Thursday, May 29, 2008

Deception, Weapon of Crooks aka military dogs

လူတစ်ဦးတစ်ယောက် သို့ အသိုင်းအ၀န်းတစ်ခုက တစ်ခြားသူတစ်ယောက်ကို လိမ်ညာတယ် ၊ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တယ် (Deception) ဆိုတာ အဲဒီ့လူတွေ၊ ဒါမှမဟုတ် အဖွဲ့အစည်းတွေဟာ ဆန့်ကျင်ဘက် သို့ ရန်သူတွေဖြစ်နေတယ်ဆိုတဲ့ ၀ိသေသလက္ခဏာပဲ ဖြစ်ပါတယ်။ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တယ် လို့ဆိုတဲ့နေရာမှာ မှန်ကန်တဲ့ သို့ အဓိကကျတဲ့ အကြောင်းအရာအချက်အလက်တွေကို ဖုံးကွယ်ခြင်း ၊ လှည့်စားခြင်းနဲ့ မှားယွင်းစွာကောက်ချက်ချအောင် ပြုမူခြင်းစတာတွေပါဝင်ပါတယ်။ မဟုတ်ပါဘူးလို့ ငြင်းဆန်ခြင်းဟာလဲ အကြောင်းအရာတစ်ခုခုကို ကွယ်ဝှက်ထားခြင်းထဲမှာ အကျုံးဝင်ပါတယ်။
လူတစ်ဦးတစ်ယောက် သို့ အဖွဲ့အစည်းတစ်စုံတစ်ခုဟာ ထင်ယောင်ထင်မှားဖြစ် အောင် (Deception) အလုပ်ခံနေရပြီလားဆိုတာကို ဆန်းဆစ်သုံးသပ် နိုင်ဘို့အတွက် ပညာရှင် တွေဟာ သမိုင်းတစ်လျောက်ဖြစ်ပျက်ခဲ့တဲ့ လိမ်ညာမှုတွေ၊ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်မှုတွေကို အပြန်ပြန်အလှန်လှန်ဆန်းစစ်လေ့လာပြီးတော့ လိမ်ညာမှုကိုဖော်ထုတ်ပေးနိုင်မဲ့ နည်းလမ်းတွေကို ရှာကြံဘို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အခုအချိန်အထိ လူတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုဟာ လိမ်ညာနေတာလား ဖုံးကွယ်ဘို့ကြိုးစားနေတာလား ဆိုတာကို တိတိကျကျပြောကြားနိုင်မဲ့ နည်းလမ်းတွေ ဟာ လိမ်ညာတဲ့နည်းလမ်းတွေ ၊ ဖုံးကွယ်တဲ့ နည်းလမ်းတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် အနည်းငယ်မျှသာ တွေ့ရပါတယ်။
လိမ်ညာတယ်၊ ဖုံးကွယ်တယ်၊ ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်တယ်၊ ပြုလုပ်ခံရတယ် ဆိုတာဟာ လူအများနေ့စဉ်နဲ့အမျှ ကြုံတွေ့နေကြရတဲ့ အဖြစ်အပျက်များသာဖြစ်ပါတယ်။ သာမန်လိမ်ညာမှု ကလေးများဖြစ်တဲ့ မျက်လှည့်ပြတာ၊ ငွေစာရင်းလိမ်တာ၊ အတုလုပ်တာ ကလေးတွေကအစ သမိုင်းတွင်ခဲ့ရတဲ့ ၊ ကမ္ဘာ့သမိုင်းကိုပြောင်းလဲသွားနိုင်အောင်အထိ အောင်မြင်ခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက D-Day ၊ အိန္ဒိယနိုင်ငံရဲ့ နူကလီးယား စမ်းသပ် ဖောက်ခွဲခြင်းများအဆုံး (တစ်ကယ် မအောင်မြင်စဉ်ကလိမ်ခဲ့တာပါ) လိမ်ညာမှုပေါင်း များစွာကို ကျွန်တော်တို့နေ့စဉ်ကြုံတွေ့ကြရစမြဲဖြစ်ပါတယ်။ ကလိမ်ကကျစ်ကြတဲ့ အစီအမံတွေ၊ ပရိယာယ်တွေဟာ အောင်မြင်နိုင်ရန်ရာခိုင်နှုန်းနည်းပါးပေမဲ့ တစ်ခါတစ်လေမှာတော့ အလိမ် မခံရဘို့၊ အလှည့်စားမခံရဘို့ သတိကြီးကြီးထားရှိသူများကိုတောင်မှ အရူးလုပ်နိုင်စွမ်း ရှိပါတယ်။ Deception ကိုကောင်းကောင်းကျွမ်းကျင်ပါတယ်ဆိုတဲ့ မျက်လှည့်ဆရာဟာ တစ်ခြား မျက်လှည့်ဆရာတစ်ယောက်က မျက်လှည့် ပြန်ပြသွားတာကို ခံရတတ်တာဟာ သဘာဝပဲဖြစ်ပါတယ်။ အမှန်တရားကို ဖုန်းကွယ်တဲ့နည်းလမ်းတွေ နဲ့ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တဲ့ နည်းလမ်းတွေ ၊ အဲဒီ့နည်းလမ်းတွေအောင်မြင်သွားရင် လူတွေစိတ်ထဲမှာ ဘယ်လိုဖြစ်သွားနိုင်သလဲဆိုတာကို ရှာဖွေတင်ပြပေးလိုက်ပါတယ်။

အမှန်တရားအား ဖုန်းကွယ်သည့်နည်းလမ်းများ
၁။ masking
masking လုပ်ထားသည့် လက္ခဏာများ - ထင်ရှားတဲ့ အဓိကကျတဲ့ အချက်တွေ (characteristics) အားလုံးကို အလုံပိတ် ဒါမှမဟုတ် ရှင်းထုတ်ပစ်ပါတယ်။ အဓိက ကျတဲ့အချက်တွေကို အဓိကမကျတဲ့ အချက်တွေနဲ့ ရောထွေးပစ်ပါတယ်။
စိတ်ထဲမှာဘာဖြစ်သွားနိုင်သလဲ - ဘယ်အရာကို အဓိကထားလုပ်ဆောင်ရမလဲ ၊ အာရုံထားရ မလဲဆိုတာကို ကောက်ချက်ချနိုင်ခြင်း၊ ပုံကြမ်းထုတ်နိုင်ခြင်းမရှိတော့တဲ့အခါမှာ အမှန်တစ်ကယ် အရေးမကြီးတဲ့အချက်တွေကို အဓိကထားပြီးလုပ်တာတွေ၊ တစ်ခြားအရေး မပါတဲ့ (characteristics) ကိုရှာဖွေပြီးတော့ လွဲမှားစွာ ကောက်ချက်ချပြုလုပ်တာတွေ ဖြစ်လာနိုင်ပါတယ်။

၂။ Repackaging
ဝိသေသလက္ခဏာများ - အဓိကကျတဲ့ အချက်တွေကို ပြောင်းလဲပြင်ဆင်မှုတွေ ပြုလုပ်ပါတယ်။ ဒါမှမဟုတ် တစ်ခြားအစိတ်အပိုင်းတစ်ခုခုကို အဓိကကျတဲ့ အချက်ရဲ့ သဘောသဘာဝပုံစံမျိုးဖန်တီးပစ်ပါတယ်။
ဘာဖြစ်သွားနိုင်သလဲ - လမ်းမှားကို ခေါ်သွားပြီးတော့ပြလိုက်တဲ့အခါမှာ (mislead) လွဲမှားချက် ကောက်ချက်ဆွဲမှုကို တစ်ခါတည်းချမှတ်လိုက်စေပါတော့တယ်။

၃။ Dazzling
ဝိသေသလက္ခဏာများ - အဓိကကျတဲ့ အချက်တွေကို ရှင်းရှင်းလင်းလင်းမတင်ပြပဲ နဲ့ ရှုပ်ထွေးအောင်ပြုလုပ်ပစ်ပါတယ်။ ဒါမှမဟုတ် ပိုပြီးတော့ Strong ဖြစ်တဲ့ အချက်တစ်ခု ထည့်သွင်းပစ်လိုက်ခြင်းကို ပြုလုပ်ပါတယ်။ အကြောင်းအရာတစ်ခုဟာ ဘာ့ကြောင့် အဓိက ကျရသလဲဆိုတဲ့အချက် ကို အားဖြည့်ကူညီနေ့တဲ့ ပုံစံ (pattern) တွေကို မှေးမှိန်သွားအောင် ပြုလုပ်ပစ်ပါတယ်။
ဘာတွေဖြစ်သွားနိုင်သလဲ - အာရုံစူးစိုက်မှုတွေကို လမ်းကြောင်းပြောင်းလိုက်ခြင်းအားဖြင့် ပစ်မှတ်တစ်ခု ယုံကြည်ချက်တစ်ခုဟာ အမှန်လား၊ အမှားလားဆိုတဲ့ သံသယမျိုးတွေ ကြီးထွားလာစေပါတယ်။ သတင်းအချက်အလက်တစ်ခုဟာ အလွယ်တကူ နဲ့ ရရှိလာပြီဆိုရင် အဲဒီ့သတင်းမှန် မမှန်ဆိုတာကို သံသယ ဖြစ်ဖွယ်ရာရှိလာစေပါတယ်။

ထင်ယောင်ထင်မှားဖြစ်အောင်လုပ်သည့် နည်းလမ်းများ
၁။ mimicking
ဝိသေသလက္ခဏာများ - အကျွမ်းတစ်ဝင်ဖြစ်နေသည့် characteristics ပုံစံများအား ပြန်လည်တည်ဆောက် (recreate) သည်။ အထင်အရှားတည်ရှိသော အရာဝတ္တု၊ လူ၊ ဖြစ်တည်မှု အစရှိသည်များအား တည်ဆောက်ဖန်တီးယူသည်။
ဘာတွေဖြစ်သွားနိုင်သလဲ - အသစ်တည်ဆောက်လိုက်တဲ့ mimick တစ်ခုအား သုံးသပ်တဲ့ပုံစံကို မှားယွင်းစွာသုံးသပ်အောင် လှုံ့ဆော်ပါတယ်။ တစ်ကယ့်ဖြစ်တည်နေတဲ့ အရာတစ်ခုရဲ့ သီးသန့်စွာတည်ရှိတဲ့ ထင်ရှားတဲ့အချက်တွေကို ခန့်မှန်းတွက်ဆရာမှာ ပိုမိုခက်ခဲလာစေပါတယ်။

၂။ Inventing
ဝိသေသလက္ခဏာများ - သတင်းအချက်အလက်အကြောင်းအရာတွေ မြင့်မြင့်မားမားပါဝင်တဲ့ characteristics တစ်ခုကို အသစ်တည်ဆောက်လိုက်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကို ညွှန်းပြနေတဲ့ (indicator) တွေကို တည်ဆောက်ပါတယ်။ အဓိကကျနိုင်လောက်တဲ့ အစိတ်အပိုင်းတွေကို တီထွင် (invent) ပါတယ်။
ဘာတွေဖြစ်သွားနိုင်သလဲ - စလုပ်ကတည်းက မှားယွင်းတဲ့ ပုံစံထဲကို ၀င်သွားစေပါတယ်။

၃။ Decoying
ဝိသေသလက္ခဏာများ - အပြိုင်ဖြစ်နေတဲ့ characteristics တစ်ခုကို ဖန်တီးခြင်းဖြစ်ပါတယ်။
ဘာတွေဖြစ်သွားနိုင်သလဲ - မှန်ကန်တဲ့သုံးသပ်မှုပြုလုပ်ခြင်းမှ အဝေးသို့ရောက်အောင် တစ်ဖြည်းဖြည်း ဆွဲခေါ်သွားနိုင်ပါတယ်။

၎။ Double Play
ဝိသေသလက္ခဏာများ - မမှန်တဲ့ ကောက်ချက်ဆွဲမှုကို အားဖြည့်ပေးဘို့အတွက် မှန်ကန်တဲ့ ကောက်ချက်ကို အားနည်းသွားအောင် ဒါမှမဟုတ် သံသယဖြစ်ဖွယ်ရာရှိလာအောင် အကြံပေးခြင်းများပြုလုပ်သည်။ အမှန်တစ်ကယ်ဖြစ်ပျက်နေသည်များကို ထိန်းသိမ်း ပြသထား သော်လည်း Characteristics များအား သံသယဖြစ်ဖွယ်ရာ ပြုလုပ်ခြင်းအားဖြင့် လေ့လာသူ၏ လက်ခံနိုင်မှုအား လျော့နည်းလာအောင် ကြံစည်သည်။
ဖြစ်လာနိုင်သည့် အကျိုးဆက်များ - မှန်ကန်သည့်ကောက်ချက်ချမှုအား သံသယဖြစ်ဖွယ်ရာ ပေးလိုက် ခြင်းအားဖြင့် ကိုယ်ပွားသို့ (double play) နည်းလမ်းအား အသုံးပြုခြင်းသည် ပစ်မှတ်ထားသည့် အကြောင်းအရာတစ်ခု၊ သို့ လူပုဂ္ဂိုလ်တစ်ဦးအား သံသယဖြစ်လာစေရန် လုပ်ဆောင်ပါတယ်။

ကျွန်တော်တို့ အကျဉ်းချုပ်တင်ပြခြင်းဖြစ်ပါတယ်။ အကျယ်ကိုတော့ တိုးတက်လှတဲ့နည်းပညာခေတ်ကြီးများ ဘယ်သူမဆို နည်းလမ်းအမျိုးမျိုးနဲ့လေ့လာနိုင်ကြပါတယ်။ ဒီပို့စ်ကို ရေးသားရခြင်းရဲ့အကြောင်းရင်းကတော့ လူယုတ်မာအောက်ဆွဲများရဲ့ အောက်တန်းစား အတတ်ပညာများဟာ မြန်မာနိုင်ငံတွင်းမှာသာ ထွန်းကားခြင်း မကတော့ပဲနဲ့ အင်တာနက်အပေါ်မှာပါတက်လာတဲ့အတွက် ရေးသားလိုက်ရခြင်းပဲဖြစ်ကြောင်းပါ။
ကျွန်တော်တို့ ထပ်လောင်းပြောကြားလိုတဲ့အချက်တွေကတော့ သာမန်လူတစ်ဦးအတွက် လိမ်ညာတယ်၊ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တယ်ဆိုတာ အရမ်းကို ယုတ်ညံ့တဲ့ ကိစ္စရပ်တွေကို ပြုလုပ်ခြင်းဖြစ်ပါတယ်။ တစ်ချို့သောသူများအတွက်ကတော့ ဘယ်လိုလိမ်ရ၊ ညာရမလဲဆိုတာကို ပညာရပ်တစ်ခုအနေနဲ့ကို သင်ယူကြ ရတဲ့သူတွေရှိပါတယ်။ ဥပမာအားဖြင့် အီရတ်က ပြန်ကြားရေးဝန်ကြီးအလီကို ကြည့်နိုင်ပါတယ်။ (မြန်မာနိုင်ငံမှာမရှိဘူးနော်)။ နာမည်လေးလှအောင် စိတ်ဓာတ်စစ်ဆင်ရေးလို့ ခေါင်းစဉ်တပ်ပြီး ပေးပြီးသင်ယူရပါတယ်။ ဒါပေမယ့် ဒါမျိုးလူများအတွက်က အရှက်တရားဆိုတာ သေလို့ အရိုးဆွေးသွားတောင်မှ ရှိမဲ့အရာတွေမဟုတ်ဘူးဆိုတာကိုတော့ စာဖတ်သူများ နားလည်ကြမှာပါ။ အရေးပေါ်အခြေအနေပြီးဆုံးပါပြီ၊ ပြန်လည်ထူထောင်ရေးလုပ်ဘို့အချိန်ပါ ၊ ဒေါ်လာ ၁၀ဘီလီယံ လောက်လှူကြပါ လို့ တစ်လိမ်ထဲ လိမ်နေကြတဲ့ ကိုကိုလိမ်များရဲ့ နောက်ဆွဲ များကို နောက်ဆုံးပြောကြားလိုတာကတော့ မတောက်တစ်ခေါက်သင်ယူလာခဲ့တဲ့ psycho warfare ထဲက deception ဆိုတာဟာ ကျွန်တော်တို့အတွက် အပျင်းပြေ မနက်စာတစ်ခုလောက်ပါပဲ ဆိုတာပြောကြားရင်း စာဖတ်သူများအနေနဲ့ မိမိတို့လုပ်ဆောင်နေကြတဲ့ အဓိကကျတဲ့ အကြောင်းအရာများမှ Deception အလုပ်ခံလိုက်ရတာကြောင့် သွေဖယ်မသွားကြစေဘို့ သတိပေးပြောကြားရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။ deceptionလုပ်နေတာလားဆိုတာ ကို ဘယ်လိုသုံးသပ် ရမလဲဆိုတာကို တင်ပြချင်ပေမဲ့ အောက်ဆွဲတွေ သိသွားမှာစိုးလို့ မပြောတော့ဘူးဗျာ။
မှတ်ချက်။ သောက်ရူးငအောင်ကို ကျွန်တော်တို့ တစ်ချက်ခြင်းဆီကောက်ချက်ဆွဲပြီးတော့ ပြောပြချင်လှပေမဲ့ ဒါမျိုးကောင်တွေဟာ အချိန်ပေးရတာမတန်လို့ မလုပ်တော့ပါဘူးခင်ဗျား။ ကျွန်တော်တို့ အချိန်တွေအများကြီး တန်ဘိုးရှိတယ်ဆိုတာကို မမေ့ကြပါနဲ့ခင်ဗျာ။ အချိန်တန်တော့မှ မာဖီးယားနဲ့ ဒီကောင်တွေကို ပေးတွေ့ပေးလိုက်ပါ့မယ်။ ကျွန်တော်တို့လိုအပ်တဲ့ သတင်းအချက်အလက် တော်တော် များများရပြီး သားဖြစ်ပါတယ်။ ပါဝင်ကူညီချင်တဲ့သူများ ကျွန်တော်တို့ဆီကို ဆက်သွယ်ကြခင်ဗျာ။ (အခုအချိန်မှာတော့ စတာ နောက်တာပါခင်ဗျာ။ တစ်ကယ်အောင်မြင်သွားရင်လဲ အကောင်းဆုံးပေါ့)။

Friday, May 23, 2008

Myanmarnese, are we corrupt? And how you wanna deal with it?

