Monday, July 28, 2008

Our Leader




အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
။
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။
။
သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း
နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။
။
ဘိလပ်ပြန်သန်းကို မေရှင့်သီချင်း ဆိုခိုင်းခဲ့သူ
ချစ်ရတဲ့နာစ့်မလေးကြည်ကို လူငှားနဲ့ ပိုးခဲ့ရသူ
ဗွီအိုင်ပီဆိုတဲ့ စာတန်းကို အလွန်စက်ဆုပ်ရွံရှာသူ
လမ်းဘေးမှာ ကျောက်ကျောရေသောက်တဲ့ ၀န်ကြီးချုပ်
မင်္ဂလာဆောင်မှာ ခဲဖိုးတောင်းတာ နားမလည်တဲ့သူ။
။
လွတ်လပ်ရေးကိုစဉ်းစားရင်း စစ်ဖိနပ်ပြောင်းပြန်စီးတဲ့သူ
လွတ်လပ်ရေးကိုစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတဲ့သူ
တွေ့ချင်လွန်းလို့ လမ်းမှာတားတဲ့ ရွာသားတွေနဲ့
အတူလမ်းဘေးမှာအကြော်စားတဲ့ ၀န်ကြီးချုပ်
သူ့ ကိုယ်သူ ပြည်သူတစ်ယောက်အဖြစ်ခံယူတဲ့ ၀န်ကြီးချုပ်-
ကြည်... ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ် - ဆိုတဲ့
မိန်းမကို မနက်စာပြင်ခိုင်းတဲ့ သူ့ ရဲ့ ကမ္ဘာကျော်စာ။
။
ဗိုလ်ချုပ်အဆင့်ရဲ့ အမှားနဲ့ သာမန်ရဲဘော်အဆင့်ရဲ့ အမှန်ကို
ကွဲကွဲပြားပြားသိတဲ့သူ
လူငယ်ဘ၀၊ လူ့ ဘ၀ရဲ့ စည်းစိမ်အရသာတွေ
ခံစားဖို့ အချိန်မရခဲ့တဲ့သူ
သူ့ ဖြတ်သန်းမှုမှာ
လွတ်လပ်ရေးဆိုတာတစ်ခုတည်းနဲ့
ပကတိရိုးရှင်းသန့်စင်ခဲ့တဲ့သူ
သူ့ကို
ဒဂုန်တာရာက ကင်ပွန်းတပ်
အောင်ဆန်း သို့မဟုတ် အရိုင်းတဲ့။
။
လုပ်သက်က ခပ်နုနု
ကျောင်းသားပေါက်စ
သခင်ပေါက်စ
စစ်သားပေါက်စ
နိုင်ငံရေးသမားပေါက်စ
ဘ၀တွေက အဖုံဖုံ
အသက်က ၃၀ မရှိတရှိ။
။
ဒီအောင်ဆန်း လက်တောက်လောက်လေးကို
ဘာ့ကြောင့်
နေမ၀င်အင်ပါယာကြီး ဒူးထောက်ခဲ့ရပါသလဲ...။
။
တကယ်ဆိုတော့
ငါတို့အောင်ဆန်းက
နယ်နယ်ရရမဟုတ်
-ရိုးသားတဲ့မြန်မာတွေထက်
ပိုရိုးသားတဲ့အောင်ဆန်း
သတ္တိပြောင်တဲ့ မြန်မာတွေထက်
ပိုသတ္တိရှိတဲ့ အောင်ဆန်း
စွန့်လွှတ်ရဲတဲ့ မြန်မာတွေထက်
ပိုစွန့်လွှတ်ပြတဲ့ အောင်ဆန်း၊
ဒီလိုအောင်ဆန်း
သူ့ သွေးသားအရိုးအချဉ်တွေအားလုံး
လွတ်လပ်ရေးတစ်ခုတည်းနဲ့အပြီး
စုစည်းတည်ဆောက်ပြတဲ့ အောင်ဆန်း
တကယ့်အရိုးခံ အောင်ဆန်းပေါ့။
။
ဒီအောင်ဆန်းကို
လွတ်လပ်ရေးလမ်းဝမှာ ဘွားကနဲ မြင်လိုက်ရရုံပဲ
အောင်ဆန်းရဲ့ ဆရာတွေ မှိုင်း၊ မြ၊ ချိုတို့ကအစ
- ငါတို့ အားကိုးပါရစေ - ဆိုလာကြ၊
ရှေးဘိုးဘွားမိဘပြည်သူတွေက
- ငါတို့ ကိုကယ်မယ့် မင်းလောင်းပေါ်ပြီ - ပြုံးပျော်ကြ
လူငယ်သွေးသောက်မြန်မာတွေက
- ငါတို့ စွန့်ပါရစေ - ဆိုပြီး ရှေ့ထွက်လာကြ
စုကြ၊ ရုံးကြ၊ စည်းလုံးကြ။
။
တကယ့်ဗမာတွေ
မဟာအောင်ဆန်းအနောက်က
ပြည်သူ့ ဒီလှိုင်းလုံးကြီးတွေရဲ့
တ၀ုန်းဝုန်း ရိုက်ခတ်သံဟာ
အဲဒီအချိန်က ၀ိတိုရိယဘုရင်မကြီးကိုတောင်
အိပ်မက်တွေ အေးခဲစေခဲ့သပေါ့။
။
အောင်ဆန်းရှေ့ ရောက်ရင်
ရှမ်းတွေက ရှမ်းစကားမဆိုကြ
ကချင်တွေကလည်း ကချင်စကားမဟကြ
အောင်ဆန်းကို ယုံကြည်စွာနဲ့
သူတို့ သခင်အဖြစ် သိမှတ်ပြုကြ
အားလုံးသော တိုင်းရင်းသားတွေ။
။
ဒီပြည်လုံးကျွတ်အားကို
စုစည်းနိုင်ခဲ့လိုလည်း
အင်္ဂလိပ်တွေက ဒီအောင်ဆန်းလက်တောက်လောက်နဲ့
တစ်စားပွဲထဲ ၀ိုင်းခဲ့ကြပေါ့
အကင်းပါးသူတွေပီပီ
မတိုက်မီက ရှုံးနေတဲ့ ဒီစစ်ကို
ဒင်းတို့ မတိုက်ဝံ့ကြ
မျက်နှာမပျက် အောင်မြင်စွာ ဆုတ်ခွာမယ့်လမ်းကို
သူတို့ ရွေးခဲ့ကြ
အောင်ဆန်းနဲ့အတွေ့ မှာ။
။
ယုံကြည်အားကိုးတဲ့ မျက်လုံးပေါင်း သန်း ၆၀
အောင်ဆန်းမှာ ရှိတယ်
လွတ်လပ်ရေးကို တရှိုက်မက်မက်တောင့်တတဲ့ နှလုံးသားသန်း ၃၀
အောင်ဆန်းမှာရှိတယ်
အောင်ဆန်းသေဆို သေပြ၀ံ့တဲ့သူ
အောင်ဆန်းမှာ တပြည်လုံးရှိတယ်
ဒီ မျက်လုံးနှလုံးအသက် ဗို့ အားသိန်းသန်းချီ မီးဆလိုက်အားတွေနဲ့
နေမ၀င်အင်ပါယာကို ပြတ်ပြတ်သားသား လှမ်းထိုးလိုက်တဲ့အခါ
အခြောက်တိုက် ဘ၀င်မြင့်နေသူတွေ
အားလုံး အရည်ပျော်သွားခဲ့ကြ။
။
ဘယ်ရာဇ၀င်မှာ ခင်ဗျားတို့ တွေ့ ဘူးလဲ။
ဂျပန်ဆိုတာ မနူးမနပ်မဟုတ်ဘူး။
အင်္ဂလိပ်ဆိုတာက ဝေလာဝေး
သူငယ်နှပ်စားမဟုတ်။
ဒင်းတို့တွေတောင် ရအောင် စည်းရုံးနိုင်တဲ့သူ
အောင်ဆန်း။
။
ဒီအောင်ဆန်းက စစ်ကို မလို
ဒါပေမဲ့
။
ရရင်ရ မရရင်ချ ဆိုတာ အောင်ဆန်းဝါဒ
လွတ်လပ်ရေးကို အမြန်ဆုံးလိုချင်နေတဲ့
အဲ့ဒီအချိန် ပြည်သူတွေရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်
ငါတို့ အောင်ဆန်းပေါ့။
။
အောင်ဆန်း
ဒီအချိန်ဆို
၉၃ နှစ်ရှိပြီ
အောင်ဆန်းပြောမယ်
အဘိုးရဲ့ စကား နားထောင်...။
။
- မမေ့နဲ့
မင်းတို့
ကနေ့ ရှူနေတဲ့ လေဟာ
ငါတို့
မနေ့က ချွေးစက်တွေဆိုတာ၊
မမေ့နဲ့
မင်းတို့
မြန်မာဆိုတဲ့ စကားတစ်ခွန်းကိုရဖို့
ငါတို့
ဘုံးဘောလအော ကျဆုံးပေးခဲ့ရတာ၊
မမေ့နဲ့
မင်းတို့
ကမ္ဘာ့မြေပုံပေါ်တက်နိုင်ဖို့
ငါတို့
အလောင်းကောင်တွေဆင့်ပြီးထမ်းတင်ပေးခဲ့တာ
မမေ့နဲ့။
။
မြန်မာလူမျိုးတိုင်းမှာ
အဖေနှစ်ယောက်ရှိတယ်
တစ်ယောက်က
ကိုယ့်သွေးသားအဖေ
။
ကျန်တစ်ယောက်က
မြန်မာလူမျိုးကို မွေးပေးတဲ့အဖေ
မြန်မာလူမျိုးရဲ့ အဖေ
မြန်မာ့အဖေ
အောင်ဆန်းပေါ့။
။
ကျုပ်အဖေနဲ့အဖိုးဟာ အောင်ဆန်းသားတွေ
အောင်ဆန်းက ကျုပ်အဖိုး
ကျုပ်သားက အောင်ဆန်းရဲ့ မြစ်ပေါ့
သူ့ အဘိုးကို သူ လွမ်းတတ်နေပြီ
သူ့ သားကျရင်လဲ သူ့ အဘေးနဲ့
ပေးတွေ့ နိုင်ဖို့
အခုကတည်းက အသေအချာ
ကျုပ် မှာထားရအုံးမယ်။
။
(ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ။ ရေးသားသူ - icy)။
။
ရေးသားသူထံမှ ခွင့်ပြုချက် မယူနိုင်သည်ကို ခွင့်လွှတ်ပါခင်ဗျား။
အောက်ဆွဲများကိုလဲ အကြံတစ်ခုပေးချင်ပါတယ်။ ရှေးခေတ်က ရှင်ဘုရင်တွေကို ဘုန်းတော်ဘွဲ့တွေဘာတွေ ရေးပြီးတင်ရင် ဆုတော်လဒ်တော်တွေရကြတယ်။ အခုဘုရင်ရူးတွေကိုလဲ ဘုန်းတော်ဘွဲ့ ရေးတင်လိုက်ကြပါလားခင်ဗျား။ ၂၅၀ ကနေ ၃၀၀ တန်လောက်တော့ ဖြစ်လာနိုင်ကြောင်းပါ။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို လူတွေတစ်သသပြော အောက်မေ့ကြပေမဲ့ မောင်ဆိုးဝင်းလေးတော့ သေတာတောင်မကြာသေး လူတွေမေ့ကုန်ကြလို့ပါ။ ခွေးမုဒိန်းခေါင်းဆောင်များရဲ့ ဘုန်းတော်ဘွဲ့လေး ဖတ်ချင်ကြောင်းပါခင်ဗျ။

