စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု (Economic Development) ဆိုတဲ့ စကားလုံးကို စီးပွားရေး အဆောက်အအုံတွေထဲမှာ ရှိနေတဲ့
- ကုန်ထုတ်လုပ်မှုပုံစံတွေရဲ့ အခြေခံဖွဲ့ စည်းတည်ဆောက်ပုံ ပြုပြင်ပြောင်းလဲမှု
- နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ အသင်းအဖွဲ့ တွေတိုးတက်လာမှု တွေကြောင့် ဖြစ်ပေါ်လာတဲ့
အချိုးညီညီတိုးတက်လာတဲ့ လူနေထိုင်မှု အဆင့်အတန်း၊ ကျယ်ကျယ်ပြန့် ပြန့် တည်ရှိနေပြီးတော့ လူအများစုက ခွဲဝေခံစားနိုင်မှုရှိတဲ့ ရေရှည်တည်တံ့မှု ရှိနိုင်တဲ့ စီးပွားရေး ကြီးထွားမှုနှုန်း (Sustainable Economic Growth) ရှိမှသာ ဒီ Economic Development ဆိုတဲ့ စကားလုံးကို အသုံးပြုဘို့ ကန့် သတ်ချက် ထားရမယ်။
- ကုန်ထုတ်လုပ်မှုပုံစံတွေရဲ့ အခြေခံဖွဲ့ စည်းတည်ဆောက်ပုံ ပြုပြင်ပြောင်းလဲမှု
- နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ အသင်းအဖွဲ့ တွေတိုးတက်လာမှု တွေကြောင့် ဖြစ်ပေါ်လာတဲ့
အချိုးညီညီတိုးတက်လာတဲ့ လူနေထိုင်မှု အဆင့်အတန်း၊ ကျယ်ကျယ်ပြန့် ပြန့် တည်ရှိနေပြီးတော့ လူအများစုက ခွဲဝေခံစားနိုင်မှုရှိတဲ့ ရေရှည်တည်တံ့မှု ရှိနိုင်တဲ့ စီးပွားရေး ကြီးထွားမှုနှုန်း (Sustainable Economic Growth) ရှိမှသာ ဒီ Economic Development ဆိုတဲ့ စကားလုံးကို အသုံးပြုဘို့ ကန့် သတ်ချက် ထားရမယ်။
ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ ဆင်းရဲသားတွေရဲ့ လူနေမှုအဆင့်အတန်းအစရှိတာတွေ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးအဆောက်အအုံတွေ ရှင်သန်လည်ပတ်နေတဲ့ ပုံစံဟာ စံနစ်ကျမှုရှိမရှိ၊ ဖွံ့ ဖြိုးတိုးတက်မှုရှိ မရှိဆိုတာကို ထည့် သွင်းမစဉ်းစားပဲနဲ့ သဘာဝအရင်းအမြစ်များ ထုတ်ယူအသုံးပြုခြင်း၊ အဓိပ္ပာယ်နှစ်မျိုး ကောက်နိုင်တဲ့ ကုန်ထုတ်လုပ်မှုနဲ့ ဖြန့် ဖြူးမှု၊ စတဲ့ ကျဉ်းမြောင်းတဲ့ အချက်များပေါ်မှာသာ အခြေခံထားတဲ့ Economic Growth ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်နဲ့ ကျယ်ပြန့် မှုရှိတဲ့ Economic Development ဆိုတဲ့ စကားလုံး ၂ခုရဲ့ ကွာခြားချက် ကြီးမားမှုကို ကွဲကွဲပြားပြား သိလာနိုင်ပါလိမ့်မယ်။
(Adelman and Morris 1997)
Economic Development ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေး အခြေအနေကို ချိန်ထိုးကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေး ဖွံ့ ဖြိုး တိုးတက်မှုဆိုတာ လုံးဝမရှိပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ စီးပွားရေး ဆုတ်ယုတ် နေတဲ့ နိုင်ငံ တစ်ခုအဖြစ်ဖော်ပြမယ်ဆိုရင်သာ အသင့်လျော်ဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ သဘာဝဓာတ်ငွေ့ ရောင်းချရာက ရရှိလာတဲ့ ငွေတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ကြီးထွား မှု (Economic Growth) နောင်နှစ်အနည်းငယ်ကြာသည့် တိုင်အောင် ဆက်လက်တည်ရှိနေဦး မှာပါ။
မြန်မာနိုင်ငံရဲ့ စီးပွားရေး ရေရှည် ဖွံ့ ဖြိုးတိုးတက်လာဘို့ဆိုတာကို ထားလိုက်ပါဦး။ ရေတိုစီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု ရဘို့ တင်ကို ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ရပါလိမ့် ဦးမယ်။ ဒါပေမဲ့ အဲဒီ့ပြုပြင်ပြောင်းလဲမှုတွေကပဲ လက်ရှိလိုအပ်နေတဲ့ တိုင်းပြည်ရဲ့ ၀င်ငွေ၊ ထုတ်ကုန်၊ အလုပ်လက်မဲ့ နှုန်း၊ ငွေကြေးဖောင်းပွမှု၊ ရင်းနှီးမြုပ်နှံမှု၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု နဲ့ ငွေကြေးစီးဆင်းမှု၊ စုဆောင်းနိုင်မှု အစရှိတာတွေနဲ့ ဆက်စပ်နေတဲ့ Macro Economic ဆိုင်ရာ စီးပွားရေးကဏ္ဍတွေရဲ့ တည်ငြိမ်မှုကို တည်ဆောက်ပေးနိုင်မှာဖြစ်ပြီးတော့ နောင်အနာဂတ်ကာလမှာ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု ကြီးကြီးမားမား ဖြစ်ပေါ်လာစေဘို့ အတွက် အခြေခံ အုတ်မြစ်အဖြစ် တည်ဆောက်ပေးသွားပါလိမ့်မယ်။
ဒါပေမဲ့ ဒီလိုမျိုး ရေတိုစီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုကလေးကို ရရှိဘို့ရာအတွက်ကို ပြုပြင်ပြောင်း လဲရေးလုပ်ဘို့ဆိုတာက မြန်မာနိုင်ငံမှာ သိပ်ပြီးတော့ လွယ်လှတဲ့ ကိစ္စမဟုတ်ပါဘူး။ မြန်မာ ပြည်သူတွေအမှန်တစ်ကယ်ဖွံ့ ဖြိုးတိုးတက်လာတာကို မြင်ချင်တယ်ဆိုရင် Political Economy လို့ ခေါ်တဲ့ နိုင်ငံရေးကို အသုံးချပြီးတော့ စီးပွားရေးကို လုပ်ကိုင်နေတဲ့ အပိုင်းတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
နောက်ထပ်သေချာတဲ့ အချက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ စီးပွားရေး အမှန်တစ်ကယ် ဖွံ့ ဖြိုး တိုးတက်စေချင်တယ်ဆိုရင် ခိုင်မာစိတ်ချရတဲ့ အခွန်ကောက်ယူမှုဆိုင်ရာ ပေါ်လစီတွေ၊ ငွေလဲလှယ်နှုန်းထားကို တစ်ခုထဲသာဖြစ်နေအောင် သတ်မှတ်မှုတွေ၊ အတိုးနှုန်းလွတ်လပ်စွာ သတ်မှတ်ခွင့်တွေသာ မကပဲနဲ့ Institutional Reform လို့ ခေါ်တဲ့ အဖွဲ့ အစည်းတွေ လည်ပတ် နေမှုပုံစံတွေကိုပါ ပြုပြင်ပြောင်းလဲ ပစ်ရမယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ပြောင်းလဲပစ်ဘို့ လိုအပ်နေတဲ့ နေရာတွေကတော့
