Saturday, September 6, 2008

The War that Our Rapist Army Can't Fight

စစ်ပွဲတွေဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ ၀ိရောဓိ အမြင်တွေရှိလာတဲ့ အချိန်ကစပြီးတော့ ဖြစ်ပွားလာခဲ့တဲ့ အရာတွေဖြစ်ပါတယ်။ အဲဒီ့ဝိရောဓိတွေဟာ ယနေ့ ယခုအချိန်အထိတိုင်အောင် ကမ္ဘာကြီးရဲ့ နေရာ အရပ်ရပ်မှာနေထိုင်နေကြတဲ့ လူတွေအကြား မှာ တည်ရှိနေဆဲပါ။ ပြီးဆုံးနိုင်မဲ့ လမ်းစကိုလဲ မြင်နိုင်စွမ်းမရှိလောက်အောင်ကိုပါပဲ။
စစ်ပွဲ ဆိုတဲ့ စကားလုံးကို ဆက်လက်ပြီးတော့ အဓိပ္ပာယ် ပြည့်ပြည့်စုံစုံ ခွဲခြမ်း စိတ်ဖြာကြည့် လိုက်ရင်
အုပ်စုအဖွဲ့တွေအချင်းချင်း ကြားမှာ လက်နက်ကိုင်တိုက်ခိုက်မှု - သတ်ဖြတ်ဖျက်ဆီး ခြင်းများပါဝင်သည့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ (သို့) အုပ်စုတစ်ခုနှင့် တစ်ခု အကြား ကွဲပြားသည့် ၀ိရောဓိ
စစ်ပွဲကာလ - တစ်ဖွဲ့ နှင့် တစ်ဖွဲ့ လက်နက်စွဲကိုင် တိုက်ခိုက်နေသည့် အချိန်ကာလ
စစ်ဆင်ရေးနည်းလမ်းများ - လက်နက်ကိုင်တိုက်ခိုက်နေသည့် အချိန်ကာလအတွင်း အသုံးပြုကြသည့် နည်းလမ်းများနှင့် ထိုနည်းလမ်းများအား လေ့လာမှု
ဝိရောဓိ - ချုပ်နှောင်ခြင်းမှာ ကင်းလွတ်ခွင့်ရရန် အပြင်းအထန်ကျိုးစားမှုများ ၊ လူပုဂ္ဂိုလ် အချင်းချင်း သဘောထား ကွဲလွဲမှုများ
တစ်စုံတစ်ခုအား အဆုံးသတ်စေရန် ပြင်းပြင်းထန်ထန်ကြိုးစားမှု - အန္တရာယ်ဖြစ်စေနိုင်သည့် အရာတစ်ခုခုအား အမြစ်ဖြတ်ပစ်ရန်ကျိုးပန်းခြင်း - ဥပမာ - မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက် အစရှိသည် - အစရှိတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးတွေ ထွက်လာနိုင်ပါတယ်။

အခုအချိန်မှာဆိုရင် ကျွန်တော်တို့ရဲ့ တပ်-မတော် အဆိုးရကြီးဟာ စစ်ပွဲပေါင်းများစွာကို အောင်ပွဲခံခဲ့တဲ့ အဆိုးရကြီး ဖြစ်နေတာဟာ ကမ္ဘာကသိကြပြီးဖြစ်လို့လာပါပြီ။ နယ်မြေအေးချမ်းတည်ငြိမ်ရေးနဲ့ ပြည်သူလူထု တောင်းစားရေးအတွက် တိုက်ခဲ့ရတဲ့ စစ်ပွဲတွေ ကြိုးပမ်းခဲ့တဲ့ စွမ်းဆောင်မှုတွေဟာ အန်ထွက်လောက်အောင်ကို အံ့မခန်းရှိလှပါတော့တယ်။ ဒီကြားထဲမှာ သာသနာတော်ကြီး သန့်ရှင်းဖြူစင်ဘို့အတွက် သံဃာအတုအယောင်တွေကို လဲ ရှင်းလင်းပေးခဲ့တဲ့ ငရဲလားမဲ့ တာဝန်ကြီးကိုလဲ ရဲရဲဝံ့ဝံ့ကြီး ထမ်းဆောင်ပေးခဲ့ပြီးဖြစ်လို့နေပါ တယ်။ မီဒီယာကို မီဒီယာနဲ့ တိုက် ရမယ်ဆိုတဲ့ မီဒီယာစစ်ပွဲကြီးကိုလဲ သောက်သုံးမကျ ပြည်သူ့ ပိုက်ဆံ ထိုင်စားနေတဲ့ ငတောင်းစား ငစနူ တစ်သိုက်နဲ့ ဆင်နွဲလို့ နေခဲ့ပြီး ဖြစ်ပါတယ်ခင်ဗျား။