့ညီလေးရေ (၁၀)တန်းအောင်ရင် ဘာလုပ်ဘို့ စဉ်းစားထားသလဲ။
စစ်ဆေး (စစ်ဆေးတက္ကသိုလ်) သွားမယ် အကိုကြီး။
ဟ မင်းကဘာလို့သွားချင်ရတာလဲကွ။
စားရတယ် ကိုကြီးရ။ (အဆောင်က ကျွေးတဲ့ ထမင်းစားရတာကို ပြောတာဖြစ်မှာပါ)
ဟကောင်ရာ အပြင်မှာ ဆန်ပြုတ် ပြုတ်သောက်နေစမ်းပါကွာ ၊ ကျက်သရေတုံးတဲ့ အတွေးအခေါ်တွေ ၀င်မနေစမ်းပါနဲ့။

ကျွန်တော်ကိုယ်တိုင်ပြောခဲ့ဘူးတဲ့စကားများဖြစ်ပါတယ်။
လမ်းမှာ ဖြတ်ရတဲ့ ဂိတ်က ၂၀ ၊ ၃၀ လောက်ရှိတယ်။ စစဖြစ်ချင်းတုန်းကတော့ တစ်ဂိတ်ကို ၂၀၀၊ ၃၀၀ ပေးရင်ရတယ်၊ အခု ၅၀၀၀၊ ၆၀၀၀ ပေးမှဖြတ်လို့ရတော့တယ်။ ကျွန်မ အမျိုးတွေတော့ ဟိုမှာ သေသူသေ၊ ငတ်တဲ့သူက ငတ်ကုန်ကြပြီ။ မုန်တိုင်းပြီးလို့ အသက်ရှင်ကျန်တာတောင် ရေငတ်သေတဲ့သူတွေရှိတယ်။
မြန်မာပြည်မှ ပြန်လာတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပြောတာဖြစ်ပါတယ်။
(မြန်မာပြည်မှာ အကျင့်ပျက်တာ ဒီအထိတောင်ဆိုးရွားနေကြပြီလားခင်ဗျာ)

Corruption ဟာ မြန်မာပြည်မှာ အမြစ်တွယ်နေတဲ့ အရာတစ်ခုဖြစ်နေပြီမို့ ဒီ Corruption ကိုဘယ်လို တိုက်ဖျက်ပစ်နိုင်ကြမလဲဆိုတာကို ကျွန်တော်တို့ လေ့လာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘာတွေတွေ့လာရသလဲဆို တော့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ တစ်သောင်းခြောက်ထောင်မျှသော ပြသနာများပဲဖြစ်ပါတယ်။ ထိုကဲ့သို့

မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ တစ်သောင်းခြောက်ထောင်သော ပြသနာများထဲက ကျွန်တော်တို့ အစိုးရိမ်ဆုံးအရာတစ်ခုရှိပါတယ်။ Moral Decadence လို့ခေါ်တဲ့ အကျင့်စာရိတ္တဆုတ်ယုတ်ပျက်ပြားခြင်းပါပဲ။ လာဘ်ပေးလာဘ်ယူမှုတွေ၊ ထမ်းဆောင်ရမဲ့ တာဝန်အလုပ်တွေမှာ မြုပ်နှံလုပ်ကိုင်ခြင်း (Dedication) မရှိတော့တာတွေ၊ အကျင့်စာရိတ္တပျက်ပြားလာတာတွေ ၊ အပြောအဆို အပြုအမူအနေအထိုင်က အစရိုးသားခြင်းကင်းမဲ့လာတာတွေ သောက်စားမူးယစ်လောင်းကစား မှုတွေ တိုးပွားလာတာတွေ အားလုံးဟာ ကျွန်တော်တို့ အတွက် စိုးရိမ်စရာတွေဖြစ်ပါတယ်။ Corruption လို့ဆိုလိုက်တာနဲ့ ကျွန်တော်တို့ အရင်ဆုံးပြေးမြင်မိတာက လဒ်ပေးလာဘ်ယူမှုပါ။ ဒါပေမဲ့ အကျင့်ပျက်မှု (Corruption) ဟာ လာဘ်ပေးမှု ပြုလုပ်မှ လားဆိုတာကို ကျွန်တော်တို့ ကြည့်ကြည့်ရအောင်ခင်ဗျာ။

လူအများ၏ အထင်ကြီးအားကျမှုကို ခံရသူများသည် ညှင်းဆဲ နှိပ်စက်တတ်သူ၊ အလွဲသုံးစားပြုသူများဖြစ်နေ သည့်အခါ၊(အဲဒါဗိုလ်ချုပ်သားလေ) လူမှုအဖွဲ့အစည်းတစ်ခုခုသည် ဂုဏ်ယူစရာမဟုတ်သည့် အချက်များအပေါ်တွင် မာန်တက်နေ သောအခါ (မြန်မာပြည်မှာ မုန်တိုင်းတိုက်သွားတောင်မှ ဆန်အလုံအလောက်ရှိသေးတယ် - ဒါကိုသူတို့အရမ်းဂုဏ်ယူပါတယ် လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက လွန်ခဲ့သောရက်အနည်းငယ်အတွင်းက ပြောကြားသွားခဲ့ပါသည်) ၊ အခြေခံချမှတ်ထားသည့် မူဝါဒ စည်းမျဉ်းစည်းကမ်းများပျက်သုဉ်းပြီး အခြေအနေအရ လိုက်လျော လုပ်ကိုင်ရသည်များ အချောင်သမားဝါဒများ ကြီးစိုးနေသည့်အခါ ၊ ပမာမခန့် စော်ကားပြုမူသည်များ ကြီးစိုးပြီး ထိုကဲ့သို့ ပမာမခန့်ပြုမူခံရသူများကလည်း ငြိမ်ခံနေသည့် အခါပတ်ဝန်းကျင်တွင်ဖြစ်ပျက်ကျက်စားနေရ သည့် နေတဓူဝအခြေအနေများအားလုံး ပျက်စီးနေသော်လည်း လူအများစုက ငုံ့ခံနေကြသောအခါ၊ ထိုကဲ့သို့ သောအခါ အခြေအနေများ စုစည်းနေသည့် လူမှုအသိုင်းအ၀န်းတစ်ခုအား အကျင့်ပျက်နေသည့် လူမှု အသိုင်းအ၀န်းတစ်ခု အဖြစ်သတ်မှတ်သည်။ ဂွာတီမာလာနိုင်ငံမှ စာစောင်တစ်ခုမှ ပါဝင်တဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ - ကျွန်တော်တို့ထောက်ပြချင်တာကတော့ အနိုင်ကျင့်သူ ၊ အကျင့်ပျက်သူ ၊ လာဘ်ယူသူသည်သာ အကျင့်စာရိတ္တပျက်စီးနေတာမဟုတ်ပဲနဲ့၊ ဒါမျိုးအနိုင်ကျင့်မှုကို ငုံ့ခံတဲ့ သူဟာလဲ အကျင့်ပျက်တဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုပါပဲ။

မြန်မာပြည်မှာ ကျွန်တော်တို့အထက်က တင်ပြခဲ့တဲ့ အချက်တွေ ဖြစ်ပျက်လို့နေသလား လို့ ကျွန်တော်တို့ မေးကြည့်စရာ မလိုဘူးလို့ထင်ပါတယ်။ ဒါပေမယ့် လူအများအကျင့်ပျက်ကြတဲ့အတွက် ဘယ်သူတွေမှာ အကျိုးရှိသွားပါသလဲလို့ မေးကြည့်လိုက်ရင် အကျင့်ပျက်နေတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အာဏာရှိနေတဲ့သူ တွေဟာ အကျိုးအမြတ်အရဆုံးဖြစ်ကာ ဒီ့အတွက်ကြောင့်ပဲ Corruption လို့အလွယ်တကူ ပြောနေကြတဲ့ လူများ အကျင့်စာရိတ္တပျက်ပြားမှုကို ထိန်းချုပ်ရခက်ခဲခြင်း ဖြစ်ပါတယ်။ တစ်ကယ်လို့များ မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ ပြည်သူအများစုအနေနဲ့ ဘယ်သူအကျင့်ပျက်ပျက် ကိုယ်မပျက်ဘူး၊ အကျင့် မပျက်လို့ ရလာတဲ့ ဒုက္ခတွေကို ခါးစီးခံမယ် ၊ မတရားမှုမှန်သမျှ ဆန့်ကျင်တော်လှန်ရမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးများရှိနေခဲ့ကြရင် မြန်မာပြည်တွင်းမှာရှိနေကြတဲ့ လူယုတ်မာတွေ အနှေးနဲ့ အမြန် ဇာတ်သိမ်းရမှာပဲဖြစ်ပါတယ်။

အမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကို ဘယ်လို ထိန်းချုပ်နိုင်မလဲလို့ ကျွန်တော်တို့ အကြမ်းမျဉ်းလေ့လာကြည့်ကြတဲ့အခါမှာ နိုင်ငံတကာမှာ ရှိတဲ့ အကျင့်ပျက်မှုကို ဘယ်လိုထိန်းချုပ်နိုင်မလဲ ဆိုတာကို လေ့လာတဲ့ပညာရှင်တွေဟာလဲ မြန်မာနိုင်ငံကို အတော်ကလေး အလေးထားတာကို တွေ့လာရပါတယ်။ ဘယ်လိုတွေ့လာရသလဲဆိုတော့ Cambridge University ကသမိုင်းပညာရှင် J.S. Furnivall ကပြုစုခဲ့တဲ့ မှတ်တမ်းထဲမှာဆိုရင် မြန်မာပြည်တွင် အကျင့်ပျက်ကြသည်မှာ ပြုမူကျင့်ကြံနေကြသည့် အကျင့်ပျက်မှုအားလုံးသည် ရိုးရာအစဉ်အလာအား လိုက်နာထိန်းသိမ်း မှု ပြုလုပ်နေခြင်းဖြစ်သည်ဟုပင် လူအများ ထင်မှတ်မှားလာကြပေသည် - လို့ ရေးသားခဲ့ပါတယ်ခင်ဗျား။ ဒီစာကြောင်းကို ဖတ်ပြီးတော့ ကျွန်တော် တို့ မျက်စိထဲ တန်းမြင်လာတဲ့ အရာကြီးကတော့ အခါကြီးရက်ကြီးမှာ လက်အုပ်လေးတစ်ချီချီနဲ့ မုန့်ပုံးထဲမှာ ငွေအထုတ်လိုက်ထည့်ပြီး ကန်တော့ကြသူများနဲ့ ကန်တော့ခံကြသူများပဲ ဖြစ်ပါတယ်။ ကောင်းပါပြီ၊ အများသိကြပြီးသားအရာတစ်ခုကို အပ်ကြောင်းထပ်အောင် မရေးပြတော့ပါဘူး။ ဘယ်လိုကာကွယ်စောင့်ထိန်း ၊ ထိန်းချုပ်နိုင်ကြမလဲဆိုတာကိုသာ ဆက်ပြီးဆွေးနွေးလိုပါတယ်ခင်ဗျာ။ ဒါပေမယ့် အတတ်နိုင်ဆုံး အကျင့်မပျက်မိကြစေဘို့ (လေယာဉ်ကွင်းမှာ ဆေးလိပ်ဘူး ပေးတာကအစ) တော့ ပန်ကြားလိုပါတယ်။

နောက်တစ်နေ့မှ ဆက်ပါတော့မယ်ခင်ဗျား


Wednesday, May 21, 2008

Discussion open to all !!!!!

We want a leader who can unite all people of Myanmar:civilians,soldiers,etc.If there is an organization whose members are faith on each others and sacrifice for the country and there is no discrimination bt them ,then I will be theirs.I don't believe that it is the time to argue or to hate each other among the young.We are the same in a different way. believe it!we are the same.Find it and try to unite.Don't go the old way that you will never success to construct the Democracy country. the army killed the monks ,the people and make the country poor ,....,etc,but it doesn't mean that all the soldiers agree with it.Most of them(90% of them) don't agree with it. Don't waste the time arguing with 10% of them and don't think all soldiers are the same.Most of the politicians ( kaung shaung twe) make the young fell that all soldiers are the same and evils. And the army leader make the soldiers feel that all Demo are evils.We the young dance with the two parties for nothing . It is the time to quit from this circle and try to unite the people and the army who are really love the country ,not just with mouths,but in practice. We are the same in a different way.It is all!!!!!!!!!!!!!!!!! I am tired of watching the war between the young.It is not for the country but for the (Kaung shaung Myar) of both parties. They will survive as long as we don't unite. I want to know your opinions.
Ko Htoo
ပထမဆုံးအနေနဲ့ အချိန်ပေးပြီးတော့ ဆွေးနွေးပေးတဲ့ကိုထူးကို ကျေးဇူးတင်ပါတယ်လို့ အရင်ပြောလိုပါတယ် ခင်ဗျား။ ပထမဆုံး အနေနဲ့ တိုင်းပြည်အတွက် အလုပ်လုပ်ကြမဲ့ အဖွဲ့အစည်းတစ်ခုခုမှာ ကိုထူးအနေနဲ့ ပါဝင် လိုစိတ်ရှိတယ်ဆိုရင် အဝေးတစ်နေရာကနေလဲ အချိန်မရွေးပါဝင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကန့်သတ်မှုတွေအများကြီး အတွင်းမှာ အလုပ်လုပ်နေကြရတဲ့ သူတွေချည်းပဲဖြစ်တာမို့လို့ ကိုထူးအနေနဲ့ ဘယ်လောက်တောင် ဘယ်အထိအချိန်ပေးနိုင်မလဲဆိုတာကိုတော့ ကြိုတင်စဉ်းစားထားစေချင်ပါတယ်။ နိုင်ငံအသီးသီးမှာ သူ့နေရာနဲ့သူ လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေအများကြီးရှိပါတယ် ခင်ဗျာ။ ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်ကူညီနိုင်မလဲဆိုတာ ကိုတော့ ကိုထူးဘာသာ စဉ်းစားရမှာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နဲ့ အယူအဆ ၊ ခံယူချက်မတူညီသူများကို ချစ်ခြင်း၊ မုန်းခြင်း မရှိပါဘူး။ ကျွန်တော် စစ်ဗိုလ်များနဲ့ အခုရက်ပိုင်းအတွင်းမှာ ၂ကြိမ်လောက် စကားတော်တော်ကြာကြာပြောဖြစ်ပါတယ်။ သူတို့ကို ကျွန်တော်ပြောခဲ့တဲ့ စကားတစ်ခုရှိပါတယ်။ ဒီအချိန်မှာ မင်းတို့ငါ့ကို လာသတ်ရင်တောင်မှ ဒါဟာ တစ်သီးပုဂ္ဂလခံစားချက်ကြောင့် မဟုတ်ပဲ ရှင်သန်ကြီးထွားလာရတဲ့ အခြေအနေကြောင့် ဖြစ်သွားရတယ်ဆိုတာ ကို ငါ နားလည်တယ်၊ ဒါပေမယ့် မင်းတို့ နားမလည်ဘူး လို့ ပြောခဲ့တာပါ။ အခုမုန်းတီးမှု၊ မကျေနပ်မှု တိုးပွားနေကြတဲ့ သူတွေအချင်းချင်းဟာ တစ်ကြိမ်တစ်ခါမှ တွေ့ခဲ့ကြဘူးများလဲ မဟုတ်၊ ဘယ်သူကမှ ဘယ်သူ့ ကို ဘာမှ အကျိုးယုတ်အောင် လုပ်ခဲ့ဘူးတာမဟုတ်ပဲနဲ့ ဖြစ်ပေါ်နေရတဲ့ ပတ်ဝန်းကျင်ကြောင့် ရန်စောင် ဒေါသ ထွက်နေကြရတယ်ဆိုရင် ကျွန်တော်ပြောတာ မှားမယ်မထင်ပါဘူး။ ဒါပေမဲ့ ဒီအခြေအနေကို ဘယ်သူတွေက ဖန်တီးခဲ့သလဲ။ ဘာ့ကြောင့်ဖန်တီးခဲ့ရသလဲ။ ဘယ်လိုဖြစ်လို့ ဒါမျိုးဖြစ်နေရတာလဲ ဆိုတာကို များများသိဘို့နဲ့ များများဖြန့်ဝေဘို့လိုတယ်လို့ကျွန်တော်တို့ထင်ပါတယ်။ ဒါမျိုးအခြေအနေတွေကို ရှောင်လွဲနိုင်ဘို့အတွက် ကျွန်တော်တို့ လိုက်နာသင့်တဲ့ norm တွေ၊ ဥပဒေသတွေရှိခဲ့ပြီးသားပါ။ ဒါပေမယ့် ဘယ်သူက ဒီဥပဒေတွေကို လိုက်နာသလဲ။ ကျွန်တော်ရဲရဲကြီးပြောရဲပါတယ်။ မြန်မာ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူတွေရဲ့ အခြေအနေဟာ ကျွန်တော်တို့ စောစောပိုင်းကရေးပြခဲ့သလိုမျိုး Self ပျောက်ဆုံးနေကြတဲ့ အခြေအနေမျိုးပါ။
နောက်တစ်ခုက ကျွန်တော်တို့ထင်တာကို ပြောရရင် လောကကြီးမှာ လူဆိုး၊ လူကောင်း၊ လူယုတ်မာ ရှိကြတာကြည့်ပါပဲ။ စစ်တပ်ထဲမှာ လူကောင်းတွေရှိပါတယ်။ ဒါပေမဲ့ သူတို့မကောင်းတာက သူတို့ဟာ လူဆိုး၊ လူယုတ်မာတွေရဲ့အောက်မှာ ရောက်နေတာကိုပါပဲ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရပြောပြရရင် နေရာတိုင်း မှာ အကျင့်မကောင်းတဲ့ကောင်၊ ယုတ်မာတဲ့ကောင်တွေ အများကြီးရှိတယ်ဆိုတာပါပဲ။ စစ်တပ်အတွင်းက မိမိကိုယ် မိမိ လူကောင်းလို့ ခံယူထားတဲ့သူများဟာ တစ်ယောက်တည်းကောင်းနေလို့မရပဲနဲ့ မကောင်းတဲ့ ကောင်တွေက လူတွေကို ဒုက္ခမပေးနိုင်အောင် တားဆီးဘို့လဲလိုအပ်တယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ အဲဒါမျိုးလူယုတ်မာတွေကိုတော့ ခပ်ကြမ်းကြမ်း တွယ်ပစ်တဲ့ နည်းလမ်းကလွဲပြီးတော့ တစ်ခြားနည်းလမ်း သုံးလို့ မရဘူးလို့ ကျွန်တော်တို့ထင်ပါတယ်။ စစ်တပ်က (လူငယ်များ) လူတွေဟာ ကျွန်တော်တို့နဲ့ အမှန်တစ်ကယ် ယုံကြည်မှု တည်ဆောက်ချင်ပါတယ်ဆိုရင် အခုအချိန်မှာ ကျွန်တော်တို့ အတူတူလက်တွဲပြီးတော့ လုပ်နိုင်တဲ့ လူမှုရေးလုပ်ငန်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ သဘောတူချက် (စည်းကမ်း)တွေချပြီးတော့ လုပ်နိုင် ကြမလား။ လုပ်ရဲကြမလား။ အဆင်သင့်ဖြစ်ပြီဆိုရင် စလိုက်ကြရအောင်ပါ။ ဒါပေမယ့် လူငယ်အချင်းချင်း စည်းလုံးမှာကို သေမလောက်ကြောက်တဲ့ သူတွေဟာ အမျိုးမျိုးအဖုံဖုံ ဖျက်ဆီးဘို့ ကြံစည်မယ်ဆိုတာကိုတော့ ကြိုတင်ယုံကြည်ထားပါ။ ဒါမျိုးလူတွေကို လူယုတ်မာလို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။
နောက်တစ်ခုက နိုင်ငံရေးပုံစံကို ဖန်တီးတဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေကိုပါ ထည့်ပြီးစဉ်းစားပါတယ်။ စစ်တပ် အုပ်စိုးထားသူတွေနဲ့ အတိုက်အခံ တွေအားလုံးဟာ နိုင်ငံခြားတိုင်းပြည်တွေ ရဲ့ ပုံစံသွင်းမှုကိုပဲ ခံရတာများ ပါတယ်။ ဒါဟာ မှန်ကန်မှုရှိပါတယ်။ နိုင်ငံများအကြားမှာတည်ရှိတဲ့ ပြိုင်ဆိုင်မှု ဟာ အရင်ကလဲ ပြင်းပြင်းထန်ထန်ရှိခဲ့ပါတယ်။ အခုလဲရှိတာပါပဲ။ နောင်လဲရှိနေဦးမှာပါပဲ။ ဒါဟာ လူသားသဘာဝ လို့ ကျွန်တော်တို့ဆိုချင်ပါတယ်။ မဖြစ်မနေအခြေအနေမျိုးကလွဲရင် ဘယ်နိုင်ငံမှ စစ်တပ်နဲ့ တက်တိုက်တဲ့ ကျူးကျော်မှုမျိုးကို မပြုလုပ်တော့ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံဟာ အဘက်ဘက်က ကျူးကျော်စော်ကားမှုကို ခံနေရပါတယ်ဆိုရင် ကျွန်တော်တို့ ပြောတာ မလွန်ဘူးလို့ထင်ပါတယ်။ နောက်တစ်ချိန်ပြောင်းလဲ သွားရင်တောင်မှ မြန်မာနိုင်ငံဟာ တစ်ခြားနိုင်ငံတွေရဲ့ ပုံစံသွင်းမှုကို အချိန်တော်တော်ကြာအောင် ခံနေရဦးမယ် ဆိုတာ သေသေချာချာ ကျွန်တော်တို့ပြောရဲပါတယ်။
နောက်ဆုံးပြောချင်တာတစ်ခုကတော့ ကျွန်တော်တို့ တစ်ကယ်တာဝန်ယူချင်တယ်ဆိုရင် ဒီတာဝန်ဟာ အရမ်း ကြီးလေးတယ်ဆိုတာကိုတော့ သိထားစေချင်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် တစ်ကယ်တာဝန်ယူလုပ်ကိုင် တဲ့အဆင့်မှာ မရှိကြသေးပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက်တော့ လုပ်နေကြပါတယ်ဆိုတာကို ကိုထူးကို ပြောထားချင်ပါတယ်ခင်ဗျား။ ကျွန်တော်တို့မှာ စစ်တပ်က ကျွန်တော်တို့ ဆီမှာ လာလာပြောနေကြသူများအတွက် အချစ်၊ အမုန်းမရှိဘူးဆိုတာကိုတော့ ထပ်ကာ ထပ်ကာ ပြောချင်ပါတယ်ခင်ဗျား။ ဒါပေမယ့် ခေါင်းဆောင်ပိုင်းနဲ့ အောက်ဆွဲတစ်ချို့ကိုတော့ လူယုတ်မာများ ဖြစ်တယ်လို့ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။ အားလုံး အဆင်ပြေကြပါစေခင်ဗျာ။

Monday, May 19, 2008

The consequence of disaster damage and the damage itself, which is more important?

လူတွေအများကြီး သေကြေထိခိုက်ပျက်စီးကုန်ပြီဆိုရင်တော့ ကျရောက်လာတဲ့ သဘာဝဘေးအန္တရာယ်ဟာ တော်တော်ကြီးဆိုးဝါးတယ်တို့သတ်မှတ်ပါတယ်။ ဒါပေမယ့် ကျရောက်လာတဲ့ ဘေးအန္တရာယ် ရဲ့သဘောသဘာဝ နဲ့ လူတွေဘယ်လိုမျိုးသေကြေပျက်စီးနိုင်တယ်ဆိုတာကို သိထားရင်တော့ အထိအခိုက်သက်သာအောင် လုပ်ဆောင်နိုင်တာပေါ့။ ကမ္ဘာကြီးပေါ်မှာ ရုတ်တရက်ကျရောက်လာတတ်တဲ့ သဘာဝဘေးအန္တရာယ်တွေ အမျိုးအစားအများကြီး ရှိတဲ့အနက်က ရေကြီးခြင်းနဲ့ ငလျင်လှုပ်ခြင်းကြောင့် လူအများဆုံး အသက်ဆုံးရှုံးရကာ မုန်တိုင်းကြောင့်သေတဲ့ လူအရေအတွက်က အများကြီးပိုနည်း ပါတယ်။ ဒါပေမယ့် မုန်တိုင်း ဒဏ်ခံရတဲ့ နေရာ အကျယ်အ၀န်းဟာ ရေကြီးခြင်း ငလျင်လှုပ်ခြင်း စသည်တို့ထက် အများကြီး ပိုပြီးကျယ်ပြန့်တယ်ဆိုတာကို သိထားဘို့လိုပါတယ်။
ငလျင်လှုပ်တဲ့အခါမှာ သေကြေကျတဲ့ လူဦးရေစုစုပေါင်းရဲ့ ၇၅%ကျော်ဟာ အဆောက်အဦးများ ပြိုကျခြင်းကြောင့် ပိသေတာ ဖြစ်ပြီးတော့ ရေကြီးတဲ့အခါမှာ သေကြတဲ့သူတွေဟာ ရေနစ်သေတာ အများစုဖြစ် တဲ့အတွက် ငလျင်ဒဏ်ကို ကာကွယ်တဲ့နေရာမှာ အဆောက်အဦးတွေပြိုကျမှုကို ဘယ်လိုကာကွယ်ရမလဲ ဆိုတဲ့ အချက်တွေအပေါ်မှာ အလေးထားဘို့လိုအပ်ပြီးတော့ ရေဘေးဒဏ်ကို ကာကွယ် လိုတယ်ဆိုရင်ကတော့ ရေကြီးတတ်တဲ့ နေရာဒေသမျိုးတွေမှာ လူတွေအခြေချပြောင်းရွှေ့ခြင်းတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်မလဲဆိုတဲ့အချက်တွေကို ဦးစားပေးစဉ်းစားရမှာ ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် အမှန်တစ်ကယ် ပျက်ဆီး၊ သေဆုံး၊ ဆုံးရှုံး သွားရတာတွေထက် အဲဒီလိုမျိုး ပျက်ဆီးသွားတဲ့ အတွက် နောက်ဖြစ်လာတဲ့ အကျိုးဆက်တွေဟာ ပိုမို ဆိုးရွားပါတယ်။ ဥပမာအားဖြင့် ပြောရရင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးသွားတဲ့ စက်ရုံတစ်ခုဟာ ကုန်ပစ္စည်းမထုတ်လုပ်နိုင်တော့ပါဘူး။ အဲဒီ့စက်ရုံဆုံးရှုံးမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားရတဲ့ လုပ်သားတွေမှာ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ လည်ပတ် နေတဲ့ စီးပွားရေးအဆောက်အအုံအတွင်းမှာ သုံးစွဲစရာ ငွေကြေးမရှိတော့တဲ့အတွက် သူတို့ရဲ့ ပတ်ဝန်းကျင် က လူတွေလဲ ထိခိုက်ကုန်ပါတယ်။ အဲဒီ့ကနေ ဆင့်ကဲဆင့်ကဲ ဖြစ်လာတဲ့ အကျိုးဆက်တွေဆိုတာ ရေးပြရင်တောင် ကုန်နိုင်ဖွယ်မရှိမှန်း လူတိုင်း သိကြမှာပါ။
နောက်တစ်ခုက စိုက်ပျိုးရေးကို အခြေခံထားတဲ့ စီးပွားရေးစံနစ်တစ်ခုဟာ မိုးခေါင်ခြင်း၊ ရေကြီးခြင်းနဲ့၊ လေမုန် တိုင်းတိုက်မှုတွေ ဖြစ်ပေါ်လာတဲ့အခါမှာ၊ ကူးစက်ရောဂါများဖြစ်ပွားခြင်းနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှု များ ဖြစ်ပေါ်လာတဲ့အခါမှာ အထိအနာဆုံး ဖြစ်ပါတယ်။(မြန်မာနိုင်ငံ အထိနာမလား မနာဘူးလားဆိုတာ စဉ်းစားသာကြည့်ကြပါတော့ဗျာ) ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံများအနေနဲ့ ဒါမျိုး ဘေးအန္တရာယ်ရဲ့ အကျိုးသက်ရောက်မှုဟာ နဲနဲလေးပဲရှိတာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံတွေ အလေးထားတဲ့အရာတွေက ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုတွေ၊ လုပ်သားအင်အားရှားပါးမှု လျှပ်စစ်နဲ့ ဆက်သွယ် ရေးစံနစ်တွေကို ထိခိုက်မှာကိုပဲ စိုးရိမ်ရပြီးတော့ ဒါမျိုးတွေဖြစ်ပျက်လာရင် Technology Disaster ဖြစ်တယ်လို့ တင်စားကြပါတယ်။တရုတ်နိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ကတော့ ငလျင်လှုပ်တယ်ဆိုတာဟာ အထိအခိုက်အများဆုံးဆိုတဲ့ ဘေးကျရောက်သွားတာပဲဖြစ်ပါတယ်။ ငလျင်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဒုက္ခအများဆုံး ပေးနိုင်တာမို့လို့ပါ။ မြန်မာပြည်မှာ ငလျင်လှုပ်ပြီးတော့ တရုတ်မှာ ရေကြီးမုန်တိုင်းတိုက်ရင် လူအသေအပျောက် အဆုံးအရှုံး ဒီ့ထက်အများကြီး ပိုပြီးတော့ လျော့နည်းမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သက်ကယ်၊ ၀ါးအစရှိတာတွေနဲ့ ဆောက်ထားတဲ့အိမ်တွေဟာ လေပြင်းဒဏ်ကြောင့်ပိုပျက်စီးနိုင်ပြီးတော့၊ အုတ်နဲ့ ဆောက်ထားတဲ့အိမ်တွေဟာ လေပြင်းဒဏ်ကို ခံနိုင်ပေမဲ့ မြေငလျင်လှုပ်ပြီဆိုရင်တော့ ပြိုကျတော့တာ မို့လို့ပါပဲ။ နိုင်ငံတကာမှာ ရှိတဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်တဲ့သူတွေ ကတော့သဘာဝဘေးအန္တရာယ်တွေဟာ ဘယ်လိုမျိုးဖျက်ဆီးတတ်တယ်၊ အပျက်အစီးတွေကို ဘယ်လို တိုင်းတာမယ်၊ ဘယ်လိုမျိုး အခြေအနေတွေကြောင့် ဘေးအန္တရာယ်ကျရောက်နိုင်သလဲ၊ အစရှိတဲ့အချက်တွေကို သေသေချာချာ လေ့လာပြီးတော့ ပြင်ဆင်ထားလေ့ရှိကြပါတယ်။ ကျွန်တော်တို့ နဲနဲလေ့လာကြည့်ကြရအောင် ခင်ဗျာ။
ရေကြီးခြင်းနှင့် ရေနှင့်ဆက်စပ်နေသည့် သဘာဝဘေးအန္တရာယ်များ
ဘယ်လို ဖျက်ဆီးသလဲ
အဆက်မပြတ်စီးဆင်း လျံတက်လာသော ရေစီးသည် အရာဝတ္တုများနှင့် လူများအား ဖိအား ဆက်တိုက်ဆက်တိုက် ပေးခြင်းအားဖြင့် သေကြေ ပျက်စီးစေသည်။ ရွေ့လျားနေသော ရေစီးသည် လူများနှင့် တိရစ္ဆာန်များအား အလွန်တိမ်သည့်နေရာတွင်ပင် လဲကျကာ ရေနစ် (မွန်း)သေစေနိုင်ပါတယ်။ ရေစီးနဲ့ အတူ မျောပါလာတဲ့ အပျက်အစီးအပိုင်းအစများဟာ လဲ ထိခိုက်ဒဏ်ရာရမှုများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆောက်အအုံများကိုတော့ အောက်ခြေပိုင်းကို တိုက်စားပစ်ခြင်းဖြင့် ဖျက်ဆီးပစ်နိုင်ကာ ရေစီးကသယ်ဆောင်လာတဲ့ ရွံ့နွံ ၊ အညစ်အကြေးတွေ ဟာ စိုက်ခင်းတွေကို ဖျက်ဆီးနိုင်ပါသည်။ ရေသန့် နဲ့ မိလ္လာစံနစ်တွေဟာ ရေကြီးတဲ့အခါမှာ လုံးဝပျက်စီးသွားကာ ရောဂါပိုးများကို အလျှင်အမြန် ကူးစက်ဘို့ရာ လွယ်ကူသွားစေ ပါတယ်။ မြေသားပြော့သွားတဲ့အတွက်ကြောင့်လဲ မြေပြိုကျခြင်းများ၊ မြေဆီလွှာပျက်စီးခြင်းများ ဖြစ်လာပါတော့မယ်။
ပျက်စီးမှုအားတိုင်းတာခြင်း
ရေဘေးကျရောက်တဲ့ အကျယ်အ၀န်း (square km or miles) ၊ လှိုင်းလုံး အမြင့်နဲ့ ရေအနက်၊ ရေစီးတဲ့ အရှိန်၊ တင်ကျန်ရစ်ခဲ့တဲ့ ရွံ့ (သို့) နုံးပမာဏ ၊ ဘယ်လောက်ကြာကြာရေတင်ကျန်နေသလဲ စတဲ့အချက်တွေနဲ့ တိုင်းတာကြပါတယ်။ ဆူနာမီလို ရေကြီးမှုတွေကိုတော့ လှိုင်းအမြင့်ဟာ ဘယ်နှစ်မီတာ ရှိသလဲဆိုတဲ့ အမြင့်နဲ့ တိုင်းတာပါတယ်။
သုံးသပ်သည့် နည်းလမ်းများ
စံနစ်တကျပြုစုခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေရှိခဲ့မယ်ဆိုရင် ရေကြီးတတ်တဲ့ အချိန်တွေနဲ့ ဘယ်လောက်ကြီးမလဲ ဆိုတာကို အကြမ်းမျဉ်းခန့်မှန်းလို့ရပါတယ်။ မြစ်ချောင်းများအနီးဝန်းကျင်တွေမှာ တည်ဆောက်ထားတဲ့ မြို့ ၊ ခရိုင်တစ်ခုရဲ့ အသေးစိတ် မြေပုံတွေကို ကွန်တိုမျဉ်းများနဲ့ ပြုစုထားရှိခြင်း၊ မြေမျက်နှာပြင်ကို လိုက်ပြီးတော့ ပြောင်းလဲတတ်တဲ့ ရေစီးကြောင်းတွေအားလေ့လာသုံးသပ်ထားရှိမှုတွေ၊ (estimates of capacity of hydrology systems) ၊ ရေစုဝင်နေတတ်တဲ့ နေရာမျိုးတွေကို သိရှိထားမှုတွေ၊ မြစ်ကြောင်းတစ်လျောက်အတွက် ဆိုရင် ဆီးနှင်းများ ပျော်တဲ့ ပမာဏတွေကို စောင့်ကြည့်လေ့လာတာမျိုးတွေ ဟာ ရေဘေးကျရောက်နိုင်မှုရှိမရှိသုံးသပ်နိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေလို နေရာမျိုးတွေ ဆိုရင်တော့ ဒီရေအတက်အကျ ကို ပြုစုထားတဲ့မှတ်တမ်းတွေ၊ မုန်တိုင်းတိုက်ခတ်မှု အကြိမ်နှုန်းနဲ့ ပြင်းအား၊ ကမ်းခြေအမျိုးအစား အနေအထားနဲ့ တက်လာတဲ့ ရေစီးကို ချေဖျက် ခွဲခြားပစ်နိုင်တဲ့ အတားအဆီးတွေ ဘာတွေရှိသလဲ ဆိုတာကို မူတည်ပြီးတော့ ခန့်မှန်းနိုင်ကြပါတယ်။
ရေကြီးမှုကြောင့် ဖြစ်ပေါ်သော ပျက်ဆီးဆုံးရှုံးမှုများလျော့ပါးအောင် ဘာတွေလုပ်နိုင်သလဲ
မြစ်ကမ်းဘေးနဲ့ ပင်လယ်ကမ်းခြေတွေမှာ တာတမံများတည်ဆောက်ခြင်းဖြင့် ရေကြီးခြင်းအား ကာကွယ်နိုင်ပါတယ်။ အင်းအိုင်များ တည်ဆောက်ခြင်း ၊ ရေစီးနှုန်းကို လျော့ကျစေနိုင်ဘို့ ဒီရေတောနဲ့ ဗေဒါတော၊ ဒိုက်တောများ ပြုစုပျိုးထောင်ခြင်း၊ (ကျွန်တော်တို့ ပြောင်းပြန်များ လုပ်နေကြသလားမသိဘူးနော်)ရေတံခါးများတည်ဆောက်ခြင်း အစရှိတဲ့အချက်တွေနဲ့ ရေစီးနှုန်း ကိုထိန်းချုပ်နိုင်ပါတယ်။ မြို့ပြတွေထဲမှာ ကောင်းမွန်တဲ့ ရေနုတ်မြောင်းစံနစ်တွေဟာ မုန်တိုင်းကြောင့် ပါလာတဲ့ မိုးရေတွေ တင်ကျန်မနေစေရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ပြုလုပ်ဖန်တီးထားတဲ့ ပင်လယ်ကမ်းခြေတွေ၊ ရေတားစံနစ်တွေဟာ လဲ ပင်လယ် လှိုင်းရေကြီးခြင်းကို အကာအကွယ်ပေးနိုင်ပါတယ်။
ရေကြီးမှု ပုံစံနှင့် ကြိုတင်အသိပေးစံနစ်များ
ရေကြီးမှုဆိုတာမျိုးဟာ အသက်အန္တရာယ်ပေးနိုင်တဲ့ ရေအမြင့်ကို နာရီပေါင်းများစွာကြာတော့မှ တစ်ဖြည်းဖြည်းမြင့်တက်လာတတ်တဲ့ အမျိုးနဲ့ (မြန်မာနိုင်ငံ မှာ ဒါမျိုးဖြစ်သွားတာပါ။ စံနစ်ကောင်းရင် လူပေါင်းများစွာ အသက်ချမ်းသာရာရကြမှာပါ) ရေကာတာကျိုးပေါက်တဲ့အခါမျိုးဆိုရင်တော့ ရုတ်တရက်ကို ရေတက်လာတဲ့ပုံစံမျိုးတွေဖြစ်နိုင်ပါတယ်။ သတိပေးခန့်မှန်းမှုအနေနဲ့ ပင်လယ်ကမ်းခြေဒေသမျိုးတွေမှာဆိုရင် လေပြင်းပြင်းထန်ထန် တိုက်နေပြီ၊ လှိုင်းတွေဟာ ပြင်းထန်နေပြီဆိုရင် ရေကြီးလာနိုင်တယ်ဆိုတာကို နာရီပေါင်းများစွာ ကြိုတင်ခန့်မှန်း နိုင် ကြပါတယ်။ သင့်လျော်တဲ့ တိုင်းတာမှုစံနစ်တွေနဲ့ သတိပေးချက်ပြုလုပ်နိုင်တဲ့ စံနစ်တွေရှိခဲ့ရင် လူများကို ကြို တင်နေရာရွှေ့ပြောင်းထားဘို့ကို လုံးဝလုပ်ဆောင်နိုင် ပါတယ်။ ဆူနာမီလိုလှိုင်းမျိုးတွေကတော့ မြေငလျင်လှုပ်ပြီး နာရီပိုင်း၊ သို့ မိနစ်ပိုင်းအတွင်းရောက်ရှိလာနိုင်ပါတယ်။
ရေကြီးမှုကြောင့် အပျက်စီးနိုင်ဆုံး အရာများ
ရေလွှမ်းမိုးမှုခံရသည့် လွင်ပြင်တစ်လျောက်တွင် ရှိသမျှ လူ၊ အရာဝတ္တုမှန်သမျှ ရေကြီးခြင်းကြောင့် ပျက်စီးနိုင်ပါသည်။ အုတ်မြစ်မခိုင်သော သို့ အုတ်မြစ်ခပ်တိမ်တိမ်သာ ဆောက်လုပ်ထားသော အဆောက်အအုံ များ၊ မြေအောက်ခန်းများနှင့် မြေအောက်တွင် ဆောက်လုပ်ထားသော အဆောက်အဦးများ၊ ရေဆိုးထုတ်သည့် စံနစ်၊ လျှပ်စစ်နှင့် ရေသန့်ပေးဝေသည့် စံနစ်များ၊ အီလက်ထရောနစ်နှင့် စက်ကိရိယာများ၊ ဆက်သွယ်ရေး စံနစ်များ၊ သိုလှောင်ထားရှိသည့် အစားအစာများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ မျိုးသိုလှောင်ထား သည့် သီးနှံများနှင့် စိုက်ခင်းများ ငါးဖမ်းလှေများနှင့် ရေလုပ်ငန်း များ အားလုံးပျက်စီးနိုင်ပါသည်။
ဘေးအန္တရာယ်ခံရခြင်းမှ ကာကွယ်ရန် အဓိကအကျဆုံးနည်းလမ်းများ
မြေယာအသုံးပြုမှုအား ထိန်းချုပ်ခြင်းနှင့် ရေကြီးနိုင်သည့် နေရာများတွင် ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်နိုင်သည်ကို အစိုးရိမ်ရဆုံး လူ နှင့် အရာဝတ္တုများ အခြေချခြင်းမှကာကွယ် ခြင်း၊ ရေကြီးသည့် လမ်းကြောင်း များတွင် ရေစီးအား အားခုခံနိုင်သည့် အရာများတည်ဆောက်ခြင်း၊ ခြေတံရှည်အိမ်များဆောက်လုပ်ခြင်းနှင့် ရေစိမ့်ထွက်မှုမှ ကာကွယ်နိုင်သည့် အရံအတားများ ဖန်တီးတည်ဆောက်ခြင်း (စံနစ်တစ်ခုတည်ထောင်ခြင်းပါ ပါဝင်ပါသည်)။
ပြည်သူလူထုအနေနှင့် ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်သည့် အချက်များမှာ
ရေကြီးပြီးတင်ကျန်နေသည့် အမှိုက်သရိုက်၊ အနယ်အနှစ်များအား ရှင်းလင်းခြင်း၊ ရေတား၊ တာတမံများတည်ဆောက်ခြင်း၊ ရေကြီးမှုဒဏ်ခံရနိုင်သည့် နေရာများအား သိရှိနားလည်ခြင်း၊ စိုက်ခင်းများအား ရေကြီးမှုမှ ခံနိုင်သည့် ပုံစံယူတည်ဆောက်ခြင်း၊ တောပြုန်းတီးမှုအား ကာကွယ်ခြင်း နှင့် သတင်းပေးခြင်း ။ နေ့တဓူဝလုပ်ငန်းဆောင်တာများတွင် ရေကြီးမှုအား သတိရှိရှိနှင့် ကာကွယ်ထားသည့် အချက်များအား လိုက်နာကျင့်ကြံခြင်း၊ ဥပမာ မြေပြင်မှ အမြင့်နေရာတွင် ညအိပ်ခြင်း၊ အစားအသောက်များအား အမြင့်တွင် ထားရှိခြင်း၊ လှေစသည့် ကယ်ဆယ်ရေးပစ္စည်းများအား ကြိုတင်အသင့်ပြင်ထားခြင်း အစရှိသည်။

Wednesday, May 14, 2008

Russia's Sura, America's HAARP, Myanmar's Nargis & China's Earth Quake

ကျွန်တော်တို့ အနေနဲ့ မြန်မာပြည်မှာ မုန်တိုင်းစတိုက်တယ်လို့ သတင်းကြားပြီဆိုကတည်းက ကိုဆူနာမီ ဇော်မျိုးကို အမေရိကန်ရဲ့ HAARP နည်းပညာအကြောင်းကို ရေးပေးဘို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ ဘာမှထွက်မလာတဲ့အတွက် ကျွန်တော်တို့ တတ်သရွေ့မှတ်သရွေ့လေးရှာဖွေ တင်ပြ လိုက်ပါတယ်ခင်ဗျာ။ ဒါပေမဲ့ အောက်ကရေးပြထားတာတွေကို ယုံကြည်ကြဘို့မလိုကြောင်း ကြိုတင်ပြောကြားထားပါရစေလား ခင်ဗျာ။

၁၈၆၄ ခုနှစ်မှာ ဂျိမ်း(စ်) ကလာ့ခ် မာ့(စ်)၀ဲလ် (James Clerk Maxwell) လို့ခေါ်တဲ့ စကော့လူမျိုး သင်္ချာပညာ ရှင်တစ်ဦးဟာ မှတ်သားလောက်စရာ အကြောင်းအရာတစ်ခုကို စာတမ်းရေးသားခဲ့ပါတယ်။ သူမှတ်တမ်းတင် ခဲ့တဲ့ အကြောင်းအရာကတော့ လျှပ်စစ်နဲ့ သံလိုက်စွမ်းအင်တွေ ပါဝင်တဲ့ လှိုင်းတွေ (Electric and magnetic fields) ဟာ နေရာတစ်ခုကနေ အခြားနေရာတစ်ခုကို ခရီးသွားလာနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ လျှပ်စစ်သံလိုက် လှိုင်းများ ရွေ့လျား ဒြပ်မှုန်များနဲ့ စွမ်းအင်ကို ထုတ်လွှတ်နိုင်စွမ်းရှိတယ်ဆိုတဲ့ Maxwell ရဲ့ သီအိုရီ (Electronic magnetic radiation theory) ကို မှန်ကန်ကြောင်းပြခဲ့သူကတော့ ဂျာမန်လူမျိုး ရူပဗေဒပညာရှင် ဟိန်းနရစ် ဟာ့ဇ် (Heinrich Hertz) ပဲဖြစ်ကာ ၁၈၈၀ ပြည့်လွန်နှစ်များမှာ အသေးစိတ် ဓာတ်ခွဲခန်း စမ်းသပ်မှု များပြုလုပ် ကာ ပြသခဲ့ပြန်ပါတယ်။

ဒါပေမဲ့ ၁၉ရာစုနှောင်းပိုင်းအထိတိုင်အောင်အဲဒီ့ ဓာတ်ခွဲခန်းများအတွင်းမှာပဲ လေ့လာမှုပြုလုပ်ခဲ့ကြတဲ့ လျှပ်စစ်သံလိုက်လှိုင်းများရဲ့ ခရီးသွားလာ နိုင်စွမ်းကို လူအများလက်တွေ့အသုံးပြုနိုင်မယ့် ၀ါယာလက်ကြိုးမဲ့ ကြေးနန်း နည်းပညာတစ်ခု အဖြစ် ပြောင်းလဲခဲ့သူကတော့ အီတလီလူမျိုး သိပ္ပံပညာရှင်ဖြစ်သူ ဂယ်ဂလီရယ်မို မာကိုနီ ပဲဖြစ်ကာ အဲဒီ့အတွက် ကြောင့်ပဲ ဗြိတိန်နိုင်ငံပေးအပ်တဲ့ မူပိုင်ခွင့်ကို ရရှိခဲ့ပြန်ပါတယ်။ ၁၈၉၉ခုနှစ်ဟာ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကာ ကြိုးမဲ့ အသံလွှင့်ပြမှုကို မာကိုနီလုပ်ပြခဲ့တဲ့ ခုနှစ်ပါ။