Thursday, July 24, 2008

That's our Leaders, Nuts & Dogs What's yours?

လက်ဆုပ်လက်ကိုင်ရာထူးမရှိ၊ အတင်းအကျပ်စွဲဆောင်သိမ်းသွင်းခြင်းလဲ လုပ်တာမျိုးမရှိ၊ လက်နက်အင်အား လူအင်အားနဲ့ ခြိမ်းခြောက်မှုမျိုးကိုလဲ မပြုလုပ်၊ စီးပွားရေး အခွင့်အလမ်း တွေ ရာထူး ဆုလဒ်တွေပေးအပ်တဲ့ အလုပ်မျိုးတွေကိုလဲ ပြုလုပ်တာလဲ မလုပ်ကိုင်ပဲနဲ့ လူတွေအပေါ်မှာ အာဏာသက်ရောက်မှုရှိနေတဲ့ ခေါင်းဆောင်မျိုးဟာ သာမန်ထက်ထူးကဲတဲ့ ခေါင်းဆောင်မျိုးသာ ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ ကိုယ်ကျင့်သိက္ခာ၊ သန့် ရှင်းဖြူစင်မှု နဲ့ အရည်အချင်းပြည့်ဝမှုတွေ ရှိကြတဲ့ အဲဒါမျိုးခေါင်းဆောင်တွေဟာ နေ့တဓူဝ ဖြစ်ပျက်နေကြတဲ့ ဓမ္မတာဖြစ်စဉ်တွေရဲ့ လွှမ်းမိုးမှု အောက်မှာ ရောက်မနေကြဘူး။ ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ အဖြစ်အပျက်အောက်မှာပဲ သူတို့ ကြုံတွေ့ တည်ရှိနေကြရတာများတယ်။ မိမိကိုယ်ပိုင်မူဝါဒတွေ လိုအပ်ချက်တွေကိုဦးစားပေးမှု မရှိဘူး။ လူတွေက အဲဒီ့ခေါင်းဆောင်ရဲ့ နောက်ကို လိုက်တယ်ဆိုတာ ချစ်ခင်မှု၊ မြတ်နိုးမှု၊ မျှော်လင့်ချက်ထားရှိမှုနဲ့ ကြီးမားတဲ့ သစ္စာရှိမှု နဲ့ မေတ္တာထားမှု အစရှိတာတွေနဲ့ လိုက်ပါ ထောက်ခံကြတာဖြစ်တယ်။ ကြောက်ရွံ့ လို့ ၊ ကြောက်ရွံ့ မှု ကြောင့် လုံးဝမဟုတ်ဘူး။ နောက်လိုက်တွေဟာ ယုံကြည်မှုနဲ့ အဲဒီ့ခေါင်းဆောင်ရဲ့ နောက်ကို လိုက်တယ်။ ယုံကြည်တဲ့ အတိုင်းလဲ အဲဒီ့ခေါင်းဆောင်ဟာ စွမ်းဆောင်မှုရှိတာပဲ။
အဲဒါမျိုးခေါင်းဆောင်တွေဖွဲ့ စည်းထားတဲ့ အဖွဲ့ အစည်းတွေဟာ တစ်ခြားအသင်းတွေ ဖွဲ့စည်းပုံနဲ့ မတူကွဲပြားနေတတ်တယ်။ အဲဒီ့ခေါင်းဆောင်ရဲ့ နေရာကို ဆက်ခံဘို့ လူရှာရာမှာလဲ ခက်ခဲတယ်။ (ကျွန်တော်တို့ ဂရုပြုသင့်ပါတယ်) နောက်ဆုံးတစ်ချက်ဟာ ဒါမျိုး ခေါင်းဆောင်တွေ အားလုံးလောက်နီးနီးဟာ အချိန်ကာလ တစ်ခုစီအထိ သာမန်ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ အပြင်ဘက်ကို ရောက်နေလေ့ရှိကြတယ်။ အဲဒါမျိုးအချိန်တွေမှာ ခေါင်းဆောင်တွေရဲ့ စိတ်ကူးနဲ့ လမ်းညွှန်ချက်တွေကို ဘယ်လိုရရှိပုံဖော်ကြမလဲ။ ဒါမျိုး ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ဥပမာတွေအများကြီးပေးလို့ ရတယ်။ ဂျာမနီရဲ့ ဥသျှောင် Bismarck ၊တူရကီနိုင်ငံရဲ့ ပထမဆုံး သမ္မတ Ataturk ၊ တောင်အာဖရိက နိုင်ငံက နယ်လဆင် မင်ဒဲလား၊ နောက်ဆုံးပေးလို့ ရတဲ့ ဥပမာတွေက သဲကန္တာရထဲမှာ နေခဲ့တဲ့ ဂျီးဆပ်နဲ့ ၊ ဒုက္ကရ စရိယာ ကျင့်တော်မူခဲ့တဲ့ ဗုဒ္ဓဘုရားရှင်မြတ်။
အခုခေတ်ကာလမှာ ဖြစ်ပျက်ခဲ့တာတွေကိုကြည့် လိုက်ရင် သူတို့ သာမန်ဘ၀နဲ့ ကင်းကွာခဲ့ရတာတွေဟာ Total Institution လို့ ခေါ်တဲ့ အဖွဲ့ အစည်းတွေချည်းကြောင့်ပဲ။ ဒါ့ကြောင့်မို့ ဒါမျိုးခေါင်းဆောင်နဲ့ Total Institution တွေဟာ လားလားမှ ဆိုင်နိုင်စရာ အကြောင်းမရှိ။ စစ်တပ်ဆိုတာ ဘယ်လို Institution မျိုးလဲ ကျွန်တော်တို့ ရေးခဲ့ဘူးပါတယ်။ အဘက်ဘက်က ဖိနှိပ်ချုပ်ခြယ်မှုတွေ၊ ကြောက်ရွံ့ မှုတွေနဲ့ ပြည့် နေရတဲ့ အဖွဲ့ အစည်းမျိုး။ ဒါမျိုး ခေါင်းဆောင်ရနိုင်စရာ အကြောင်းမရှိ။
ဒါပေမဲ့ ဒါမျိုးသာမန်နဲ့ ကင်းကွာနေခဲ့ရတဲ့ အချိန်တွေဟာ သူတို့ ကို မတူညီတဲ့ အမြင်ပုံစံတွေကို ရရှိလာစေတယ်။ သူတို့ ရဲ့ ဘ၀တွေရင်းနှီးမြုပ်ထားတဲ့ ကိစ္စတွေမျိုးမှာ လုံးဝအချိန်ပေးပြီးတော့ လုံလုံးလျားလျား လုပ်ကိုင်လာနိုင်ပြီးတော့ အကြောင်းအရပ်တစ်စုံတစ်ရာမှာ ထူးချွန်စွာကျွမ်း ကျင်တဲ့သူတွေဖြစ်လာစေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Absolute Righteousness လို့ ခေါ်တဲ့ အနှိုင်းမဲ့အောင် သမာသမတ်ရှိမှုတွေက အဲဒါမျိုးခေါင်းဆောင်တွေဆီမှာရှိပြီးတော့ အဲဒီ့ သမာသမတ်ရှိမှုကပဲ ခိုင်မြဲတဲ့ ယုံကြည်မှုနဲ့ ကြံ့ ကြံ့ ခိုင်နိုင်စွမ်းကို သူတို့ပေးထားပြီးသား ဖြစ်နေတယ်လေ။ ကျွန်တော်တို့ ဘာများ စိုးရိမ်စရာရှိနေသေးလို့လဲ။ မိမိတာဝန်ပဲ မိမိကျေအောင် ထမ်းကြပေါ့။
ကျွန်တော်တို့ ဆီမှာ အဲဒါမျိုးခေါင်းဆောင်တွေအများကြီး ရှိခဲ့ပြီး၊ ရှိနေဆဲ၊ ရှိနေဦးမှာပဲ

လွပ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း
ပြည်သူ့ အချစ်တော် ဒေါ်အောင်ဆန်းစုကြည်။
မျိုးချစ်ကျောင်းသားခေါင်းဆောင်တွေ။

ကျွန်တော်တို့ တင်ပြခဲ့တဲ့ ခေါင်းဆောင်မှုပုံစံမျိုးနဲ့ ခေါင်းဆောင်တွေက
Charismatic Leadership နဲ့ Charismatic Leaders

အကျင့်ပျက် စစ်ခွေးတွေနဲ့ အောက်တန်းစား အောက်ဆွဲတွေကို ကျွန်တော်တို့ တစ်ခုမေးလိုက်ချင်တယ်။
ငါတို့ရဲ့ ခေါင်းဆောင်တွေက ဒီလိုမျိုး။ မင်းတို့ ခေါင်းဆောင်တွေက ဘယ်လိုမျိုးလဲလို့။
တွေးကြည့်လိုက်တော့ ရာဒိုဗန် ခရာဒစ်ရှ် ကို ပြေးမြင်လိုက်မိတယ်။
ဒါပါပဲ။

Tuesday, July 22, 2008

Something about Corruption

ဟောင်ကောင်၊ စင်ကာပူ နဲ့ ဖိလစ်ပိုင် အစရှိတဲ့ လာဘ်စားမှုကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ တဲ့ နိုင်ငံတွေကို လေ့လာခဲ့တဲ့ ပညာရှင်တွေ တွေ့ရှိခဲ့တဲ့ အချက်တွေရှိပါတယ်။
ပထမဆုံးအချက်က - ပထမဆုံး နိုင်ငံတော်အစိုးရက ချမှတ်ကျင့်သုံးနေတဲ့ ပေါ်လစီ လို့ ခေါ်တဲ့ မူဝါဒတွေထဲမှာ လာဘ်စားမှုကို တိုက်ဖျက်ရမယ်ဆိုတဲ့ မူဝါဒ ခိုင်ခိုင်မာမာ ပါဝင်နေရမယ်။
ဒုတိယအချက်က - လာဘ်စားမှုကို တိုက်ဖျက်တဲ့ Anti Corruption Agency တွေဟာ မည်သည့် အစိုးရအဖွဲ့အစည်းအောက်မှာမှ ထားရှိလို့မရပဲနဲ့ သီးခြား ရပ်တည်နေတဲ့ အဖွဲ့ အစည်းတွေဖြစ်ပြီးတော့ စံနစ်တကျ ဖွဲ့စည်းထားတဲ့ ဌာနခွဲတွေ ပါဝင်တဲ့ အဖွဲ့အစည်းဖြစ်ရမယ်။ ဖွဲ့စည်းထားတဲ့ ဌာနခွဲတွေဟာ တစ်ခုနဲ့ တစ်ခု အပြန်အလှန် စုံစမ်းစစ်ဆေးနိုင်တဲ့ ၊ check and balance ရှိတဲ့ ဌာနပုံစံ အဖွဲ့အစည်းတွေ ဖြစ်နေရမယ်။
တတိယအချက်က - Information လို့ခေါ်တဲ့ လာဘ်စားမှုနဲ့ ဆိုင်တဲ့ သတင်းအချက်အလက် တွေကို စုဆောင်းခြင်းဟာ အရေးကြီးတဲ့အပိုင်းမှာ ပါဝင်နေတယ်။
နောက်ဆုံးတစ်ခုကတော့ - ထိရောက်တဲ့ အပြစ်ပေးမှုနဲ့ ဆုလဒ်ပေးမှုတို့ဟာ အရေးကြီးတဲ့ အချက်ထဲမှာ ပါဝင်နေပြီးတော့ လူတွေရဲ့ အကျင့်စာရိတ္တနဲ့ အတွေးအခေါ်တွေကို ပြုပြင်ပစ်မှ သာလျှင် လာဘ်စားမှုကို တိုက်ဖျက်ရာမှ ရရှိလာတဲ့ အောင်မြင်မှုတွေဟာ အရှည်တည်တံ့နိုင်မှာ ဖြစ်တယ်ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေဟာ အကျင့်ပျက်ချစားမှု ဖြစ်လာအောင် တွန်းပို့နေတတ်သလား၊ နိုင်ငံတစ်ခုရဲ့ လူနေမှုအသိုင်းအ၀န်း သို့ လူမှုရေး စံနစ်တွေဟာ ချစားမှုကို တိုးပွားစေသလားဆိုတဲ့အချက်တွေကို လေ့လာတဲ့အခါမှာတော့ အောက်ပါအချက် တွေဟာ အကျင့်ပျက် လာဘ်စားမှုတွေကို ဖြစ်ပေါ်လာစေတယ်၊ တိုးပွားလာစေတယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင် Samual P. Huntington က ဆိုခဲ့ပါတယ်။
- လူတန်းစား အလွှာတွေ အများကြီးရှိတဲ့ နိုင်ငံတွေမှာ အကျင့်ပျက်မှု နည်းပါးတယ်။ လူတန်းစား အလွှာတွေ အများကြီးတည်ရှိခြင်းဟာ အကျင့်ပျက်နိုင်ဘို့အတွက် အခွင့်အလမ်း တွေကို လျော့နည်းလာစေတယ်။
- နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရ၀န်ထမ်း နဲ့ အပြင်မှာ စီးပွားရေး ရေးလုပ်ကိုင်စားသောက်လို့ ရတဲ့ အကျိုးအမြတ် တွေကို အချိုးချကြည့်လိုက်၊ အစိုးရ၀န်ထမ်း လုပ်တာက အပြင်မှာ လုပ်ကိုင်စားသောက်တာထက် ပိုမိုလွယ်ကူစွာ အကျိုးအမြတ် ရရှိနေတယ် ဆိုရင် အကျင့်ပျက်မှု တွေများလာနိုင်တယ်။
- တစ်ခြားနိုင်ငံရဲ့ စီးပွားရေး စံနစ်၊ ဒါမှမဟုတ် လုပ်ငန်းတွေ၊ စီးပွားရေး တွေဟာ မိမိနိုင်ငံအတွင်းမှာ လွှမ်းမိုးကြီးစိုးနေမယ်။ တစ်နည်းအားဖြင့် မိမိနိုင်ငံရဲ့ စီးပွားရေးနဲ့ ထုတ်ကုန်သွင်းကုန် အစရှိတာတွေဟာ တစ်ခြားနိုင်ငံတွေအပေါ်မှာ မှီခိုနေရမယ်ဆိုရင် အကျင့်ပျက်မှုတွေ ပိုများတယ်။
- နိုင်ငံရေးပါတီတွေ မဖွံ့ဖြိုးလေလေ၊ အကျင့်ပျက်မှုက များလေလေပဲ ဆိုတာပါပဲ။