- ထိရောက်တဲ့ မြေယာ နဲ့ Property ပိုင်ဆိုင်မှု ဥပဒေတွေ
- အခြေခံ အကျဆုံး လူသားတစ်ယောက်ရရှိသင့်တဲ့ လူ့ အခွင့်အရေး ပိုင်ဆိုင်မှုတွေ
- အမှန်တစ်ကယ် လည်ပတ်စီးဆင်းနိုင်တဲ့ အခြေခံ အကျဆုံး အဖွဲ့ အစည်းများ
- ယထာဘူတကျကျ Consistant ဖြစ်တဲ့ အစိုးရရဲ့ ပေါ်လစီချမှတ်မှုတွေနဲ့ ရိုးသားမှုရှိပြီး တော့ စွမ်းဆောင်နိုင်မှုရှိတဲ့ အစိုးရ၀န်ထမ်းများရဲ့ အဲဒီ့ပေါ်လစီတွေကို ဝေမျှပေးနိုင်မှု
- ယခုလက်ရှိတည်ရှိနေဆဲဖြစ်တဲ့ ပုဂ္ဂလိပိုင် စီးပွားရေးလုပ်ငန်းတွေပေါ်မှာ ချုပ်ချယ်ထားတဲ့ အပိုင်းတွေ
- နိုင်ငံတကာကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေ ကို တံခါးဖွင့်ပေးမှု တွေအစရှိတဲ့ အချက်တွေ အချက်တွေ အများကြီး ပြောင်းလဲပြစ်ရဦးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ အဆိုးရဟာ အထက်ပါပေါ်လစီတွေကို ချမှတ်ကျင့်သုံးမယ်လို့ မျှော်လင့်ရင်တော့ လပေါ်က ဆန်ဖွတ်တဲ့ အဖိုးအိုဆီကနေ ထမင်းဆီဆမ်းကို ရွှေလင်ပန်း နဲ့ လာပေးမှာကို စောင့်နေတာနဲ့ တူနေပါလိမ့်မယ်။
ပိုင်ဆိုင်မှု (Property) အခွင့်အရေးတွေကို အသိအမှတ်ပြုခြင်းနဲ့ အဲဒီ့ကနေတစ်ဆင့်တက်ပြီး တော့ ဥပဒေနဲ့ အုပ်ချုပ်ခြင်း (Rule Of Law) စတဲ့ အချက်နှစ်ခုဟာ ရေရှည်စီးပွားရေး ဖွံ့ ဖြိုးတိုးတက်ဘို့ရာအတွက် အခြေခံအကျဆုံး အချက်၂ခုဖြစ်တယ်လို့ စီးပွားရေး ပညာရှင်တွေ ကသတ်မှတ်ထားကြပါတယ်။ Right of Property ကို လေးစားခြင်းဟာ မိမိရဲ့ ကြိုးစားဆောင်ရွက်မှုကြောင့်ရရှိလာတဲ့ အသီးအပွင့်တွေကို ကိုယ်တိုင်ကိုယ်ကျ ခံစားနိုင် တဲ့ အခွင့်အလမ်းတွေကို ပေးတာဖြစ်တဲ့အတွက် ရင်းနှီးမြုပ်နှံမှုတွေတိုးပွားလာစေတယ်လို့ စီးပွားရေးပညာရှင်တွေကဆိုပါတယ်။ အဲဒီ့ရင်းနှီးမြုပ်နှံမှုတွေဟာ မြန်မာနိုင်ငံလို စီးပွားရေးအရ နိမ့်ကျနေတဲ့ (ပြောသာပြောရတာ စီးပွားရေးအရသာနိမ့်ကျတာ မဟုတ်ပါဘူုးခင်ဗျာ၊ လူတွေတောင်မှ မြန်မာနိုင်ငံသားဆိုရင် သူတောင်းစားလိုလို သူခိုးလိုလို မျက်လုံးနဲ့ အကြည့်ခံရတော့တာပါပဲ) နိုင်ငံတွေ အတွက် အသက်တမျှအရေးကြီးတဲ့ အရာတွေပါပဲ။
နောက်တစ်ပတ်မှ ဆက်ပါတော့မယ်ခင်ဗျား
No comments:
Post a Comment