ကမ္ဘာ့သမိုင်းတွင်သွားစေမဲ့ အဖြစ်အပျက်တစ်ခုဖြစ်တဲ့ ကမ္ဘာ့တိုက်ကြီးများအတွင်း ကြိုးမဲ့အသံလွှင့်ခြင်းကိုတော့ ဒီဇင်ဘာလ ၁၂ရက် ၁၉၀၁ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ Cornwell ဒေသက လွှင့်ထုတ်လိုက်တဲ့ လျှပ်စစ်သံလိုက် လှိုင်းတွေကို ဂရင်းဖောင်လန် ကျွန်းမှာရှိတဲ့ စိန့်ဂျွန်းမြို့ကနေ ဖမ်းယူပြခဲ့ခြင်းကို ကြို့မဲ့ကြေးနန်းစံနစ်များရဲ့ ဖခင်ကြီး မာကိုနီဟာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြန်ပါတယ်။ လျှပ်စစ်သံလိုက်လှိုင်းများ ထုတ်လွှင့်ခြင်း ကို ဦးဆောင်လမ်းပြ ခဲ့တဲ့ မာကိုနီဟာ ၁၉၀၉ခုနှစ်မှာ ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ် ခင်ဗျာ။
ကျော်ကြားလှတဲ့ မာကိုနီရဲ့ စမ်းသပ်ချက်တွေဟာ ကမ္ဘာမြေပြင်ကြီးရဲ့ ဆက်သွယ်ရေးစံနစ်တွေကို လမ်းဖွင့် ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ မာကိုနီရဲ့စမ်းသပ်မှုဟာ သိပ္ပံပညာရပ်အတွက် နောက်ထပ်ဖြေရှင်းစရာ ပုစ္ဆာများကို ချန်ထားရစ်ခဲ့ပါတော့တယ်။ အဲဒီ့အချိန်တုန်းက အထိ လျှပ်စစ်သံလိုက်လှိုင်းများ (Electro Magnetic Radiations) သွားတဲ့လမ်းကြောင်းဟာ အလင်းရဲ့ လမ်းကြောင်းနဲ့ ပုံစံတူ အဖြောင့်အတိုင်းပဲ သွားတယ်လို့ သိပ္ပံပညာရှင်များလက်ခံထားကြပါတယ်။ အဲဒီ့အတိုင်းသာမှန်ခဲ့လို့ရင် အဲဒီ့လျှပ်စစ်သံလိုက်လှိုင်းတွေ ကမ္ဘာမြေ ပြင်ပေါ်မှာ တစ်နေရာကနေတစ်နေရာကို ပေးပို့လက်ခံနိုင်တဲ့ ခရီးအကွာအဝေးဟာ အကန့်အသတ် ရှိနေပြန်ပါတယ်။ ပုံကိုကြည့်ရင် ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။

လျှပ်စစ်သံလိုက်လှိုင်းတွေဟာ အဖြောင့်အတိုင်းပဲသွားတယ်ဆိုရင် ပေးပို့တဲ့ နေရာနဲ့ လက်ခံတဲ့နေရာ ကြားထဲမှာ အတားအဆီးတွေရှိနေခဲ့ရင် အဲဒီ့ လှိုင်းတွေ ပျောက်သွားနိုင်ပါတယ်။ ပြီးတော့ ပေးပို့နိုင်တဲ့ အကွာအဝေးဟာ လဲ လွှင့်ထုတ်တဲ့ တာဝါတိုင်တွေရဲ့ အမြင့်အပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။ မာကိုနီလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေထဲမှာတော့ ကမ္ဘာကြီးရဲ့ စက်ဝိုင်းပုံမျက်နှာပြင် အကွေးကြီးပေါ်မှာ ဆိုရင် အဲဒီ့သံလိုက်လှိုင်း တွေကို တစ်စုံတစ်ခုက ကွေးပစ်လိုက်မှသာလျှင် ကမ္ဘာ့တိုက်ကြီးတွေ တစ်ခုနဲ့ တစ်ခု ဆက်သွယ်မှု လုပ်လို့ ရနိုင်မှာ ဖြစ်ပါတယ်။
၁၉၀၂ခုနှစ်မှာတော့ အိုလီဗာ ဟယ်ဗီဆိုက်ဒ် (Oliver Heaviside) နဲ့ အာသာကန်နယ်လီ (Arthur Kennelly) တို့နှစ်ဦးဟာ ကမ္ဘာလေထုရဲ့ အပေါ်ဘက်မှာ ကမ္ဘာမြေပြင်ပေါ်ကနေလွှင့်ထုတ်လိုက်တဲ့ လျှပ်စစ်သံလိုက်လှိုင်း တွေကို ပြန်ကန်လာစေတဲ့ လျှပ်ကူးနိုင်တဲ့ အလွှာတစ်ခုရှိနိုင်တယ်ဆိုတဲ့ အဆိုကို သီးခြားစီ တင်ပြခဲ့ကြပါတယ်။ အဲဒီ့အချိန်တုန်းကတော့ ကမ္ဘာလေထုအလွှာကြီးရဲ့အပေါ်မှာ လျှပ်ကူးနိုင်တဲ့အလွှာတစ်ခုရှိတယ်ဆိုချက် ကို လက်တွေ့သက်သေမပြနိုင်ခဲ့ကြပါဘူး။ တစ်ကယ်လို့ အဲဒီ့အလွှာရှိရိုးမှန်ရင် ရေဒီယိုလှိုင်းအစရှိတဲ့ သံလိုက်လှိုင်းတွေရဲ့ ဖြတ်သန်းသွားလာနိုင်မှုကို တစ်ကမ္ဘာလုံးကို ရောက်ရှိနိုင်ပြီဖြစ်ပါတယ်။ အောက်ပါပုံအတိုင်း ပေါ့။



၁၉၂၀ပြည့်နှစ်ကျော်ပိုင်း အချိန်တွေကျတော့မှာ ionosonde လို့ခေါ်တဲ့ ရေဒါတွေပေါ်ပေါက်လာခဲ့ပြီးတော့ ကမ္ဘာလေထုရဲ့အထက်မှာရှိတဲ့ အလွှာတွေအကြောင်းကို သိပ္ပံပညာရှင်များ ပိုမိုသိရှိလာကြပါတော့တယ်။
တွေ့ရှိလာခဲ့ရတဲ့ ကမ္ဘာ့လေထုအလွှာတွေကတော့ မြေမျက်နှာပြင်နေအမြင့် ၁၀ကီလိုမီတာ လောက်အထိရှိတဲ့ ထရိုပိုစဖီးယား (Troposphere) လို့ခေါ်တဲ့ လေထုအလွှာရယ်၊ အဲဒီ့အလွှာရဲ့အထက်မှာရှိတဲ့ စထရာတို စဖီးယား (Stratosphere) လို့ခေါ်တဲ့အလွှာရယ်၊ ကမ္ဘာ့မြေမျက်နှာပြင်ရဲ့အပေါ် ကီလိုမီတာ ၈၀လောက်ကနေ ပြီးတော့ စပြီးတည်ရှိတဲ့ (Ionosphere) အစရှိတဲ့ အလွှာများ ပါဝင်လာပါတယ်။
ကမ္ဘာမြေကြီးကို လွှမ်းခြုံထားတဲ့ လေထုအလွှာတွေထဲမှာ မည်သည့်ဒြပ်ဝတ္တုတွေပါဝင်သလဲလို့ သိပ္ပံပညာရှင် များ လေ့လာကြတဲ့အခါမှာ မြေပြင်နဲ့ အနီးကပ်ဆုံးတည်ရှိတဲ့ ထရိုပိုစဖီးယား အလွှာထဲမှာ အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင်မော်လီကျူးများက အများစုနေရာယူထားပြီးတော့ ကမ္ဘာ့ရေခိုးရေငွေ့အားလုံးရဲ့ ၉၉ရာခိုင်နှုန်းဟာ လဲ ဒီအလွှာအတွင်းမှာပဲ တည်ရှိကာ နေစဉ့်ဖြစ်ပျက်နေတဲ့ ရာသီဥတု၊ သဘာဝအခြေအနေ အားလုံးဟာ ဒီထရိုပို စဖီးယားအလွှာအတွင်းမှာပဲ ဖြစ်ပျက်နေတယ်ဆိုတဲ့အကြောင်းကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ လာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အမြင့်ဆုံးဆိုတဲ့ တောင်ထိပ်ဟာ ဒီထရိုပိုစဖီးယားအလွှာအတွင်းမှာပဲ တည်ရှိနေတာ ဖြစ်ပါတယ်။ စထရာတို စဖီးယားအလွှာအတွင်းမှာတော့ အိုဇုန်းလွှာ တည်ရှိကာ Ionosphere အလွှာတွင်းမှာ တော့ အီလက်ထရွန်တွေ အများကြီးပါဝင်တဲ့ စွမ်းအားမြင့် အင်နာဂျီ ရင်းမြစ်တွေဖြစ်တဲ့ Plasma တွေဖြစ်ပေါ် တည်ရှိနေကြပါတယ်။ လျှပ်စီးလက်ခြင်းဟာ ကမ္ဘာ့လေထုထဲမှာ တည်ရှိနေတဲ့ Plasma ကို ပြသနိုင်တဲ့ ဥပမာတစ်ခုဖြစ်ပြီးတော့ ပုံမှန်လျှပ်စီးလက်ခြင်း တစ်ခုဟာ Ampere ပေါင်း၃၀၀၀၀ရှိတဲ့ ဗို့အား သန်းပေါင်း ၁၀၀နဲ့ ကျော်ကို ထုတ်လွှတ်နိုင်ကာ အဲဒီ့လျှပ်စီးအတွင်းမှာရောက်ရှိနိုင်တဲ့ အပူချိန်ကတော့ ၂၇၇၀၀ ဒီဂရီ စင်တီဂရိတ်အထိရောက်ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်များကို ဆိုထားပါတယ်။
ဒီအင်နာဂျီတွေဘယ်လိုဖြစ်ပေါ်လာရသလဲဆိုတာကို အကြမ်းမျဉ်းပြောပြရရင် ကမ္ဘာ့ရဲ့ အပေါ်ပိုင်းကို ရောက်ရှိလေလေ တည်ရှိတဲ့လေထုဟာ ပါးလာလေလေဖြစ်ပါတယ်။ ဒါပေမယ့် နေရောင်ခြည်ရဲ့ စွမ်းအင်ဟာ အဲဒီ့နေရာမှာ ကမ္ဘာမြေပြင်ပေါ်က အခြေအနေထက် အများကြီးပိုပြင်းပါတယ်။ ကမ္ဘာ့မြေပြင်အနားမှာ တည်ရှိနေတဲ့ အောက်ဆီဂျင်အက်တမ်တွေဟာ အဲဒီ့ ပြင်းထန်တဲ့နေရောင်ခြည်ရဲ့ စွမ်းအင်ကြောင့် အောက်ဆီဂျင်အိုင်းယွန်းနဲ့ အီလက်ထရွန်များအဖြစ်ကူးပြောင်းသွားရာက အစပြုပြီးတော့ အိုင်ယွန်နိုစဖီးယား အလွှာ ဖြစ်တည်လာတာဖြစ်ပါတယ်။ HAARP ရဲ့ Official Website ဖြစ်တဲ့ http://www.haarp.alaska.edu/ မှာ ကျွန်တော်တို့ရေးထားတာထက် အများကြီး ပြည့်ပြည့်စုံစုံ ဖတ်ရှုနိုင်ကြပါတယ်ခင်ဗျာ။
အမေရိကန်နိုင်ငံဟာ ဒီအိုင်ယွန်နိုစဖီးယားအလွှာကို ဘယ်လိုအသုံးချနိုင်တယ်ဆိုတာကို လေ့လာဘို့အတွက် အလက်စကာပြည်နယ် ဂါကိုနာဒေသရဲ့ မြောက်ပိုင်းမှာ ဒီ HAARP စင်တာကို ၁၉၉၃ ခုနှစ်မှာ စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီစခန်းကနေပြီးတော့ အိုင်ယွန်နိုစဖီးယားအလွှာအတွင်းကို မီဂါဟက် ၂.၈ ကနေ ၁၀ လောက်အထိရှိတဲ့ ရေဒီယို လျှပ်စစ်သံလိုက်လှိုင်းများကို ထုတ်လွှတ်ကာ အချင်းဝက်မိုင် ၃၀လောက် အထိရှိ ပြီးတော့ အမြင့်မိုင်ပေါင်း ၃၀၀လောက်မှာ စွမ်းအင်ယူနစ်ပေါင်း ၃.၃ မီဂါဝပ် လောက်ရှိတဲ့ ရေဒီယိုလှိုင်းတွေကို လွှင့်ထုတ်နိုင်တယ်လို့ အဲဒီ့စင်တာက အသိပေးထားပါတယ်။
ဒါပေမယ့် အဲဒီ့ဓာတ်ခွဲခန်း တည်ဆောက်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲဆိုတာကို ၁၉၉၀ ပြည့်နှစ် လည်ပိုင်းတွေမှာ သိပ္ပံပညာရှင် တွေဟာ ကျယ်ကျယ်လောင်လောင် မေးခွန်းထုတ်လာခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စုက သိပ္ပံပညာရှင်တစ်ချို့ဟာ သိပ္ပံပညာရပ်ဆိုင်ရာ ဂျာနယ်တွေဖြစ်တဲ့ Physics & Society အစရှိတဲ့ ဂျာနယ်တွေထဲမှာ ဒီ HAARP ဓာတ်ခွဲခန်းဟာ အာကာသအတွင်းမှာ ရှိနေတဲ့ ဂြိုဟ်တုတွေ ၊ ဒုံးပျံတွေ ကို ဖျက်ဆီးပစ်နိုင်မဲ့ နည်းပညာတွေကို စမ်းသပ်နေတယ်။ ကမ္ဘာပေါ်မှာအသုံးပြုနေတဲ့ ဆက်သွယ်ရေးစံနစ်တွေ ကို ဖျက်ဆီးပစ်နိုင်မဲ့ နည်းပညာတွေကို ဒီဓာတ်ခွဲခန်းမှာ ဖော်ထုတ်နိုင်တယ်၊ ဒီရေဒီယိုလှိုင်းတွေဟာ အိုင်ယွန်နို စဖီးယားအလွှာထဲကို စွမ်းအားမြင့်အင်နာဂျီတွေ လွှတ်တင်ထည့်လိုက်ပြီးတော့ တစ်ခြားနိုင်ငံက လွှတ်တင်လိုက် တဲ့ ဒုံးပျံအစရှိတဲ့ လက်နက်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ စံနစ်တွေကို တည်ဆောက်နိုင်တယ်အစရှိသည်ဖြင့် ကျယ်ကျယ်လောင်လောင်ပြောလာကြပါတယ်။ ဒီရူပဗေဒ ပညာရှင်တွေရဲ့ စိုးရိမ်မှုတွေကို မီးလောင်ရာလေပင့် စေလိုက်တဲ့ စာအုပ်ကတော့ ၁၉၉၅ခုနှစ် စက်တင်ဘာလအတွင်းက အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် Nick Begich ရဲ့ သားဖြစ်တဲ့ Nick Begich Jr ရေးသားထုတ်ဝေခဲ့တဲ့ Angels Don't Play This HAARP: Advances in Tesla Technology စာအုပ်ပဲဖြစ်ကာ ဒီစာအုပ်ထဲမှာ ရေးသားထားတဲ့ အချက် တွေထဲကတစ်ချို့ကို ဖော်ပြရရင်တော့ ဒီစင်တာကနေတစ်ဆင့် နူကလီးယား ဗုံးတွေခွဲလိုက်တာနဲ့ ညီမျှတဲ့ စွမ်းအင်တွေကို ထုတ်လွှင့်နိုင်ပြီးကာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ရာသီဥတုအခြေအနေများကို ဆိုးဆိုးရွား ရွားပြောင်းလဲ ပစ်နိုင်တယ်။ တစ်ကမ္ဘာလုံးရဲ့ ဆက်သွယ်ရေးစံနစ်တွေအားလုံးကို ဖြတ်တောက်ပစ်နိုင်တယ် ။ မြေငလျင်ကြီးတွေကို ဖန်တီးပစ်နိုင်တယ်။ ကမ္ဘာ့မြေအောက်ထဲကို X-Ray နဲ့ ဓာတ်မှန်ရိုက်သလိုမျိုး ကြည့်ပစ် လိုက်နိုင်တယ်လို့ ရေးသားထားခဲ့ကြောင်းပါ။ (အမေရိကန်တွေလိမ်နေခြင်းဖြစ်ပါသည်၊ လုံးဝယုံကြည်ရန် မလိုပါခင်ဗျား) ဒါပေမဲ့ ဒီHAARP ပရောဂျက်အတွင်းမှာ ကိုယ်တိုင် ပါဝင်နေကြတဲ့ သိပ္ပံပညာရှင်များကတော့ ဒီစွပ်စွဲချက်တွေဟာ လုံးဝကို အခြေအမြစ်မရှိသော စွပ်စွဲချက်များသာဖြစ်ကြောင်း သူတို့ဒါမျိုးတွေ မလုပ်နိုင်ကြောင်းသာ ငြင်းဆန်ထားကြကြောင်း ပါခင်ဗျား။

ကျွန်တော်တို့ ကို ယခုဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည်က နာဂစ်၊ တရုတ်ပြည်ကမြေငလျင် ၊ ငလျင်မတိုင်ခင် အမေရိ ကန်မှာ ကျရောက်ခဲ့တဲ့ တော်နေဒိုး မုန်တိုင်းတွေ အမေရိကန်မှာ ဒီနည်းပညာတစ်ကယ်ရှိမရှိ၊ ရုရှားမှာ ၁၉၆၀ ပြည့်နှစ်ကတည်းက ရှိခဲ့တဲ့ Sura လို့ခေါ်တဲ့ ရေဒီယိုလှိုင်းတွေနဲ့ အပူပေးတဲ့စံနစ်တွေ ဟာ ဖြစ်နိုင်သလား ၊ ယုံသလားလို့မေးရင် မယုံပါဘူးလို့ ဆိုချင်ပါတယ်။ ဘာဖြစ်လို့ မယုံသလဲလို့မေးရင်တော့ ကျွန်တော်တို့ဟာ ငတုံးတွေမဟုတ်ပါဘူးခင်ဗျာ။ ပျော့ပျော့နဲ့ နံတတ်တဲ့ ဆူနာမီကြောင်ချေး ပြောတတ်တဲ့ စကားအရဆိုရရင် ဒီမိုငတုံးတွေဟာ အနောက်နိုင်ငံက မီဒီယာတွေပြောသမျှယုံတတ်ကြလို့ ငတုံးတွေပါတဲ့။ နာမည်ကြီးတွေဖြစ်တဲ့ မင်းချီးတို့ အကိုကြီး စိုးမိုးထွန်းတို့ကလဲ ဗုဒ္ဓရဲ့ကာလေနတို့ အစပြုတဲ့ တရားတော်ကို ထပ်တလဲလဲ သင်ပြထားကြ လို့ ကျွန်တော်တို့ ဥာဏ်ရည်အတော်မြင့်နေကြပါပြီ။ ပြီးတော့ ကျွန်တော်တို့ဟာ ဒီမိုသမား လုံးဝ မဟုတ်ဘူးဆိုတာ ထပ်ကာ ထပ်ကာ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ရဲ့ ၀က်ဘ်ထဲမှာ ဒီမိုဆိုတဲ့ စကားလုံး အခုအကြိမ်နဲ့အပါအ၀င်မှ ၃ တိတိပဲ အသုံးပြုရသေးကြောင်းပါ။
ဒါပေမယ့် ၁၉၉၇ခုနှစ် သြဂုတ်လ ၃ရက်နေ့မှာ ဖြစ်သွားခဲ့တဲ့ ဆက်သွယ်ရေးစံနစ်များ ရုတ်တရက် ပြတ်တောက်သွားခြင်းကိုHAARP က ဥပမာ ပေးထားခဲ့တဲ့ ၀က်ဘ်ဆိုက်ကလေးတစ်ခုရယ်၊ အမေရိကန် ပြည်ထောင်စုက Missile Shield ဆောက်ဘို့ကို တစ်ပြောတည်းပြောနေတာရယ် ၊ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းက ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို တရုတ်ကပစ်ချခဲ့ပြီး သိပ်မကြာခင်မှာ အမေရိကန်က ပစ်ချခဲ့တဲ့ (လူတွေကို အန္တရာယ်ပြုမှာစိုးလို့ပါလို့ အကြောင်းပြပါတယ်) အဆိပ်အတောက် ပစ္စည်းတွေပါတယ်ဆိုတယ့် ဂြိုဟ်တုတစ်လုံးရယ်၊ မြန်မာပြည် တနင်္သာရီတိုင်းမြေအောက်မှာရှိတဲ့ ကြေးနီကြောတွေကို ထိုင်းနိုင်ငံကရိုက်ယူခဲ့တဲ့ ဓာတ်ပုံတွေရယ်၊ ကျွန်တော်တို့ တွေ့ခဲ့ဘူးတဲ့ အာကာသထဲက လေထုအခြေအနေအတိုင်း ဖန်တီးကာ အက်တမ်များကို ဖြိုခွဲပြီးတော့ ပလပ်စမာ ထုတ်ကာ အက်တမ်ကလေးတွေကို တန်းစီတဲ့ အောက်က ဓာတ်ပုံတွေထဲက စက်ကလေးတွေရယ်အကြောင်းကိုတော့ ကိုဆူနာမီတို့၊ ၀ါးရင်းတုတ်ကြီး ကိုင်ထားတဲ့ ၀ါးလုံးခေါင်း ထဲကသွေးသောက်ကြီးမင်းချင်းတို့ ကိုအဘိဓမ္မာ စိုးမိုးထွန်းတို့ ကို ဖြေရှင်းချက်ထုတ်ခိုင်းတာသာ အကောင်းဆုံးပါပဲလို့ ပြောကြားရင်း နာဂစ်နဲ့ တရုတ်ငလျင်ကို ရွှေဘလုပ်တာ လို့ စွပ်စွပ်စွဲစွဲပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်ခင်ဗျား။

pict2
Zombies Doing Stupid Jobs

ဦးနှောက်သင်းကွပ်ခံထားရသည့် ငတုံး Zombie ၊ မျိုးမချစ်၊ မျိုးမစစ် တစ်သက်လုံးဘ၀ပျက်ရတော့မည့် အမေရိကန်များ အက်တမ်များကို ခွဲထုတ်နိုင်သည့် စက်အား ပင်ပန်းတကြီးတပ်ဆင်နေပုံ

pict1
So Called Atom Breakers

အမေရိကန်ပြောသမျှယုံကာ ငတုံးများ ပင်ပင်ပန်းပန်း တပ်ဆင်သွားသည့် နည်းပညာအသစ်အား စမ်းသပ်မည် ဆိုသည့် အက်တမ်ခွဲစက်ကြီး


Monday, May 12, 2008

Why the outside helps still don't come inside Myanmar

ရှုပ်ထွေးလှတဲ့ အရေးပေါ်လိုအပ်မှု အခြေအနေတွေဆိုတာ နိုင်ငံတစ်ခုရဲ့ ပြည်သူလူထုအပေါ်မှာ သတိတရား ကြီးစွာနဲ့ ဆင်ခြင်သုံးသပ်ပြီးမှ ရုပ်လုံးဖော်ယူရတာဖြစ်ပါတယ်။ ပြည်သူလူထုကို သုံးသပ်တယ်ဆိုရာမှာ သူတို့ရဲ့ လိုအပ်ချက်ကို သုံးသပ်ခြင်းမဟုတ်ပဲနဲ့ သူတို့ရှင်သန်ရပ်တည်နေခဲ့ကြတဲ့ စံနစ်တစ်ခုလုံးကိုပါ ခြုံငုံသုံးသပ်မှု ပြုပါတယ်။ အရေးပေါ်လိုအပ်မှု အခြေအနေတစ်ခု ပေါ်ပေါက်လာပြီဆိုရင်တော့ မိမိရဲ့ လိုအပ်ချက်ကို မိမိကိုယ်တိုင်ဖြည့်စွမ်းနိုင်ခြင်းနဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ထုတ်လုပ်မှု အင်အား အစရှိတဲ့အချက်တွေဟာ အများကြီးကျဆင်းသွားကြပါပြီ။ အရေးပေါ်အခြေအနေမှာ စီးဆင်းလည်ပတ်နေတဲ့ လူနေမှု စံနစ်တွေ၊ ကုန်ထုတ်လုပ်မှု စံနစ်တွေဟာ လုံခြုံမှု၊ အစိုးရမှု လုံးဝမရှိနိုင်တော့ တဲ့အတွက် လက်ရှိကြုံတွေ့နေရတဲ့ ဒုက္ခတွေ ကို အကူအညီပေးဘို့ရယ်၊ နောက်တစ်ချိန်မှာ ပြန်လည်တည်ထောင်ရေး လုပ်ဘို့ရာမှာ လိုအပ်တဲ့ အကူအညီတွေကို ပေးအပ် ဘို့ရာအတွက် ဆန်းသစ်တဲ့ နည်းလမ်း အတွေးအခေါ်များနဲ့ ပေးအပ်ဘို့လို လာပါတယ်။ အရမ်းကို လိုအပ်တဲ့ အချက်တစ်ခုကတော့ နောင်ကာလကြာရှည်စွာ ရပ်တည်နိုင်ဘို့အတွက် မိမိရဲ့ လိုအပ်ချက်ကို မိမိကိုယ်တိုင်ဖြည့်ဆည်းနိုင်စွမ်းရည်ကို ပြုစုပျိုးထောင်ပေးနိုင်အောင် အခုချက်ခြင်း လက်ငင်းအချိန်မှာ ၀င်ရောက် စွက်ဖက်မှုကို မည်ကဲ့သို့ ပြုလုပ်မလဲဆိုတဲ့အချက်ကို ချိန်ဆခြင်းပဲ ဖြစ်ပါတယ်။
အရေးပေါ်အခြေအနေ (complex emergencies) တွေတိုင်းမှာ ရွေးချယ်ပြုလုပ်နိုင်တဲ့ အချက် အနည်းဆုံး (၃) ခုရှိပါတယ်။
ပထမဆုံးအချက်က ဘာမှမလုပ်ပဲ နေခြင်းပါ - ဘာဖြစ်လို့ ဘာမှမလုပ်ပဲနေရသလဲဆိုတဲ့ အကြောင်းရင်းကတော့ လုပ်ကိုင်ဆောင်ရွက်အကူအညီပေးရမဲ့ နည်းလမ်းမကျ ၊ အကူအညီ ပေးအပ်မဲ့ အစီအစဉ်တွေ စံနစ်မကျခြင်းများ၊ အကူအညီပေးလိုက်မယ်ဆိုရင် ကောင်းတာကနဲနဲ ဆိုးတာက များများ ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်နေတာမျိုးများ၊ ပေးအပ်လိုက်တဲ့ ငွေကြေး၊ အကူအညီ အစရှိတာတွေဟာ အမှန်တစ်ကယ် လိုအပ်တဲ့သူတွေဆီကို မရောက်နိုင်ခြင်း အစရှိတဲ့ အခြေအနေမျိုးတွေမှာ ဒီ ဘာအကူအညီမှ မပေးတဲ့ ရွေးချယ်မှုကို ရွေးချယ်ပါတယ်။
ဒုတိယအချက်က ပေးအပ်တဲ့ အကူအညီတွေကို အလျင်အမြန်ဖြန့်ဝေပေးလိုက်ခြင်းပါ။
နောက်ဆုံးဖြစ်နိုင်တဲ့ အချက်ကတော့ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေရဲ့ ဘ၀တွေကို ကယ်တင်ပြောင်းလဲ ပစ်ဘို့အတွက် မဟာဗျူဟာ ကျကျ ၀င်ရောက်စွက်ဖက်ခြင်းပဲ ဖြစ်ပါတယ်။
အရေးပေါ်အခြေအနေတွေကို အကူအညီပေးတဲ့အခါမှာ အထက်ပါ အခြေခံ (၃)ရပ်စလုံးကို ပေါင်းစပ်စဉ်းစား ပြီးတော့မှ ပြုလုပ်ကြတာဖြစ်ပါတယ်။ အရေးအပေါ်အကူအညီပေးခြင်းအား လုပ်ဆောင်နေစဉ်ကာလအတွင်း မှာလဲ အထက်ပါအခြေခံအချက်များကို အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးတော့ ပြောင်းလဲလာတဲ့ အခြေအနေ တွေနဲ့ အညီတွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းအစီအစဉ်တွေကို ချမှတ် ဆောင်ရွက်ကြပါတယ်။ အဓိကရည်ရွယ်ချက် ကတော့ အကန့်အသတ်နဲ့ ရရှိတဲ့ အကူအညီအရင်းအမြစ်တွေရဲ့ ထိရောက်မှုကို အမြင့်ဆုံးလုပ်နိုင်အောင်နဲ့ ဘေးဒဏ်ခံရတဲ့ ပြည်သူ အရေအတွက်နဲ့ ဒုက္ခတွေကို နည်းနိုင်သမျှနည်းအောင်စွမ်းဆောင်ခြင်းသာဖြစ်ပါတယ်။
အရေးပေါ်လိုအပ်တဲ့ အခြေအနေမျိုးတွေကို အကူအညီပေးဘို့ ချဉ်းကပ်မှုပြုလုပ်တဲ့ နည်းလမ်းတွေဟာ မိမိတာဝန် မိမိယူနိုင်မှုနဲ့ လူတစ်ဦးတစ်ယောက်ရဲ့ ကုန်ထုတ်စွမ်းရည်ကို မြှင့်တင်ရာမှာ အသုံးပြုတဲ့ သီအိုရီတွေ အပေါ်မှာ အခြေခံထားပါတယ်။ အကူအညီပေးဘို့ အခြေခံထားတဲ့ မူဝါဒတွေ အလေးပေးထားတဲ့ အချက်တွေ ကတော့
  • ခိုင်မာတဲ့ လေ့လာသုံးသပ်ထားရှိမှုများ
  • အများကလက်ခံနိုင်မှုကို တည်ဆောက်ရရှိနိုင်ရန် သေချာခြင်း
  • သက်ဆိုင်လျောက်ပတ်တဲ့ ထောက်ခံမှုများ
  • အရေးပါတဲ့ အရင်းအမြစ်များကို ထိန်းသိမ်းခြင်း
  • ဘေးရန် နဲ့ကြုံတွေ့နေရတဲ့သူတွေရဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ဖြေလျော့ပေးခြင်း
  • ၀င်ရောက်စွက်ဖက်မှုဟာ အချိန်ကိုက်ရှိခြင်း
  • အန္တရာယ်ဖြစ်နိုင်လောက်စရာ လူတွေရွှေ့ပြောင်းမှု ပြုလုပ်ခြင်းအား ကန့်သတ်ခြင်းနဲ့
  • ကြာရှည်တည်တံ့ ခိုင်မြဲနိုင်မဲ့ စံနစ်များ တည်ထောင်ပေးသွားခြင်းတွေပဲ ဖြစ်ပါတယ်

အရေးပေါ်အခြေအနေ (Complex Emergencies) တွေဟာ မဟာဗျူဟာကျကျ သုံးသပ်လေ့လာခြင်း၊ ဆုံးဖြတ်ခြင်းနဲ့ ၀င်ရောက်စွက်ဖက်ခြင်းတွေ ပြုလုပ်ဘို့ရာ လိုအပ်ပါတယ်။ အထက်ပါ အခြေခံအချက်ရှစ်ရပ် အပေါ်မှာ မူတည်ပြီးတော့ အရေးပေါ်အခြေအနေတွေကို ပညာသားပါပါ ၀င်ရောက်စွက်ဖက်နိုင်ဘို့အတွက် လုပ်ငန်းလုပ်စဉ်တွေကို အောက်ပါအတိုင်း ချမှတ်ထားပါတယ်။ သူခိုးကို ဓားရိုးကမ်းသလိုမျိုး ဖြစ်နေမှာ စိုးတဲ့အတွက် ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ မဖော်ပြလိုတော့ပါဘူး။

ကျွန်တော်တို့နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ မြန်မာပြည်သူလူထုရဲ့ ရှင်သန်ရပ်တည်နေတဲ့ စံနစ်၊ အခြေအနေတွေ ၊ ခံယူမှုတွေဟာ မဟာဗျူဟာ သုံးသပ်မှုတစ်ခုရဲ့အောက်ကို ရောက်ရှိလာပြီဆိုရင်တော့ မြန်မာနိုင်ငံပြောင်းလဲဘို့ဟာ သိပ်မကြာတော့ဘူးလို့ ဆိုချင်ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေ မြန်မာနိုင်ငံအတွင်းကို လျင်လျင်မြန်မြန်ခြင်း ရောက်ရှိမလာသေးတာ၊ အမေရိကန်အစရှိတဲ့နိုင်ငံများက မြန်မာနိုင်ငံတွင်းကို ၀င်ရောက်စွက်ဖက်မှု မပြုလုပ်သေးတာ စတဲ့အချက်များဟာ အရေးပေါ်အခြေအနေ တစ်ခုခုကို ကိုင်တွယ်တော့မယ်ဆိုရင် အရမ်းကို အရေးကြီးတဲ့အချက်ဖြစ်တဲ့ မဟာဗျူဟာ သုံးသပ်မှုကို ပြုလုပ်နေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံတွင်းကို နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားတွေ ၀င်ခွင့်ရလိုက်ပြီဆိုရင်တော့ မြန်မာနိုင်ငံဟာ မပြောင်းလဲလို့ကို မရတော့ဘူး ဆိုတာ ရဲရဲကြီးပြောကြားရင်း ၊ မိမိယူရမဲ့တာဝန်များအတွက် နိုးကြားစွာနဲ့ အဆင်သင့်ရှိနေကြဘို့ ပန်ကြားရင်းနဲ့ အဆုံးသတ် လိုက်ပါတယ်ခင်ဗျား

Thursday, May 8, 2008

Why Myanmar Peoples encounter disasters

ခုခံနိုင်စွမ်း အကာအကွယ်မရှိပဲ ဒုက္ခရောက်နေတဲ့ လူတွေ(Vulnerable persons) အတွက် အန္တရာယ် တစ်စုံတစ်ရာ (Hazard) ကို ရင်ဆိုင်လိုက်ရတဲ့အချိန်မှာ ကပ်ဆိုး (Disaster) ကျရောက်တော့တာပါပဲ။ လူတွေဘာကြောင့် Vulnerable ဖြစ်ရသလဲဆိုတဲ့ အကြောင်းတွေကို အရင်းစစ်ကြည့်လိုက်လို့ရတယ်။ အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးစံနစ်တွေ၊ စီးပွားရေး အဆောက်အအုံတည်ဆောက်ထားပုံတွေ၊ ဆင်းရဲချမ်းသာ ကွာဟမှုတွေ၊ ပညာသင်ယူခွင့်ရရှိနိုင်မှု အခြေအနေ အစရှိတာတွေအားလုံးဟာ ကပ်ဘေးဒုက္ခကျရောက်ရခြင်းရဲ့ အကြောင်းရင်းတွေပဲ။ ကပ်ဆိုးကျရောက်ဘို့ဖြစ်နိုင်ချေကိုတွက်ချင်ရင်လွယ်လွယ်လေးပဲ။ အန္တရာယ်နဲ့ ခုခံနိုင်စွမ်းကို မြှောက် ပြီးတော့ စွမ်းဆောင်နိုင်အား (Capacity) နဲ့စား အဲဒါဆိုရင် ဘေးဒုက္ခရောက်ဘို့ ရာခိုင် နှုန်းဘယ်လောက်ရှိသလဲဆိုတာကို သိရမယ်။ Disaster Risk = (Vulnerability X Disaster)/Capacity

Disaster Risk ဆိုတာဘာလဲ - စံနစ်တစ်ခုရဲ့ လက်ခံနိုင်စွမ်းထက်ပိုကြီးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားတာကိုခေါ်ပါတယ်။ ကပ်ဆိုက်တာ (Disaster) ဟာ ဘာကိုပြသလဲဆိုရင် အဲဒီ့နေရာတွေမှာ အရင်ကတည်းက အန္တရာယ်ကျရောက်မှု (Hazards) တွေ ရှိနေခဲ့ပြီးသား ဆိုတာကိုပြတယ်။ (ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အန္တရာယ်ဟာ ဘာလဲဆိုတာ ဦးနှောက်ရှိသူတိုင်းသိပါတယ်နော်)

အန္တရာယ် (Hazard)ဆိုတာကတော့ - လူတွေကိုဆိုးကျိုးပေးနေတဲ့ အင်အားစုတစ်ခု သို့ စွမ်းအင်တစ်ခု ပါပဲ။

Vulnerability ဆိုတာကတော့ - ဖြစ်ပျက်ထိခိုက်လွယ်မှုများ (Susceptibility) နဲ့ အကာအကွယ်မဲ့မှု (Exposure) တို့ပါပဲ။ ကပ်ဆိုက်မှုတွေကို အကာအကွယ်ပေးတဲ့ လူတွေနဲ့ လူမှုရေးလုပ်ငန်းကိုလုပ်ဆောင်တဲ့ သူတွေရဲ့ အသွင်အပြင်ဟာ အကြမ်းမျဉ်းအားဖြင့် ကွဲပြားတယ်။ ကပ်ဆိုးတွေကျရောက်လာတဲ့အခါမှာ စီမံကွပ်ကဲ တဲ့ အုပ်ချုပ်မှုပုံစံ၊ အုပ်ချုပ်တဲ့သူတွေနဲ့ တိုင်းပြည်တိုးတက်ရေးတည်ဆောက်ရေး လုပ်ငန်းကို လုပ်နေတဲ့ သူတွေ အုပ်ချုပ်မှုပုံစံတွေဟာလဲ ကွဲပြားတာပဲ။ (နိုင်ငံတော်ကြီးကို တိုးတက်အောင်လုပ်နေပါတယ်လို့အမြဲတမ်း အော်အော်နေတဲ့သူတွေ အခုဘေးထွက်ထိုင်နေကြဘို့ အချိန်သင့်ပြီဗျာ)။

ကပ်ဆိုက်တဲ့အခါမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေက
  • ပထမဆုံးဖြစ်လာမှာ ချက်ချင်းလက်ငင်းတိုင်းတာလို့ရတဲ့ အကျိုးဆက်တွေ (အိမ်ယာမြေ၊ စိုက်ခင်းအစရှိတာတွေပျက်စီးသွားတာ)
  • ဒုတိယတစ်ဆင့်အနေနဲ့ တိုက်ရိုက်မဟုတ်ပဲ ဆက်စပ်နေတဲ့သူတွေ တွေ့ကြုံရမဲ့ ထိခိုက်မှုတွေ (လက်တွေ့ကြုံတွေ့ နေရသူတွေနဲ့ စီးပွားရေး လူမှုရေးအဆက်အသွယ်ရှိတဲ့သူတွေ လုပ်ငန်းတွေ ရပ်သွားနိုင်တယ်။)
  • တတိယအဆင့်အနေနဲ့ အဲဒီ့ကပ်ဘေးကို ဖြေရှင်းဘို့ကြိုးစားရတဲ့အတွက် ရှုပ်ထွေးတဲ့ စီးပွားရေး ရွှေ့ပြောင်းမှုတွေ (Shift in Macro Economy) ဖြစ်ပေါ်လာတဲ့အတွက် အနုတ်လက္ခဏာနဲ့ ဆုံးရှုံးမှုတွေ ဟာ တစ်ခြားနေရာတွေကိုပါ စီးဆင်းသွားနိုင်တယ်။

နောက်ထပ်ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတစ်ခုကတော့ အကျင့်စာရိတ္တတွေကိုပါ ပြောင်းလဲသွားစေနိုင်တာပဲ။ ကပ်ဘေးဆိုက်လို့ အလှူငွေတွေ ရလာတဲ့အခါမှာ နောက်ထပ်ကပ်ဆိုက်ပါစေ လို့ဆုတောင်းနေတဲ့သူတွေ တောင်ရှိတယ်။ အစိုးရတွေကလဲ အဲဒီ့ကပ်ဘေးအန္တရာယ်တွေကို အကာအကွယ်လုပ်မဲ့အစား အဲဒီလို့ ကပ်ဆိုက်အောင် ကို လုပ်လာကြတာ တွေရှိတယ်။ (ဒက်ထိကိုမှန်လိုက်လေဗျာ) By Mark A. Pelling, King's College)

ကျွန်တော်တို့ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်လို့ မပြောတော့ပါဘူး။ ခွေးပြန်ဟောင်လို့ ဒေါသထွက်ရင် ကိုယ်ပဲ ဒုက္ခရောက်မို့လို့ပါ။ လူတွေကို ဒုက္ခပေးနေကြလူတွေအတွက်ကတော့ ဒါတွေဟာ ထမင်းစား ရေသောက်ပါပဲ။ တစ်ခုပဲမှတ်ထားကြပါ ကပ်ဆိုက်တဲ့ သူတွေဆိုတာ နဂိုကတည်းက သူတို့ဘ၀ဟာ အန္တရာယ်ကြားမှာ ရှင်သန်နေရတဲ့ သူတွေမို့လို့ ကပ်ဆိုက်ရတာပါ။ အဲဒီ့အန္တရာယ်မရှိရင် သူတို့ ကပ်ဆိုက်စရာ အကြောင်းမရှိပါဘူး။ နဲနဲဆက်လိုက်ကြရအောင်ဗျာ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းကသင်ခဲ့ရတဲ့ ပုံသေနည်းတစ်ခုပါ။

(P1V1/T1) = (P2V2/T2) Pressure ဖိအားနဲ့ Volume ထုထည်၊ Temperature အပူချိန်တွေဟာ အချိုးကျဆက်စပ်ပါတယ်။ ဆက်စပ်နေတဲ့ နေရာဒေသနှစ်ခုရဲ့ အပူချိန်၊ လေဖိအားနဲ့ လေထုသိပ်သည်းဆ တွေဟာ အချိုးညီညီရှိနေရတာပါ။ အချိုးမကျတော့ဘူးဆိုရင်ကတော့ အချိုးကျအောင် သဘာဝပြုပြင်ပေးတော့ တာပါပဲ။ နေရာဒေသတစ်ခုရဲ့ အပူချိန်ကိုအဓိကထိန်းပေးနေတာကတော့ သစ်ပင်တွေပဲဆိုတာ ခွေးကအစသိ ပါတယ်။ ခွေးတောင်မှ သစ်ပင်ရိပ်ကလေးဆို တော်တော်သဘောကျသဗျ။ ခွေးလောက်မှဦးနှောက်မရှိတဲ့ သူတွေကတော့ သိချင်မှသိမှာပေါ့ခင်ဗျာ။ သစ်ပင်တွေကို သဘာဝ အဲယားကွန်းကြီးတွေ လို့တောင်မှ တင်စားခေါ်ဝေါ်ကြပါတယ်တယ်ဗျာ။ အလယ်အလတ် သစ်ပင်တစ်ပင်ဟာ တစ်နေ့ကို ရေဂါလန် ၁၀၀ကျော်အထိ မြေကြီးထဲက စုပ်ယူပြီးတော့ ပတ်ဝန်းကျင်လေထုထဲကို ပက်ဖြန်းပေးပါတယ်။ ဒီပမာဏကို အင်နာဂျီယူနစ်တစ်ခုအဖြစ်ပြောင်းလိုက်ရင် ကီလိုကယ်လိုရီပေါင်း ၂၃၀၀၀၀ (နှစ်သိန်းသုံးသောင်းကျော်)ရှိကြောင်းပါ။ အဲဒီ့လိုထုတ်ပေးခြင်းအားဖြင့် ပတ်ဝန်းကျင်လေထုမှာရှိနေတဲ့ ရေခိုးရေငွေ့တွေရဲ့ ဖိအားနဲ့ ထုထည်ကို လဲ ထိန်းချုပ်ပေးကြောင်းပါ။ ဘေးမှာ လင့်ခ်ပေးထားတဲ့ Tree on Volume of Air Thesis ကို ဖတ်ကြည့်ကြပါခင်ဗျာ။ အဲဒီ့လို ထုတ်လွှတ်ပေးတဲ့ အပူချိန်နဲ့ ဖိအားထိန်းချုပ်မှုကို တိတိကျကျတွက်ချက်နိုင် ပါတယ်။ အပင်မရှိရင် အပူချိန်တက်တယ်၊ လေထုထည်ကျတယ်။ တစ်နေရာရာမှာ အကြောင်းတစ်ခုခုကြောင့် လေထုထည်များလာရင် နည်းလာတဲ့ ဘက်ကိုရွေ့ရမှာပဲ။ ရွေ့ရင်ဘာဖြစ်မလဲ။ မုန်တိုင်းဖြစ်ပြီပေါ့။ ခွေး က တစ်ဝုတ်ဝုတ်နဲ့ ကျွန်တော့်ကို ထောက်ခံကြောင်း တင်ပြပါတယ်။ ခွေးသိပါတယ်ခင်ဗျာ။ ခွေးထက်မိုက်တဲ့လူတွေမသိပါ။

မဇ္ဈိမက ကျွန်တော်တို့ရယူထားတဲ့ မုန်တိုင်းဒဏ်ခံဒေသတွေကိုကြည့်ပါ။ အနီရောင်စက်ဝိုင်းအကြီးကြီးနဲ့နေရာ ဟာ ပဲခူးရိုးမကြီးဖြစ်ပါတယ်။ ပဲခူးရိုးမဘယ်နေရာမှာ ရှိသလဲဆိုတာကို ကျွန်တော်တို့အရင်ကမသိရိုးအမှန်ပါ။ ဒါပေမယ့် ဒါမျိုးမုန်တိုင်းကြီးတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတာကတော့ ယခင်နှစ်လောက်ကတည်းက ခန့်မှန်းမိပါတယ်။ ဒီလောက်ပြင်းထန်မယ်လို့တော့ မထင်ဘူးပေါ့။ ဘာကြောင့်ဒီလိုထင်ရသလဲ။ အောက်ပါပုံတွေကို ဆက်ကြည့်ကြည့်ပါခင်ဗျာ။












ဒီပုံတွေထဲမှာပါတဲ့ သစ်လုံးတစ်လုံးရဲ့ လုံးပတ်ဟာ ခြောက်ပေအောက်ထစ်ရှိပါတယ်။ နောက်ဆုံးပုံမှာ တစ်စွန်းတစ်စမြင်ရတဲ့ သစ်ကွင်းရဲ့အကျယ်ကိုတွေ့နိုင်ပါတယ်။ သစ်တန်တွက်ခြင်းဟာ မက်ထရစ်တန် တွက်ခြင်းနဲ့မတူပါဘူး။ အဲဒီ့သစ်တွေဟာ ပဲခူးရိုးမကထုတ်ထားတာပါ။ မြန်မာနိုင်ငံမှာ သစ်ရောင်းလို့တစ်နှစ်ကို ဒေါ်လာ သန်း ၂၀၀ ကနေ ၄၀၀ ၊ ၅၀၀ ကျော် အထိရပါတယ်။ အဲဒီ့အထဲက ငွေတစ်ချို့ကို ခြံစောင့်ဘို့ ခွေးအများ ကျွေးမွေးလေ့ကျင့်ခြင်းအတွက် အသုံးပြုပါတယ်။ ခွေးအတွေကို သင်တန်းပေးပို့တဲ့ နေရာကတော့ ရုစကီး ကောင်တီလို့ခေါ်ပါတယ်။ လူလိုတွေးနိုင်တဲ့ သူများပါနေတယ် ဆိုရင်တော့ သူတို့ကို ကျွန်တော်တို့ မရည်ရွယ်ပါဘူး။ ပြည်တွင်းဖြစ် Dog's Servant Acadamy (DSA) နဲ့ Dog's Servant Institute (DSIT) တွေမှာလဲ ခွေးအများထိန်းကျောင်း ပုံသွင်းခြင်းကို ပြုလုပ်ပါတယ်။ ဒါပေမယ့် ရာခိုင်နှုန်းအများစုကတော့ နိုင်ငံခြားကဘဏ်တွေထဲမှာ အဘများ မိသားစုဆယ်သက်စားမကုန်အောင် စုဆောင်းထားရှိကြပါတယ်။ ကိုင်တဲ့ ပိုက်ဆံအိတ်ဟာ ဒေါ်လာ၃၀၀၀ကျော်တန်တဲ့ ၀ံကြီးသားများအကြောင်းကို ခွေးအများ သွားရည်ကျအောင် ပြချင်လှပါတယ်။ ခွေးအအလုပ်ကတော့ အဘကိုထိရင်အူပြီးဝိုင်းခဲပေးဘို့ပါပဲ။ ရရှိတဲ့ ဆုလဒ်ကတော့အရိုးအရင်းပါ။ အခုနအဲဒီလိုအလုပ်မျိုးတွေလုပ်နိုင်ဘို့ ငွေကြေးပမာဏ ရရှိဘို့အတွက်ကတော့ အထက်မှာတွေ့ခဲ့သလို လုံးပတ် ၈ ပေ သစ်ပင်ကြီးတွေ တစ်နှစ်ကို အပင် ၃သိန်းလောက်ခုတ်ပစ်ရကြောင်းပါ။ အခုတော့ ကုန်သလောက် ရှိသွားပါပြီ။

ကျွန်တော်ဆက်ရေးပြစရာမလိုတော့ဘူးလို့ထင်ပါတယ်။ မြန်မာပြည်မှာ ရှိနေပြီးသား လူယုတ်မာ အသိုင်းအ၀ိုင်း (အန္တရာယ် Hazards တွေရယ်) ဘေးအန္တရာယ်ကို အမြဲတမ်းကြုံတွေ့နေရတဲ့ လုံခြုံမှုမရှိတဲ့ ပြည်သူတွေ (Vulnerable Persons) တွေရှိနေသေးသရွေ့ ကပ်ဘေး (Disasters) တွေဟာ စဉ်ဆက်မပြတ် ကျရောက်နေကြဦးမှာပါပဲ ခင်ဗျာ။ သစ်ပင်တစ်ပင်က လေထုနဲ့ ပတ်ဝန်းကျင်အပေါ်မှာ ဘယ်လိုသက်ရောက်တယ်ဆိုတာသိချင်ရင်တော့ ဘေးကလင့်ခ်မှာ ရယူလိုက်ပါ။ ခွေးထက်မိုက်တဲ့ သူများ ကို ဗဟုသုတမျှပေးကြပါခင်ဗျား။

Wednesday, May 7, 2008

The Disaster!!!!!!!!!!!!!!!