ကျွန်တော်တို့ခင်ဗျာ ရေးသားရေး ၊ ပြောသာပြောနေရတာပါ။ အရင်းစစ်တော့ အမြစ်မြေက ဆိုတာ၊ ပြသနာတော်တော်များများရဲ့ အရင်းအမြစ်ဟာ စစ်ခွေးမုဒိန်းဂိုဏ်း ဆိုတာ လူတိုင်းသိကြတာချည်းပါပဲ။ ဒါပေမဲ့ နောင်တစ်ချိန်ဆိုတဲ့ မျှော်လင့်ချက်အတွက်နဲ့ ကျွန်တော်တို့တစ်တွေ အားမလျော့ပဲ ဆက်ကြိုးစားကြမယ်၊ လိုအပ်တဲ့ အသိဥာဏ်ပညာ၊ စိတ်ဓာတ်၊ ငွေကြေး နဲ့ လူအင်အား တွေကို ကြိုတင် စုဆောင်းထားကြမယ်ဆိုရင် ကျွန်တော်တို့ ချစ်တဲ့ အမိမြန်မာပြည်ကြီး တစ်ဖန်ပြန်လည် ဖြူစင်ရမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ မဟုတ်ဘူးလားခင်ဗျာ - - - - - -

Saturday, July 19, 2008

SALUTE TO OUR MARTYRS

ဗိုလ်ချုပ်အောင်ဆန်းနှင့် တစ်ကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီး များအား လေးစားစွာ ဂါရ၀ ပြုပါသည်။


Friday, July 18, 2008

Finally, We're No 1. Mr Officer, are you proud of it?




နိုင်ငံတော် အဆိုးရနဲ့ အပေါင်းအပါများ နေ့မအား ညမနား ကြိုးစားလိုက်ကြတာ ကျွန်တော်တို့ မြန်မာနိုင်ငံကြီး နံပါတ် (၁) နေရာကို တောင် ရောက်လာမှပဲ။


ဒါကပူးတွဲ ဆုရသွားတဲ့နိုင်ငံ ၊ ရှင်းတယ်နော် စစ်ခွေးတွေ။ မင်းတို့ လုပ်လို့ မြန်မာနိုင်ငံ ဘယ်အဆင့် ရောက်သွား သလဲ ဆိုတာကို။ ကပ်ဖား ရပ်ဖား အောက်တန်းစားတွေ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ဘို့ အဆင့်နဲ့ အသိပညာ မရှိတဲ့ကောင်တွေလဲ ရှက်တတ်ရင် အမြင်မှန် ရကြပေါ့ကွာ။

မြန်မာနိုင်ငံမှာ အငတ်ငတ် အပြတ်ပြတ်နဲ့ ရှင်သန်ခဲ့ရတဲ့ ဘ၀မျိုးတွေကို ကျွန်တော်တို့ သူငယ်ချင်းတစ်ခု ခံစားခဲ့ကြရဘူးပါတယ်။ ငွေကြေး၊ အသိပညာနဲ့ မျှော်လင့်ချက်ချို့တဲ့ခဲ့ရတဲ့ နေ့ရက်တွေဖြစ်ခဲ့ပေမဲ့ သူငယ်ချင်း ချင်း ရိုင်းပင်းကူညီခဲ့တာတွေ၊ ရှင်သန်မှုအတွက် ကြိုးစားခဲ့ကြတာတွေကို ကျွန်တော်တို့ တစ်သက်မေ့မှာ မဟုတ်ပါဘူး။ အခုအချိန်မှာတော့ သူငယ်ချင်းတွေ ညီအစ်ကိုတော်၊ နောင်တော်တွေအားလုံး လူ့လောကရဲ့ တာဝန်အသီးသီးကို ကျေပွန်စွာ ထမ်းဆောင်နေကြတာကို ကျွန်တော်တို့ တွေ့ရတော့ စိတ်ချမ်းမြေ့စရာပါ။
ကျွန်တော်တို့ သူငယ်ချင်းတွေထဲက ပထမဦးဆုံး အလုပ်စရတဲ့သူက ကျွန်တော်တို့ တစ်အုပ်လုံးကို အဆောင် ပေါ်မှာတင် ထမင်းကျွေးထားခဲ့တော့ နပ်မှန်အောင်တော့ စားရခဲ့ပါတယ်။ ငရုတ်သီးထောင်းနဲ့ ၊ အကြော်တစ်ခု နဲ့ ထမင်းမြိန်ခဲ့ရတဲ့ အချိန်တွေဟာ အခုအချိန်မှာတော့ လွမ်းမောဖွယ်ရာပါ။ ကျွန်တော့်အစ်ကိုတော်တွေရဲ့ လေးစားစရာကောင်းလောက်တဲ့ စိတ်ထားတွေ၊ ဖြောင့်မှတ်မှန်ကန်မှုတွေကို ကြိုးစားရိုးသားမှုတွေကို ပြောပြရင် စစ်ခွေးများအတွက် ယုံတမ်းသဖွယ်ဖြစ်နေမလားပါပဲ။
ကျွန်တော်တို့အားလုံး အလုပ်ရှာကြတာ ၁နှစ်လောက်ကြာတဲ့အထိ မရကြပါဘူး။ အဲ - - တစ်နေ့တော့ ကျွန်တော့် အစ်ကိုတော်တစ်ယောက် အလုပ်ရလာပါပြီခင်ဗျား။ ဦးပိုင်လီမိတက်က သကြားစက်မှာ လက်ထောက်စက်ရုံမှူး ရာထူးပါတဲ့။ ကျွန်တော်တို့အားလုံး ၀မ်းသာကြတာပေါ့။ အပတ်စဉ် လမ်းကြားက အရက်ဖြူဆိုင်လေးမှာ ဆိုက်ကား ဆရာများ၊ ကန်စွန်းရွက် နဲ့ ဘဲခေါင်းကို အဖော်လုပ်နေကြတဲ့ လူတစ်သိုက် အဆောင်မှာ အနီတွေဘာတွေ ထောင်ပြီး ၀က်နံကို ကင်ဘို့ ပြင်ဆင်ကြတော့တာပေါ့ဗျာ။
သူငယ်ချင်းတစ်စု သောက်ကြစားကြ မိုးချုပ်စပြုလာချိန်မှာတော့ အပုတ်ကောင် ၀င်လာတာပေါ့ခင်ဗျား။ အခုအချိန် ပြန်စဉ်းစားကြည့်လိုက်ရင်ကို တော်တော်ကြီးကို အကျင့်စာရိတ္တ အရာမှာ နံဟောင်နေတဲ့ အပုတ် ကောင်ပါပဲ။ အဲဒီ့အပုတ်ကောင်က ကျွန်တော့်သူငယ်ချင်းဘယ်သူလဲဆိုတာ နာမည်ကိုပေးပြီးမေးတယ်။ ကျွန်တော်တို့ ထိတ်ကနဲတော့ ဖြစ်သွားတာပေါ့။ ဘယ်ကကောင်လဲ။ ဘာကောင်လဲ။ ဘာလုပ်မလို့လဲပေါ့။ ပြီးတော့မှ သူ့ကိုယ်သူမိတ်ဆက်ပြီးတော့ လာရင်းကိစ္စကို ဆိုပါတယ်။ စက်ရုံမှူးက တာဝန်ကျစက်ရုံဆီ မရောက် ခင်မှာ ဆီဝယ်မဲ့သူက အရင်ရောက်နှင့်လာကြောင်းပါ ခင်ဗျား။
ကျွန်တော့် အစ်ကိုတော် သူငယ်ချင်းခင်ဗျာ၊ ရယ်ရမလို ငိုရမလို နောက်မှအကြောင်းပြန်မယ်ဆိုပြီးတော့သာ အဲဒီ့လူကို ပြန်လွှတ်လိုက်ရပါတယ်။ နောက်ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ တာဝန်ကျတဲ့ စက်ရုံဆီကို ကြွ မြန်းရတော့တာပေါ့ခင်ဗျာ။ ဒီနေရာမှာ ကျွန်တော်တို့မေးကြည့်ချင်တာက ဒီလိပ်စာကို ဒီလူဘယ်ကရသလဲ၊ ဒီစက်ရုံမှူးတောင် စက်ရုံဘယ်မှာရှိမှန်း မသိသေးတဲ့အချိန်မှာ သူကဘယ်လိုလုပ်ပြီးတော့ ဆီခိုးလို့ရမှန်းသိရ သလဲ။ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်တာပါ။ အဲ့ဒီ့နိုင်ငံပိုင်အဖွဲ့အစည်းကြီးက လူကြီးမင်းများဆီက ပဲလိပ်စာသိနိုင်တော့ပေမပေါ့ခင်ဗျာ။ ဆီခိုးလို့ရမှန်းသိနေတာကလဲ လူကြီးမင်းများက ရောင်းခဲ့ဘုးလို့ပေါ့။
နောက်၃လလောက်ကြာတဲ့အခါမှာ အဲဒီ့အစ်ကိုတော် ကျွန်တော်တို့ ဆီကို ပြန်ရောက်လာပါတယ်။ ခိုးချက်ပေါင်း စုံကို စိတ်ပျက်လက်ပျက်နဲ့ ပြောပြရင်း ဒီလိုမျိုးအသိုင်းအ၀န်းမှာ အလုပ်မလုပ်နိုင်တော့တဲ့အတွက်ကြောင့် တစ်ခါတည်းအလုပ်ထွက်လာပြီး ယူအန်မှာ အလုပ်ဝင်သွားတာ အခုအချိန်ထိတိုင်အောင်ပါပဲခင်ဗျား။
အဲဒီ့အစ်ကိုရဲ့ မစင်ကို အခုစစ်ခွေးတွေကျွေးလိုက်ရင်တောင် မြန်မာနိုင်ငံ ဒီထက်အများကြီး ပိုကောင်းလာစရာ ရှိတယ်ခင်ဗျ။
- စစ်ခွေးခိုးနည်း နိသရည်းတွေကို ရေးပြချင်တယ်ဗျာ။ ဒါပေမဲ့ လူများသိပြီးသားကိစ္စကြီးတစ်ခုကို အချိန်ကုန် ခံမနေချင်တော့ဘူး။ ဘယ်လိုထိန်းချုပ်သင့်သလဲဆိုတာကိုပဲ နောက်ရက်တွေမှာ ကျွန်တော်တို့ ဆက်ရေးပေးပါ့မယ်။ ပါဝင်ဆွေးနွေး ပေးကြပါခင်ဗျား။

Saturday, July 12, 2008

How Much Is the Reward for telling Lies and Being a member of murder gang?

အခုတစ်လော ဘလော့ဂ်ကမ္ဘာမှာ သိုင်း ဘလော့လောက တစ်ခုပေါ်ထွန်းနေတာကို ကျွန်တော်တို့ မအားလပ်တဲ့ကြားကနေတွေ့နေရပါတယ်။ ကျွန်တော်တို့လဲ ဆိုင်၊ ဆိုင် မဆိုင် ဆိုင် ဂိုဏ်းတစ်ခုကို နဲနဲလောက် သုံးသပ်ပေးပါရစေခင်ဗျား။
အစိမ်းရောင်ဝတ် အုပ်စုဖွဲ့ခွေးမုဒိမ်းကျင့်ဂိုဏ်း (တစ်ယောက်ထဲလဲ ကျင့်ရဲတဲ့ သတ္တိမရှိကြပါဘူး) က လူများနဲ့ ကျွန်တော်တို့ စကားအနည်းငယ် ပြောခဲ့ရာမှာ သူတို့ ပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်။ -ာနိုင်ငံဖြစ်တော့မဲ့ နိုင်ငံတော်ကြီးကို တစ်ကယ်ချစ်တယ်ဆိုရင် နိုင်ငံမကောင်းကြောင်း ဘယ်တော့ မှမပြောပါနဲ့တဲ့။ ဘယ်ခွေးမုဒိန်းဂိုဏ်း ဆရာက သူတို့ခေါင်းထဲ ရိုက်ထဲ့ပေးလိုက်တယ်မသိပါဘူး။ ဒီခွေးမုဒိန်း သမားတွေ ဘာ့ကြောင့်ဘယ်လို ဒီလို ဥာဏ်စဉ်တွေ ရလာရသလဲဆိုတာကို လေ့လာတွေးခေါ်ကြည့်ရာကနေ နောက်ထပ်ဆက်စပ်ပြီးတော့ ခွေးမုဒိန်း အောက်ဆွဲများ အတွက်ပါ ဒီပို့စ်ကို ရေးဖြစ်ပါတယ်ခင်ဗျား။
ခောတ်တစ်ခုအတွင်းမှာ တည်ရှိနေတဲ့ လူအများရဲ့ တွေးခေါ်၊ ကျင့်ကြံ၊ ပြုမူမှုပုံစံတွေနဲ့ နောက်ခောတ်တစ်ခုအတွင်းမှာရှိတဲ့ လူအများရဲ့ အတွေးအခေါ်၊ အကျင့်အကြံ။ အပြုအမူ အနေအထိုင်ပုံစံတွေ ဟာ တူညီမှုမရှိနိုင်ကြပါဘူး။ ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံများမှာတော့ တက္ကသိုလ်အသီးသီးမှာရှိကြတဲ့ ကျောင်းသားတွေ၊ ပညာရှင်တွေဟာ လက်ရှိဖြစ်ပျက်နေတဲ့ လူတွေဘယ်အရာတွေကို တန်ဘိုးထားတယ်၊ သူတို့ရဲ့ စိတ်နေသဘောထားဟာ ဘယ်လိုရှိသလဲဆိုတာကို သိနိုင်ဘို့ သုတေသနလုပ်လေ့ရှိကြပါတယ်။ ၁၉၃၃ ခုနှစ်တုန်းက အမေရိကန် ပြည်ထောင်စုမှာရှိတဲ့သူတွေဟာ ၁။ အလုပ်ကြိုးစားတယ် ၂။ ဥာဏ်ထက်မြက်တယ် ၃။ Materialistic လို့ခေါ်တဲ့ ဂုဏ်ပကာသဏ ဦးစားပေး ပစ္စည်းမက်ကြတယ်။ ၄။ ရည်ရွယ်ချက်ကြီးကြီးထားကြတယ်။ ၅။ နိုင်ငံရေး၊ လူမှုရေး ပြောင်းလဲမှုကို အားပေးပြီးတော့ တိုးတက်လိုသူများဖြစ်ကြတယ်လို့ Princeton University က ကောက်ယူခဲ့တဲ့ စစ်တမ်းများမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ၁၉၆၉ ခုနှစ် ရောက်ချိန်မှာတော့ ၁။ ပစ္စည်းနှင့် တိုင်းတာဆုံးဖြတ်မှု (Materialistic) ၂။ ရည်မှန်းချက် မြင့်မားမှု ၃။ အပျော်အပါးမက်ခြင်း ၄။ အလုပ်ကြိုးစားမှုနဲ့ ၅။ ဥာဏ်ထက်မြက်မှု အစရှိသည်ဖြင့် ပြောင်းလဲလာပြီးတော့ ၂၀၀၁ ခုနှစ် အချိန်ရောက်ရှိတဲ့ အခါမှာတော့ ၁။ ပစ္စည်းနဲ့ တိုင်းတာဆုံးဖြတ်မှု (Materialistic) ၂။ အပျင်းကြီးခြင်း ၃။ တစ်ဦးချင်း လွတ်လပ်စွာလုပ် ကိုင်မှုကို အားပေးခြင်း ၄။ အပျော်အပါးမက်ခြင်း နဲ့ ၅။အလုပ်ကြိုးစားမှုရှိကြခြင်း အစရှိသည်ဖြင့် ပြောင်းလဲလာကြတယ်လို့ Princeton University ကထုတ်ခဲ့တဲ့ စစ်တမ်းများအရသိနိုင်ကြပါတယ်။
အထက်ပါစစ်တမ်းများအရ အမေရိကန်များဟာ လွန်ခဲ့တဲ့ ၁၉၃၃ ခုနှစ်ကနဲ့စာရင် ရည်မှန်းချက်ကြီးကြီး မားမား မရှိကြတော့ဘူး။ အလုပ်ကြိုးစားမှု လျော့နည်းလာတယ်လို့ မှတ်ချက်ချရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်ကြိုးစားမှုဟာ တန်ဘိုးအထားဆုံး ၅နေရာမှာပါဝင် နေသေးတယ်၊ လွပ်လပ်စွာ လုပ်ကိုင်ခွင့်ကို အားပေးမှုတွေရှိနေသေးတယ် ဆိုရင် အမေရိကန်တွေ တိုးတက်နေဦးမယ်ဆိုတာကို ကျွန်တော်တို့ မှန်းဆနိုင်ကြပါသေးတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ရောခင်ဗျာ - - - - - - - - - - - - -
အမေရိကန်ကျောင်းသားတွေ လုပ်ခွင့်ရှိသလိုမျိုး မြန်မာနိုင်ငံမှာ စစ်တမ်းကောက်ယူခွင့်ရှိခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒါမျိုးထွက်လာနိုင်မယ်ထင်ပါတယ်။ ၁။ အချောင်သမားစိတ်ရှိခြင်း ၂။ မည်သည့်အရာကိုမဆိုလွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့် မရှိခြင်း၊ ၃။ ခိုးဝှက်ခြင်း ၄။ ပျင်းရိခြင်း နဲ့ ၅။ အပျော်အပါးလွန်ကျူးခြင်းတို့ - ဖြစ်လာနိုင်စရာရှိတယ်လို့ ကျွန်တော်လို့ ထင်ပါတယ်။
ပေါက်ဖွားလာတဲ့ မျိုးဆက်သစ်တွေဟာ ပတ်ဝန်းကျင်အခြေအနေပေါ်မှာ မူတည်ပြီးတော့ အကျင့်စရိုက် ၊ အရည်အသွေးအစရှိတာတွေ ပြောင်းလဲရတယ်လို့ ကျွန်တော်တို့ဆိုနိုင်ပါတယ်။ လူတွေရဲ့ အတွေးအခေါ်၊ အကျင့်အကြံ အပြုအမူတွေကို ပုံစံသွင်းတာကတော့ emotion လို့ခေါ်နိုင်တဲ့ စိတ်ခံစားမှုတွေ၊ Belief လို့ခေါ် တဲ့ စွဲစွဲမြဲမြဲယုံကြည်မှု တွေသာပဲဖြစ်ပါတယ်။ သာမန်လူတွေ ဒေါသထွက်လောက်စရာ အယူအဆ၊ အကြံအစည်၊ အပြုအမူတွေကို ကျင့်ကြံပြုလုပ်နေကြတဲ့ ခွေးမုဒိန်းဂိုဏ်းသားများ ဟာ ဘာဖြစ်လို့ ဒါမျိုးစိတ်ဓာတ်တွေ ရှိကုန်ရသလဲ ၊ ခိုးဝှက်အရှက်မရှိ မုသားပြောဆို၊ ခွေးတောင်မရှောင်မုဒိန်းကျင့်ကြခြင်းကို ဘာဖြစ်လို့ လုပ်ကြသလဲလို့ ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာတော့ အောက်ပါအချက်များကို ထပ်မံတွေ့ရှိပါတယ်ခင်ဗျား။
Attitude - လို့ခေါ်တဲ့ စိတ်ဓာတ်ကို ပြောင်းလဲပစ်နိုင်တဲ့ Source တွေကတော့
Familiarity - လို့ခေါ်တဲ့ ရင်းနှီးကျွမ်းဝင်မှုရှိခြင်း - လူတွေဟာ မှန်ထဲကရုပ်ကို ရိုက်ထားတဲ့ ဓာတ်ပုံထက်ပိုပြီး ကြိုက်ကြတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့်မို့ ခွေးမုဒိန်းဂိုဏ်းသားတွေ ပြင်ပဂိုဏ်းသားများနဲ့ ဒါမျိုးရင်းနှီးကျွမ်းဝင်မှု မရှိလာအောင် ခွေးမုဒိန်းဂိုဏ်းချုပ်ကြီးက အစစအရာရာ ဂရုစိုက်ထားပါတယ်။ ဂိုဏ်းဝင်တစ်ယောက်ယောက်ရဲ့ သားသမီး က တစ်ခြား ဂိုဏ်းဝင်တစ်ယောက်ရဲ့ သားသမီးနဲ့ လက်ထပ်ရင်တောင် ဂိုဏ်းထဲကချက်ခြင်း ထုတ်ပစ်ပါတယ်။ (မန္တလေးတိုင်းရဲမှူးကြီး အထုတ်ခံလိုက်ရတာ သူ့သားက ဒီမိုသမီးနဲ့ ရင်းနှီးမိလို့ပေါ့)ခွေးမုဒိန်းဂိုဏ်းသားများ လူသတ်ပွဲ ကျင်းပနေစဉ် ကာလမှာတောင် တစ်နေရာထဲမှာ မသတ်ရပါဘူး။ နေရာအမျိုးမျိုးမှာ ပြောင်းသတ်ရတာ ဒါ့ကြောင့်ဖြစ်နိုင် ပါတယ်။
Training - လို့ပြုစုပျိုးထောင်မှု - နိုင်ငံတော်ကြီး တိုးတက်နေပါတယ်။ ခွေးမုဒိန်းဂိုဏ်းကြီးဟာ ကောင်းမှုကုသိုလ်တွေကို လုပ်ဆောင်နေပါတယ်လို့ တွင်တွင်ပြောနေတဲ့ သူများဟာ လေ့ကျင့်ခန်း (Training)အမျိုးမျိုး ကို အပေးခံခဲ့ အခုလဲ အပေးခံနေရဆဲသူတွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရပါတယ်။ သူတို့ရဲ့ အထင်အမြင်၊ အကြံပေးချက်တွေဟာ အစကနဦးက သူတို့ရဲ့ စိတ်သဘောထားအမှန်အတိုင်း မဟုတ်ပဲ ဖိအားပေးခံရလို့ ပြောဆိုရတာမျိုး၊ ဒါမှမဟုတ် အကျိုးအမြတ်တစ်စုံတစ်ရာ ရလို့ ပြောနေရေးနေရ တာတဲ့ အခြေအနေမျိုးနဲ့ စတင်ခဲ့ကြရတာပါ။ ဒါပေမဲ့ အချိန်ကာလတစ်ခုကြာအောင် ဖိအားပေးခံရ ၊ အကျိုးအမြတ် (Reward) တစ်ခုခုရရှိလာ တဲ့အခါမျိုးမှာတော့ ယခင်က စိတ်မပါပဲ ပြောတာ၊ ရေးတာတွေ၊ ယခင်အချိန်ကာလ မိမိယူဆချက်နဲ့ ဆန့်ကျင်ပြီး ပြောရ ရေးရတာတွေဟာ စိတ်ပါလက်ပါနဲ့ ပြောတာရေးတာ၊ -ာဖြစ်တော့မဲ့နိုင်ငံကြီး ကောင်းစားတော့မယ်ဆိုတာဟာ အမှန်တစ်ကယ်ဖြစ်လာတော့မလိုမျိုး ယုံကြည်ကြကုန် ပါတော့တယ်။
ဒီလိုမျိုး ပြောင်းလဲလာတဲ့ လူ့သဘောသဘာဝကို လေ့လာမှတ်တမ်းတင်ခဲ့သူတွေကတော့ (Janis နဲ့ King) (1954 - 1956) တို့ပဲဖြစ်ပါတယ်။ ငါတို့ များများရေး၊ များများ မုသားပြော၊ များများ ခွေးတွေဖမ်းပြီးတော့မုဒိန်းကျင့်ပေးရင်တော့ ဆုတွေလဒ်တွေ အများကြီးရရချေသေရဲ့ လို့ အစိမ်းရောင်ဝတ် ခွေးမုဒိန်းဂိုဏ်းဝင်များ ထင်မှတ်ကြကုန်ပြီ ထင်ပါတယ်ခင်ဗျား - - - -
Janis နဲ့ King တို့ ထပ်ပြီးလေ့လာရာမှာ တွေ့ရှိတဲ့အချက်ကတော့ လူတွေရဲ့ အပြုအမူ၊ အတွေးအခေါ်ကို ပြောင်းပစ်တဲ့ နေရာမှာ Reward တွေအများကြီးပေး ပြီးတော့ မဟုတ်တာတွေလုပ်ခိုင်း၊ မမှန်တာတွေ ဆိုခိုင်း ၊ ခွေးတောင်မချန် သရမ်းခိုင်းတာနဲ့စာရင် Reward နဲနဲပဲပေးပြီးတော့ လုပ်ခိုင်းတာက အချိန်တိုတိုအတွင်းမှာပဲ လျင်လျင်မြန်မြန် ထိထိရောက်ရောက်နဲ့ လူတွေရဲ့ Attitude တွေကို ပြောင်းလဲပစ်နိုင်ကြောင်းပါတဲ့ ခင်ဗျား -
၂၅၀ စားအစိမ်းရောင် ခွေးမုဒိန်းဂိုဏ်းသားများ ၊ ၂၅၀နဲ့ ဘာ့ကြောင့် ဒီလောက်ဟောင်နေရပါလိမ့်ဆိုတဲ့ အဖြေကို ပေးတဲ့ Janis နဲ့ King အား အထူးကျေးဇူးတင်ရှိပါကြောင်း - - - - အမြင်မှန်ရပြီး နုတ်ထွက်လိုပါလျင် ကျွန်တော်တို့၏ ခွေးမုဒိန်းသမားများအပေါ်ထားရှိသော Attitude အား လေ့ကျင့်ပြောင်းလဲပေးနိုင်ပါကြောင်းနဲ့ ဒီ့ထက်မက များစွာဟောင်သော်လဲ ၂၅၀ ပေးခြင်းသည်သာ ခွေးဂိုဏ်းချုပ်ကြီးအတွက် အကျိုးအရှိဆုံး ဖြစ်စေမည် ဆိုခြင်းကို ဟောင်နေသည့် ခွေးများ မသိသေးသော်လဲ အဟောင်ခိုင်းသည့် ခွေးမုဒိန်း ဂိုဏ်းချုပ်ကြီးမှာ ကောင်းကောင်းသိသည်ဖြစ်သည့်အတွက် ပိုရမည်ထင်ပါက Wait Long Long ဟုဆိုလိုပါကြောင်း ပြောကြားရင်း - ခဏနားမယ်ခင်ဗျား
စာကြွင်း - မကောင်းတာတွေဖြစ်နေတဲ့ နိုင်ငံကို မကောင်းဘူး မပြောပဲ ကောင်းပါတယ်ပြောမှ နိုင်ငံချစ်တယ် ဆိုရင်တော့ အဲဒီ့နိုင်ငံချစ်ပုံကြီးက ဘယ်လိုမျိုးကြီးလဲဟ - - သောက်ရူးလား

