Monday, June 30, 2008

To shameless bastards !! Stop doing this, if not your sisters will pay for it.











အရှက်မရှိတဲ့ ကောင်တစ်ချို့ရဲ့လုပ်ရပ်တွေပါ။ မုန်တိုင်းတိုက်တဲ့နေရာမှာ သွားကူတဲ့ ဓာတ်ပုံတစ်ပုံတောင် မပါပဲနဲ့ ဆက်ကြည့် လိုက်တော့ တွေ့လိုက်ရတဲ့ပုံတွေက ဒါမျိုးပုံတွေဖြစ်နေတယ်ဗျာ။ ဆိုးတာက သူတို့မျက်နှာတွေကို ကွယ်ထားပြီးတော့ မိန်းကလေးတွေ ရဲ့မျက်နှာတွေကို ပေါ်ပေါ်တင်တင်ဖော်ပြထားခြင်းပါပဲ။ ကျွန်တော်တို့ မျက်နှာတွေကို ဖျက်ပေးလိုက်ပါတယ်။ ဘယ်လိုစိတ်ဓာတ်အဆင့်အတန်းမျိုးရှိတဲ့ကောင်တွေက ဒါမျိုးအလုပ်ကို လုပ်မလဲ ဆိုတာစဉ်းစားကြည့်ကြပါတော့ဗျာ။ မှည့်ထားတဲ့ နာမည်က အမျိုးချစ်သူတဲ့ဗျ။ ကျွန်တော်တို့ ဒီကောင်တွေအကြောင်း လုံးဝ ဆက်မရေးတော့ဘူးဆိုတာ အာမခံပါတယ်။ ထွီ --- ရွံတယ်ကွာ။ နှမချင်းမစာနာ လုပ်တဲ့ ကောင်တွေ။ ဒီအမျိုးချစ်သူဆိုတဲ့ကောင် ဘယ်လိုအဆင့်အတန်းလဲဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့ဗျာ။








Wednesday, June 25, 2008

Discussion, Open to all!!!!!!!!!

Hello,
I am just wondering whether you are interested to post a controversy issue on your blog. I, myself, as a humanitarian worker, I am pretty much fed up with the abuses that are currently happening. Yesterday, I went to a show mentioning that it is purposely for fund raising, as well as a birthday party of DASSK. However, the thing did not go as it was mentioned. It was organized by one political organization, and the head of that organization was awarded for one humanitarian award.
In fact, the total ticket sold is not more than 40,000 Bhats worthed. The van fair to take Thee Lay Thee to travel to the area is 12,000. With the accommodation fees, and other expenses, the expenses for the entertainer is around 60,000 Bhats. There are other costs like renting the auditorium, equipments, transportation charges, fees to Thai police (as most attendance are illegal migrant workers. So, for sure that it is not really meant of Nargis victims. If they donate that money instead, it was much more valuable. Second, does it really for DASSK? No.. of course not. It did not help not a single thing to DASSK. Third, does it benefit for the performers? Less likely, as they have other expenses to cover, I assumed that they just received normal fees for their performance. So? Are we celebrating a festival for Nargis Victim? I feel like it is very unethical.
The only benefiting persons are Thai polices, hotel owner, and the last but not the least is the Political Worker who can show up that his got his award and received popularity among migrants. I really would like to know your opinion.

Best regards,
ကျွန်တော်တို့ ကြားဘူးတဲ့ Politics ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိပါတယ်။ လက်တင်ဘာသာ စကားပါ။ Poly = many = များစွာသော ၊ Tics = Blood Sucking Creatures = သွေးစုတ်ကောင်များ ဆိုတဲ့ စကားလုံးပါပဲ။ နိုင်ငံရေးကို လုပ်နေပါတယ်ဆိုတဲ့ သွေးစုတ်ကောင်တွေဟာ နေရာတိုင်းမှာ ရှိတတ်စမြဲပါ။ ဒါပေမဲ့ စာဖတ်သူရဲ့ မေးလ်ထဲမှာပါတဲ့ နိုင်ငံရေးလုပ်တယ်ဆိုတဲ့သူဟာ ဒါမျိုးလူစားလားဆိုတာကို တော့ ကျွန်တော်တို့ မသိနိုင်ပါဘူး။ အဲဒီ့နိုင်ငံရေးလုပ်တဲ့သူဟာ တစ်ကယ်နိုင်ငံကောင်းစားရေး ကိုလုပ်နေတဲ့သူ၊ တစ်ချိန်ချိန်တုန်းက စွန့်လွှတ်မှုများစွာကို ပြုလုပ်ခဲ့သူ၊ အခုလဲ စွန့်လွှတ်ခြင်းပေါင်းများစွာကို ဆက်လုပ်နေတဲ့သူဖြစ်နေရင် သူဒါမျိုး နာမည်ဝင်ယူသွားတာကို ကျွန်တော်တို့အနေနဲ့ လက်ခံပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးလုပ်တယ် ဆိုတာမျိုးဟာ နာမည်ရှိမှလဲ တစ်ချို့လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမျိုးတွေမှာ ထိရောက်မှုရှိတာ မို့လို့ဖြစ်ပါတယ်။
အခန်းငှားခတွေ၊ ရဲကိုပေးရတာတွေကို မုန်တိုင်းဒဏ်ခံတဲ့သူတွေကို လှူလိုက်ရင် ပိုတန်ဘိုးရှိတယ် ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ဘတ်ငွေ ၆၀၀၀၀ ကျော်ဟာ တစ်ကယ်တမ်းတော့ ဘာမှပြောပလောက်တဲ့ ငွေကြေးပမာဏ မဟုတ်တဲ့အတွက် ဒါမျိုးပွဲမျိုး လုပ်ပြီးတော့ ထိုင်းမှာရှိတဲ့ အလုပ်သမားတွေပျော်ရတယ် ဆိုရင်လဲ ကျွန်တော်တို့ နားလည်ပေးလို့ရပါတယ်ခင်ဗျား။ မုန်တိုင်းဒဏ်ခံ ပြည်သူတွေရဲ့ ဘ၀တွေ ဆိုးတာမှန်ပါတယ်။ ထိုင်းကမြန်မာအလုပ်သမားတွေလဲ ဘ၀မကောင်းပါဘူးခင်ဗျာ။ စာဖတ်သူသိအောင် ကျွန်တော်တစ်ခုလောက်ပြော ပြချင်ပါတယ်။ စင်ကာပူလိုနိုင်ငံမျိုးမှာ ခန်းမငှားခ လိုကိစ္စချည်းပဲကို ဘတ်ငွေ ၃သိန်းကျော် ၊ ၄သိန်းလောက် အကုန်အကျခံပြီးတော့ လုပ်ခဲ့တဲ့ ပွဲတွေတစ်ပုံချည်းပဲ ဆိုတာ ကျွန်တော်တို့ ကြားသိရပါတယ်။ ပြီးတော့ နိုင်ငံရေး အတွက်လုပ်တာမဟုတ်ပဲနဲ့ အပျော်အပါးနဲ့ ဘာမဟုတ်တဲ့ နာမည် ၀င်ယူသွားကြပါတယ်တဲ့။ ဒါမျိုးလူတွေနဲ့ စာရင် စာဖတ်သူ ပြောတဲ့ နိုင်ငံရေးသမားဟာ အများကြီးကောင်းပါသေးတယ်ခင်ဗျား။
ထိုင်းကဟိုတယ်ပိုင်ရှင်တွေ၊ ရဲတွေကောင်းစား သွားတယ်ဆိုပြီး စိတ်သောက ဖြစ်မနေပါနဲ့ ခင်ဗျာ။ နိုင်ငံရေးကို တစ်ကယ်လုပ်နေကြတဲ့ သူတွေမှာ အကျဉ်းအကျပ်များစွာရှိပါတယ်။ ကျွန်တော်တို့ အမြင်အရသာ ပြောရရင် ဒါမျိုး ငွေကြေးတွေဟာ မကုန်ပေးလို့မရပါဘူး။ အဲဒီ့နိုင်ငံရေးသမားကြောင့် ထိုင်းရဲနဲ့ ဟိုတယ်ပိုင်ရှင် ဒေါ်လာ ၁၀၀၀၀ အမြတ်ထွက်သွားတဲ့ အချိန်ကာလလေးမှာပဲ၊ မြန်မာနိုင်ငံက စစ်ခွေးများကြောင့် ထိုင်းတွေထွက်သွားတဲ့ အမြတ်ဟာ ဒေါ်လာ သန်းရာမကျော်ရင် ကျွန်တော်တို့ကို ကြိုက်သလိုပြောနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသမား ဟာ ထိုင်းမြေပေါ်မှာ နေနေရတဲ့သူဖြစ်ပြီးတော့ စစ်ခွေးများကတော့ ထိုင်းတွေနဲ့ အဝေးကြီးမှာပါ။ နေရာတိုင်းမှာ Give & Take ဆိုတာရှိပါတယ်ခင်ဗျာ။ ပြီးစီးသွားတဲ့ အစီအစဉ်တစ်ခုလုံးအနေနဲ့ ကတော့ ဘာမှကြီးကြီးမားမား ကြီး ဆုံးရှုံးသွားတာမရှိသလို၊ လူတိုင်း၊ လူတိုင်းက ပေးစရာနဲ့၊ ယူစရာရှိတာလေးတွေကို မျှမျှတတနဲ့ လုပ်သွားကြတယ်လို့ပဲ မှတ်ယူပေးလိုက်ပါ။ နာဂစ် အတွက်လို့ ခေါင်းစဉ်တပ်ပြီးတော့ နာဂစ်အတွက် နဲနဲလေး တောင်မှ လုပ်မပေးနိုင်ဘူးဆိုရင်သာ သူတို့ လွန်ကဲခြင်းဖြစ်ပါတယ်။ နာဂစ်အတွက် ၁ ကျပ်ပဲလှူပြီးတော့ ကျန်တဲ့စားရိတ်က ၁၀ ဖြစ်ရင်တောင်မှ ဒါမျိုးပွဲမလုပ်သင့်ဘူးလို့ ကျွန်တော်တို့ တရားသေကောက်ချက်မချခြင် ပါဘူးခင်ဗျာ။ တစ်ခြား လိုအပ်ချက်ကလေးတွေကို ဖြည့်ဆည်းပေးနိုင်ရင်လဲ အောင်မြင်တယ်လို့ ကျွန်တော်တို့ ဆိုချင်ပါတယ်။
နောက်ဆုံး စာဖတ်သူကို ကျွန်တော်တို့ ပြောကြားလိုတာကတော့ ကျွန်တော်တို့ကိုယ်တိုင်လဲ ဒါမျိုး စိတ်ခံစားမှု မျိုးတွေ အကြိမ်ကြိမ်ဖြစ်ဘူးပါတယ်။ တစ်ခုပဲ သူတို့ကို အသိပေးချင်တာရှိပါတယ်။ စစ်ခွေး အောက်ဆွဲ၊ ကြွက် (ထောက်လှမ်းရေး) ဆိုတဲ့ကောင်များဟာ ဒါမျိုးအသင်းအဖွဲ့များတွေထဲမှာ ရှိနေတတ် ပါတယ်။ အဲဒီ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ အရင်းအမြစ်တွေ၊ (ငွေကြေး၊ လူအင်အား၊ အဆက်အသွယ်နဲ့ ယုံကြည်မှု) အစရှိတာတွေကို ဆုံးရှုံးလျော့ပါးကုန်အောင် ဒီကောင်တွေ လုပ်ကြပါတယ်။ အဲဒါမျိုးကောင်တွေကြောင့် ငွေကြေးတွေ မကုန်သင့်ပဲကုန်ရတယ်၊ လူတွေ အထင်မှားမှုတွေဖြစ်ရတယ်။ တစ်ကယ်လုပ်ချင်တဲ့သူတွေ၊ လုပ်နိုင်တဲ့သူတွေ နိုင်ငံရေးကို ဝေးဝေးရှောင်ကုန်ကြတယ်ဆိုတာမျိုးကြောင့် ဆိုရင်တော့ ဒီပွဲကြီးဖြစ်သွားတာ သိပ်မကောင်းလှဘူးပေါ့ခင်ဗျာ။
စာဖတ်သူ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး မိမိတို့ ယုံကြည်မှုများအတွက် စိတ်ဓာတ်ခွန်အား တိုးပွားပြီး ဆက်လက်လုပ်ဆောင်နိုင်ကြပါစေခင်ဗျာ။ ကျွန်တော်တို့ဆီကို လာရောက်ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Remember what we've said? Critics, think if you have brain.

မြန်မာပြည်ရဲ့ ဓာတ်ငွေ့တွေကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၁၅၀ ကျော်လောက်ဆုံးရှုံးနေတယ် လို့ ကျွန်တော်တို့ တွက်ပြခဲ့ဘူးပါတယ်။ အခုထိုင်းက နောက်တစ်ချီ ထည့်ပြန်ပြီဗျား။ စစ်ခွေးတွေ တွက်တတ်ရင် တွက်ကြည့်ပါလားဗျာ။ ကျွန်တော်တို့နိုင်ငံ ပျံလန်နေအောင် နေနိုင်ရက်သားနဲ့ စစ်ခွေး များလက်ချက်ကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေရတာ ရင်နာဘို့ကောင်းလိုက်လေဗျား။
BANGKOK : A Thai energy firm has signed a major deal to drill for natural gas in military-ruled Myanmar, an official with the company said Wednesday. The agreement - to develop the M9 block in the Gulf of Martaban - was signed by PTT Exploration and Production (PTTEP) with Myanmar's military government in the country's remote capital Naypyidaw on Monday, the official told AFP. The official declined to reveal the value of the deal, but Thailand's The Nation newspaper reported it would entail an investment of about two billion dollars. Under the deal, PTTEP will work with the state-run Myanmar Oil and Gas Enterprise to develop the field, the Thai firm's CEO Anon Sirisaengtaksin said in a statement to the stock exchange. The field is expected to produce 300 million cubic feet of gas per day, with 80 percent exported to Thailand and the rest supplying Myanmar, the statement said. Thai energy minister Poonpirom Liptapanlop said in a statement that the deal "is very important and beneficial for Thailand to obtain natural gas to supply its rising energy needs, and to enhance the country's long-term energy security". Energy-hungry Thailand imports about 20 percent of its gas from Myanmar and is vying for a bigger share of its vast natural resources. State media in Myanmar previously estimated the M9 block contained 8.0 trillion cubic feet of gas. According to 2006 official figures, 13 foreign oil companies are working on 33 projects in the country.

Sunday, June 22, 2008

To the modern and developed Nation

ခောတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့ သွားနေကြပြီဆိုရင်ဖြင့် နည်းပညာ တိုးတက်မှု အခန်းကဏ္ဏဟာ အလွန်ပဲ အရေးပါလို့ လာပြီပေါ့ခင်ဗျာ။ နိုင်ငံခြားကို ပညာတော်သင်တွေစေလွှတ်ခြင်းအားဖြင့် နည်းပညာကို ရယူမဲ့ နိုင်ငံကြီးတွေလိုမျိုးမှာ ဆိုရင်တော့ ထုတ်ကုန်တွေကို ထုတ်လုပ်ဘို့အတွက် လိုအပ်တဲ့ နည်းပညာဟာ Labour လို့ခေါ်တဲ့ လုပ်အားနဲ့ Capital လို့ခေါ်တဲ့ အရင်းအနှီး ၂ခုစလုံးအပေါ်မှာ မူတည်နေပါတယ်လို့ Solow ကဆိုခဲ့ပါတယ်။ ဖော်မြူလာအနေနဲ့ ပြောရရင်တော့ Yt = F(Kt,Lt) ပေါ့ခင်ဗျာ။ Parameter တွေ ၂ခု ဒါမှမဟုတ် ၂ခုထက်ပိုပြီးတော့ ပါဝင်တဲ့ သချာင်္ Function တွေရဲ့ အခြေခံအကျဆုံး သဘောတရားကတော့ ထွက်ရှိလာမဲ့ Output (Yt) ရဲ့ အနည်းအများဟာ ပါဝင်တဲ့ အစိတ်အပိုင်း ၂ခုစလုံးဖြစ်တဲ့ လူ့စွမ်းအား အရင်းအမြစ်နဲ့ ၊ အရင်းအနှီး ၂ခုစလုံးအပေါ်မှာ မူတည်နေတယ်ဆိုတာပါပဲ။ ဆိုလိုချင်တာက ငွေရှိပြီး လူမရှိရင် နည်းပညာမထွန်းကားနိုင်သလို၊ လူချည်းပဲရှိပြီးတော့ ငွေမရှိပြန်ရင် လဲ နည်းပညာမထွန်းကားနိုင်ပါဘူး။
စီးပွားရေးပညာရှင် ရောဘတ်ဆိုလိုရဲ့ တွက်ကိန်းအရ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ဆီကို သွားနေတဲ့သူများ ပန်းတိုင်ကို ရောက်နိုင်စွမ်းရှိ ၊ မရှိ တွက်ဆကြည့်လိုက်ကြရအောင်လားခင်ဗျာ။
ရောဘတ်ဆိုလိုကတော့ အရေးကြီးတဲ့ တွက်ဆချက် (၃)ရပ်ကို ချပြထားခဲ့ပါတယ်။
- ပထမဆုံးအချက်ကတော့ အရင်းအနှီးတွေကို လူတွေရှိသလောက် အချိုးညီညီ ထုတ်ပေး၊ လူတွေကို အရင်းအနှီး တတ်နိုင်သလောက် ပြုစုပျိုးထောင်ပေး ရင် ထုတ်ကုန်တွေ ပိုမိုထွက်ရှိလာမှာ ဖြစ်တဲ့အတွက် စီးပွားရေး တိုးတက်မှုနှုံးကြီးမြင့်လာလိမ့်မယ်။
- ဒုတိယအချက်ကတော့ - ဆင်းရဲတဲ့နိုင်ငံတွေဟာ ချမ်းသာတဲ့နိုင်ငံတွေထက် တိုးတက်မှုနှုံး ပိုမြန်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ချမ်းသာတဲ့နိုင်ငံတွေမှာ အရင်းအနှီးတွေ ဟာ အများကြီးရှိနေပြီးဖြစ်တဲ့အတွက် ဆင်းရဲတဲ့နိုင်ငံတွေမှာ အရင်းအနှီးထည့်ထားတာလောက် အကျိုးအမြတ် များများစားစားမရနိုင်ဘူး။
- တတိယအချက်ကတော့ - အဲဒီလိုတိုးတက်လာတဲ့ နိုင်ငံတွေဟာ တစ်ချိန်ချိန်မှာ တိုးတက်မှုနှုံးနှေးကွေး လာပြီးတော့ တည်ငြိမ်သွားတဲ့ အခြေအနေ (Steady State) ကို ရောက်သွားမှာပဲ။ ဘာဖြစ်လို့ အဲဒီလို ဖြစ်ရသလဲဆိုတော့ အရင်းအနှီး ထည့်သလောက် အကျိုးအမြတ်မရတော့တဲ့ အခြေအနေ (Diminishing Return) တွေကြောင့်ပဲဖြစ်တယ်။
Diminishing Return ကို အလွယ်တကူရှင်းပြရမယ်ဆိုရင်ကတော့ ဥပမာအားဖြင့် အရင်းအနှီး ၁ကျပ်ထည့် လိုက်ရင် ၂၀ပြား အမြတ်ပြန်ရတယ်ဆိုကြပါစို့။ ဒီအမြတ်ရာခိုင်နှုန်းဟာ အရင်းအနှီး ၁၀၀ကျပ်အထိပဲ မှန်ကန်မှုရှိနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အရင်းအနှီး ၂၀၀ ထည့်လိုက်လဲ အမြတ်ဟာ ၂၀ပဲ ကျန်တော့တာမျိုး ကို လျော့နည်းလာသော အကျိုးအမြတ် (Diminishing Return) လို့ခေါ်ပါတယ်။
အထက်ကဆိုခဲ့တဲ့အတိုင်း စီးပွားရေး တိုးတက်မှုနှုန်း တံ့နေတဲ့ အခြေအနေကို ဖောက်ထွက်ဘို့ရာကျတော့မှ နည်းပညာ အသစ်တွေကို ဖော်ထုတ်ပြီးတော့ ဆက်လက်တိုးတက်အောင် လုပ်ပါလို့ (Solow) က ပြောခဲ့ပါတယ်ခင်ဗျား။
ခောတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးဆီကို သွားနေတဲ့ နိုင်ငံကြီးရဲ့ အရင်းအနှီးတွေကို တစ်ချက်လောက်လေ့လာကြည့်ကြရအောင်လားခင်ဗျာ။
Social Capital - လို့ခေါ်တဲ့ စီးပွားရေးအဆောက်အအုံတွင်းမှာ ရှိတဲ့ လူတွေ တစ်ဦးကို တစ်ဦး ဘယ်လောက်တောင် ယုံကြည်စိတ်ချရမှုရှိသလဲဆိုတဲ့ တန်ဘိုးတွေ။ (နိုင်ငံတော်သစ်ကြီးတွင်းက လူများ ငွေချေးလိုသလား။ ရွှေပေါင်၊ မြေပေါင်ပေးပါ။ စိတ်ချပါတယ်။) နိုင်ငံတော်သစ်ကြီးဆီကို မသွားတဲ့နိုင်ငံတွေ မှာတော့ သိန်းရာကျော်၊ ထောင်ကျော်ကို လက်မှတ်တစ်ချက်ထိုးပေးယုံနဲ့ ထုတ်ချေးလိုက်ကြတာပဲဗျ။ ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာကိုပဲ လူတွေ အပေါင်ထားခဲ့ကြတာပဲ။ ဒါပေမဲ့ အဲဒါတွေကို အပေါင်ထားခဲ့တဲ့သူတွေကလဲ အချိန်မှန်ပြန် ရွေးချယ်နိုင်ကြတယ်ဗျာ။ ခေတ်မှီတဲ့နိုင်ငံမှာတော့ ထမိန်စုတ်က အစပေါင်လို့ရတယ်ဗျို့။
Individual Capital - လို့ခေါ်တဲ့ ကိုယ်ပိုင်အရည်အချင်းရှိကြတဲ့သူတွေ။ (လူတွေပြောပြောနေကြတဲ့ Talent ပေါ့ခင်ဗျာ။ ဒါပေမဲ့ အဲဒီ့လူတွေကို Societies လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းတွေက အကာအကွယ်တွေ ပေးထားကြ ပါတယ်တဲ့) ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးဆီကို သွားနေတဲ့ နိုင်ငံကြီးမှာ ၀ါးရင်း တုတ်ကြီးတွေကိုင်ပြီး ကာကွယ်ပေးနေတာတောင် ကျွန်စိတ်ရှိတဲ့သူတွေ တစ်ခြားနိုင်ငံကို ထွက်နေကြတာ အံ့တယ်ဗျာ။
Financial Capital - လို့ခေါ်တဲ့ ငွေကြေးအရင်းအနှီး ။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးမှာ ရှိပါ့ဗျား။ ကမ္ဘာ့ဘဏ်ထဲမှာလေ။ ဘီလီယံချီလို့ ။ (အနုတ်လက္ခဏာလေးဖြစ်နေတာပဲ ဆိုးတယ်ဗျာ)
Infrastructure Capital - လမ်းတွေဖောက်၊ တံတားတွေဆောက်။ လမ်းတွေဖောက်၊ တံတားတွေဆောက်၊ လမ်းတွေဖောက်၊ တံတားတွေဆောက်။ မိုးကြီး၊ မုန်တိုင်းတိုက် တံတားအစင်းလိုက်မျော။ ကုန်ပြီ။ ထားလိုက်ပါတော့ခင်ဗျာ။ Infrastructure ဆိုတဲ့ စကားလုံးကို လမ်းတွေဖောက်၊ တံတားတွေဆောက်ယုံနဲ့ ပြည့်စုံပြီယူဆကြတဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို သွားနေသူများ Infrastructure ဆိုတဲ့ စကားလုံးကို အရင်ဆုံး ပြည့်ပြည့်စုံစုံနားလည်အောင် အရင်ဆုံးလေ့လာဘို့ လိုအပ်တယ်ထင်ပါတယ်ခင်ဗျား။ တံတားတစ်ခုတည်ဆောက်ပြီးစီးသွားတာဟာ Structure တစ်ခုအနေနဲ့သာ ပြီးစီးသွားတာဖြစ်ပြီးတော့ Infrastructure တစ်ခုအနေနဲ့ ပြည့်ပြည့်စုံစုံ ထားရှိလိုတယ်ဆိုရင် ဘာတွေလိုအပ်သလဲဆိုတာ လေ့လာကြဘို့ ၊ သိရှိပြီးကြရင်လဲ လိုက်နာဆောင်ရွက်ကြဘို့ လိုအပ်တယ်လို့ ကျွန်တော်တို့ အကြံပြုလိုပါတယ်။
Natural Capital - လို့ခေါ်တဲ့ သဘာဝအရင်းအမြစ်။ (ဟား နောက်ဆုံးကျတော့မှပဲ ခေတ်မှီဖွံ့ဖြိုးတိုးတက်တော့ မဲ့နိုင်ငံတော်ကြီးမှာ အရင်းအနှီးတွေ အများကြီးရှိလာတော့တယ် ) ကျွန်းသစ်၊ ကျောက်မျက်၊ ဓာတ်ငွေ့ အကုန်ထုတ်ရောင်းပြီးတော့ နိုင်ငံတော်ကြီး ဖွံ့ဖြိုးအောင်လုပ်ကြစို့ဟေ့။ လူတွေနိုင်ငံခြားပို့ ပညာသင်ပေးဟ။ ပြီးရင်ငါတို့နိုင်ငံကြီးတိုးတက်ပြီ။
သဘာဝအရင်းအမြစ်ဆိုသည်မှာ - စီးပွားရေးပညာရှင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
လူနှင့် သဘာဝပတ်ဝန်းကျင် ထိတွေ့ဆက်ဆံ ရမှုများတွင် အမြဲတမ်းတည်ရှိနေအောင် ထိန်းသိမ်းစောင့်ရှောက်ထားရမည့် အရာများဖြစ်သည်။ ထိုသဘာဝအရင်းအမြစ်များမှ သက်ရှိသတ္တ၀ါများ၏ ဂေဟစံနစ် အားအထောက်အကူပေးထားခြင်းဖြစ်သည်။ ဥပမာဖြင့် - မပျက်မစီးတည်ရှိနေသော မြစ်တစ်ခုမှ လယ်ယာမြေများအတွက် လိုအပ်သော ရေအရင်းအမြစ်နှင့် ၊ လူသားများအတွက် ရေထွက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးပေမည်။
Solow ရဲ့တွက်ကိန်းတွေသာမှန်ကန်မယ်ဆိုရင်တော့ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးမှာ ဒီလိုဖြစ်လာနိုင်စရာ အကြောင်းများရှိသည်ဟု ကျွန်တော်တို့ မြင်မိပါတယ်ခင်ဗျား။ ခေတ်မှီတိုးတက်တဲ့ နိုင်ငံတော်ကြီးကို သွားလိုသူတစ်စုရှိသည်။ ခေတ်မှီလိုသဖြင့် နည်းပညာဖွံ့ဖြိုးအောင် လုပ်ရမယ်။ နည်းပညာ အတွက် လုပ်သားနှင့် အရင်းအနှီးလိုသည်။ လုပ်သားများအား နိုင်ငံခြားပို့ ပညာသင်စေမည်။ (နိုင်ငံခြားမှာ ပညာသင်တိုင်း တစ်ကယ်စွမ်းဆောင်နိုင်မှုရှိ၊ မရှိကို ကျွန်တော်တို့ နောက်ထပ်ဆွေးနွေးပါဦးမယ်။ ခေတ်မှီတဲ့ နိုင်ငံတော်ကြီးက လူတွေများကတော့ နိုင်ငံခြားမှာ ပညာသင်ရင် အတော်အထင်ကြီးကြတာဗျ။ တစ်ခြားနိုင်ငံမှာ ဓားမနောက်ပိတ်ခွေး လောက်တောင် အဆင့်မရှိတာ ဘယ်သူမှသိတာမဟုတ်ဘူး။ နိုင်ငံတော်ကပို့လိုက်တဲ့ ကျောင်းတွေကလဲ ကောင်းမှကောင်း ဆိုတော့) အရင်းအနှီးကတော့ ရှိသည့် အရင်းအနှီးအား ထုတ်ရောင်းပြီး အရင်းပြုရမည်။ လုပ်သားများ ထုတ်ရန်အတွက်လဲ အရင်းအနှီးထုတ်ရောင်းရ သေးသည်။ ကြုံတုံး ငါ့အိတ်ထောင်ထဲလဲ ထည့်လိုက်ပါဦးမည်။ နှစ်များစွာကြာသောအခါ လုပ်သားများထွက်လာ ချေပြီတည်း။ သို့သော်လုပ်သားများကား ချိုကျိုးနှင့် နားရွက်ပဲ့၊ နည်းပညာအတွက် လုပ်သားသာ မက အရင်းအနှီးပါထပ်လိုအပ်သည်ဖြစ်သောကြောင့် ထုတ်ရောင်းစရာ ကြည့်လိုက်သောအခါတွင် သစ်တောက ပြောင်နေချေပြီ။ အရေးထဲ နာဂစ်က ၀င်မွှေ့လိုက်ပြန်သေးသည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ် သူတောင်းစားလုပ်ခြင်းဖြင့် အရင်းအနှီး ရှာဖွေလိုက်လေသတည်း။ အောင်မြင်လျှင် ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးဆီရောက်ရန် နီးချေပြီ။ သို့သော် နိုင်ငံတော်ကြီး ခေတ်မှီ၊ မမှီ ယခုအချိန်တွင် အရေးမကြီးတော့ပါ။ စင်ကာပူ ဘဏ်များအတွင်းတွင် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ငါတို့မိသားစုကြီး တည်ဆောက်ရန်အတွက် အရင်းအနှီး ၁၀သက်စာမက အလုံအလောက်ရှိနေပြီး ဖြစ်လေတော့သတည်း။
(စာကြွင်း။ ။ Solow ရဲ့ ဥပဒေသကို နိုင်ငံတော်ကြီး အတိုင်းအတာတစ်ခုအနေနဲ့ တော့ ကျွန်တော်တို့ အစွမ်းအစမရှိတဲ့အတွက်ကြောင့်မို့လို့ အသုံးမချနိုင်ပါဘူးခင်ဗျား။ ဒါပေမဲ့ ရပ်ကွက်အတွင်းမှာ နေထိုင်ကြတဲ့ ဆင်းရဲနွမ်းပါးတဲ့ သူများအတွက် တော့ ကျွန်တော်တို့ အသုံးချပေးနိုင်မယ်၊ အကျိုးရှိနိုင်မယ်လို့ထင်တဲ့အတွက် ကြံစည်မိပါတယ်။ ဥပမာ နေ့ပြန်တိုး နဲ့ ကျွေးဆပ်နေရတဲ့ အိမ်ထောင်စုတစ်ခုအတွက် အတိုးနှုံးသက်သက်သာ သာနဲ့ ကျွန်တော်တို့ ငွေချေးပေးနိုင်မယ်ဆိုရင် သူတို့ရဲ့ဘ၀တွေ အများကြီး အသက်ရှူ ချောင်လာနိုင်ပါတယ်။ တရားဝင်ငွေချေးချင်ရင် လိုင်စင်ခက သိန်း ၅၀ ကျော် ၁၀၀တဲ့ခင်ဗျ။ တရားမ၀င်ငွေပေးမယ်လို့ကြံလိုက်တော့ ၀ါးရင်းတုတ်ကြီးနဲ့ လူကြီး ကျွန်တော်တို့ဆီရောက်လာတယ်။ ဒီလူတွေကို နေ့ပြန်တိုး ၂၀နှုံးနဲ့ သူတရားမ၀င်ချေးနေတာ တိုက်တောင် ၃လုံးပိုင်ပြီတဲ့၊ ပြီးတော့ ငါက ပါဝါရိန်းဂျား ဂိုဏ်းသားဆိုလား။ မင်းတို့က ငါ့စီးပွားရေးကို တုတ်နဲ့ထိုးရင် ၊ ငါက မင်းတို့ကို တုတ်နဲ့တီးမယ်ဆိုလို့ ကျွန်တော်တို့ Solow ရဲ့ ဥပဒေသကို အသုံးမချနိုင်ခဲ့ပါဘူးခင်ဗျား။)

Thursday, June 19, 2008

To add one to 1001 stories

လေးလေးပင်ပင်ကြီးတွေချည်း ရေးနေရလို့ တစ်ခါတစ်လေ ပေါ့ပေါ့ပါးပါးလေး ရေးကြည့်တာပါဗျာ။ ပြုံးပျော် သင်ခန်းစာယူနိုင်ကြပါစေဗျာ။

၁၀၀၁ ကျော်ဆန်းနွား ဘလော့ဂါ ပုံပြင်များ
တုပြိုင်ရင် ယခုနိုင်စွမ်းမရှိပါဘု
နုနေရင် စုတေရတော့မှာမို့
လက်ခမောင်း
ခတ်တာ ကျော်ဆန်း နွား
အရှက်ကြောကတော့ ကြက်တန်းသွား

ခါးတောင်းမြောင်အောင် ကြိုက်ပါလို့
ရက် (၃) ပတ်တောင် သင်ထားတာမို့
ဘလော့ဂ် ရေးတတ်ပြီးကွ စိတ်ကြီးဝင်
ကွန်ပျူတာကြီးနဲ့ တိုက်ပွဲဆင်

သိက္ခာ၊ အရှက် အရေးမကြီးပါလေး
ညစာ၊ မနက် နပ်မှန်ဘို့အရေး
လူငနွား (ကျော်ဆန်း) အကြိုက်လိုက် ကလောင်တံကိုင်
နေ့စားခကြည့်တော့ နှစ်ထောင် မကျန်နိုင် (နာဂစ်ဒေသ မှာ အိမ်သာကျင်းတူးရင် ၅၀၀၀ ပေးမယ်ကွာ အဲဒါမျိုးလုပ်စားပါ့လား သိက္ခာရှိတယ်)

ခွက်ကပ် အကျန်တောင် တောင်းသောက်ခဲ့သူပါဗျ
မရှက်တတ်တာ အမြင်မဆန်းစေချင်ကြပါဘု
အားလုံးသိဘို့ ကြော်ငြာချင်
ဘလော့ဂ်ပေါ် တင်ကာ အော်တာ နင် (အရှက်နဲ့ လူမလုပ်ပါဘူးတဲ့ခင်ဗျာ။ ၁၀၀၁ ပါခင်ဗျာ ခွက်ကပ်တောင်တောင်းသောက်ခဲ့သူပါ)

ယှဉ်နိုင်ရင် ယှဉ်လိုက်ပါတော့
သင်နိုင်မယ် ထင်လိုက်ရင်ပေါ့
ဒုံပျံပစ်ကွင်း အလယ်မှာထိုင် (သေပြည်တော်ကို ဒုံးပျံတွေ အချိန်မရွေးရောက်လာနိုင်တာ သိထားအောင်လို့ပါ)
သက်ကယ်နဲ့တော့ ကျည်မကာနိုင်

သူငယ်တန်း ကဗျာ ကာရန်ပြုပါလို့
လူ့အကန်းဟာ စာတွေရေးပြီမို့
သူတော်ကောင်းများ ဘယ်မခံနိုင်
လူ့ငနွား တစ်သိုက်ကတော့ တော်တော်မြိုင်

မြန်ပြည်ဝမ်းစာရေး ခက်ခဲတာကြောင့်
တစ်ခါတစ်လီ မှား မှန် လေး သိပ်မတွေးနိုင်ဘု
မုသားရေးစားရတဲ့ နင်ဖြစ်အင်
ငါ့တို့များဘက်ကတော့ သိပ်အပြစ်မမြင်

အားပေးလိုက်ပါသည် အားမွေးကာ စာရေးလိုက်ပါဦး
မင်းမယား ကလေး စစ်ခွေးကျွန် ဖြစ်မဲ့အရေး
ငါတို့ မှာတွေးရင်း ရင်မောရတယ်လေး - - - - - -

စကားပြေအဖွင့်
ကမ္ဘာ့အလယ်တွင် ခိုးဝှက်ခြင်းနှင့် လိမ်ညာခြင်းမှ လွဲကာ တစ်ခြားမည်သည့်အရာမျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိသော်ငြားလဲ ဒီအတိုင်းငြိမ်ခံနေပါက လူအများ အထိုးခံရသည့် မျက်စောင်းဒဏ်နှင့်ပင် မာလကတော့မည်ဖြစ်သောကြောင့် မီဒီယာကို မီဒီယာနှင့်တိုက်မည် ဆိုသည့် လူငနွား လိမ် ကျော်ဆန်း၏ နောက်လိုက်ခွေးများသည် လက်ခမောင်းအား မာန်ကိုတင်းပြီး တစ်ဖြောင်းဖြောင်းခတ်ကာ အရှက်ကြောပြတ် ဘလော့ဂ်များအား ရေးသားလာရပါတော့သည်။
ကျွန်တော်တို့အပါအ၀င်သာမက နိုင်ငံတစ်ကာမှ မြန်မာကလေးများ ပါ ၃နာရီမျှ လေ့လာယုံမျှနှင့် ရေးတတ်သည့် ဘလော့ဂ်ရေးနည်း အတတ်ပညာအား ခါးတောင်းအား မြောင်အောင်ကြိုက် ၃ ပတ်၊ ၃လ အချိန်ယူကာ ရေးသားတတ်မြောက်လာသောထို လူငနွားတို့ သည် ငါကွ၊ ငါကွ စိတ်ဘ၀င်မြောက်ကာ ကျွန်တော်တို့ အပြင်းပြေ အောင် ပညာပေးမျှသာ လုပ်သည့် ဘလော့ရေးခြင်းအား မီဒီယာစစ်ပွဲဟု အမည်မှဲ့တပ်ကာ ရေးသားကြကုန်၏။
သို့ရာတွင် မမှန်တရားအား ရေးသားရခြင်း ကြောင့် လူ့အရှက် သိက္ခာစသည်တို့အား ကြက်တန်းတွင် ခ၀ါချထားကြရကာ ထိုကဲ့သို့ ခ၀ါချထားရကြောင်းကိုလဲ အာပတ်လွတ် စေရန် ဘလော့ဂ်ပေါ်တွင် ဖော်ပြထားကြရပေသေးသည်။ ထိုကဲ့သို့ အရှက်မဲ့စွာ ရေးသားပြောဆိုသည့်အတွက် ရရှိလာသည့် နေ့တွက်မှာကား မြန်မာငွေ ကျပ် ၂၀၀၀မျှသာ တည်း။ နာဂစ်ဒေသတွင် အိမ်သာကျင်းတူးစားပါက တစ်နေ့လျှင် ၅၀၀၀ ကျပ်ပေးမည်ဟု ကျွန်တော်တို့က ကမ်းလှမ်းသော်လည်း အချောင်ခို အချောင်နှိုက်ကာ စားသောက်ချင်သည့် အောက်တန်းစားများ ဖြစ်သည့် အားလျှော်စွာ ကျပ်၂၀၀၀နှင့် ဖားနိုင်လျှင် ရရှိလာမည့် အခွင့်အလမ်း ၊ ပါမစ်များကိုသာ စောင့်စားကြလေသည်။
ထိုလူ့ဗာလများသည် ၀ါးလုံးခေါင်းထဲထိုင်ကာ ဘုန်းကြီးသတ်နိုင်ယုံ၊ အားနွဲ့သူ မိန်းမသားများအား သေနတ်ပြ မုဒိန်းကျင့်နိုင်မျှဖြင့် တစ်ကမ္ဘာလုံးအား ယှဉ်ပြိုင်အနိုင်ယူ နိုင်ပြီ ထင်မှတ်နေကြသော်ငြားလဲ သူတို့ကိုယ်တိုင် အချိန်မရွေး ခလုပ်တစ်ချက်နှိပ်ယုံမျှဖြင့် အမှုံ့ တောင်မကျန် ဈာန်ကြွသွားစေနိုင်သည့် ဒုံးပျံ စက်ကွင်းအလယ်တွင် ထိုင်နေကြရရှာသည်ကို မြင်တော်မမူ။ မိုးကြိုးပစ်သည်ကို ထန်းလက်နှင့် ကာနိုင်မည်ဟု ထင်မှတ်နေကြဆဲသာ ဖြစ်လေသည်။
ထိုသူများ ရေးသားထားသည့် စာအရေးအသား အဆင့်အတန်းကို ဖတ်ရှုသုံးသပ်ရသော် သူငယ်တန်း ကာရန် ကဗျာကိုတောင်မှ ဖြောင့်အောင် မရေးနိုင်သော်လဲ လူကောင်းများအား စိတ်အနှောက်အယှက်ဖြစ်စေရန်သာ ဦးတည်သည့်အတွက် ကာရန် မိမိ ၊ မမိမိ ။ မှန်သည် မှားသည်မကြည့် ပဲ မြိုင်မြိုင်ကြီးရေးသားကြရာ လူကောင်းများမှာ များစွာ စိတ်ဒုက္ခရောက်ရ ကြရှာလေ၏။
မြန်မာပြည်တွင် စားဝတ်နေရေး အလွန်အမင်းပင် ကျပ်တည်းမှုကြောင့် ထိုသို့ ရေးသား စားသောက်ရရှာသည်ကို သိရှိကြသော သူတော်ကောင်းတို့ မှာမူကား ဒေါသမထွက် ပဲ လူ့ငနွားတို့အား ခွင့်လွှတ်ကြရှာပေ၏။ မိမိတို့ တရားသဖြင့် ရှာဖွေထားသော ဖြူစင်သန့် ရှင်းသည့် ငွေကြေးများစွာထဲမှ မြန်မာပြည်တွင်းဒုက္ခတွေ့ နေကြရသည့် ပြည်သူများအားလဲ တတ်နိုင်သလောက် ပေးကမ်းထောက်ပံ့မှုကို ပြုကြရှာပေ၏။ ထမင်းကျွေးသည့် လက်ကို ကိုက်သည့် လူငနွားများအား ထမင်း ကျွေးမြဲ ကျွေးကြပေ၏။
ထိုသူတော်ကောင်းများ ရင်လေးသည့် အရာမှာမူကား ဇရက်ကို ဂျိုးထင်၊ သမက်ကို သူခိုးထင်၊ စစ်ခွေးအား အရှင်ဘုရား ထူးနေကြသည့် သူများ နောက်တစ်ချိန်တွင် သူတို့ သားသမီး ဇနီးမယားများ စစ်ခွေး ကျွန်ပြုခံရမည့်အရေး ၊ အစော်ကားခံရမည့် အရေး စစ်ခွေးနောက်ကပ် တရုတ်၊ ကုလား၊ ယိုးဒယားက ပါ ၀င်ရောက်စော်ကားကြမည့် အရေးပင် ဖြစ်ချေတော့သတည်း - - - -
အမည်မသိခေတ်စာဆို

Saturday, June 14, 2008

Myanmarnese, Are we corrupt? And how you wanna deal with it? (2)

အကျင့်ပျက်မှု ကိုဘယ်လိုတိုက်ဖျက်ကြမလဲဆိုတာကို ဆက်လိုပါတယ်။ အာရှနိုင်ငံများရဲ့ အကျင့်ပျက်ချစားမှု တိုက်ဖျက်ခဲ့ရမှာ စံနမူနာယူရလောက်အောင် အောင်မြင်ခဲ့ရတဲ့ နိုင်ငံများနဲ့ အဖွဲ့အစည်းများကတော့ ဖိလစ်ပိုင် နိုင်ငံရဲ့ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ဟောင်ကောင်ပြည်သူ့ရဲတပ်ဖွဲ့ နဲ့ စင်ကာပူနိုင်ငံရဲ့ အကောက်ခွန်ဌာန ဖွဲ့စည်းတည်ဆောက်ပုံများပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ အကောက်ခွန်ဌာန မှာ ညွှန်ကြားရေးမှူးချုပ်ဖြစ်ခဲ့သူ ၊ အကောက်ခွန်အဖွဲ့အစည်းအတွင်းက အကျင့်ပျက်ချစားမှုများကို တိုက်ဖျက်နိုင်ခဲ့သူ ဖရန် ပလန်နာ (Efren Plana) ရဲ့ အတွေ့အကြုံကတော့ ဒီလိုပါတဲ့ ခင်ဗျာ။

- အခွန်ကောက်စာရေး ခရုဇ် ဆိုတဲ့သူဟာ ကား (၃)စီးပိုင်ကာ အိမ်ကြီးအိမ်ကောင်းကြီးထဲမှာ အကုန်အကျများလှတဲ့ ပါတီပွဲတွေကို အဆက်မပြတ်ပေးနိုင်ပါတယ်တဲ့။

- လောရိုလို့ခေါ်တဲ့ အငယ်တန်းစာရေးတစ်ယောက်ကတော့ ဘဏ်ကပေးလိုက်တဲ့ လက်ခံကို ပီဆို (၂)သိန်းကျော်ပိုရေးပြီးတင်ထားတယ်ဆိုတာ စာရင်းတွေစစ်ကြည့်တဲ့အခါမှာ တွေ့ရပါတယ်။

- ဘောင် (Bong) ဆိုတဲ့ အမြတ်ခွန် ကောက်စာရေးကတော့ ကျွန်းသစ်ကုမ္ပဏီ တွေက အခွန်ငွေ ပီဆို (၁) သန်းကျော်ကို သူ့ရဲ့ ကိုယ်ပိုင် ဖြတ်ပိုင်းစာအုပ်ထဲကနေ ရေးပေးလိုက်ပါတယ်တဲ့။ အစိုးရဆီလဲ အဲဒီ့ငွေမရောက် ကုမ္ပဏီကတော့ အခွန်ပေးပြီးသားဖြစ်သွားပြီပေါ့။

- ရီးရက်(စ်) နဲ့ ဆန်တို့(စ်) တို့ ၂ဦးစလုံးဟာ စုံစမ်းစစ်ဆေးရေးမှူးတွေပါ။ သူတို့ရဲ့ တာဝန်က ကုမ္ပဏီပိုင်ရှင် တွေ အခွန်ဆောင်တာဟာ စာရင်းမှန်ကန်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးရပါတယ်။ ကုမ္ပဏီတစ်ခုဟာ အခွန်ငွေ ပီဆို (၂) သန်းကျော် ထိန်ချန်ထားတာကို သူတို့တွေ့ခဲ့ပါတယ်တဲ့။ အဲဒီ့ကုမ္ပဏီပိုင်ရှင်ကို သူတို့ ပါးစပ်ပိတ်ထား စေချင်ရင် ပီဆို (၁) သန်းပေးပါလို့ တောင်းပါတယ်။ ဒါပေမဲ့ အဲဒီ့ကုမ္ပဏီပိုင်ရှင်က ရဲကိုတိုင်ပြီးတော့ ထောင်ဖမ်းလိုက်တော့ သူတို့နှစ်ဦးစလုံး အဖမ်းခံလိုက်ရပါတယ်။

ပြီးတော့ အဲဒီလို အကျင့်ပျက်ချစားနေတာတွေကလဲ သိသိသာသာပါပဲတဲ့။ မနီလာမြို့ရဲ့ အကောင်းဆုံး၊ ဈေးအကြီးဆုံး ၊ အပျံစားဆိုတဲ့ကားတွေကို ကြည့်ချင်ရင် အခွန်ဦးစီးဌာနရဲ့ ကားရပ်တဲ့ နေရာမှာပဲ သွားကြည့်လိုက်ပါလို့ အဲဒီ့ပြည်တွင်းဦးစီးဌာနက ၀န်ထမ်းတစ်ဦးက သုတေသနပညာရှင်တစ်ဦးကို ပြောခဲ့တယ်လို့ဆိုပါတယ်။

လာဘ်စားမှုကို တိုက်ဖျက်တဲ့နေရာမှာ ပထမဆုံးလုပ်ဆောင်ရမဲ့အရာက အဲဒီ့ဌာနတစ်ခုခုရဲ့ အထက်ဆုံးက လူ ကို ပြောင်းပစ်ရမယ်လို့ ပလန်တာက ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ ဌာနရဲ့ အထက်ဆုံးနဲ့တင် မလုံလောက်လောက်တော့ပါဘူး။ အထက်ဆုံးကြီး ဘ၀ပြောင်းတော့မယ်လို့တော့ ထင်ရတာပဲဗျာ၊ နော့်။ ကျွန်တော်တို့အမြင်ကို ပြောပြတာပါ။ ပလန်တာကို ဖိလစ်ပိုင် သမ္မတ မားကို့(စ်) က ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ကော်မရှင်နာမင်းကြီးအဖြစ် တာဝန်ယူဘို့ ၁၉၇၅ခုနှစ်မှာ တာဝန်ပေးအပ်ခဲ့ခြင်းဟာ အထက်ဆုံးက လူကို ပြောင်းပစ်လိုက်တာပါပဲ။
အကျင့်ပျက်မှု အတိုင်းအတာကို ခန့်မှန်းသည့် ပထမအဆင့်
ပထမဆုံး ပလန်တာဆောင်ရွက်ရတဲ့ အရာတွေကတော့ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ လုပ်ငန်းဆောင်တာ တွေကို သင်ယူဘို့နဲ့ ကြုံတွေ့နေရတဲ့ ပြသနာတွေကို သိရှိနားလည်ဘို့ပါပဲ။ ပထမဆုံးအနေနဲ့ အခွန်ဦးစီးဌာနရဲ့ အရာရှိကြီးပိုင်းတွေကို ပလန်တာ အုပ်စုလိုက် အစည်းအဝေးခေါ်ပြီးတော့ တွေ့လိုက် ပါတယ်။ ပြီးတော့ သူတို့တစ်တွေဦးဆောင်နေရတဲ့ ဌာနခွဲတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုပုံစံတွေ ၊ တွေ့ကြုံနေရတဲ့ ပြသနာတွေ အဲဒီ့ပြသနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အကြံပေးချက်တွေ ကို ရီပို့ ရေး ပြီးတော့ တင်ခိုင်းပါတယ်။ အဲဒီ့ရီပို့တွေ ရေးဘို့အတွက် အချိန်ကိုလဲ (၂)ရက်ပဲ ပေး ပါတယ် တဲ့။ အဲဒီမှာ ပလန်တာ အံ့အားသင့်ခဲ့ရတဲ့ အရာတစ်ခုကတော့ အကျင့်ပျက်ချစားမှုဟာ ပြည်တွင်းအခွန်ဦးစီးဌာနကြီးရဲ့ အဓိကပြသနာကြီးဖြစ်ပေမဲ့ တော်တော်များများ အရာရှိကြီးတွေဟာ အကျင့်ပျက်မှုကို ပြသနာတစ်ခု အဖြစ် ထည့်သွင်း မဖော်ပြ ကြဘူးဆိုတာပါပဲ။
အဲဒီ့နောက်မှာတော့ ပလန်တာဟာ အရာရှိကြီးတွေကို တစ်ဦးချင်းသီးခြားဆီ တွေ့ဆုံ မေးမြန်းပါတယ်။ သူပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနထဲကို ကိုယ့်ကိုကိုယ် အလွန်သန့်ရှင်းတဲ့သူ တစ်ယောက်၊ ပြီးတော့ အဲဒီ့ဌာနထဲကလူတွေအားလုံးဟာ အကျင့်ပျက်တွေချည်းပဲလို့ မှတ်ယူပြီးဝင်သွားလို့ မရပါဘူး။ အဲဒီ့လိုထင်ပြီး လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မင်းဘယ်လိုလုပ် ရတော့မလဲ ဆိုတာပါပဲ။ အဲဒီ့နောက်မှာတော့ အလယ်တန်းအရာရှိတွေ၊ စာရေးတွေ၊ ပြည်သူလူထု အများကြီးနဲ့ ပလန်တာ တွေ့ဆုံဆွေးနွေးပြီး အကြံဥာဏ်တွေ သတင်းအချက်အလက်တွေ ရယူခဲ့ပါတယ်။
အဲဒီ့သတင်းအချက်အလက်တွေ အကြံဥာဏ်တွေရရှိလာခဲ့ပြီးတဲ့အခါမှာတော့ ပလန်တာဟာ အကျင့်ပျက်မှု မရှိခဲ့တဲ့ အရာရှိကြီးတွေကို အခွန်ဦးစီးဌာနရဲ့ အလုပ်ခန့်အပ်မှုတွေ ၊ အခွန်ပေးဆောင်မှုစံနစ် ပုံစံတွေကို လေ့လာဆန်းစစ်ဘို့အတွက် တာဝန်တွေထပ်ဆောင်းပေးခဲ့ပါတယ်။ နောက်ပြီးတော့ သန့်ရှင်းမှု အရှိတကာ့ အရှိဆုံးဆိုတဲ့ အသက်ငယ်ရွယ်သူ လက်မှတ်ရပြည်သူ့စာရင်းကိုင် (CPA) ခြောက်ယောက်ကို ခေါ်ယူပြီးတော့ သင်္ကာမကင်းရှိဘွယ်ရာ အပိုင်းတွေကို စစ်ဆေးခိုင်းလိုက်တဲ့အခါမှာ ပလန်တာဟာ အခွန်ဦးစီးဌာနအတွင်းမှာ ဘယ်လို့ လာဘ်ပေးလာဘ်ယူမှုတွေပြုလုပ်ကြတယ်။ ဘယ်လိုနည်းလမ်းနဲ့ လိမ်ညာကြသလဲဆိုတာကို ရှင်းရှင်းလင်းလင်းကြီး သိလာရပါတယ်တဲ့။
အဲဒီလိုသိလာပြီးနောက်ပိုင်းမှာတော့ပလန်တာဟာ ဌာနတွင်း ရှင်းလင်းမှုကို ပြတ်ပြတ်သားသား ဆောင်ရွက် ပါတော့တယ်။ လာဘ်စားတဲ့သူကို မြန်မြန်ဆန်ဆန်နဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းဟာ အကျင့်ပျက်မှုကို တိုက်ဖျက်ရာမှာ အလွန်ပဲထိရောက်မှု ရှိတယ်လို့ သူကဆိုပါတယ်။ ၁၉၈၅ခုနှစ် ပလန်တာ ပင်စင်ယူတဲ့ အချိန်မှာတော့ ဖိလစ်ပိုင်ပြည်တွင်းအခွန်များဦးစီးဌာနဟာ အလွန်ပဲ နာမည်ကောင်းရ နေခဲ့ပါပြီ။
ဒီနေရာမှာ တစ်ခုစိတ်ဝင်စားစရာကောင်းတာက ပလန်တာကို ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ ချစားမှုကို တိုက်ဖျက်ပစ်ပါလို့ တာဝန်ပေးခဲ့တဲ့ ဖိလစ်ပိုင် သမ္မတ မားကို့စ်ဟာ အကြီးအကျယ်အကျင့်ပျက်ခဲ့တဲ့ သူတစ်ယောက် ဖြစ်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ နိုင်ငံ့ရဲ့ စီးပွားရေး အမှန်တစ်ကယ်အကြီးအကျယ် ယိမ်းယိုင်ပျက်စီး လာချိန် (၁၉၇၀ နှစ်လယ်များအတွင်း ဖိလစ်ပိုင် စီးပွားရေးကျဆင်းမှု) မှာတော့ သမ္မတမားကို့စ်ဟာ အကျင့်ပျက်မှုကို တိုက်ဖျက်ပစ်ရမယ်ဆိုတဲ့ အသိတရားကိုတော့ ၀င်ခဲ့ပုံရ ပါတယ်။ မြန်မာနိုင်ငံရဲ့ သေခါနီးမားကို့စ်များ၊ မားကို့စ်ထက်ဆိုးသူများ ဒီဖြစ်ရပ်ကို သင်ခန်းစာယူကြဘို့ တိုက်တွန်းပြောကြားရင်း ဒီပို့စ်ကို ခေတ္တ အဆုံးသတ်ပါရစေလား ခင်ဗျာ။

Thursday, June 12, 2008

Relief Photos

တစ်ကယ်ကို လောကကြီးနဲ့ လူသားတွေအတွက် တန်ဘိုးရှိတဲ့ သတ္တိခဲ အမျိုးသမီးတွေပါခင်ဗျာ။



၃နာရီခွဲလောက် စက်လှေစီးရတဲ့ ခရီးကို သွားခဲ့ကြတာပါ



အလှူကို လက်ခံယူနေကြတဲ့ရွာသားများ



အစစအရာရာပြည့်စုံပါတယ်လို့ မြန်မာ့အလင်းကဆိုထားတဲ့ ရွာသားတွေ ပြောကြားတာကတော့ တစ်လအတွင်းမှာ အဆိုးရ ဆီကရတဲ့ အထောက်အပံ့ဟာ အိမ်ထောင်တစ်ခုအတွက် ဆန်နို့ဆီဗူး (၄)လုံး ၊ လူ၎ဦးအတွက် ခရမ်းချဉ်သီး (၁)လုံးပါတဲ့။

