If textcheck = "4" Then e = 4
If textcheck = "5" Then e = 5
If textcheck = "6" Then e = 6
If textcheck = "7" Then e = 7
If textcheck = "8" Then e = 8
If textcheck = "9" Then e = 9
If textcheck = "A" Or textcheck = "a" Then e = 10
If textcheck = "B" Or textcheck = "b" Then e = 11
If textcheck = "C" Or textcheck = "c" Then e = 12
If textcheck = "D" Or textcheck = "d" Then e = 13
If textcheck = "E" Or textcheck = "e" Then e = 14
If textcheck = "F" Or textcheck = "f" Then e = 15

If I = 1 Then
RESULT = e * 1
FINALRESULT = RESULT + FINALRESULT
RESULT = 1
End If
If I = 2 Then
RESULT = e * 16
FINALRESULT = RESULT + FINALRESULT
RESULT = 1
End If
If I = 3 Then
RESULT = e * 256
FINALRESULT = RESULT + FINALRESULT
RESULT = 1
End If
If I = 4 Then
RESULT = e * 4096
FINALRESULT = RESULT + FINALRESULT
RESULT = 1
End If
If I = 5 Then
RESULT = e * 65536
FINALRESULT = RESULT + FINALRESULT
End If
If I = 6 Then
RESULT = e * 1048576
RESULT = 1
End If
textlen = textlen - 1
Next I
Text37.Text = FINALRESULT
> But What's the Use Of it?
အခုဆိုရင် ပရိုဂရမ်ရဲ့ ရှင်းလင်းတင်ပြမှု မပြည့်မစုံနဲ့ ပြီးသွားပါပြီခင်ဗျား။ အခုဒုတိယပိုင်းဖြစ်တဲ့ But what's the use of it ကို ဆက်ပါတော့မယ်။

အမှန်အတိုင်းပြောရရင်ကတော့ အပေါ်မှာ ပြထားတဲ့ ပရိုဂရမ်တွေကို အချိန်မရှိတဲ့ကြားက ကျွန်တော်တော်တော် ကြီးအောင့်အီးပြီးတော့ ရှင်းပြလိုက်ရတာပါ။ ဖတ်ကြည့်တဲ့သူတော်တော်များများ ရေးတေးတေးကလွဲပြီးတော့ ဘာမှသိမယ်လို့တော့ မထင်ပါဘူး။ ဘာဖြစ်လို့ မသိရသလဲဆိုတော့ ဖတ်တဲ့သူညံ့လို့မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ရှင်သန်ရုန်းထနေတဲ့ သစ်ပင်တစ်ခုလို့မြင်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ပေါက်နေတဲ့ မြေပြင် က မြေသြဇာမရှိ မြေမပါ ကျောက်သားပကတိပေါ်မှာ ပေါက်နေတဲ့ အပင်များသာ ဖြစ်နေကြလို့ပါပဲ။

Experience without Theory is blind, Theory without experience is mere intellectual play ဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။ ဂျာမနီမှာ အင်ဂျင်နီယာဘွဲ့ရယူ မဲ့သူတွေဟာ တူကိုင်ဂွကိုင် အနည်းဆုံး ၃ နှစ်လုပ်ပြီးမှ အင်ဂျင်နီယာဘွဲ့ကိုပေးတယ်လို့ကြားဘူးပါတယ်။ ကျွန်တော်တို့ရဲ့ ဆရာပြောသွားတာပါ။ မှန်မ မှန်တော့ မသိပါဘူး။ အကျိုးပြုလုပ်ငန်းတစ်ခု တစ်ကယ်ကို အောင်အောင်မြင်မြင်လုပ်ကိုင် ချင်တယ်ဆိုရင် အခြေခံ အကျဆုံး အချက်(၅)ခုနဲ့ ပြည့်စုံမှ အောင်မြင်အောင်လုပ်ဆောင်နိုင်တယ်လို့ မှတ်သားဘူးပါတယ်။ Capacity လို့ခေါ်တဲ့ လုပ်ကိုင်နိုင်မှုရှိခြင်း၊ တာဝန်ပေးအပ်ခြင်းခံရမှု ၊ Delivery လို့ခေါ်တဲ့ ပြုလုပ်လိုက်တဲ့ အရာတစ်ခုခုကို လက်ခံအသုံးပြုတဲ့သူ၊ System လို့ခေါ်တဲ့ ပြုလုပ်၊ လက်ခံမယ့် စံနစ်၊ Partners & Networks လို့ခေါ်တဲ့ အဆက်သွယ်များနဲ့ Closure လို့ခေါ်တဲ့ မည်ကဲ့သို့၊ မည်သည့်အချိန်မှာ အဆုံးသတ်ရမည်ကို သိရှိခြင်းတွေပါ။ Closure ရဲ့အရေးပါတဲ့ အချက်တစ်ခုကတော့ ကျွန်တော်တို့ ပြုလုပ်လိုက်တဲ့ လုပ်ငန်းတိုင်း ဟာ သေချာပေါက်အောင်မြင်မယ်လို့ ဘယ်သူမှ ကံသေကံမ မပြောနိုင်ပါဘူး။ လုပ်ကိုင်နေဆဲ တစ်ဝက်တစ်ပျက်မှာ ဘယ်လိုမှမအောင်မြင်နိုင်ဘူးဆိုတာ သိလာပြီဆိုရင် အဆုံးအရှုံးနဲနဲနဲ့ အဲဒီ့လုပ်ငန်းကို ဘယ်လို စွန့်လွှတ်ပစ်လိုက်ဘို့အတွက် ကြိုတင်ပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်။ ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲ လိုချင်တဲ့ အယူအဆနဲ့တော့ နဲနဲ ကွဲပြားတာပေါ့။