Wednesday, July 2, 2008

To all Mates!!!!!

အလုပ်တွေ ပြန်များလာပြန်ပြီခင်ဗျား။ ၁ ပတ်ကျော်လောက် စာရေးနားလိုက်ပါဦးမယ်။ အားလုံး ကျန်းမာချမ်းသာကြပါစေခင်ဗျား။ ဆိတ်ဗိုလ်များ၊ အောက်ဆွဲများပါ ပါပါသည်။ ထိုအရူးများ စိတ်ကောင်းဝင်မှ မြန်မာပြည်သူများ ဒုက္ခ လယ်ဗယ် လျော့နိုင်မည်ဖြစ်သောကြောင့်ပေတည်း။

Monday, June 30, 2008

To shameless bastards !! Stop doing this, if not your sisters will pay for it.











အရှက်မရှိတဲ့ ကောင်တစ်ချို့ရဲ့လုပ်ရပ်တွေပါ။ မုန်တိုင်းတိုက်တဲ့နေရာမှာ သွားကူတဲ့ ဓာတ်ပုံတစ်ပုံတောင် မပါပဲနဲ့ ဆက်ကြည့် လိုက်တော့ တွေ့လိုက်ရတဲ့ပုံတွေက ဒါမျိုးပုံတွေဖြစ်နေတယ်ဗျာ။ ဆိုးတာက သူတို့မျက်နှာတွေကို ကွယ်ထားပြီးတော့ မိန်းကလေးတွေ ရဲ့မျက်နှာတွေကို ပေါ်ပေါ်တင်တင်ဖော်ပြထားခြင်းပါပဲ။ ကျွန်တော်တို့ မျက်နှာတွေကို ဖျက်ပေးလိုက်ပါတယ်။ ဘယ်လိုစိတ်ဓာတ်အဆင့်အတန်းမျိုးရှိတဲ့ကောင်တွေက ဒါမျိုးအလုပ်ကို လုပ်မလဲ ဆိုတာစဉ်းစားကြည့်ကြပါတော့ဗျာ။ မှည့်ထားတဲ့ နာမည်က အမျိုးချစ်သူတဲ့ဗျ။ ကျွန်တော်တို့ ဒီကောင်တွေအကြောင်း လုံးဝ ဆက်မရေးတော့ဘူးဆိုတာ အာမခံပါတယ်။ ထွီ --- ရွံတယ်ကွာ။ နှမချင်းမစာနာ လုပ်တဲ့ ကောင်တွေ။ ဒီအမျိုးချစ်သူဆိုတဲ့ကောင် ဘယ်လိုအဆင့်အတန်းလဲဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့ဗျာ။








Wednesday, June 25, 2008

Discussion, Open to all!!!!!!!!!

Hello,
I am just wondering whether you are interested to post a controversy issue on your blog. I, myself, as a humanitarian worker, I am pretty much fed up with the abuses that are currently happening. Yesterday, I went to a show mentioning that it is purposely for fund raising, as well as a birthday party of DASSK. However, the thing did not go as it was mentioned. It was organized by one political organization, and the head of that organization was awarded for one humanitarian award.
In fact, the total ticket sold is not more than 40,000 Bhats worthed. The van fair to take Thee Lay Thee to travel to the area is 12,000. With the accommodation fees, and other expenses, the expenses for the entertainer is around 60,000 Bhats. There are other costs like renting the auditorium, equipments, transportation charges, fees to Thai police (as most attendance are illegal migrant workers. So, for sure that it is not really meant of Nargis victims. If they donate that money instead, it was much more valuable. Second, does it really for DASSK? No.. of course not. It did not help not a single thing to DASSK. Third, does it benefit for the performers? Less likely, as they have other expenses to cover, I assumed that they just received normal fees for their performance. So? Are we celebrating a festival for Nargis Victim? I feel like it is very unethical.
The only benefiting persons are Thai polices, hotel owner, and the last but not the least is the Political Worker who can show up that his got his award and received popularity among migrants. I really would like to know your opinion.

Best regards,
ကျွန်တော်တို့ ကြားဘူးတဲ့ Politics ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိပါတယ်။ လက်တင်ဘာသာ စကားပါ။ Poly = many = များစွာသော ၊ Tics = Blood Sucking Creatures = သွေးစုတ်ကောင်များ ဆိုတဲ့ စကားလုံးပါပဲ။ နိုင်ငံရေးကို လုပ်နေပါတယ်ဆိုတဲ့ သွေးစုတ်ကောင်တွေဟာ နေရာတိုင်းမှာ ရှိတတ်စမြဲပါ။ ဒါပေမဲ့ စာဖတ်သူရဲ့ မေးလ်ထဲမှာပါတဲ့ နိုင်ငံရေးလုပ်တယ်ဆိုတဲ့သူဟာ ဒါမျိုးလူစားလားဆိုတာကို တော့ ကျွန်တော်တို့ မသိနိုင်ပါဘူး။ အဲဒီ့နိုင်ငံရေးလုပ်တဲ့သူဟာ တစ်ကယ်နိုင်ငံကောင်းစားရေး ကိုလုပ်နေတဲ့သူ၊ တစ်ချိန်ချိန်တုန်းက စွန့်လွှတ်မှုများစွာကို ပြုလုပ်ခဲ့သူ၊ အခုလဲ စွန့်လွှတ်ခြင်းပေါင်းများစွာကို ဆက်လုပ်နေတဲ့သူဖြစ်နေရင် သူဒါမျိုး နာမည်ဝင်ယူသွားတာကို ကျွန်တော်တို့အနေနဲ့ လက်ခံပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးလုပ်တယ် ဆိုတာမျိုးဟာ နာမည်ရှိမှလဲ တစ်ချို့လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမျိုးတွေမှာ ထိရောက်မှုရှိတာ မို့လို့ဖြစ်ပါတယ်။
အခန်းငှားခတွေ၊ ရဲကိုပေးရတာတွေကို မုန်တိုင်းဒဏ်ခံတဲ့သူတွေကို လှူလိုက်ရင် ပိုတန်ဘိုးရှိတယ် ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ဘတ်ငွေ ၆၀၀၀၀ ကျော်ဟာ တစ်ကယ်တမ်းတော့ ဘာမှပြောပလောက်တဲ့ ငွေကြေးပမာဏ မဟုတ်တဲ့အတွက် ဒါမျိုးပွဲမျိုး လုပ်ပြီးတော့ ထိုင်းမှာရှိတဲ့ အလုပ်သမားတွေပျော်ရတယ် ဆိုရင်လဲ ကျွန်တော်တို့ နားလည်ပေးလို့ရပါတယ်ခင်ဗျား။ မုန်တိုင်းဒဏ်ခံ ပြည်သူတွေရဲ့ ဘ၀တွေ ဆိုးတာမှန်ပါတယ်။ ထိုင်းကမြန်မာအလုပ်သမားတွေလဲ ဘ၀မကောင်းပါဘူးခင်ဗျာ။ စာဖတ်သူသိအောင် ကျွန်တော်တစ်ခုလောက်ပြော ပြချင်ပါတယ်။ စင်ကာပူလိုနိုင်ငံမျိုးမှာ ခန်းမငှားခ လိုကိစ္စချည်းပဲကို ဘတ်ငွေ ၃သိန်းကျော် ၊ ၄သိန်းလောက် အကုန်အကျခံပြီးတော့ လုပ်ခဲ့တဲ့ ပွဲတွေတစ်ပုံချည်းပဲ ဆိုတာ ကျွန်တော်တို့ ကြားသိရပါတယ်။ ပြီးတော့ နိုင်ငံရေး အတွက်လုပ်တာမဟုတ်ပဲနဲ့ အပျော်အပါးနဲ့ ဘာမဟုတ်တဲ့ နာမည် ၀င်ယူသွားကြပါတယ်တဲ့။ ဒါမျိုးလူတွေနဲ့ စာရင် စာဖတ်သူ ပြောတဲ့ နိုင်ငံရေးသမားဟာ အများကြီးကောင်းပါသေးတယ်ခင်ဗျား။
ထိုင်းကဟိုတယ်ပိုင်ရှင်တွေ၊ ရဲတွေကောင်းစား သွားတယ်ဆိုပြီး စိတ်သောက ဖြစ်မနေပါနဲ့ ခင်ဗျာ။ နိုင်ငံရေးကို တစ်ကယ်လုပ်နေကြတဲ့ သူတွေမှာ အကျဉ်းအကျပ်များစွာရှိပါတယ်။ ကျွန်တော်တို့ အမြင်အရသာ ပြောရရင် ဒါမျိုး ငွေကြေးတွေဟာ မကုန်ပေးလို့မရပါဘူး။ အဲဒီ့နိုင်ငံရေးသမားကြောင့် ထိုင်းရဲနဲ့ ဟိုတယ်ပိုင်ရှင် ဒေါ်လာ ၁၀၀၀၀ အမြတ်ထွက်သွားတဲ့ အချိန်ကာလလေးမှာပဲ၊ မြန်မာနိုင်ငံက စစ်ခွေးများကြောင့် ထိုင်းတွေထွက်သွားတဲ့ အမြတ်ဟာ ဒေါ်လာ သန်းရာမကျော်ရင် ကျွန်တော်တို့ကို ကြိုက်သလိုပြောနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသမား ဟာ ထိုင်းမြေပေါ်မှာ နေနေရတဲ့သူဖြစ်ပြီးတော့ စစ်ခွေးများကတော့ ထိုင်းတွေနဲ့ အဝေးကြီးမှာပါ။ နေရာတိုင်းမှာ Give & Take ဆိုတာရှိပါတယ်ခင်ဗျာ။ ပြီးစီးသွားတဲ့ အစီအစဉ်တစ်ခုလုံးအနေနဲ့ ကတော့ ဘာမှကြီးကြီးမားမား ကြီး ဆုံးရှုံးသွားတာမရှိသလို၊ လူတိုင်း၊ လူတိုင်းက ပေးစရာနဲ့၊ ယူစရာရှိတာလေးတွေကို မျှမျှတတနဲ့ လုပ်သွားကြတယ်လို့ပဲ မှတ်ယူပေးလိုက်ပါ။ နာဂစ် အတွက်လို့ ခေါင်းစဉ်တပ်ပြီးတော့ နာဂစ်အတွက် နဲနဲလေး တောင်မှ လုပ်မပေးနိုင်ဘူးဆိုရင်သာ သူတို့ လွန်ကဲခြင်းဖြစ်ပါတယ်။ နာဂစ်အတွက် ၁ ကျပ်ပဲလှူပြီးတော့ ကျန်တဲ့စားရိတ်က ၁၀ ဖြစ်ရင်တောင်မှ ဒါမျိုးပွဲမလုပ်သင့်ဘူးလို့ ကျွန်တော်တို့ တရားသေကောက်ချက်မချခြင် ပါဘူးခင်ဗျာ။ တစ်ခြား လိုအပ်ချက်ကလေးတွေကို ဖြည့်ဆည်းပေးနိုင်ရင်လဲ အောင်မြင်တယ်လို့ ကျွန်တော်တို့ ဆိုချင်ပါတယ်။
နောက်ဆုံး စာဖတ်သူကို ကျွန်တော်တို့ ပြောကြားလိုတာကတော့ ကျွန်တော်တို့ကိုယ်တိုင်လဲ ဒါမျိုး စိတ်ခံစားမှု မျိုးတွေ အကြိမ်ကြိမ်ဖြစ်ဘူးပါတယ်။ တစ်ခုပဲ သူတို့ကို အသိပေးချင်တာရှိပါတယ်။ စစ်ခွေး အောက်ဆွဲ၊ ကြွက် (ထောက်လှမ်းရေး) ဆိုတဲ့ကောင်များဟာ ဒါမျိုးအသင်းအဖွဲ့များတွေထဲမှာ ရှိနေတတ် ပါတယ်။ အဲဒီ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ အရင်းအမြစ်တွေ၊ (ငွေကြေး၊ လူအင်အား၊ အဆက်အသွယ်နဲ့ ယုံကြည်မှု) အစရှိတာတွေကို ဆုံးရှုံးလျော့ပါးကုန်အောင် ဒီကောင်တွေ လုပ်ကြပါတယ်။ အဲဒါမျိုးကောင်တွေကြောင့် ငွေကြေးတွေ မကုန်သင့်ပဲကုန်ရတယ်၊ လူတွေ အထင်မှားမှုတွေဖြစ်ရတယ်။ တစ်ကယ်လုပ်ချင်တဲ့သူတွေ၊ လုပ်နိုင်တဲ့သူတွေ နိုင်ငံရေးကို ဝေးဝေးရှောင်ကုန်ကြတယ်ဆိုတာမျိုးကြောင့် ဆိုရင်တော့ ဒီပွဲကြီးဖြစ်သွားတာ သိပ်မကောင်းလှဘူးပေါ့ခင်ဗျာ။
စာဖတ်သူ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး မိမိတို့ ယုံကြည်မှုများအတွက် စိတ်ဓာတ်ခွန်အား တိုးပွားပြီး ဆက်လက်လုပ်ဆောင်နိုင်ကြပါစေခင်ဗျာ။ ကျွန်တော်တို့ဆီကို လာရောက်ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Remember what we've said? Critics, think if you have brain.

မြန်မာပြည်ရဲ့ ဓာတ်ငွေ့တွေကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၁၅၀ ကျော်လောက်ဆုံးရှုံးနေတယ် လို့ ကျွန်တော်တို့ တွက်ပြခဲ့ဘူးပါတယ်။ အခုထိုင်းက နောက်တစ်ချီ ထည့်ပြန်ပြီဗျား။ စစ်ခွေးတွေ တွက်တတ်ရင် တွက်ကြည့်ပါလားဗျာ။ ကျွန်တော်တို့နိုင်ငံ ပျံလန်နေအောင် နေနိုင်ရက်သားနဲ့ စစ်ခွေး များလက်ချက်ကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေရတာ ရင်နာဘို့ကောင်းလိုက်လေဗျား။
BANGKOK : A Thai energy firm has signed a major deal to drill for natural gas in military-ruled Myanmar, an official with the company said Wednesday. The agreement - to develop the M9 block in the Gulf of Martaban - was signed by PTT Exploration and Production (PTTEP) with Myanmar's military government in the country's remote capital Naypyidaw on Monday, the official told AFP. The official declined to reveal the value of the deal, but Thailand's The Nation newspaper reported it would entail an investment of about two billion dollars. Under the deal, PTTEP will work with the state-run Myanmar Oil and Gas Enterprise to develop the field, the Thai firm's CEO Anon Sirisaengtaksin said in a statement to the stock exchange. The field is expected to produce 300 million cubic feet of gas per day, with 80 percent exported to Thailand and the rest supplying Myanmar, the statement said. Thai energy minister Poonpirom Liptapanlop said in a statement that the deal "is very important and beneficial for Thailand to obtain natural gas to supply its rising energy needs, and to enhance the country's long-term energy security". Energy-hungry Thailand imports about 20 percent of its gas from Myanmar and is vying for a bigger share of its vast natural resources. State media in Myanmar previously estimated the M9 block contained 8.0 trillion cubic feet of gas. According to 2006 official figures, 13 foreign oil companies are working on 33 projects in the country.