ဒါပေမဲ့ ဒီလိုမျိုးစစ်ပွဲတွေဆိုတာ ကမ္ဘာကြီးရဲ့ အရပ်ရပ်မှာဖြစ်ပျက်နေတာ ၊ နိုင်ငံတွင်းမှာသာ မက နိုင်ငံအချင်းချင်းမှာပါ ဖြစ်ပျက်နိုင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာပြည်သားတွေ စိတ်ဖြေကြပါလို့ ပန်ကြားလိုပါတယ်။ တစ်ခြားနိုင်ငံတစ်ခုက စစ်ပွဲတစ်ခုကို လေ့လာကြည့် ကြရအောင်လားခင်ဗျာ။

ကွေကာအုပ် ထုပ်လုပ်တဲ့ အုပ်စုကြီးနှစ်ခုရဲ့ ရှေ့တန်းစစ်မျက်နှာတစ်ခုမှာ ဖြစ်သွားခဲ့တဲ့ တိုက်ပွဲတစ်ခုပါ။
အသာစီးရသွားတဲ့ ကွေကာအုပ်ကုမ္ပဏီအသုံးပြုသွားတဲ့လက်နက်က ထုပ်ပိုးတဲ့ ဘူးကို အလျားလိုက်ထောင်ထားတဲ့ ဘူးကနေ ဒေါင်လိုက် ဘူးအဖြစ်ပြောင်းလိုက်တယ်။ ဘူးပုံစံ ကိုပြောင်းလိုက်ပြီးတော့ ဘူးပေါ်မှာ အသစ်ဆိုတဲ့ တံဆိပ်တစ်ခုကို ထပ်ကပ်လိုက်တယ်။ ဒါပါပဲ။
ဘယ်ကနေဘယ်လိုစစ်မျက်နှာဖြစ်သွားရတာလဲ။
ကွေကာအုပ် ကုမ္ပဏီသိမ်းပိုက်လိုက်တဲ့ နယ်မြေကတော့ စတိုးဆိုင်တွေထဲက ပစ္စည်းတင်တဲ့ စင်တွေပါပဲ။ ဒီစင်တွေရဲ့ နေရာကို သိမ်းပိုက်လိုက်တာဟာ စစ်ပွဲကြီးတစ်ခုမှာ ရေဒါစခန်း တစ်ခုကို သိမ်းပိုက်လိုက်တာ၊ ဆိပ်ကမ်းကြီးတစ်ခုကိုသိမ်းပိုက်လိုက်တာနဲ့ ညီမျှတယ်။ ဘူးက ဒေါင်လိုက်ဖြစ်သွားတဲ့အတွက် ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ ပစ္စည်းတွေအများကြီးတင်လို့မရ တော့ဘူး။ ပြီးတော့ ဘူးတံဆိပ်ကလဲ လူတွေရဲ့ မျက်စိနဲ့ တည့်တည့်ကျသွားတယ်။ ကုမ္ပဏီမှာ Bargaining Power လို့ခေါ်တဲ့ လျှော့ဈေးနဲ့ ပေးနိုင်တဲ့ ပါဝါရှိရင် အဲဒီ့ နေရာကို တစ်ခြားပြိုင်ဘက်ကုမ္ပဏီတွေက ပြန်လည်တိုက်ယူဘို့ဆိုတာ အလွန်ခက်ခဲတဲ့ အရာဖြစ်သွားပြီ။ ရေဒီယိုတွေ၊ တီဗီတွေထဲမှာလဲ အသစ်ထုတ်လုပ်လိုက်သော ဆိုတဲ့ စကားလုံးက စားသုံးသူတွေကိုစွဲဆောင်နေပြီ။ ဒီတစ်ပွဲမှာ ကွေကာအုပ်ကုမ္ပဏီ အနိုင်ရလိုက် ပြန်ပြီပေါ့။ ဒါပေမဲ့ နောက်တစ်ပွဲအတွက် လက်နက်တွေ၊ နည်းလမ်းတွေက အဆင်သင့်။ နောင်ဆက်လာမဲ့ စစ်ပွဲတွေအတွက် အဆင်သင့်။

သူတို့ စစ်ပွဲတွေက ၀ါးရင်းတုတ်မသုံးပါလား။ လူမသတ်ပါ့လား။ ဒါပေမဲ့ တစ်ခြားနိုင်ငံက လူတိုင်းလူတိုင်းဟာ စစ်ပွဲကြီးတွေကို နေ့စဉ်မပြတ်ဆင်နွှဲနေကြတယ်ဆိုတာကတော့ အသေအချာ။ ငါတို့နိုင်ငံမှာကော။

ကျောက်ရူးကြီးရဲ့ ဇာတိ ကျောက်ဆည် တစ်ဝိုက်မှာ ကားကြီးကားငယ်အသွယ်သွယ်နဲ့ တိုင်းတစ်ပါးသားတွေ စစ်ပွဲကြီးတွေကိုဆင်နွှဲနေကြတယ်။ ဟိုးအောက်ပြည်မော်လမြိုင်မှာထိ တိုင်းတစ်ပါးသားတွေခြေဆန့်နေကြတယ်။ မြန်မာပြည်ရဲ့ အပေါ်ပိုင်းတစ်ခုလုံးနီးနီး တရုတ်တွေက လယ်မြေတွေကို ငွေပေး၊ သူတို့ဘာသာစိုက်၊ သူတို့ဘာသာ ရိတ်၊ ထွက်သမျှ တရုတ်ပြည်ကို ပြန်သယ်လုပ်နေတာ နှစ်တွေအတော်ကြာလာပြီ။ ဒါတွေဟာ ကုန်ဈေးနှုန်း တက်ရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုဆိုတာ လေးတန်းဦးနှောက်ရှိရင် စဉ်းစားတတ်တယ်။
ဝါးရင်းတုတ်တစ်ပြင်ပြင်၊ သေနတ်တစ်ပြပြနဲ့ ကောင်တွေ ဘုန်းကြီးသတ်မဲ့ အစား၊ မီဒီယာစစ်ပွဲတိုက်မဲ့အစား အဲဒီ့စစ်ပွဲကို နိုင်အောင်တိုက်ကြပါ့လားကွ။
မင်းတို့ ဘယ်လောက်ပဲ ဘုန်းကြီးသတ်လို့နိုင်နိုင်၊ တိုင်းတစ်ပါးသားတွေနဲ့ တိုက်နေတဲ့ စီးပွားရေး စစ်ပွဲမှာ မရှုမလှရှုံးနေတဲ့ အဖြစ်ကိုတော့ ဘွင်းဘွင်းကြီး ငါတို့ မြင်နေရတယ်ဟေ့
စီးပွားရေးဆိုတာ စစ်ပွဲတစ်ခုဆိုတာကိုလဲ သတိရကြဦးနော် - - - မင်းတို့ကို မင်းတို့ ယောင်္ကျား အစစ်လို့ထင်ရင်တော့ မင်းတို့ ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ မြန်မာအမျိုးသားတွေ အရှုံးကြီးရှုံးနေတဲ့ ပြည်တွင်းကစစ်ပွဲကို ၀င်နွှဲ လိုက်ကြပါဦးကွယ် - အောက်ဆွဲ အပေါင်းတို့ရယ် - -


4 comments:

Anonymous said...

ပညာတတ်လို့တော့ ထင်ရပါတယ်။ ငါသိတယ်၊ ငါပြောတတ်တယ် ဆိုတဲ့ မာနခံနေတော့ စာတွေက အဆင့်မရှိဘူးလို့ ဆိုရမယ်။ ပညာရှင်ဆန်ဆန်ဝေဖန်ရင် ရေရှည်လက်ခံ စဉ်းစားကြမှာပါ။ ဧရာဝတီအင်တာဗျူးမှာ ပြောသလို စစ်တပ်ခေါင်းဆေင်တွေကို များများမဆဲနိုင်ရင် ဒီမိုခေါင်းဆောင် ဖြစ်ဖို့ မလွယ်ဘူးဆိုတဲ့ အတွေးက ခေါင်းထဲရောက်နေတဲ့ပုံပါ။ လာလည်သွားပါတယ်။ အားပေးပါတယ်၊ ရေးပါဆိုတဲ့ သာမန် မှတ်ချက်တွေမှာ ယစ်မူးပြီးတော့ ကျင့်ဝတ်မရှိတဲ့ ပညာရှင်မဆန်တဲ့ စာတွေပဲ ရေးဖြစ်နေတာကို သနားစရာတွေ့ရပါတယ်။

ပညာရှင်ဆန်ဆန်ရေးပြီး ဝေဖန်တတ်အောင် အတုယူစေချင်ပါတယ်။ မခင်မမမျိုး လောက်ဝေဖန်တတ်ရင်၊ လူကြီးလိုရေးတတ်ရင် ဘလော့ခေါင်းစဉ်နှင့် လိုက်ပါပြီ။ ပညာရှင်မဆန်တဲ့ ပညာရှင်တွေ နိုင်ငံအတွက် မလိုအပ်ပါဘူး။ စစ်တပ်ကိုဖားတဲ့ ပညာရှင်ရယ်၊ ဆဲတဲ့ပညာရှင်ရယ် ပဲများနေပါတယ်။ နိုင်ငံကို ချစ်တဲ့ ပညာရှင်ဆိုတာက ခပ်နည်းနည်းပါ။ သေချာတာကတော့ အဲဒီလို ပညာရှင်မျိုး ဒီဘလော့မှာ မရှိပါဘူး။ စိတ်တော့ မဆိုးပါနဲ့၊ ဒါက အမှန်တရားပါ။

မခင်မမမျိုးဘလော့ပါ၊ ဖတ်ကြည့်၊ တွေးကြည့်၊ အတုယူကြည့်ပါ။ http://khinmamamyo.blogspot.com/

Anonymous said...