အဲဒီတော့ အပေါ်က ပရိုဂရမ်ရယ်၊ နိုင်ငံတော်က လွှတ်ထားတဲ့ ပညာတော်သင်ကြီးများနဲ့၊ ဒီကနေ့ မြန်မာနိုင်ငံတို့ကို ရောမွှေကြည့်ရအောင်ဗျာ။ ကျွန်တော့် စီပုံးထဲမှာ တစ်ယောက်လာပြောသွားဘူးပါတယ်။ ပညာရေးလိုလို၊ နိုင်ငံရေးလိုလို၊ ရုရှားဆန့်ကျင်ရေးလိုလိုမလုပ်နဲ့တဲ့။ ကျွန်တော်လုပ်နေတာ အဲဒါမျိုး လိုလိုတွေပဲ လုပ်နေတာလို့ ပြန်ပြောချင်ပါတယ်ခင်ဗျာ။ နောက်တစ်ခုက အတင်းပြောတယ်ဆိုတာပါ။ အတင်း မဟုတ်ပါဘူး။ အတည့်ပြောတာပါလို့ပြောချင်ပါတယ်။ ဒါပေမယ့် ဒါနောက်ဆုံးပဲလို့တော့ ပြောချင်ပါတယ်။ ကျွန်တော့်ပို့စ်တွေရဲ့အစကို သေသေချာသေချာကြည့်လိုက်ပါ။ ကျွန်တော်စခဲ့တာက ကျွန်တော်တို့ ကြုံတွေ့ နေရတဲ့ အခြေအနေအခက်အခဲတွေကို ယထာဘူတကျကျ အချက်ကျကျနဲ့ ဆွေးနွေးနိုင်ကြဘို့ အတွက် စတင်ခဲ့ခြင်းဖြစ်ပါတယ်။ အခုအချိန်မှာ နိုင်ငံကျွန်ဖြစ်နေတာတောင်မှ နောင်တစ်ချိန်မှာ လိုအပ်လာရင် နိုင်ငံ့အတွက် အဆင်သင့်ဖြစ်နိုင်ဘို့ သတိပြုထားစရာများကို ကျွန်တော်ကိုယ်တိုင်လေ့လာသင်ယူပြီးတော့ ဆွေးနွေးလိုတာဖြစ်ပါတယ်။ စစ်အစိုးရ ရဲ့ အရည်မရ အဖတ်မရ မုသားရေးမှ ထမင်းစားရမဲ့ လူများဝင်လာပြီး ဟာသများရေးသွားတဲ့အတွက် နဲနဲ ပွဲကြမ်းသွားရခြင်းဖြစ်ပါတယ်။ အရမ်းယုတ်ယုတ်မာမာတွေသာ မဆဲကြဘို့တောင်းပန်ပါတယ်။ ခွေးနဲ့နှိုင်းတာ လောက်အထိတော့ရပါတယ်။ ကျန်တာကြိုက်တာရေးလို့ရပါတယ်။ ဒါပေမဲ့ ငါ့စကားနွားရ ပြောတတ်တဲ့သူတွေ၊ ကိုယ့်ကိုကို ဖိုးရွှေလထင်နေသူတွေ အနာပေါ်ဒုတ်ကျဖြစ်သွားတယ်ဆိုရင် တော့ စိတ်မကောင်းပါဘူး။ဖိုးရွှေလဆိုသူများ ၀ါးလုံးခေါင်းထဲလသာ၊ လဒလောက်တော့ ငှက်တိုင်းလှတယ်ဆိုတဲ့ စကားပုံများကို အမှတ်ရစေလိုပါတယ်။ အရူးလိုမလုပ်နဲ့ ဆိုတာလဲပါပါတယ်။ အရူးက စစ်ခွေးထက် တစ်မူးသာတာ ဘယ်သူ့လိုက်မေးမေး သိပါတယ်။ ရေဝေးရောက်ချင်လားလို့ ခြိမ်းခြောက်တာလဲပါပါတယ်။ ဒါကတော့ နောက်ဆုံး လက်နက်ပဲ ဖြစ်ပါလိမ့်မယ်။ ရေဝေးရောက်မှာ ကြောက်ရင် ကျွန်တော် ဘလော့ဂ်မရေးပါဘူးလို့ ပြောချင်ပါတယ်ခင်ဗျာ။

မြန်မာနိုင်ငံကို ပညာတော်သင်ကြီးများက ကျွန်တော်ရေးထားတဲ့ ပရိုဂရမ်ကို ယူသွားပြီး တိုင်းပြည်အတွက် အသုံးပြုကြမယ်လို့ တွေးကြည့်ရအောင်ခင်ဗျာ။ ပထမဆုံး Capacity (တာဝန်ပေးအပ်ခြင်းခံရဘို့) အတွက် ကျွန်တော့်အဖေက အသက်ကြီးတဲ့ လူကြီးမဟုတ်တဲ့အတွက် Delivery ကိုအရင်ဆုံး Practice လုပ်လိုက်ရပါတယ်။ အသက်ကြီးတဲ့ လူကြီးဆီကို ဒီပရိုဂရမ်လေးသုံးချင်လွန်းလို့ပါဆိုပြီးတော့ အရချောင်တဲ့ စက်ရုံကို ပို့ပေးဘို့ နောက်ဖေးပေါက် ကနေ ပုံးတွေပုံးတွေ Delivery လုပ်လိုက်ရတာပါ။ အဲဒါမျိုး Delivery လုပ်နိုင်ဘို့အတွက်ကို Network တွေ Partner Contact တွေကလဲ ရှိရပါသေးတယ်။ အဲဒီ့နောက်တော့ စက်ရုံကြီး ကိုရောက်သွားတဲ့အခါမှာ အသုံးပြုတဲ့ System က ရှိတာရောင်းစား၊ ရသမျှခိုးဖြစ်နေတဲ့အတွက်ရယ်။ ကွန်ပြူတာဆိုတာ လူကြီးလာမှ ဖုတ်ဖက်ခါ ထုတ်ပြတဲ့ စံနစ်ရယ် မီးကလဲ လာချင်မှလာ အမြဲပျက်ဖြစ်နေတဲ့ အတွက်ရယ် ဖြစ်ပျက်မှုများဖြစ်နေတာကြောင့် အဲဒီပရိုဂရမ်ကို အိတ်ထဲထည့် ချိတ်ပိတ်ကာ အောင်မြင်စွာ Closure လုပ်ပစ်လိုက်ကြောင်းပါခင်ဗျား။

အခုလက်ရှိအသုံးပြုနေတဲ့နေရာမှာတော့ Six Sigma Philosophy ရဲ့ နောက်ဆုံးအဆင့် (၈) ဖြစ်တဲ့ Automatic Data Capture ကိုကောင်းကောင်းကြီးအသုံးချကာ တစ်နှစ်တစ်နှစ် ဒေါ်လာ သန်းချီအောင် ဆုံးရှုံး လေလွင့်မှုများကို ကာကွယ်နေတဲ့အကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား။

P.S သက်ဆိုင်တဲ့ငါ့လူတို့ရေ။ ငါ့လူတို့ကို နောက်ဆုံးပြောချင်တာက ငါ့လူတို့ဟာ Divide and Rule စံနစ်ရဲ့ သားကောင်တွေဆိုတာပါပဲ။ ငါ့လူတို့ကို နိုင်ငံခြားလွှတ်လိုက်တဲ့ ရည်ရွယ်ချက်ကို က နိုင်ငံကို ဖွံ့ဖြိုးစေချင်လို့ လွှတ်လိုက်တယ်ဆိုတာထက် Manipulation Strategy တစ်ခုအရလွှတ်လိုက်တယ်ဆိုတာ ကိုယ့်လူတို့ မြင်နိုင်ကြပါစေ။ နိုင်ငံကို တစ်ကယ်ဖွံ့ဖြိုးစေချင်ရင် မောင်ရင်တို့ အခုပညာသင်နေတဲ့ အရေအတွက် ထက်အဆပေါင်းများစွာသော မြန်မာပြည်သားတွေ အဆပေါင်းများစွာအဆင့်မြင့်တဲ့ ပညာတွေကို နိုင်ငံအသီးသီးမှာ အငတ်ငတ်အပြတ်ပြတ်နဲ့ ကုန်းရုန်းပညာသင်နေကြပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံ စံနစ်ပြောင်းသွားရင် တစ်ကယ်ပြည်တော်ပြန်ကြမဲ့သူတွေပါ။ ကုမ္ပဏီတစ်ခု အောင်မြင်ဘို့အတွက် ပညာတတ်ရာပေါင်းများစွာ လိုအပ်ပါတယ်လို့ ဆိုရင် နိုင်ငံတစ်ခုတည်ထောင်ဘို့အတွက် အခုမောင်ရင်တို့ လူတွေလောက်နဲ့ မလုံလောက်ဘူးဆိုတာ သိရမှာပေါ့နော်။ မြန်မာနိုင်ငံက ကျောင်းတွေမှာ ပြန်ပြီးတော့ ကြိုးစားနိုင်မယ်လို့ ယုံကြည်နေကြဆဲပဲလား။ ကျွန်တော်အထက်က တင်ပြခဲ့တဲ့ အချက်(၅)ခု မြန်မာပြည်မှာ ရှိနေပြီးသားပါလို့ အချက်အလက်ကျကျနဲ့ ပြန်ပြီးတော့ ပြောပြကြပါလားကွာ။ ဒါဆိုရင်တော့ အောင်မြင်ပြီလို့ပဲ ပြောလိုက်ပါရစေ။ အဲဒီ့အထဲက System ကို ဘယ်လိုပြောင်းနိုင်မလဲဆိုတာ ဆွေးနွေးနိုင်ရင်တော့ အကောင်းဆုံးပါပဲဗျာ။ တစ်ကယ်ပြောင်းနိုင် မပြောင်းနိုင်ဆိုတာထက် မြန်မာပြည်ကို ပြန်ရောက်တဲ့ အချိန်မှာ ကိုယ့်အထက်က ဘာမှမသိတဲ့ လူကြီးကို ဆရာ ဒီစံနစ်က ဒါတွေမှားနေတယ်ဆရာ လို့ ပြောပြရဲတဲ့ သတ္တိရှိရင်တောင်မှ မြန်မာနိုင်ငံ ကောင်းစားဘို့နီးလာပါပြီလို့ ကျွန်တော် ဥာဏ်မှီသလောက် ပြောပါရစေ။

ကျွန်တော့်အနေနဲ့ကတော့ နောက်ကို ဒါမျိုးပရိုဂရမ်ရှင်းပြခြင်း နောက်ကို လုံးဝမရေးတော့ပါ။





Friday, April 4, 2008

Opinions to Made in Russia Engineers for Myanmar

အားဦးတည်၍ရေးသားပါသည်။
Matlab ဆိုတော့လဲ Matlab လုပ်လိုက်တာပေါ့ဗျာ။ အောက်မှာ အလယ်တန်းကျောင်းသားတွေရေးတဲ့ Matlab ကြည့်။





3D ဒီဇိုင်းထုတ်ချင်ရင် Autocad 2007 မသုံးပါနဲ့လို့ အကြံပေးချင်ပါတယ်။ Auto Cad Inventor သုံးချင်သုံးပါ။ Auto Cad ရိုးရိုးက 2D ဆွဲလို့ပဲ ကောင်းပါတယ်။ အပျင်းပြေ စိတ်ကျေနပ်မှုရယုံလောက် ဆွဲမယ်ဆိုရင်တော့ သဘောပါ။ တစ်ကယ်တမ်း Productivity ခြင်းယှဉ်ပြီးတော့ ဒီဇိုင်းဆွဲလာပြီဆိုရင် ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ တစ်ကယ်တမ်းနာမည်ကြီးဆော့ဖ်ဝဲတွေက Pro - E, SolidWorks , Unigraphics အစရှိတာတွေဖြစ်ပါတယ်။ ဆွေးနွေးချက်ကို အောက်မှာ ဆက်ဖတ်ပေးပါခင်ဗျာ။ Professional 2D autocad ပုံစံတစ်ခုကိုဖော်ပြပေးလိုက်ပါတယ်။ စက်ရုပ်ပုံစံ အသေးစိတ် တွေကတော့ Controlled Documents တွေဖြစ်တဲ့အတွက် မပြတော့ပါဘူး။


ဖော်ပြထားတဲ့ စာအုပ်တွေကိုတော့ မဖတ်တော့ပါဘူး။ ကျွန်တော်တို့ နေ့တိုင်းလိုနီးနီး ဖတ်နေရလို့ပါ။ ကျွန်တော့်ဆီမှာ အဲဒါမျိုး စာအုပ်တွေ ထောင်ချီပြီးတော့ရှိပါတယ်။ List နမူနာထည့်ပေးထားပါတယ်။ အသုံးလိုမယ်ထင်ရင်လှမ်းမှာလိုက်ပါ။ Program တွေနဲ့ ပတ်သက်ပြီးကတော့ Working Visual Basic Program အစိတ်အပိုင်း တစ်ခုပေးခြင်ပါတယ်။ လေ့လာကြည့်ကြပါ။ လက်တွေ့သုံးနေတဲ့ Application တွေပါခင်ဗျာ။

Private Sub Command4_Click()
Dim afterstatus, eachstatus, check, recordmessage As String
Dim borrowed, returned As Boolean
Dim record(20)
Stx$ = Chr$(&H2): Etx$ = Chr$(&H3)
Enq$ = Chr$(&H5): Ack$ = Chr$(&H6)
Esc$ = Chr$(&H1B): Nak$ = Chr$(&H15)
Can$ = Chr$(&H18)
With MSComm1
If MSComm1.PortOpen = True Then
MSComm1.PortOpen = False
End If
.CommPort = 1
.Settings = "9600,N,8,1"
'.PortOpen = True
.InputLen = 0
End With Call initialize
stno = "00"
pc = "FF"
msgtime = "A"
tmpstr = stno + pc + "BW" + msgtime + "Y" + "0060" + "02" + "10" 'The last "" is Send Data
checksum = 0
For i = 1 To Len(tmpstr)
checksum = checksum + Asc("" & Mid(tmpstr, i, 1) & "")
Next i
checksum = Right(Hex(checksum), 2)
Enq$ = Chr$(&H5)
sndstr = Enq$ & stno & pc & "BW" & msgtime & "Y" & "0060" & "02" & "10" & checksum
Call sendtoPLC(sndstr)
Call comin
tmpstr = stno + pc + "BR" + msgtime + "X" + "0020" + "20" + "" 'The last "" is Send Data
checksum = 0
For i = 1 To Len(tmpstr)
checksum = checksum + Asc("" & Mid(tmpstr, i, 1) & "")
Next i
checksum = Right(Hex(checksum), 2)
Enq$ = Chr$(&H5)
sndstr = Enq$ & stno & pc & "BR" & msgtime & "X" & "0020" & "20" & "" & checksum
Call sendtoPLC(sndstr)
Call comin
Call setup
afterstatus = Right(frmReceive.Text, 35)
afterstatus = Left(afterstatus, 32)
Set xlapp = New Excel.Application
On Error Resume Next
Set xlbook = GetObject("C:\Toolboxcontrol\password.xls")
If Err.Number <> 0 Then
Set xlbook = CreateObject("C:\Toolboxcontrol\password.xls")
End If
xlbook.Application.Visible = False
Set xlsheet = xlbook.Worksheets("Sheet1")
xlsheet.Application.Visible = False
xlsheet.Activate
For i = 1 To Len(afterstatus)
eachstatus = Mid(afterstatus, i, 1)
xlsheet.Cells(i + 1, 5).Value = eachstatus
Next i
a = 0
If Len(afterstatus) < borrowed =" False">