Tuesday, June 10, 2008

Crooked Eyes, Introspection is the most you all needed

အရှက်တရားနဲ့ အကြောက်တရား ဆိုတဲ့ ခံစားမှုမျိုးတွေကို လူရယ်လိုဖြစ်လာပြီး ကတည်းက လူလိုခံစားနားလည်တတ်တဲ့သူတိုင်း ခံစားကြရဘူုးတာဟာ ဓမ္မတာပဲဖြစ်ပါတယ်။ ရှက်ခြင်း၊ ကြောက်ခြင်း စတဲ့ စိတ်ခံစားမှုများအပြင် ၊ အခြားခြားသော စိတ်ခံစားမှု များစွာကို လဲ ကျွန်တော်တို့အနေနဲ့ နေ့စဉ်နဲ့အမျှ ကြုံတွေ့ ခံစားရလေ့ရှိစမြဲပါ။ အဲဒီ့ အရှက်၊ အကြောက်တွေကို ခံစားနားလည်ပြီးတော့ လူသားတစ်ယောက်လို ကျင့်ကြံပြုမူ လက်ခံနိုင်ဘို့ရာအတွက် Introspection လို့ခေါ်တဲ့ မိမိကိုယ်မိမိဆန်းစစ်မှု အသိဥာဏ် ကို မှန်ကန်စွာနဲ့ မြင့်မားစွာ ရရှိပိုင်ဆိုင်ထားဘို့ လိုအပ်ပြန်ပါတယ်။ မိမိကိုယ်မိမိ ဆန်းစစ်နိုင်တဲ့ အသိပညာဟာ ငြင်းချက်ထုတ်စရာ မလိုလောက်အောင်ကို လိုအပ်တဲ့ အရာတစ်ခုဖြစ်ပြီးတော့ ဘယ်တော့မှလဲ ဆုံးခန်းတိုင်အောင် ပြည့်စုံစွာ သိရှိသွားတယ်ဆိုတာ မရှိပါဘူး။
တစ်ချို့သော သူများအတွက် အရှက်တရားဆိုတာမျိုးဟာ မိမိဘ၀ကိုယ်မိမိ ဆုံးခန်းတိုင်အောင်၊ သေကြောင်းကြံစည်မှုပြုသည် အထိ ကြီးမားမှုရှိကြတာကို တွေ့နိုင်ပါတယ်။ ဒါမျိုးကိစ္စရပ်တွေဟာ အပြင်ပန်း က နေကြည့်နေသူတစ်ဦး တစ်ယောက်အနေကတော့ နားလည်ပေးဘို့ရာ အလွန်ခက်ခဲလေ့ရှိတာကို တွေ့ရပါတယ်။ မရှက်တတ်သူ၊ မရှက်ဘူးသူတစ်ယောက်အနေနဲ့ အရှက်ကြီးလွန်းလို့ မိမိကိုယ်မိမိ သတ်သေသွားသူတစ်ယောက်ကို ရုပ်ဝါဒ တစ်ခုအပေါ်တင်မှာပဲ အခြေခံပြီးတော့ ပိုက်ဆံမရှိလို့၊ ဆင်းရဲလို့၊ ကျပ်တည်းမှုဒဏ်ကို မခံနိုင်လို့ မိမိကိုယ်ကို သေကြောင်းကြံသွားတယ်လို့ ပဲ ကောက်ချက်ချကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှက်တတ်သူတစ်ယောက်ခံစားသွားရတဲ့ နာကျင်မှုတွေ၊ မိမိကိုယ်မိမိတန်ဘိုးမရှိတော့ဘူး လို့ခံစားရတာတွေကိုတော့ မရှက်ဘူးသူတွေဟာ နားလည်နိုင်ကြမှာ မဟုတ်ပါဘူး။
ရှက်ခြင်း၊ ကြောက်ခြင်း အစရှိတဲ့ ခံစားမှုတွေကို လုံးဝမခံစားဘူးသူတွေ ဒီကမ္ဘာပေါ်မှာ အများကြီးရှိတယ်လို့ လူမှုရေးသိပ္ပံပညာရှင်တွေဆိုကြ ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် ရှက်ခြင်း ကြောက်ခြင်းအစရှိတဲ့ စိတ်ခံစားမှုတွေနဲ့ ကင်းမဲ့ခဲ့ရတဲ့သူတွေဟာ လဲ ဒီလိုမျိုး ရှက်တယ်၊ ကြောက်တယ်ဆိုတာ ဘယ်လိုခံစားမှုမျိုးလဲဆိုတာကို မေ့လျော့သွားတတ်ကြတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒါမျိုးလူတွေဆီမှာ ရှက်စိတ်၊ ကြောက်စိတ် လုံးဝကင်းမဲ့နေတာတော့ မဟုတ်ပါဘူး။ Character လို့ခေါ်တဲ့ လူတစ်ဦးတစ်ယောက် (သို့) အရာဝတ္တု တစ်ခုခုရဲ့ စရိုက်လက္ခဏာတွေကို ပုံစံသွင်း ပြုပြင်ခံခဲ့ရတဲ့ သူတွေဆီမှာ Pridefulness လို့ခေါ်တဲ့ မိမိကိုယ်မိမိ အထင်ကြီးခြင်းနဲ့ ၊ Contempt လို့ခေါ်တဲ့ တစ်ပါးသူကို အထင်သေးခြင်း Character တွေ အားကောင်းလာတဲ့အချိန်မှာ Shame နဲ့ Fear လို့ခေါ်တဲ့ ရှက်ခြင်း၊ ကြောက်ခြင်း စရိုက်တွေယုတ်လျော့လာရ ခြင်းပဲဖြစ်ပါတယ်။ စိတ်ခံစားမှု အရမ်းပြင်းထန်လာပြီဆိုရင်လဲ Cognitive Analysis လို့ခေါ်တဲ့ စိတ်ခံစားမှုကို ဘေးဖယ်ထုတ်ထားပြီးတော့ စဉ်းစားချင့်ချိန်မှုမျိုးကို ပြုလုပ်နိုင်တဲ့ အသိဥာဏ်ဟာ အလုပ်မလုပ်နိုင်တော့ လောက်အောင် ဖြစ်တတ်ပါတယ်။ ဒီလိုအခါမျိုးမှာလဲ အရှက်တရားနဲ့ အကြောက်တရား ကင်းကွာသွားတတ်ပါတယ်။ အဲဒါမျိုးအရှက်တရား ၊ အကြောက်တရား ကင်းမဲ့တဲ့သူတွေရှိနေပေမဲ့ လောကကြီးမှာ ရှက်ရမဲ့ အရာ အပြုအမူတွေ၊ တစ်ကယ့်ကို ကြောက်စရာကောင်းတဲ့ အရာတွေ ၊ အပြုအမူ တစ်စုံတစ်ခုကို ပြုလုပ်လိုက်တဲ့အတွက် ကြောက်လန့်စရာကောင်းတာတွေ ဖြစ်ပျက်လာနိုင်တဲ့ အချက်တွေဟာ ကင်းမဲ့နေတာမဟုတ်ပါဘူး။ လောကကြီးမှာ ကြောက်စရာ တစ်စုံတစ်ခုကို ကြောက်စရာကောင်းမှန်းမသိပဲ ပြုလုပ်နေသူတွေ၊ ရှက်စရာအပြုအမူတွေကို ရှက်စရာကောင်းမှန်းမသိပဲ၊ ဒါမှမဟုတ် သိသိကြီးနဲ့ပဲ ပြုမူကျင့်ကြံနေသူတွေဟာ ဒုနဲ့ဒေးရှိနေဆဲပါ။
လူတစ်ဦးတစ်ယောက်ဟာ မိမိကိုယ်မိမိဝေဖန်ဆန်းစစ်တော့မယ်ဆိုရင် အကန့်အသတ်တွေအများကြီးကို တွေ့ကြုံလာရတတ်ပါတယ်။ ဆိုလိုချင်တာက မိမိကိုယ်မိမိဆန်းစစ်မှုဟာ ကန့်သတ်ခံထားရတဲ့ ဘောင်တစ်ခုအတွင်းမှာပဲ ရှိနေတတ်တာပါပဲ။ ဥပမာအားဖြင့် အကြောင်းအရာတစ်ခုကို ဘယ်လောက်သိသလဲ ကိုယ့်ကိုကိုယ်ဆန်းစစ်ကြည့်ကြေးဆိုရင် ကိုယ်ကျင်လည်နေရတဲ့ ဘောင်ကျဉ်းကျဉ်းကလေးမှာပဲ ပြန်ကြည့်လိုက်ပြီးတော့ ကိုယ့်ကိုကိုယ် ဆုံးဖြတ်ချက်ချလိုက်တာမျိုး ဒါမှမဟုတ် ဆုံးဖြတ်ချက်တစ်ခုခုကို ချလိုက်တာမျိုး ပြုလုပ်တတ်ကြပါတယ်။ ဒါမျိုးအခြေအနေတွေကို ကျော်လွှားနိုင်ဘို့ရာအတွက် နည်းလမ်းတွေရှိပါတယ်၊ ဒါပေမဲ့ဒီနည်းလမ်းတွေဟာလဲ အခုနကကျွန်တော်တို့ ဆိုခဲ့တဲ့ ကန့်သတ်မှု ဘောင်တွေရဲ့ နယ်ပယ်ကို ချဲ့ထွင်ဘို့ရာ အတိုင်းအတာတစ်ခုအထိပဲ တတ်နိုင်ပါတယ်။ အဲဒီ့နည်းလမ်းကတော့ မိမိကိုယ်မိမိ သုံးသပ်ဆန်းစစ်တော့မယ်ဆိုရင်၊ အကြောင်းအရာတစ်စုံတစ်ခုကို သုံးသပ်ဆန်းစစ်တော့ မယ်ဆိုရင် ထိန်းချုပ်မှုတစ်ခုခုကနေကင်းဝေးနေတဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ လူတွေရဲ့ အပြုအမူတွေကို လေ့လာခြင်းပဲဖြစ်ပါတယ်။ အဲဒီလိုမျိုး လေ့လာမှုတွေကနေရရှိလာတဲ့ အသိဥာဏ်တွေဟာလဲ အကန့်အသတ်ရှိတယ်ဆိုတာကိုတော့ ကျွန်တော်တို့ မေ့ထားလို့မရနိုင်ပါဘူး။
ကောင်းပါပြီ အထက်ကကျွန်တော်တို့ ရှည်ရှည်ဝေးဝေးပြောနေခဲ့တဲ့ အကြောင်းအရာတွေရဲ့ အဓိက ရည်ရွယ်ချက်ကို အခုမှပဲ စပြီးတော့ ရှင်းနိုင်ပါ့မယ်။ ရှက်ခြင်း၊ ကြောက်ခြင်း အစရှိတဲ့ အကြောင်းကို ပြောနေတာတွေ ၊ မိမိကိုယ်မိမိ ဆန်းစစ်ခြင်းအစရှိတာတွေကို ရှည်ရှည်ဝေးဝေးပြောနေတာတွေဟာ တစ်ခြား ကြောင့်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက သံဃာတွေကို ရက်ရက်စက်စက်ရိုက်နှက် သတ်ဖြတ်ခဲ့တဲ့ အုပ်စုဝင် လူ့အနွတ်တတွေဟာ သံဃာတော်တွေကို စော်ကားမှု ကံကို မိုက်ရိုင်းစွာ နောက်ထပ်တစ်ဖန် ကျူး လွန်မှုပြုလာကြပြန်တာကို တွေ့ရပါတယ်။ ဒါမျိုးကောင်တွေ ကိုယ့်ကိုကိုယ် စဉ်းစား ဆန်းစစ်မှု ပြုနိုင်ဘို့ရာ၊ အရှက်တရား၊ အကြောက်တရားဆိုတာ ဒါမျိုးကောင်တွေဆီမှာ ကင်းမဲ့နေပေမဲ့ တစ်ကယ်ကိုကြောက်စရာကောင်းတဲ့အရာတွေဟာ ကမ္ဘာပေါ်မှာ ရှိနေသေးတယ်၊ ဒါမျိုးကြောက်စရာကောင်း တာတွေကို တစ်ချိန်ချိန်မှာ ကြုံတွေ့လာရနိုင်တယ်ဆိုတာကို သတိပေးဘို့ရာ ရေးသားရလိုက်ရခြင်းပဲ ဖြစ်ပါတယ်။ မိမိကိုယ်မိမိမကြောက်တတ်ဘူး ထင်နေသူများသိစေဘို့ရာ လူတွေဆီမှာ ဖြစ်ပေါ်လေ့ရှိတဲ့ စိတ်ခံစားမှုအချို့နဲ့ကို ဖော်ပြပေးလိုက်ပါတယ်။
အရှက်တရား - စစ်ခွေးတွေမှာ မရှိပါ။
မထီလေးစားပြုလိုမှု - စစ်ခွေးများထံတွင် အပြည့်ရှိသည်။
အပြစ်ရှိသည်ဟုခံစားရခြင်း - စစ်ခွေးများထံတွင်မရှိပါ။
ဒေါသ - စစ်ခွေးများ မထွက်ဘူးသေးပါ။ ထိုဒေါသထွက်သည့်နေ့သည် သေရန်နီးလာသည့်နေ့ဖြစ်ရမည်။
မိမိကိုယ်မိမိအထင်ကြီးခြင်း - စစ်ခွေးများ ထံတွင်ရှိနေကြသည်။ (ကောင်းပါသည်၊ ရန်သူအားအထင်သေးခြင်း သည် ကိုယ့်သေတွင်းကို တူးခြင်းဖြစ်သည်)
မာန - စစ်ခွေးများခေါင်ခိုက်နေကြသည်။
လေးစားမှု - စစ်ခွေးများထံတွင် နည်းပါးသည်။
အားကျခြင်း - စစ်ခွေးများ တိတ်တိတ်ကလေးသာ အားကျရပါသည်။
မတရားမှုကို ဒေါသထွက်ခြင်း (Indignation) - စစ်ခွေးများကြောင့် ကျွန်တော်တို့ ဒေါသ ဖြစ်ရပါသည်။
စာနာထောက်ထားခြင်း - စစ်ခွေးများထံတွင် လုံးဝမရှိပါ။
ဂရုဏာဖြစ်ခြင်း - စစ်ခွေးများထံတွင် မရှိပါ။
သူတစ်ပါးအား ပျက်စီးလိုသည့် ဆန္ဒ၊ ယုတ်မာသည့်စိတ်ထား (Malice) - စစ်ခွေးများ လွန်ကဲစွာရှိကြသည်။
လောဘစိတ်၊ မလိုမုန်းထားစိတ် (Gloating) - စိတ်ခွေးများထံတွင် အပြည့်ရှိသည်။
အထက်ပါစိတ်ခံစားမှုတွေအပြင်၊ ချစ်ခြင်း၊ မုန်းခြင်း ၊ ကြောက်လန့်ခြင်းနဲ့၊ မနာလိုခြင်း အစရှိတဲ့ စိတ်ခံစားမှုမျိုးတွေလဲ များစွာရှိပါသေးတယ်။ စိတ်ပညာရှင်များရဲ့ လေ့လာမှု အရ အထက်ပါစိတ်ခံစားရမှု တွေပေါ်ပေါက်လာရခြင်းဟာ မိမိကိုယ်တိုင်ရဲ့ အကျင့်စရိုက်၊ ပြုမူလုပ်ကိုင်ခဲ့တဲ့အချက်တွေ၊ တစ်ပါးသူတစ်ဦး တစ်ယောက်ရဲ့ အကျင့်စရိုက်၊ ပြုမူလုပ်ကိုင်မှုတွေအပေါ်မှာ မူတည်ပြီးတော့ ပေါ်ပေါက်လာရတယ်လို့ ဆိုကြပါတယ်။ နောက်ပြီးတော့ စိတ်ခံစားရမှုအားလုံးဟာ အစုအဖွဲ့ တစ်ခုအတွင်းမှာသာ တည်ရှိနေတာမဟုတ်ပဲ နဲ့ အစုအဖွဲ့ကလေးတွေနဲ့ သီးခြားစီတည်ရှိနေကြတယ်ဆိုတာကို စိတ်ပညာရှင်တွေလေ့လာတွေ့ရှိခဲ့ရပါတယ်။
ဥပမာအားဖြင့်ပြောပြရရင် မိမိကိုယ်မိမိအထင်ကြီးခြင်း၊ မာန၊ အပြစ်ရှိတယ်လို့ခံစားရမှုတွေ၊ ရှက်ကြောက်ခြင်း တရားတွေဟာ မိမိရဲ့ကိုယ်ပိုင် အကျင့်စရိုက်အပြုအမူပေါ်မှာပဲ မူတည်နေပြီးတော့ ၊ မည်သူတစ်ဦး တစ်ယောက်ကမျှ လာရောက်ပြောဆို လို့ ပေါ်ပေါက်လာခြင်းမရှိဘူးဆိုတာပါပဲ။ ဆိုလိုချင်တာကတော့ မရှက်တတ်သူတစ်ယောက်ကို ဒီအရာဟာ ရှက်စရာကောင်းတဲ့အရာပါလို့ ဘေးကနေလူတစ်ယောက်က ဘယ်လောက်ပဲ ပြောပြနေနေ အဲဒီ့မရှက်တတ်သူက မိမိကိုယ်မိမိ ဝေဖန်ဆန်းစစ်မှု မပြုလုပ်ဘူးဆိုရင် အဲဒီ့လူဟာ အရှက်မဲ့တဲ့လုပ်ရပ်ကို ထပ်ကာတစ်လဲလဲ လုပ်နေဦးမှာပါပဲလို့ ဆိုတာပါ။
ကောင်းပါပြီ၊ အရမ်းရှည်ရှည်ဝေးဝေးပြောမနေတော့ပါဘူး။ မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံးကသာ မက ကမ္ဘာ့လူ့ အဖွဲ့အစည်း ကပါ ရိုသေလေးစားစွာ ပြောဆိုဆက်ဆံကြတဲ့ သံဃာတော်များကို စော်ကား နေကြတဲ့ အရှက် အကြောက်မရှိသူတစ်စုကို ဒီတစ်ခုပြောပါရစေ။ ကိုယ့်ကိုကိုယ်ဘာကောင်လဲဆိုတာ၊ ကိုယ်ဘာတွေလုပ်နေသလဲဆိုတာကို နဲနဲလောက်ပြန်ဆန်းစစ်ကြည့်ကြစမ်းပါ။ မင်းတို့လိုကောင်တွေဆီမှာ အရှက်တရား၊ အကြောက်တရားရှိသလားဆိုတာ ပြန်ဆန်းစစ်ကြည့်ကြစမ်းပါ။ ဆန်းစစ်တဲ့နေရာမှာ ကိုယ်ကျင်လည်နေတဲ့ အသိုင်းအ၀န်းသေးသေးကလေးထဲက ဘောင်တွေကို ဖယ်နိုင်အောင် ကြိုးစားလိုက်ကြပါဦး။ ရုရှားဟာ ကမ္ဘာကြီးမဟုတ်သလို၊ ရုရှားဟာ Frist World လို့ခေါ်တဲ့ နိုင်ငံတွေထဲကိုတောင်ကိုမှ ၀င်နိုင်စွမ်းမရှိပါသေးပါဘူး။ မြန်မာနိုင်ငံရဲ့စစ်ခွေးခြံဟာ ကမ္ဘာကြီးမဟုတ်သလို၊ အဲဒီ့ စစ်ခွေးခြံပေါက်တွေဟာလဲ လက်နက်မဲ့ ပြည်သူတွေကို ဒုက္ခပေးနိုင်ယုံကလွဲပြီးတော့ တစ်ခြား ဘယ်နိုင်ငံရဲ့ စစ်တပ်ကိုမှ ယှဉ်နိုင်စွမ်းမရှိဘူးဆိုတာ သဘောပေါက်လိုက်ကြစမ်းပါ။ ပခုံးပေါ်မှာတင်ထားတဲ့ အပွင့်ဆိုတာလဲ ၄တန်းတောင်မအောင်တဲ့ မြန်မာနိုင်ငံကလူတွေကိုပဲ ကြောက်ရွံ့မှုကိုပေးနိုင်စွမ်း၊ လူပေါ်လူဇော်လုပ်နိုင်စွမ်းပဲ ရှိတယ်ဆိုတာ မြင်နိုင်အောင် ကြိုးစားလိုက်ကြပါဦး။ ရှက်တတ်ရင် သံဃာတော်တွေကို အခုပြောဆိုနေကြတာတွေကို ရပ်ပစ်လိုက်ဘို့ကောင်းနေပါပြီ ခင်ဗျား။ နာကျင်ခံခက် ဒေသထွက်ကြရတဲ့ ပြည်သူတွေကို တစ်ခုပြောချင်ပါတယ်။ ဒါမျိုးကောင်တွေကို ဒူးထောက်ပြီးတော့ အမလေး အဘလေး အော်အောင် လုပ်ဘို့ရာ လွယ်လွယ်လေးဆိုတာ ကျွန်တော်တို့ ရဲရဲကြီးပြောရဲပါတယ်။ အရှက်မရှိတဲ့သူတွေကို တစ်ချိန်ချိန်မှာ ပညာပေးနိုင်ဘို့ ကျွန်တော်တို့ ကြိုးစားလိုက်ကြရအောင်လား ခင်ဗျာ။

Thursday, June 5, 2008

How Long Can You all Control, nuts? We'll wait and see.

ုပြည်သူတွေ စားနပ်ရိက္ခာ ဖူလုံနိုင်ရေး၊ နိုင်ငံ့အတွက်လိုအပ်တဲ့ နိုင်ငံခြားငွေရရှိရေးနဲ့၊ မြန်မာနိုင်ငံမှာ မှီတင်း နေထိုင်ကြတဲ့ အမျိုးသားများရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဘို့ရာအတွက် မြန်မာနိုင်ငံရဲ့ အဓိကထုတ်ကုန် ကဏ္ဏကြီးတွေဖြစ်တဲ့ ဆန်စပါးနဲ့ လယ်ယာထွက်ကုန် ကဏ္ဏတွေကို အစိုးရက ထိန်းချုပ်ခဲ့တာဟာ ရာစုနှစ် တစ်ဝက်မကကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ့နောက်ကွယ်မှာတည်ရှိနေတဲ့ မြန်မာနိုင်ငံ အစိုးရအဆက်ဆက်ရဲ့ အရေးပါတဲ့ နိုင်ငံရေး နဲ့ စီးပွားရေး ယုံကြည်မှုကြီးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဆန်စပါးနဲ့ လယ်ယာထွက်ကုန်တွေ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း တွေကို ထိန်းချုပ်နိုင်ခြင်းဟာ အာဏာဆက်လက် စွဲကိုင်ထားဘို့အတွက် အဓိကအကျဆုံးအချက်ပဲဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုပဲ ဖြစ်ပါတယ်။ အဲဒီ့အတွက်ကြောင့်ပဲ စစ်အစိုးရဟာ ဆန်စပါးနဲ့ အခြားအဓိကကျတဲ့ လယ်ယာထွက်ကုန်တွေ ထုတ်လုပ်ရောင်းချခြင်းကို ထိန်းချုပ် နိုင်ဘို့အတွက် လိုအပ်တဲ့ အရာမှန်သမျှကို အတင်းနည်းရော အဓမ္မနည်းပါ မကျန် လိုက်နာကျင့်သုံးတယ်ဆိုတာကို ကျွန်တော်တို့ သိသာထင်ရှားစွာမြင်နိုင်ကြပါတယ်။ ဥပမာအားဖြင့်ပြောရမယ်ဆို ရင် လယ်သမားတွေ ယာသမားတွေ မိမိစိတ်ကြိုက်သီးနှံကို ရွေးချယ်စိုက်ပျိုးနိုင်ခြင်းမရှိတဲ့ အချက်တစ်ခုဟာ စစ်အစိုးရရဲ့ အာဏာတည်မြဲရေးအတွက် ယုတ်မာစွာလုပ်ဆောင်တဲ့အချက်များထဲက တစ်ခုဖြစ်တယ်ဆိုတာကို သိထားသင့်ပါတယ်။
၂၀၀၈ခုနှစ် မေလမတိုင်မီအချိန်ကာလအထိ တစ်လျောက်လုံးမှာ မြန်မာနိုင်ငံ ကို စားနပ်ရိက္ခာပြတ်လတ်မှုဆိုတဲ့ စကားလုံးနဲ့ ဘယ်လိုမှ ယှဉ်တွဲထားလို့မရနိုင်လောက်အောင်ကို မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာဖူလုံမှုရှိပါတယ်။ တစ်ချိန်က ဆန်စပါးတင်ပို့မှုမှာ ကမ္ဘာ့နံပါတ် (၁)နေရာကို ရယူနိုင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၂၀၀၇ခုနှစ်မှာ နံပါတ် (၇)နေရာကိုတော့ ယူနိုင်သေးတယ်ဆိုတာကို တွေ့ရပါတယ်။ ဆန်တန်ချိန်အားဖြင့် သန်းပေါင်း ၂၅.၂ သန်းကျော်ထုတ်လုပ်နိုင်ခဲ့ပြီးတော့ တရားဝင်ထုတ်ပြန်တဲ့ စာရင်းများအရ တန်ချိန် ၁သိန်းခွဲကျော်သာ နိုင်ငံခြားကို တင်ပို့ခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးဆန်တင်ပို့မှုရဲ့ ၀.၅ % သာရှိတာဖြစ်ပါတယ်။ ဒါပေမယ့် စာရင်းထဲမှာမပါတဲ့ ဆန်တန်ချိန် ၁၀ သန်းကျော် (တစ်ကမ္ဘာလုံး ဆန်တင်ပို့မှုရဲ့ ၃၄.၅% ကျော်ဟာ) ထိုင်းနိုင်ငံကို၊ တန်ချိန် ၄.၅ သန်းကျော်ဟာ အိန္ဒိယနိုင်ငံနဲ့ တန်ချိန် ၉ သိန်းကျော်ဟာ တရုတ်ပြည်ကို တရားမ၀င် ခိုးသွင်းရောက်ရှိပြီးတော့ အဲဒီ့နိုင်ငံများကနေမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်ကို ရောက်ရှိတယ်လို့ လေ့လာသူများ ကသုံးသပ်ကြပါတယ်။ ဒီလေ့လာချက်သာမှန်ကန်တယ်ဆိုရင် ကမ္ဘာ့ဆန်ဈေးကွက်အားလုံးရဲ့ ၄၀% ကျော် ၅၀% လောက်ဟာ မြန်မာနိုင်ငံကထွက်ရှိတယ်လို့ ကျွန်တော်တို့ယူဆရပါမယ်။ ဘယ်သူတွေကဘယ်လို တင်ပို့နေသလဲဆိုတာကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။
ဒါပေမယ့် နာဂစ်မုန်တိုင်းအပြီး မြန်မာပြည်မှာ စားနပ်ရိက္ခာရှားပါးမှုနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂက အကြိမ်ကြိမ်သတိပေး နေတာကို ကျွန်တော်တို့သိကြပြီးဖြစ်မှာပါ။ ဘာ့ကြောင့် သူတို့ဒါမျိုးသတိပေးရသလဲ၊ ဒီအချက်ဟာ မှန်ကန်နိုင်မှုရှိသလားဆိုတာ ကျွန်တော်တို့ တွက်ဆကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၈နှစ်ကျော် ၉နှစ်လောက်တုန်းက ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်က လုပ်ခဲ့တဲ့သုတေသန စာတမ်းများကို ကျွန်တော်တို့တင်ပေးလိုက်ပါတယ်။ အခုအချိန်မှာ အဲဒါမျိုးသုတေသနတွေ လုပ်နိုင်သေးရဲ့လားလို့ ကျွန်တော်တို့ကို လာမမေးပါနဲ့။ ရေဆင်းတက္ကသိုလ် ပါမောက္ခကြီး ဒေါက်တာ ဆလိုင်းထွန်းသန်း ဘာဖြစ်သွားသလဲ အားလုံးသိကြမှာပေါ့။ အဲဒီ့အထဲက စာတမ်း အမှတ်(၁)ထဲမှာပါတဲ့ မြန်မာနိုင်ငံရဲ့ မြေဆီလွှာနဲ့ မိုးရေချိန် အခြေပြမြေပုံကို ကိုးကားကြည့်လိုက်ရအောင်ပါ။
ဆန်စပါးစိုက်ပျိုးထုတ်လုပ်ဘို့ အကောင်းဆုံးဖြစ်တဲ့ နုံးမြေ၊ လယ်မြေအမျိုးအစားများဟာ အခု မုန်တိုင်းဒဏ်ခံ လိုက်ရတဲ့ နေရာဒေသတွေမှာပဲ ရှိတယ်ဆိုတာ လူယုတ်မာများ သိအောင်တင်ပြလိုက်ပါတယ်။
နောက်တင်ပြလိုတဲ့အချက်တစ်ခုရှိပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းက လှိုင်သာယာ ဘက်က ကားလမ်းနဲ့ မနီးမဝေးလယ်ကွင်းတွေထဲမှာ လယ်ထွန်စက် ၄၊၅ စီးလောက်ကို ဗီဒီယိုကင်မရာ အလုံး ၂၀လောက်က ၀ိုင်းအုံရိုက်ပြီးတော့ မုန်တိုင်းမိသွားတဲ့ ဒေသတွေမှာ ဆန်စပါးတွေစိုက်ပျိုးဘို့အသင့်ဖြစ်နေပြီ ဆိုပြီးတော့ လန်ကြုတ်ဇာတ်လမ်းဆင်နေပုံကို ကျွန်တော်တို့ မျက်ဝါးထင်ထင်မြင်တွေ့ ခဲ့ရပါတယ်။ သူတို့ကို ဒါလေးပြောပြလိုက်ပါခင်ဗျာ။
ဆန်စပါးစိုက်ပျိုးမယ်ဆိုရင် စပါးပင်ဟာ လေထုထဲက နိုက်ထရိုဂျင်ကို စုတ်ယူပြီးတော့ အစာချက်လုပ်ခြင်း ပြုပါတယ်။ အဲဒီ့နိုက်ထရိုဂျင်ကို ချက်လုပ်ဘို့ရန်အတွက် ဓာတ်မြေသြဇာ ကျွေးယုံတင်မရပဲနဲ့ မြေကြီးထဲမှာ ဘက်တီးရီးယားပိုးမွှားများကိုလဲ ပေါက်ပွားလာအောင် မွေးမြူယူရပါတယ်။ သာမန် မြေကွက်တစ်ခုကို ဆန်စပါး ကောင်းမွန်စွာထွက်ရှိလာဘို့အတွက် ကျောမွဲလယ်သမားတွေဟာ ၂နှစ်၊ ၃နှစ် အရှုံးခံ၊ အပင်ပန်းခံပြီးတော့ အဲဒီ့ဘက်တီးရီးယားတွေကို မွေးမြူလာခဲ့ကြရတာချည်းပဲ ဖြစ်ပါတယ်ခင်ဗျာ။
ဆားရေဟာ ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်တဲ့အတွက် ဒဏ်ရာအနာတရ ရရှိ လာရင်တောင်မှ အရက်ပျံမရှိရင် ဆားသိပ်တာ၊ ဆားရေစိမ်တာ လုပ်ကြတာကို အများသိကြပြီးဖြစ်မှာပါ။ အခုအချိန်အထိ လယ်မြေ စတုရန်းမိုင်ပေါင်း ၁၉၀၀ကျော်ဟာ ရေအောက်ကို လုံးဝရောက်ရှိနေပြီးတော့ ကျန်ခဲ့တဲ့ ဧကသိန်း သန်းချီသော လယ်မြေများဟာလဲ ဆားငန်ရေ၀င်မှုဒဏ်ကို ခံလိုက်ရတယ်ဆိုတာကို ကျွန်တော်တို့ သိကြပြီး ဖြစ်ပါလိမ့်မယ်။ အတိုချုပ်ပြောရရင် ဆားငံရေ၀င်တော့ ဘာဖြစ်သလဲ၊ မြေထဲကဘက်တီးရီးယားတွေ သေပြီပေါ့ခင်ဗျာ။ ဘက်တီးရီးယားသေတော့ဘာဖြစ် သလဲ၊ နောက် ၂နှစ် ၃နှစ် အချိန်ယူပြီးတော့ မွေးပေါ့ဗျာ။ ဘယ်သူတွေကမွေးတဲ့အလုပ်ကို လုပ်မှာလဲ။ ကျွန်တော်တို့အထင်တော့ လုပ်မဲ့သူက သေလို့ သူရဲတွေ ဖြစ်နေလောက်ပြီ။ နဂိုဘက်တီးရီးယားပိုးတွေ ရှိနေပြီးသား သာမန်မြေဆီလွှာကိုတောင်မှ ၂နှစ် ၃နှစ် အချိန်ယူရတယ်ဆိုရင် ဆားငံရေ၀င်နေတဲ့ လယ်ကွက်တွေထဲကို အခုစိုက် ၊ အခုထွက် ၊ အခုနိုင်ငံခြားရောင်း အခုအိတ်ထဲထည့် လုပ်ချင်နေတဲ့ လူယုတ်မာများရဲ့ဦးနှောက်က အောချလောက်ပါပေတယ်လို့ ကျွန်တော်တို့ဆိုနိုင်ပါတယ်။ စိုက်ပျိုးရေးတက္ကသိုလ်က ရေးသားခဲ့တဲ့ စာတမ်းထဲမှာလဲ ဆားငံရေ၀င်ခြင်းဟာ တစ်ကယ့်ပြသနာကြီးဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းတင်ပြခဲ့တာကို သတိပြုစေလိုပါတယ်။
နောက်ဆုံးအနေနဲ့ ကျွန်တော်တို့အသိပေးလိုတာကတော့ နိုင်ငံရပ်ခြားမှာ နေထိုင်ကြတဲ့ မျိုးချစ်မြန်မာများ တတ်နိုင်သရွေ့ ဆန်ဝယ်ယူစုဆောင်းထားကြဘို့၊ (ဈေးတက်လာရင် ပိုက်ဆံအကုန်သက်သာတာ အရမ်းသိသာပါလိမ့်မယ်)။ ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့နေထိုင်ရောက်ရှိ နေတဲ့ မြန်မာနိုင်ငံတွင်းမှာ လက်လှမ်းမှီသလောက် အလုံအလောက်ဝယ်ယူထားပြီးဖြစ်ကြောင်း ဆန်စပါးနဲ့ လယ်ယာထွက်ကုန်တွေကို ထုတ်လုပ်ဖြန့်ချီမှုကို ထိန်းချုပ်နိုင်ရေးဟာ အာဏာ တည်မြဲရေးအတွက် အသက်တမျှအရေးကြီးတဲ့ လူ့ဗာလများကိုပြောကြားလိုတာကတော့ ဘက်တီးရီးယားကိုက်ရင် အာဏာလက်ပြုတ်ဖြစ်ကာ သေတတ်တယ်လို့ အသိပေးပြောကြားရင်း နိဂုံးချုပ်ပါရစေခင်ဗျာ။ (ဆန်ပိုးမတက်အောင် သံပုံး ထဲထည့် အလုံပိတ် စုနိုင်ပါတယ်ခင်ဗျာ)။