အကြံပြုတာ ကျေးဇူးတင်ပါတယ် ဒေါက်တာခင်ဗျား။ ကျွန်တော်တို့ ဆီကို ငထိုင်းက အစ ဒေါက်တာကြီးအဆုံး လာရောက်လည်ပတ်တဲ့အတွက် ၀မ်းသာမိပါတယ်။
ကျွန်တော်တို့ဟာ ပညာရှင်မဟုတ်ပါဘူးဆိုတဲ့ စကားလုံးကို ထပ်ကာထပ်ကာပြောရလွန်း တော့လဲ လျှာတိုလှပါပြီ။ Secondary တန်းကြီးအောင်ပြီး ဒီဂရီယူကာ မာစတာ ၂နှစ် ပီအိပ်ခ်ျဒီ ၃နှစ် ဆက်ဖြေပြီး ရရှိလာတဲ့ Degree Mills ခေါ်တကသိုလ် ကြီးများက ပေးအပ်တဲ့ ဒေါက်တာဘွဲ့ ကြီးတွေကိုလဲ ကျွန်တော်တို့အဆင့် အတန်းနဲ့ မယူနိုင်လှပါဘူး။
စစ်တပ်ဖားတဲ့ ပညာရှင်ရယ်၊ ဆဲတဲ့ ပညာရှင်ရယ်၊ နိုင်ငံချစ်တဲ့ ပညာအမျိုးအစားတွေထဲမှာ ဒေါက်တာကတော့ ဖားတဲ့ ပညာရှင်လား မသိဘူးခင်ဗျာ။
မခင်မမမျိုးရဲ့ ဘလော့ကို ဥပမာပေးထား ကျေးဇူးတင်ပါတယ်ခင်ဗျား။ ဒါပေမဲ့ ကျွန်တော်တို့ ကလဲ မွေးကတည်းက ခေါင်းကမာရှာလေတော့ ကျွန်တော်တို့ ကြိုက်သလိုလေးတော့ရေး ခွင့်ပေးပါခင်ဗျား။ ကျွန်တော်တို့ရဲ့ စာတွေအဆင့်မရှိရင်လဲ သည်းခံပေးပါခင်ဗျား။
ကျွန်တော်တို့ကို မာနကြီးတယ် ဘ၀င်မြင့်တယ်လို့ထင်ရင်တော့ ဒေါက်တာကြီးက ဘာလို့ ဒေါက်တာဆိုတာကြီး ထည့်ရတာလဲခင်ဗျား။ ပြီးတော့ ဒေါက်တာကြီး ရခဲ့ဘူးတဲ့ အမှတ်တွေ ကို ၀က်ဘ်ဆိုက်ဒ်တွေပေါ်မှာ များ တင်ပြပေးခဲ့ဘူးသေးလား မသိဘူး။
ကျွန်တော်တို့မှာ စိတ်ဆိုးခြင်း ၊ စိတ်ပျက်ခြင်း အလျင်းမရှိကြောင်းပါခင်ဗျား။ ဆက်လက်အကြံပေးနိုင်ပါတယ် ဒေါက်တာကြီးခင်ဗျား။
နိုင်ငံချစ်တဲ့ ပညာရှင်မျိုး ဒီဘလော့မှာ မရှိဘူးဆိုတာကတော့ ကျွန်တော်ဟာ ပညာရှင် မဟုတ်တဲ့အတွက် ဒေါက်တာကြီးပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံချစ်ပါတယ်ခင်ဗျား။ နိုင်ငံချစ်တဲ့ သာမန်လူလေးတွေတော့ ဒီဘလော့မှာရှိနေပါတယ်။

Myo Win Zaw said...

အားပေးလျက်ပါ

Anonymous said...

အခုမှဖတ်ရလို.ဝင်ရေးသွားတယ်ဗျား..ကိုအောင်မြင်ဦးပြောတဲ.ဒီမိုခေါင်းဆောင်ဖြစ်အောင်စစ်တပ်ခေါင်းဆောင်တွေကိုများများဆဲဖို.ဆိုတဲ.အတွေးတွေက ကျွန်တော်တို.လူငယ်တွေအနေနဲ.တခြားစီ.တစ်လမ်းစီပါပဲဗျာ။ကိုယ်ကျတဲ.ဘက်မှာနေပြီးတတ်နိုင်တာလုပ်ပေးဖို.ပါပဲ.တစ်ယောက်ထဲလုပ်လို.မှမဖြစ်ပဲ.စင်ယော်တောင်ပံတစ်ယောက်တစ်ချက်ခတ်ကြစို.လေဗျာ..ဘာလုပ်ဖို.ခေါင်းဆောင်ဖြစ်အောင်လုပ်ကြဦးမှာတုန်း