Techanically စပြီးတော့ ဆွေးနွေးပါ့မယ်။ မောင်တို့ ကို ကျွန်တော် ရုရှားမြန်မာ အဘိဓာန်ကိုသာ ဖိပြီးတော့ ပြီးစီးအောင်လုပ်လိုက်ပါလို့ အကြံပေးလိုပါတယ်။ ဂျပန် မြန်မာဆိုရင်တော့ ကျွန်တော် အကူအညီပေးနိုင်ပါတယ်။ ရုရှားမြန်မာတော့ ဘာမှ မကူညီနိုင်ပါဘူးခင်ဗျာ။ ကျန်တာတွေက ဟိုမရောက် ဒီမရောက်ဖြစ်နေသလိုမျိုးမို့ပါ။ ဘာမှမသိတဲ့ သူဖတ်ရင်လဲ ဘာမှသိမှာမဟုတ်သလို ပရော်ဖက်ရှင်နယ်တစ်ယောက်အတွက် မောင်ရင်တို့ ပြောသလို သိသူဖော်စားစရာ တစ်ခုမှ မပါ ပါဘူး။ ကျောင်းသားတွေအတွက်တော့ အသုံးဝင်ချင်ဝင်ပါလိမ့်မယ်။ နောက်နှစ်တက်တဲ့သူတွေ ကူးချလို့ရတာပေါ့။ ကျွန်တော်နေတဲ့နိုင်ငံမှာ အဲဒါမျိုး ကူးချတဲ့ပြသနာကိုတောင်မှ စဖိနှိပ်နေပါပြီ။ ကိုယ်ကို တိုင်ရေးတာမဟုတ်လို့ကတော့ ရမှတ်က (၀) ပါ။ ကျွန်တော်အောက်ချ စောင်းမြောင်းပြောတာမဟုတ်ပါဘူး။ ဆွဲထားတဲ့ ပုံတွေရယ်၊ ရေးထားတဲ့ ပရိုဂရမ်တွေနဲ့၊ ရှင်းပြထားတဲ့ သီအိုရီတွေဟာ တစ်ကယ်သိတဲ့ လူတွေ ကြည့်မယ်ဆိုရင် ကလေးကစားစရာလိုဖြစ်နေလို့ပါ။
ကျွန်တော်ဘလော့ဂ် ရဲ့ ရည်ရွယ်ချက်က ပညာဖြန့်ဝေပေးဘို့ပါ။ ဘယ်လိုပညာ မျိုးလဲဆိုတော့ ငါတို့သည် ဘာကောင်မှ မဟုတ်သေး။ ငါတို့ တိုင်းပြည်၊ ငါတို့ မျိုးဆက်သစ်များ ကောင်းစားရေးအတွက် ငါတို့ ကိုယ်ကျိုးစွန့် ရမည်။ ကိုယ်ကျိုးမစွန့်နိုင်လျှင်တောင်မှ တိုင်းပြည်အား ခုတုံးလုပ်၍ ကိုယ်ကျိုးမရှာရ။ ငါတို့ မြန်မာလူမျိုးများ နိုင်ငံ အသီးသီးတွင် အနှိမ်ခံ ၊ မျက်နှာငယ် နှင့်နေထိုင် နေကြရ သည်ကို ငါတို့ ပြောင်းလဲ ပစ်ရန် ကြိုးစားကြရမည်။ ငါတို့ကို ငါတို့ နှိမ့်ချ စွာ ကျင့်ကြံရမည် အစရှိတဲ့ အသိဥာဏ်ပညာမျိုးတွေကို - ငါတို့သည် နိုင်ငံခြားပြန်ပါရဂူများဖြစ်သည်။ ငါပြန်လျှင်နေရာကောင်းရမည်။ ငါ့သား၊ ငါ့ မယား၊ ငါ့ဆွေမျိုးသာ ကောင်းစား၍ ကျန်သူများ အတိဆင်းရဲ ဖြစ်ရခြင်းမှာ ကျန်သူများ ညံ့၍သာဖြစ်သည်။ သေနတ်နှင့် ကမ္ဘာကြီး တစ်ခုလုံးအား ထိန်းချုပ်နိုင်သည်။ - လို့ တွေးထင်နေတဲ့ သူတွေရဲ့ ခေါင်းထဲမှာ ထည့်ပေးလိုက်ဘို့ပါ။
အဖြစ်အပျက်တစ်ခုကို ပြောပြပြီးတော့ နိဂုံးချုပ်ပါမယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က စပြီးတော့ စက်မှုတက္ကသိုလ်တွေမှာ ၀န်ကြီးတန်းနဲ့ ဒေးတန်း ခွဲခြားပြီးတော့ ဖွင့်ပါတယ်။ အစိုးရက အောင်မောင်း ခြေထိုး ကကွက်ကလေး ဘယ်လောက်အောင်မြင်သလဲဆိုတော့ ဒေးကျောင်းသားကို ဖိ ၀န်ကြီးတန်းကျောင်းသားကို နဲနဲလေး မြောက်ပေးလိုက်တာ ၀န်ကြီးတန်းက ပိုကောင်းတယ်ဆိုပြီးတော့ ၀န်ကြီးတန်းကျောင်းသားများ မြောက်ကြွမြောက်ကြွဖြစ်ကြပါတယ်။ ကျောင်းသားအချင်းချင်း ပြသနာတက်နေတာနဲ့ကို အားလုံးနူ နေတဲ့သူကြည့်ပဲဆိုတာ မမြင်နိုင်ကြတော့ပါဘူး။ မြန်မာပြည်က တက္ကသိုလ်ကျောင်းသားတွေ အချင်းချင်း ခွက်စောင်းခုတ်နေတဲ့ အချိန်မှာ ထိုင်းက ၁၀တန်းကျောင်းသားတွေက ကမ္ဘာအနှံ့ နည်းပညာ ပြိုင်ပွဲ တွေမှာ ဆုတွေ အသီးသီး ယူနေကြပါပြီ။ တာဝန်ရှိလူကြီးမင်းများကတော့ ပြုံးပြုံးပေါ့ဗျာ။ မောင်ရင်တို့ရော ငါတို့ ပိုတတ်တယ်ထင်နေသေးသလား ။
အခုကိုရုရှားတို့ကရော - အောင်မောင်းခြေထိုး ကကွက် အောင်မြင်နေဆဲ ပဲလား။ ဒါမှမဟုတ် အောင်မောင်း လက်သစ်တွေ ဖြစ်နေပြီလား။ အောင်မောင်း အုပ်စုဝင်တွေပဲ သိကြမှာပါခင်ဗျား။
မှတ်ချက် - Link လုပ်ထားတဲ့အထဲက ကိုမိုးရေ နဲ့ PHP Myanmar တွေကို ကြိုက်နှစ်သက်ပါတယ်။ ကိုရုရှားတို့ ထဲကများလားဆိုတာ သိပါရစေခင်ဗျာ။

Tuesday, April 1, 2008

Calling for discussion to the Gov Officer selection Committee's best minds



လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းက မြန်မာပြည်က ပညာတော်သင်လွှတ်လိုက်လို့ ရုရှားမှာရောက်နေတဲ့ လူတွေထဲက တစ်ယောက်နဲ့ Chat Room တစ်ခုထဲမှာ ကျွန်တော်စကားပြော ခဲ့ဘူးပါတယ်။ ကျွန်တော့်အနေနဲ့ Chatting လုပ်လေ့လုပ်ထ မရှိပါဘူး။ အဲဒီတုန်းက ဘယ်ကဘယ်လို အဲဒီသူနဲ့ တွေ့သွားတယ်ဆိုတာတောင် မေ့နေပါပြီ။ သူကကျွန်တော့်ကို ပြောပါတယ်။ မြန်မာနိုင်ငံကြီး တိုးတက်စေချင်လို့ လာပြီးပညာသင်နေတာပါတဲ့။ လယ်ယာသုံး စက်ပစ္စည်း တွေထုတ်ဘို့လာပြီးသင်နေတာပါလို့ဆိုပါတယ်။ အဲဒီလူ အခုဘယ်မှာ ဘာတွေလုပ်နေသလဲ ဆိုတာတော့ ကျွန်တော်မသိပါဘူး။ အမှန်တစ်ကယ် အကျိုးပြုနိုင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါတယ်။

မနေ့က ကျွန်တော်တို့ရဲ့ ဘလော့ဂ်ထဲမှာ ရာဇဋ္ဌာနီ လင့်(ခ်) တစ်ခု ၀င်ထားသွားလို့ ဖတ်ကြည့်ဖြစ်ခဲ့ပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ နဲ့သက်ဆိုင်တဲ့ သိသင့်ဖွယ်ရာ အချက်အလက်တွေ ကိုရေးထားတာပါ။ အကြောင်းအရာအရ ကောင်းပါတယ်။ ဒါပေမယ့် ငါ့စကားနွားရ စာလုံးတစ်ခုဖြစ်တဲ့ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က စုဆောင်းလေ့ကျင့် ထားတဲ့ လူတော်လူကောင်းတွေ အများကြီး ရှိတယ် ဆိုတဲ့ ဟာသလိုလို သဘာဝလိုလို စာကြောင်း တစ်ခုကို မှန် မမှန် သိလိုတဲ့အတွက် ထိုလူတော်လူကောင်းများနဲ့ ဆွေးနွေး ပြီးတော့ သူတို့ထံမှ ပညာသင်ယူ လိုစိတ်ပေါ်လာတဲ့အတွက် ဒီ Post ကလေးကို တင်လိုက်ရခြင်း ဖြစ်ပါတယ်ခင်ဗျား။


ကျွန်တော်တို့အလုပ်လုပ်နေတဲ့ စက်ရုံမှာ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက ပြသနာတစ်ခုတက်ပါတယ်။ အခုလက်ရှိအလုပ်လုပ်နေတဲ့ စက်ရုပ်အမျိုးအစားတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီက ထုပ်လုပ်မှု ရပ်ဆိုင်းလိုက် လို့ပါ။ အခုအသုံးပြုနေတဲ့ စက်ရုပ်တွေရဲ့ သက်တမ်းက (၁၀)နှစ်ကျော်လောက်ပဲရှိပါသေးတယ်။ ဒါပေမယ့် ဒါမျိုးနည်းပညာတောင်မှ ခေတ်မမှီတော့ဘူးဆိုတာ လူတော်လူကောင်းများ သိကြမယ် လို့ ကျွန်တော် မှတ်ယူထားပါတယ်။ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ဒါမျိုးကိစ္စတွေက ကြုံတွေ့နေကြပါ။ စက်ရုပ်ပေါင်း ရာနဲ့ချီပြီးတော့ရှိတဲ့ ကျွန်တော်တို့ စက်ရုံမှာ အားလုံးကို ဖြုတ်လဲရရင်လဲ ဒေါ်လာ သန်း(၃၀) လောက်ကုန်သွားမယ်ဆိုတော့ လက်ရှိစက်ရုပ်တွေ အလုပ်လုပ်နေတဲ့ အလုပ်မျိုးလဲ လုပ်နိုင်၊ ကုန်ကျစားရိတ်လဲ သက်သာမယ့် စက်ရုပ်အစားထိုး စက်ရုပ်တစ်ခု လုပ်ဘို့အတွက် ကျွန်တော်တို့ကို တာဝန်ပေးလာပါတယ်။


ကျွန်တော် ရှေ့မဆက်မှီ ပြောထားချင်တာတစ်ခုကတော့ ကျွန်တော်တို့ဟာ လူတော် လူကောင်းများ မဟုတ်ဘူး ဆိုတာပါပဲ။ ဘာ့အတွက်ကြောင့် လူတော်မဟုတ်ဘူးလို့ ပြောချင်သလဲဆိုတော့ ကျွန်တော်တို့ထက် အများကြီးပိုတော်တဲ့သူတွေ ရှိတယ်၊ ကျွန်တော်တို့ ဘာမှ မသိ ၊ မတတ်ဘူးဆိုတာကို သိနေလို့ပါပဲ။ ဘာဖြစ်လို့ လူကောင်းမဟုတ်ဘူး လို့ပြောရသလဲဆိုတော့ ကျွန်တော်တို့ အရက်သောက်ပါတယ်။ တစ်ခါတစ်လေလဲ ဖဲရိုက်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ခွေးစာကျွေးတာ ၊ ဆက်ကြေးပေးတာ ကလွဲလို့ ဘာဆိုဘာမှ အကျိုး
မဆောင်နိုင်ခဲ့သေးပါဘူး။ ဒါကြောင့် လူကောင်းများမဟုတ်ကြပါဘူး။


