Sunday, October 19, 2008

The source of all economy maladies in Myanmar

မြန်မာပြည်က ပြည်သူပြည်သားများရဲ့ လုပ်အားသွေးချွေးများကြောင့် ထွက်ရှိလာတဲ့ ထုတ်လုပ်နိုင်မှုစွမ်းအားတွေကို နိုင်ငံတော်အတွက်လို့ ခေါ်ခေါ်နေကြတဲ့ အကျိုးမရှိတဲ့ နေရာတွေကို ဖြည့်ဆည်းပေးနေရတဲ့ အချက်ဟာ မြန်မာနိုင်ငံအား ဖိစီးထားတဲ့ စီးပွားရေး ပြသနာကြီးရဲ့ အဓိက အရင်းအမြစ်ထဲမှာပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ မှာဖြစ်ပျက်နေတဲ့ တစ်ခြား စီးပွားရေး၊ လူမှုရေး ပြသနာ ပေါင်းစုံရဲ့ အဓိကတရားခံဟာ အဲဒီ့နိုင်ငံတော်လို့ခေါ်တဲ့ လူ့ငနွားများရဲ့ ကပ်ပါးခိုမှု တစ်ချက်တည်း ကြောင့်ဖြစ်ပျက်နေရခြင်းပဲ ဖြစ်တယ်လို့တောင် တိတိကျကျဆိုနိုင်ပါတယ်။ တပ် - မတော် ရဲ့ မြန်မာ့စီးပွားရေးအပေါ်မှာ ဖိစီးထားမှုနဲ့ လောဘတက်မှုဟာ greed ဆိုတဲ့ စကားလုံးနဲ့တင်မလုံလောက် တော့ပဲနဲ့ တိရိစ္ဆာန်တွေဆီမှာသာ ရှိတဲ့ rapacity လို့ခေါ်တဲ့ အဆင့်မျိုးကိုရောက်ရှိနေပြီဖြစ်ပါတယ်။ မြန်မာစီးပွားရေးမှာ ဖြစ်ပျက်နေတဲ့ပုံစံဟာ ကျွန်တော်တို့ Discovery လိုမျိုး အစီအစဉ်တွေမှာ တွေ့တွေ့နေရတဲ့ နွားတွေနဲ့ ကျားတွေလိုပုံစံမျိုးပါပဲ။ အစာ ဆာ လာတဲ့အချိန်မှာ နွားတစ်ကောင် သတ်စားလိုက်ပါတယ်။ ဗိုက်ဝရင်ကျန်တဲ့ နွားသေဟာ ပုတ်သွားတာပါပဲ။ ကျားစားတာနဲ့ ပုတ်သွားတာ ယှဉ်ကြည့်လိုက်ရင် ပုတ်သွားတာက အများကြီးပိုများနေတဲ့ ပုံစံဟာ မြန်မာ့စီးပွားရေး ဖြစ်ပျက်နေပုံမျိုးပါ။
မြန်မာနိုင်ငံဟာ ခွေးတပ်ကို ပံ့ပိုးနေရတဲ့အတွက် ဖြစ်လာတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ကတော့ ငွေကြေးဆိုင်ရာ ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားခြင်းပဲဖြစ်ပါတယ်။ ဘာ့အတွက်ကြောင့်ဆုံးရှုံး သွားရတာလဲ အဖြေကရှင်းရှင်းလေးပဲဖြစ်ပါတယ်။ ဘတ်ဂျက်လိုငွေပြမှုအတွက် ငွေကြေးရိုက်ထုတ် သုံးစွဲရပါတယ်။ ခွေးစာကျွေးနိုင်ဘို့အတွက် ငွေလဲလှယ်မှုနှုန်းထားက ၂မျိုး ၂စားဖြစ်နေရပါတယ်။ ဘဏ်များမှာအပ်နှံထားတဲ့ ငွေများရဲ့ အတိုးနှုန်းကို အတင်းဖိနှိပ်ထိန်းချုပ်ရပါတော့တယ်။ မြန်မာနိုင်ငံကရိုက်ထုတ်ခဲ့တဲ့ ငွေကြေးလိုငွေပြမှုကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ က အောက်ပါအတိုင်း မှတ်တမ်းတင်ထားပါတယ်။





နောက်တစ်ပတ်မှ ဆက်ပါတော့မယ်ခင်ဗျား