ယခင်ကတည်းက ဘေးသင့်နေကြတဲ့ မြန်မာပြည်သူများ အတိဒုက္ခရောက်ကြရပါပြီခင်ဗျာ။ ကျွန်တော်တို့ရင်ထဲ မှာ မချိအောင်နာပေမယ့် ပျက်ဆီးဆုံးရှုံးမှုက အရမ်းကိုများလွန်းနေတော့ အကူအညီပေးရတာ အားမရနိုင်ဖြစ်ကြ ရပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးတဲ့ အခါမှာ သိသင့်တယ်လို့ထင်တဲ့အချက်ကလေးများကို လေ့လာတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။ တတ်အားသရွေ့ ဖြန့်ဝေပေးကြပါခင်ဗျား။ နောက်တစ်ခုပန်ကြားလိုတာ ကတော့ ကျွန်တော်တို့ သဘာဝဘေးအန္တရာယ်ကျရောက် တဲ့အခါမှာ လိုက်နာဆောင်ရွက်ရမဲ့ လက်စွဲစာအုပ် ငယ်ကို ရှာဖွေပြီးတော့ ဘေးက Pane မှာ Link လုပ်ပေးထားပါတယ်။ တတ်နိုင်ရင် Chapter တစ်ခုစီလောက် မြန်မာလိုပြန်ပြီး ကျွန်တော်တို့ဆီကို ပို့ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ အကျဉ်းချုပ်ကို Print ထုတ်ပြီး အုပ်ရေ ၁၀၀၀၀၊ ၂၀၀၀၀ လောက်ဝေနိုင်ရင်လဲ အကျိုးရှိနိုင်မယ်ယူဆလို့ပါခင်ဗျာ။

သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပြီးချင်းမှာ အရေးအကြီးဆုံးလိုအပ်တဲ့အချက်တွေကတော့ သောက်ရေသန့်၊ ရိက္ခာထောက်ပံ့မှု၊ ဓာတ်အားပြတ်တောက်ခြင်းနဲ့ ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ကယ်ဆယ်မှုလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်ရမယ်၊ အစားအသောက်တွေကို ဘယ်လိုပြင်ဆင် မှုပြုရမယ်၊ ရေတွင်းရေကန်တွေကို ဘယ်လိုပိုးသတ်ရမလဲဆိုတာတွေ၊ တစ်သက်လုံးအမာရွတ်ထင်သွား စေနိုင်တဲ့ ကပ်ဘေးဒဏ်ခံ ပြည်သူတွေခံစားလိုက်ရတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားပေးနိုင်မလဲ ဆိုတာတွေကို လေ့လာ အသုံးချနိုင်ကြပါတယ်ခင်ဗျာ။

ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ရာတွင် သတိပြုသင့်သည့်အချက်များ (မှတ်ချက်။ ကူးယူဖော်ပြခြင်းသာဖြစ်ပါသည်။ လိုအပ်သည်ထက်ပိုပြီး ဂရုစိုက်လွန်းသည်ထင်ပါက ပယ်နိုင်ပါသည်)


  • အမှန်တစ်ကယ်အကူအညီပေးနိုင်သည့် အကြောင်းရင်းမရှိပဲနှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် နေရာအား မသွားပါနှင့်

  • အမြဲတမ်းသတိရှိပါ။ လှေစီးလျင် မီးကြိုးများရေထဲထိနေခြင်းရှိမရှိစသည်။

  • ရေကြီးနေသည့် အဆောက်အဦးများအတွင်းသို့ အန္တရာယ်ရှိသည်ဟုထင်လျင် လုံးဝမ၀င်ပါနှင့်။

  • ရေကြီးရာမှ ဖြစ်ပေါ်လာသော ရေစီးကြောင်းများအတွင်း ကယ်ဆယ်ရန်မလိုအပ်ပဲနှင့် လုံးဝ မသွားပါနှင့်။ ထိုရေများအတွင်းတွင် ဘက်တီးရီးယားပိုးမွှား မြောက်မြားစွာပါဝင်ပြီး ထိခိုက်ရာမှ ရရှိသော အပွန်းအပဲ့ ကလေးများအတွင်းသို့ပင် ရောဂါပိုးဝင်ရောက်နိုင်ပါသည်။

  • ရေစီးကြောင်းများ၏ အနက်နှင့် ရေစီး အရှိန်သည် ထင်ရသည်ထက် များစွာပိုပါသည်။ ထိုရေစီးကြောင်းများအတွင်းကူးခတ်ရန် လုံးဝမကြိုးစားပါနှင့်။

  • တိရိစ္ဆာန်များအား ကယ်တင်လိုပါက လှေငယ်ကလေးများအား လုံးဝအသုံးမပြုပါနှင့်။ ခြံစည်းရိုးအစရှိသည်နောက်တွင် ပိတ်မိနေပါက ပိတ်နေသည့် အတားအဆီးများကိုသာ ဖယ်ရှားပါ။



အစားအသောက်ပေးလှူလိုသည်ဆိုလျင်အောက်ပါအချက်များအား စဉ်းစားပါ

  • ချက်ပြုတ်စရာနှင့် ရေခဲသေတ္တာတွင်း ထည့်သွင်းသိမ်းဆည်းရန်မလိုသော အစားအသောက်များ

  • လွယ်လင့်တကူ ပြင်ဆင်နိုင်သော အစားအစာများ

  • ကယ်လိုရီနှင့် ပရိုတိန်း များများပါသောအစားအစာများ

  • ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သောအစားအစာများ

ဥပမာပေးထားသည့် အစားအစာများမှာ - စည်သွပ်ဘူးများ ၊ အသား၊ ငါး၊ အသီးအရွက်နှင့် ဖျော်ရည် နို့အစရှိသည်။ ကယ်လိုရီနှင့် စွမ်းအင် များစွာပါသောအစားအစာများမှာ Peanut Butter, ဂျယ်လီ၊ မုန့်ကြွတ် နှင့် တောင်တက်သမားများ အသုံးပြုကြသော မုန့်ခြောက်များ၊ လက်ဖက်ရည်၊ ရယ်ဒီမိတ်ကော်ဖီ၊ ချိုချဉ်၊ ဘီစကွတ်စသော မုန့်များကို စိတ်ဖိစီးမှုလျော့ကျစေရန်အတွက် စားသုံးနိုင်ပါသည်။ ဗီတာမင်ဆေးပြားများနှင့် ပရိုတိန်းအစားထိုးဆေးပြားများကိုလည်းပေးပို့နိုင်ပါသည်။ ဒါမျိုးအစားအစာတွေ ကိုရှောင်ပါ။

  • စီးပွားဖြစ်ထုတ်လုပ်ထားသည့် ရေဓာတ်ဖယ်ထားသော အစားအစာများ။ (အစာခြောက်များ) ထိုကဲ့သို့သော အစားအစာများ အားချေဖျက်ရန်ရေဓာတ်များစွာလိုအပ်ပါသည်။

  • ပုလင်းသွတ်ထားသည့် အစားအစာများ။ (လေးလံသည်၊ ၀န်ကျယ်သည်၊ အလွယ်တကူ ကွဲနိုင်သည်)

  • အစေ့မှရသည့် အစားအစာများ၊ (ဆန်နှင့်ပဲအစရှိသည်)။ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေသူများ အနေနှင့် ထိုကဲ့သို့သော အစားအစာမျိုးကို ပြင်ဆင်မှုပြုရန်မှာ ခက်ခဲလှပါသည်။ မှတ်ချက်။ ဥာဏ်ကြီးရှင်များကတော့ ပြည်ပအကူအညီမယူပဲ ခေါက်ဆွဲခြောက် ဆန်အိတ်တွေ တစ်ပြပြလုပ်နေပါသည်။ မည်သည့်ရေနှင့် မည်သို့ချက်ကြမည်ကို ကျွန်တော်မသိပါ။



အစားအသောက်များအား မည်ကဲ့သို့ သိုလှောင်ထားရမည်နည်း။

  • နေအိမ်အတွင်းရှိ အခြောက်သွေ့ဆုံးနှင့် အအေးဆုံးနေရာများတွင် အစားအစာများထားပါ။ အလင်းရောင်မရှိသည့်နေရာတွင် ဖြစ်နိုင်ပါက ထားပါ။

  • အစားအစာများအား လုံခြုံစွာ ဖုံးအုပ်ထားပါ။

  • ကွတ်ကီးနှင့် ဘီစကစ်အစရှိသည့်မုန့်များကို ပလတ်စတစ်အိပ်များအတွင်း လေလုံအောင်ထုတ်ပြီး နောက်တစ်ထပ် ဘူးတစ်ခုခုအတွင်း ထည့်သွင်းသိမ်းဆည်းပါ။

  • ပုရွက်ဆိတ်အစရှိသည့် အင်းဆက်များ လာရောက်စားသုံးနိုင်သည့် အစားအစာများအား လေလုံဘူးအတွင်းသို့ သေချာစွာပိတ်သွင်းသိမ်းဆည်းပါ။

လူတစ်ဦး သောက်သုံးရန်နှင့် အစားအစာအတွက် ပြင်ဆင်ရန် တစ်နေ့လျင် အနည်းဆုံးရေ (၁) ဂါလန်လိုအပ်ပါသည်။ ကိုယ်ဝန်သယ်များ၊ ကလေးငယ်များ၊ အသက်အရွယ်ကြီးသူများနှင့် လူမမာများ အတွက် လိုအပ်ချက်မှာ ထို့ထက်ပိုပါသည်။ ပလပ်စတစ်ပုလင်းများနှင့် ပုံးများအတွင်းတွင် ရေကိုသိုလှောင်ထားပါ။ သဘာဝဘေးဒဏ်ခံနေရသည့် ကာလတစ်လျောက်လုံး အတွက် အနည်းဆုံး (၃)ရက်စာ ရေရှိနေရန်လိုအပ်ပါသည်။ ရေသန့်စင်ရန်အတွက် ရေသန့်ဆေးပြားများနှင့် Chlorine bleach အား အနံ့ထည့်မထားပါက အသုံးပြုနိုင်ပါသည်။ ရောစပ်ရမည့် အချိုးအစားမှာ တစ်ဂါလန်လျင် ၁၆စက် ၊ သို့မဟုတ် ရေ ၅ ဂါလန်အား Bleach လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောစပ်ပြီး သမစွာမွှေလျင် ထိုရေအားသောက်သုံးနိုင် ပါသည်။ နိုင်ငံရပ်ခြားတိုင်းပြည်များရှိ ကုန်စုံဆိုင်များတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ ရေကူးကန်များတွင် အသုံးပြုသည့် ဟိုက်ပိုကလိုရိုက်နှင့် ကလိုရီနိတ်တက် လိုင်းမ် အစရှိသည် တို့ကိုလည်း ရေသန့်စင်ရန်အသုံးပြုနိုင်ပါသည်။

ကျန်းမာရေးနှင့် ကိုယ်လက်သန့်စင်ရေးဆိုင်ရာ သိကောင်းစရာများ

ကိုယ်လက်သန့်စင်ရန်အတွက် အနည်းဆုံးအောက်ပါပစ္စည်းများလိုအပ်ပါသည်။

  • အဖုံးကျပ်ကျပ် ပါသည့် အရွယ်အလတ်စား ပလတ်စတစ်ပုံး
  • ပလစ်စတစ်အမှိုက်အိတ်များနှင့် ချည်နှောင်စရာကြိုး (Cable Ties) မှာ (၀န်ခံအားကောင်းရမည်)
  • ကလိုရင်း ဆေးရည်
  • ဆပ်ပြာ ဆပ်ပြာရည် နှင့် ဆပ်ပြာမှုန့်
  • အိမ်သာသုံးစက္ကူ

အိမ်သာဘယ်လိုဆောက်မလဲ - ရေဆိုးလိုင်းများ ပေါက်ကွဲ ပျက်ဆီးကုန်လျင် အိမ်သာအတွင်းသို့ ပလတ်စတစ် အိတ် ခံကာ အခင်းသွားပါ။ အိမ်သာအိုးလဲ သုံးမရအောင်ဖြစ်နေပါက အဖုံးပါသည့် ပလတ်စတစ်ပုံးအတွင်းသို့ ပလပ်စတစ်အိတ်ခင်းကာ အခင်းသွားနိုင်ပါသည်။ ထိုင်စရာအတွက် ထိုပလတ်စတစ်ပုံးအပေါ်တွင် ပျဉ်ပြားနှစ်ချပ် ကန့်လန့်တင်ကာ ပြုလုပ်ယူနိုင်ပါသည်။ အခင်းသွားပြီးလျင် ဆပ်ပြာမှုန့်ခတ်ပြီး အဖုံးကို လုံအောင် ပိတ်ထားပါ။ စွန့်ပစ်လိုပါက ကြွက်၊ အစရှိသည်တို့ တူးဖော်ခြင်း မပြုနိုင်ရန် မြေမြုပ်ပစ်ရပါမည်။ ရေတွင်းရေကန်အစရှိသည်တို့နှင့် ဝေးရာတွင်စွန့်ပစ်ရန်သတိပြုပါ။

ကိုယ်လက်သန့်စင်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့်အရာဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက် ရေချိုးရန်မှာ မဖြစ်နိုင်သည့်အတွက် ကိုယ်လက်သန့်စင်ရန်အတွက် နည်းလမ်းများရှာဖွေရန်လိုအပ်ပါသည်။ ကိုယ်လက်သန့်စင်ရန် ပြုလုပ်နိုင်သည် များမှာ

  • အရက်ပျံနှင့် ပွတ်သတ် သန့်စင်ခြင်း
  • အရက်ပျံပါသည့် လိမ်းဆေး (Lotions) များနှင့် သန့်စင်ခြင်း
  • ရေပတ်တိုက်ခြင်း
  • Towlettes များအသုံးပြုသန့်စင်ခြင်း
  • မျက်နှာလိမ်းသည့် ကရင်များ မုတ်ဆိတ်မွှေးရိတ်သည့် Lotions များနှင့် သန့်စင်ခြင်း
  • စပရေးဘူးများအတွင်းသို့ ရေထည့် ကာ ပက်ဖြန်းရေချိုးခြင်းတို့ဖြစ်သည်။

အရေးကြီးတဲ့ မှတ်သားစရာအချက်တွေကတော့ အထက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ ဘေးက လင့်ခ်လုပ်ထားတဲ့ စာအုပ်ထဲမှာ အများကြီးပြည့်ပြည့်စုံစုံ ရေးထားပါတယ်။ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံးဖြန့်ဝေပေးကြပါခင်ဗျာ။