အဲဒီလို တာဝန်ပေးလာတဲ့ အတွက် ကြောင့် အပေါ်ညာဘက်ထောင့်မှာ မြင်ရတဲ့ ပုံစံအတိုင်း ခပ်ပေါပေါစက်ရုပ်တစ်ခုကို ကျွန်တော် (၃) ရက်ကြာအချိန်ယူပြီးတော့ ဒီဇိုင်းထုတ်ခဲ့ရပါတယ်။ အောက်ဆုံး ကအညိုရောင် ခပ်ရှည်ရှည် ကလေးက မော်တာကလေးပါ။ တရုပ်ပြည်လုပ် ၁၀ ဖိုး ၅ လုံး (ဥပမာ ပေးတာနော်) ထက်နဲနဲပဲသာတဲ့ Servo Motor ကလေးပါ။ မြန်မာငွေ ၁၀ သိန်းလောက်ပေးရင် အဲဒါမျိုး (Control Card) မပါ မော်တာ (၁) လုံးရပါပြီ။ ပထမဆုံးအနေနဲ့ အဲဒီ မော်တာကလေးကို ကိုယ် (၁) ပေနေရာမှာ ရပ်ချင်ရင် အတိအကျရပ်အောင် ဘယ်လို ထိန်းမယ်ဆိုတဲ့ အကြောင်းကို လူတော်လူကောင်းများနဲ့ ဆွေးနွေးလိုပါတယ်။ ကျွန်တော်ဘာ့ကြောင့်ဆွေးနွေးချင်ရသလဲဆိုတဲ့ အချက်ရှိပါတယ်။ အခုမြန်မာနိုင်ငံမှာ ဆောက်ပြီးတော့ ခိုးနေကြတဲ့ (အဲလေ မဟုတ်ပါဘူး) ထုတ်လုပ်မှုလုပ်ငန်းတွေ လုပ်နေကြတဲ့ ဘိလပ်မြေစက်ရုံကြီးတွေ၊ ဘာစက်ရုံညာစက်ရုံ ညုကလိယာ စက်ရုံကြီးတွေရဲ့ Control System တစ်ခုလုံးဟာ အခုနကျွန်တော်ပြောတဲ့ မော်တာကလေးကို ထိန်းချုပ်တဲ့ စံနစ်တွေနဲ့ ပုံစံတူ ထိန်းချုပ်ရလို့ပဲဖြစ်ပါတယ်။ PLC (Programmable Logic Controller) လို့ခေါ်တဲ့ အထူး ကွန်ပျူတာ စံနစ်သုံးပြီးတော့ ထိန်းချုပ်ရတယ်ဆိုတာကို ကျွန်တော် သေသေချာချာ ပြောနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားက ဒေါ်လာငွေသန်းရာပေါင်းများစွာချေး၊ စက်ရုံကြီးတွေဆောက်၊ ထွက်လာတဲ့ ကုန်တွေကိုခိုး၊ သုံးနေတဲ့စက်က အထီးမှန်းအမမှန်းမသိ ၊ စက်ပြင်စရာရှိလို့ ငွေကုန်ပြီဆိုရင် ပြည်သူ့ အခွန်ငွေတွေထဲက မတန်တစ်ဆ ဈေးတွေနဲ့ ပေးရ၊ လုပ်နေတဲ့ လူတော်လူကောင်းတွေက မည်ကဲ့သို့သော လူတော်လူကောင်းဟု ခေါ်ဆိုရမည်မှန်းမသိ လောက်အောင် တော်ကြ၊ ကောင်းကြတော့ ကိုယ်ဆောက်ထားတဲ့စက်ရုံ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ကျွန်တော် လူတော်များဆီက သင်ယူနိုင်မယ်ဆိုရင်တော့ ကျွန်တော် သိန်း (၅၀၀၀၀၀၀) ထီပေါက်သလိုပဲနေမှာပေါ့ဗျာ။
အစိမ်းနုရောင်နဲ့ ဟာကလေးကတော့ (Ball Reducer) လို့ခေါ်ပါတယ်။ အဲဒါကလေးဘယ်လို အလုပ်လုပ် သလဲဆိုတာကိုလဲ ကျွန်တော် လူတော်လူကောင်းများဆီက သင်ယူလိုပါတယ်။ ကျွန်တော်တို့ ဒီမော်တာတွေ အရှိန်ထိန်းတဲ့နေရာမှာ အသုံးများတဲ့ ပစ္စည်းနောက်တစ်ခုဖြစ်တဲ့ (Harmonic Drive) လို့ခေါ်တဲ့ ပစ္စည်းကလေး အလုပ်လုပ်ပုံကိုလဲ ကျွန်တော်သိလိုပါသေးတယ်။ (Simple Harmonic Motion Theory) ကလေးကိုပဲ ရှင်းပြပေးနိုင်ရင် ကျွန်တော်တို့ အများကြီးကျေနပ်လှပါပြီ၊
အနီရောင်ရှည်ရှည်ကလေးတွေကတော့ မော်တာနဲ့ ၀က်အူရှည် (Ball Screw) တွဲထားတာတွေပါပဲ။ ထိန်းချုပ်ပုံ ကတော့မော်တာထိန်းတာနဲ့ အတူတူပါပဲ။
ဒါပေမယ့် ကျွန်တော်တို့ ပြသနာတက်နိုင်တာက အဲဒီ့စက်ရုပ်တွေ အမှတ်တစ်ခုကနေ နောက်အမှတ်တစ်ခု ကိုသွားနိုင်ဘို့ဆိုရင် အဲဒီ့စက်ရုပ်မှာပါတဲ့ အစိတ်အပိုင်းတွေအားလုံး ဟန်ချက်ညီညီလှုပ်ရှားရတာပါပဲ။ အဲဒီ့ ဟန်ချက်ညီညီလှုပ်ရှားဘို့အတွက် ထိန်းချုပ်မှုကိုလဲ အခုနကျွန်တော်ပြောခဲ့တဲ့ (PLC) တွေထဲမှာ ပရိုဂရမ်ရေး ပြီးတော့ ထိန်းချုပ်ရတာပါပဲ။ မော်တာတစ်ခုထဲကို ထိန်းနိုင်အောင်ပရိုဂရမ် ရေးဘို့ နဲနဲခက်ပါတယ်။ အားလုံး အချက်ညီညီထိန်းနိုင်အောင် ပရိုဂရမ်ရေးမယ်ဆိုရင်တော့် နဲနဲ အဆင့် (၂)လောက်အထိခက်ပါတယ်။ အဲဒီ့ ပရိုဂရမ် အကြောင်းကို လဲ လူတော်လူကောင်းများနဲ့ ကျွန်တော်တို့ ဆွေးနွေးချင်ပါသေးတယ်။
အရမ်းရှည်သွားပါလိမ့်မယ်။ ကျွန်တော်အဆုံးသတ်ပါ့မယ်။ ကြက်ဆူဆီနဲ့ မောင်းမယ့် လယ်ထွန်စက်ထုတ်မယ့် ပညာရှင်ကြီးများ ကခွင့်ပြုမယ်ဆိုရင်တော့ ကျွန်တော်တို့ တတ်သမျှပညာလေးတွေနဲ့ တိုင်းပြည်ကို ကောင်းကျိုး ပြုချင်ပါသေးတယ်။ (ပုံစံထုတ်တာလေး၊ အင်ဂျင်လုပ်တာလေးလောက်ဖြစ်ဖြစ်ပေါ့) ၊ ကျွန်တော်တို့ အထက်မြန်မာပြည်စက်မှုလက်မှု ပြပွဲမှာပြသွားတဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဋ္ဌာန က အထူးတီထွင်ထားတဲ့ မီးရောင်တစ်ဝင်းဝင်းနဲ့ အင်ဂျင်ကြီးက အားရစရာကြီးပါ။ (အင်ဂျင်ထုတ်တာလားဆိုတော့ မဟုတ်ဘူးတဲ့၊ အဲဒီအင်ဂျင်နဲ့ ဆက်ထား တီထွင်ထားတဲ့ မော်တော်ကားမီးပေးစံနစ်ကြီးကို ပြသနေတာဆိုပဲ) ။ ဒါပေမယ့် ကျွန်တော်တို့ကို တစ်လ မြန်မာငွေ အနည်းဆုံး ၅သိန်းလောက်တော့ အောက်ထစ်ပေးမှ ရပါမယ်။ အခုကုန်ဈေးနှုန်းနဲ့ အဲဒီ့လောက်လစာငွေဟာ မငတ်ယုံတစ်မယ်ပဲ ကျွန်တော်တို့ စားရမှာပါ။ ကားဝယ်၊ အိမ်ပိုင် နိုင်ဘို့ဆိုတာကတော့ ဝေလာဝေးပေါ့။ ကျွန်တော်တို့ဟာ တိုင်းပြည်ကို တစ်ကယ်ချစ်တဲ့အတွက် အဲဒီ့လောက် ကျွန်တော်တို့ ရမယ်ဆိုရင် ကျွန်တော်တို့ အလွန်ပျော်ပါတယ်ခင်ဗျာ။ ကျန်တာတွေကို ကျွန်တော်တို့ တိုင်းပြည် အတွက် ပေးဆပ်တယ်လို့ ခံယူနိုင်ပါတယ်။ ဒါပေမယ့် တစ်လ လခ ၅ သောင်း ၁သိန်း၊ မငတ်ချင်ရင် ခိုးစား စံနစ်နဲ့ ဆိုရင်တော့ လူကောင်းမဟုတ်တဲ့ အဆင့်ကနေ လူယုတ်မာ သူခိုးအဆင့်ကို မရောက်ချင်သေးတဲ့ အတွက် ဒီထက်ပိုဆိုးတဲ့တစ်ခုက မင်းအတတ်ဆန်းတယ် ထောင်ထဲသွား လို့ပို့တာကို မခံနိုင်သေးတဲ့အတွက် စဉ်းစားဘို့ အချိန်နဲနဲပေးပါဦးခင်ဗျား။
P.S လူတော်လူကောင်းကြီးတွေ နုကလိယာ စက်ရုံမှာ ယူရေနီယံကို လက်တွေနဲ့ ကိုင်နေတယ်ကြားတယ်။ အဲဒါသေတတ်ပါတယ်ခင်ဗျာ။ လူတော်လူကောင်းတွေများနေတဲ့အတွက် ဒီလောက်သေတာကတော့ အပျော့ ဆိုရင်တော့ ကိစ္စမရှိပါ။ ဒါမှမဟုတ်လို့ ခေါင်းဆောင်ကြီးများက လက်အောက်ငယ်သားတွေကို တစ်ကယ်တန်ဘိုးထားတယ်၊ အလေးထားတယ်ဆိုရင် (Handler Robot) ကလေးတွေအသုံးပြုကြဘို့ အကြံပြုလိုပါတယ်။ စက်ရုပ်တစ်ခုကို မြန်မာငွေ သိန်း(၁၀၀) နှုန်းနဲ့ ကျွန်တော်တို့ မေတ္တာနဲ့ အချိန်ပေး တည်ဆောက်ပေးပါ့မယ်ခင်ဗျား။ မှတ်ချက် - နိုင်ငံခြားမှာပါက အနည်းဆုံး (၃) ဆကုန်ပါမည်။
မိမိကိုယ်မိမိ လူတော်လူကောင်းမဟုတ်သေးဟု ခံယူထားသူများ လုပ်ငန်းခွင်ဆက်စပ်မှုရှိပါက ကျွန်တော်တို့ ဆွေးနွေးလိုပါတယ်။ C-Box ထဲမှာ မက်ဆေ့ဂ်ျကလေး ချန်ထားပေးခဲ့ကြပါ။ တစ်စုံတစ်ရာ အကျိုးရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျား။ နိုင်ငံတော်ကို တည်ဆောက်နိုင်တဲ့ အုတ်ကလေးတစ်ချပ် သဲကလေးတစ် ပွင့် တစ်ချိန်ချိန်မှာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။