Monday, December 1, 2008

Budget Deficits, Why?

ယခုနှစ်ပိုင်းများအတွင်းမှာ အဆိုးရဟာ အခွန်ငွေကောက်ယူမှုပုံစံကို ပြောင်းလဲခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ ကုန်ကြမ်းပစ္စည်းတွေ၊ အစိုးရ၀န်ဆောင်မှုလုပ်ငန်းတွေနဲ့ သွင်းကုန်အခွန်စည်းကြပ်မှု တွေအားလုံးအပေါ်မှာ ၂၀၀၄ခုနှစ်နဲ့ ၂၀၀၆ခုနှစ်များအတွင်းများ ပြုပြင်ပြောင်းလဲမှုတော်တော်များများ ပြုလုပ်ခဲ့တာကို တွေ့ရတယ်လို့ IMF ကမှတ်တမ်းတင်ထားပါတယ်။ သွင်းကုန်အခွန်စည်းကြပ်မှုတွေမှာ အမေရိကန်တစ်ဒေါ်လာကို ပြင်ပပေါက်ဈေးဖြစ်တဲ့ မြန်မာငွေ ၁၂၅၀ ကျပ်နှုန်းသတ်မှတ်ပြီးတော့ အခွန်ကောက်ယူမှုပြုလုပ်နေပြီဖြစ်ပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေ အပေါ်မှာ ကောက်ယူတဲ့ ၀င်ငွေခွန်ဟာ သိသိသာသာတိုးမြင့်ခဲ့ပြီးတော့ နိုင်ငံခြားသားပိုင် လုပ်ငန်းတွေပေါ်မှာ ကောက်ယူခဲ့တဲ့အခွန်ဟာ လဲ သိသိသာသာတိုးမြင့်ခဲ့တာကို တွေ့ရပါတယ်။
ဒီလိုမျိုးအခွန်တိုးမြင့်ကောက်ခံမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ၂၀၀၆၊ ၂၀၀၇ ခုနှစ်မှာ အဆိုးရကောက်ခံရရှိခဲ့တဲ့ အခွန်ငွေဟာ ကျပ်သန်းပေါင်း ၆၇၆၇၄၂ သာရရှိခဲ့ပြီး ၂၀၀၆-၂၀၀၇ခုနှစ် တတိယသုံးလပတ် ဘဏ္ဏာရေးလိုအပ်ချက်ရဲ့ ၂၆% ကိုသာလျှင်ပြည့် မှီနိုင်ခဲ့တယ်လို့ IMF ကဆိုထားပါတယ်။ အဲ့ဒီလို စီးပွားရေးလုပ်ငန်းများအပေါ်မှာ ကောက်ယူရရှိလာတဲ့ အခွန်ငွေဟာ နိုင်ငံ့ထုတ်ကုန်စုစုပေါင်းရဲ့ ၄%ကျော်မျှသာပဲရှိကာ တစ်ခြားဖွံ့ ဖြိုးဆဲနိုင်ငံများရဲ့ ၀င်ငွေဖြစ်တဲ့ ၁၈% ကျော်နဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် အလွန်ကိုနဲပါးနေတာကို တွေ့ရှိနိုင်ပါတယ်။
ယခုလက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေရရှိမှုဟာ သဘာဝဓာတ်ငွေ့များရောင်းချခြင်းပေါ်ကနေအဓိကရရှိ နေခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ရရှိလာတဲ့ ၀င်ငွေများဟာ မြန်မာနိုင်ငံရဲ့ ဘဏ္ဏာရေးလိုငွေပြမှုကို တားဆီးနိုင်စွမ်းမရှိဘူးလို့ IMF ကဆိုပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာဟာ ဆိုးရွားစွာချမှတ်ထားတဲ့ စံနစ်များနဲ့ ချစားမှုကြောင့်သာ ဖြစ်နေတာကို တွေ့ရပါတယ်။ အဆိုးရစာရင်း ဇယားများမှာ အသုံးပြုတဲ့ ငွေကြေးလဲလှယ်မှု နှုန်းထားဟာ ယခုအချိန်အထိ အမေရိကန် တစ်ဒေါ်လာကို ၆ကျပ်ပဲ ဖြစ်နေပြီးတော့ ၂၀၀၆ - ၂၀၀၇ ခုနှစ်မှာ သဘာဝဓာတ်ငွေ့ရောင်းချရာက ရရှိလာတဲ့ အမေရိကန်ဒေါ်လာ ၁.၂၅ ဘီလီယံကျော်ဟာ မြန်မာနိုင်ငံဘဏ္ဏာရေးလိုအပ်ချက်ရဲ့ ၀.၆ % ကိုပဲ ဖြည့်ဆည်းနိုင်ခဲ့ခြင်းဟာ မြန်မာပြည်ဆင်းရဲတွင်းနက်ထက်နက်လာရခြင်းရဲ့ အကြောင်းရင်းများထဲက တစ်ခုပါပဲခင်ဗျာ။ ရလာတဲ့ ဒေါ်လာကို အိပ်ထောင်ထဲထည့် စက္ကူလောက်တောင်တန်ဘိုးမရှိတဲ့ မြန်မာငွေကို ဘဏ္ဏာရေး ဘတ်ဂျက်ထဲကို ပြန်ထည့်ပေးကာ လိုအပ်သမျှငွေကို ရိုက်ထုတ်ပစ်မှတော့ မြန်မာပြည်သူများ မှ မမွဲရင် တစ်ကမ္ဘာလုံး ဘယ်သူမှ မမွဲနိုင်တော့ဘူးဆိုတာ ကို သေသေချာချာကြီး ကျွန်တော်တို့ ပြောနိုင်တာပေါ့ခင်ဗျာ။

No comments: