Monday, December 15, 2008

For those who are shouldering the Country's Responsibility and who are about to

ဂျုံး ကအထက်တန်းကျောင်းတစ်ခုမှာ သမိုင်းဘာသာရပ်ကို သင်ကြားတဲ့ ဆရာတစ်ယောက်ပါ။ တစ်နေ့မှာတော့ ဂျုံးက သူ့အတန်းသားတွေကို ထိုင်ခုံနေရာ အပြောင်းအရွှေ့ လုပ်ခိုင်းပါတယ်။ ပြီးတော့ မှတ်စုတွေထုတ်ဘို့ရာအတွက် ခဲတံနဲ့ စာရွက် အသစ်ယူလာရမယ်၊ မေးခွန်းတွေမေးရင် ခုံဘေးမှာ မတ်တပ်ရပ်ပြီးတော့ ဖြေရမယ် စတဲ့ စည်းကမ်းချက်တွေကို ဆင့်ကဲ ဆင့်ကဲ ထုတ်ခဲ့ပါတော့တယ်။ နောက်ဆုံးမှာ ဂျုံးဟာ အတန်းသားတွေအတွက် အလေးပြုနည်းတစ်မျိုးကို မိတ်ဆက်ပေးခဲ့ပါတော့တယ်။ အဲဒီ့အလေးပြုနည်းဟာ တတိယလှိုင်း လို့ခေါ်တဲ့ အလေးပြုနည်း ဖြစ်ကြောင်းကို လဲ သူ့အတန်းသားတွေကို အကြောင်းကြားခဲ့ပါတယ်။
အဲ့ဒီ့နောက်မှာ ဂျုံး ဟာ အတန်းသားတွေအတွက် ကြေညာချက်တစ်ခုထုတ်ပြန်ပါတယ်။ တတိယလှိုင်း ဆိုတဲ့ အစီအစဉ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှု အစီအစဉ် ဖြစ်ကြောင်း၊ အဲဒီ့အစီအစဉ်ဟာဖြင့် နိုင်ငံတွင်းမှာ ရှိတဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေး တိုးတက် ကောင်းမွန်လာဘို့ကို လိုလားတဲ့ ကျောင်းသားများပါဝင်လှုပ်ရှားနိုင်ကြောင်း ပြီးတော့ လာမဲ့ သောကြာနေ့ နေ့လည် ထမင်းစားချိန်မှာ တတိယလှိုင်းလှုပ်ရှားမှု အသင်းဝင်များသာ ပါဝင်နိုင်တဲ့ လူထုအစည်းအဝေး ပုံစံတွေ့ဆုံမှုပြုလုပ်မည်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
သောကြာနေ့မှာတော့ စိတ်လှုပ်ရှားတက်ကြွနေကြတဲ့ ကျောင်းသားတွေကို ဂျုံးတွေ့နေရပါပြီ။ ဂျုံးဟာ မတ်တပ်ရပ်၊ မိန့်ခွန်းအနည်းငယ်ပြောလိုက်ပြီးတော့ တတိယလှိုင်း အလေးပြုနည်းပုံစံနဲ့ အလေးပြုလိုက်တဲ့ အခါမှာ ပုံစံတူအလေးပြန်ပြုလိုက်တဲ့ လက်မောင်းပေါင်း ၂၀၀ကျော်ကို လေထဲမှာ တွေ့လိုက်ရပါတော့တယ်။
တတိယလှိုင်း အဖွဲ့ဝင်တွေကို ဂျုံးဆက်ပြောခဲ့တာတွေကတော့
တတိယလှိုင်းလှုပ်ရှားမှု ဆိုတဲ့ လူငယ်ထုရဲ့ လှုပ်ရှားမှုမျိုးဟာ အမှန်တစ်ကယ်ရှိတဲ့ လှုပ်ရှားမှု တစ်ခု မဟုတ်တဲ့အကြောင်း
ယခု တတိယလှိုင်း အလေးပြုမှုပုံစံနဲ့ အလေးပြုနေကြတဲ့ သူများဟာ အသုံးချခံ၊ အစမ်းသပ်ခံ ၊ အစတေးခံရမဲ့ လူများသာဖြစ်ကြောင်း
သူအမှန်တစ်ကယ်ပြုလုပ်နေတဲ့ စမ်းသပ်မှုဟာ ၁၉၃၀ ပြည့်နှစ်က ဂျာမန်နာဇီများ မည်ကဲ့သို့ လူတွေကို စည်းရုံးသိမ်းသွင်းခဲ့တယ်ဆိုတဲ့ အချက်ကို လေ့လာနေခြင်းသာဖြစ်ကြောင်းနဲ့
ယခုအလေးပြုနေတဲ့ သူများဟာ ဂျာမန်နာဇီများနဲ့ နှိုင်းယှဉ်ရင် ဘာမှပိုပြီးတော့ ဦးနှောက်ရှိတဲ့ သူများမဟုတ်ကာ ထူးမခြားနား သာဆိုးသူများသာ ဖြစ်ကြောင်း ဖွင့်ထုတ်ပြောကြားခဲ့ပါတော့တယ်။
တတိယလှိုင်းလူထုအစည်းအဝေးကြီး ပြုလုပ်နေတဲ့ ကွင်းပြင်ထဲမှာတော့ တိတ်ဆိပ်မှုသာ ကြီးစိုးနေပါတော့တယ်။
စမ်းသပ်မှုအောင်မြင်သွားတဲ့ ဂျုံးရရှိသွားတဲ့ အခကြေးငွေကိုတော့ ထည့်ပြောစရာမလိုတော့ ပါဘူးခင်ဗျား - - -

ဒုတိယပိုင်း စပါတော့မယ်ခင်ဗျာ။
- - အဟမ်း အဟမ်း၊ - - အနာဂတ်မှာ ပုခုံးပြောင်းတာဝန်ထမ်းဆောင်ကြမဲ့ ရဲဘော်တို့ဟာ အမျိုးသားရေး စိတ်ဓာတ်နဲ့ နိုင်ငံရေးအသိတွေ အမြဲရှိနေဘို့လိုတယ် - - အဟွတ် - -အဟွတ် - - ဘလာ ဘလာ ဘလာ - - ဘလာ ဘလာ - - ရဲဘော်တို့သာလျှင် တိုင်းပြည်ကို ကာကွယ်၊ စောင့်ရှောက်၊ အမျိုး ၊ ဘာသာ၊ သာသနာ - - အဟမ်း အဟမ်း၊ အဟွတ်၊ အဟွတ် - -
- ဒါမျိုးအပြောခံခဲ့ရဘူးတဲ့ ကောင်တွေ ပြောခဲ့ဘူးတဲ့ ကောင်တွေကို မေးခွန်းလေးတွေ မေးချင်ပါတယ်။

ဘာတာဝန်တွေကိုများ ပုခုံးပြောင်းယူနေကြတာလဲ၊ ဘာတွေများ နိုင်ငံအတွက်ဖြစ်လာလို့လဲ၊ တတိယလှိုင်းကျောင်းသားတွေဟာ နာဇီတွေထက်ဆိုးတယ်ဆိုရင် အနာဂတ် တာဝန်ကို ယူကြမဲ့ ကောင်တွေကတော့ နာဇီ လောက်တောင် အဆင့် နဲ့ ဦးနှောက် မရှိတဲ့ ၊ နာဇီတွေလို ဥရောပတစ်တိုက်လုံးနီးပါး လွှမ်းမိုးနိုင်ဘို့ မပြောနဲ့ တရုတ်ပျက် ၀ လိုကောင်စားမျိုးတွေတောင် နိုင်အောင် မတိုက်နိုင်တဲ့ ကောင်စားမျိုးများသာဖြစ်ကြောင်း ကျွန်တော်တို့ စမ်းသပ်မှု မလုပ်ပဲ သိနိုင်တာပေါ့ဗျာ။
နိုင်ငံတော်ကို ဒါမျိုးကောင်စားများကတစ်ကယ်တိုးတက်အောင် လုပ်နိုင်မလုပ်နိုင်၊ ကာကွယ်နိုင်စွမ်းရှိမရှိဆိုတာကတော့ လက်ရှိဖြစ်ပျက်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ကျူးကျော်စော်ကားမှုတွေ၊ ၀ အမည်ခံ တရုတ်တွေရဲ့ လူလည်ကျ ခြေကုပ်ယူမှုတွေနဲ့၊ သူတောင်းစားသာသာ ငတ်တစ်လှည့် ပြတ်တစ်လှည့် ဖြစ်နေကြတဲ့ မြန်မာတိုင်းရင်းသားတွေကို ကြည့်လိုက်ရင် အဖြေဟာ ဘာလဲဆိုတာ ရှင်းနေတာပဲ မဟုတ်ဘူးလားခင်ဗျား - - - -

No comments: