Saturday, August 23, 2008

Isn't that the China Style?

တရုတ်ပြည်ကြီးလိုတိုးတက်တာကိုမြင်ချင်သလား အီရတ်လိုဖြစ်သွားစေချင်သလား ဆိုတဲ့ စကားလုံးဟာ စစ်ခွေးအစ သံယောင်လိုက် အောက်ဆွဲေ-ာမပါမကျန် သူတောင်းစားလောက် တောင် အဆင့်အတန်းမရှိတဲ့ ကောင်များ သုံးနေကြစကားလုံးဖြစ်ပါတယ်။ ဓားပြတိုက်ဘို့ ကလွဲပြီး တစ်ခြားလောက်လောက်လားလား လုပ်ကိုင်စားသောက်နိုင်တဲ့ အသိပညာနဲ့ စိတ်ဓာတ်အဆင့် အတန်းကလဲ မရှိကြရှာလေတော့ တရုတ်ပြည် ကွန်မြူနစ်များရဲ့ ထိုင်ခုံပေါ်မှာ မြဲနေပုံကို အတော်သဘောတော်ခွေ့နေကြပုံပါပဲ။
ဒါပေမဲ့ အောက်ဆွဲများ သတိမပြုမိတဲ့ (သတိမပြုမိတာတော့ မဖြစ်နိုင်ပါဘူး။ သိသိနဲ့ အရှက်မရှိ ပိတ်ငြင်းတာပဲ ဖြစ်မှာပါ) အချက်တစ်ခုက မြန်မာပြည်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ၊ ၁၉၈၈ခုနှစ် ဖွတ်တက်တဲ့ အချိန်ကစတင်ပြီးတော့ တရုတ်လမ်းစဉ်ကို ကျင့်သုံးလာခဲ့တယ်ဆို တဲ့ အချက်ပါပဲ။ အနှစ်၂၀တာကလအတွင်းမှာ ခွေးသူတောင်းစားများ တစ်ကယ်တမ်းအသုံး ကျခဲ့မယ်ဆိုရင် အခုအချိန်မှာ မြန်မာပြည်သူတစ်ရပ်လုံးဟာ ဘယ်သူအုပ်ချုပ်ချုပ် ကျေကျေနပ်နပ်ကြီးလက်ခံနေကြမယ်ဆိုတာ ဦးနှောက်ရှိရင် သိဘို့ကောင်းပါတယ်။
ပိုပြီးဆိုးတဲ့အချက်ကတော့ စီးပွားရေး ကျရခြင်းရဲ့ အကြောင်းရင်းဟာ အမေရိကန် စီးပွားရေး ပိတ်လို့ပါလို့ တွင်တွင်အော်ခြင်းပါပဲ။ ဆင်သေကြီး တစ်ကောင်လုံးတွေ့နေတာတောင် ဆိတ်သားရေနဲ့ ဖုံးပြီး သေနေတာ ဆိတ်ပါ၊ ဆိတ်ပါ အော်တာ ကျက်သရေတုံး အရှက်မရှိတဲ့ အောက်ဆွဲတွေပါပဲ။
တရုတ်ပြည်ရဲ့ စီးပွားရေး ပုံစံပြောင်းလဲခဲ့ပုံကို အနည်းငယ်လေ့လာကြည့်ကြရအောင် လားခင်ဗျာ။
တရုတ်ပြည်ရဲ့ စီးပွားရေး အဆောက်အအုံပြောင်းလဲခဲ့ခြင်းဟာ ၁၉၇၈ ခုနှစ် နှောင်းပိုင်းဝန်းကျင်မှာ စတင်ခဲ့ပါတယ်။ အခွန်လျော့ပေါ့ကင်းလွတ်ခွင့်တွေပေးထားတဲ့ စီးပွားရေး အထူးဒေသဇုံ ၄ခု (ဂွန်ဒေါင်းပြည်နယ်ရဲ့ ရှန်ဇန်း၊ ကျုလိုင်နဲ့ ရှန်တိုး စီးပွားရေးဇုံတွေနဲ့ ဖူးကျင့်ပြည်နယ်မှာရှိတဲ့ ဈှမန် (Xiamen) စီးပွားရေးဇုံ) နဲ့ စတင်ခဲ့ပြီးတော့ ဖက်စပ်လုပ်ငန်းများ ထူထောင်ခွင့်ပြုစေခဲ့ပါတယ်။ (မြန်မာနိုင်ငံမှာရော ဖက်စပ်လုပ်ငန်းတွေမရှိကြဘူးလားခင်ဗျာ)
အထူးအခွင့်အရေးတွေအနေနဲ့ ကတော့ ဂွန်ဒေါင်းပြည်နယ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ရရှိလာတဲ့ အခွန်ငွေများအတွင်းက တရုတ်ပြည်မအစိုးရကို တစ်နှစ်ကို ယွမ် သန်း ၁၀၀၀ သာပေးသွင်းရပြီးတော့ ဖူးကျင့်ပြည်နယ်ကိုတော့ တစ်နှစ်ကို ယွမ် ငွေ သန်း၁၅၀ ပြည်မအစိုးရ ကအခွန်လျော့ပေါ့ပေးခဲ့ပါတယ်။ အဲဒီ့စီးပွားရေးဇုံအတွင်းမှာ လုပ်ကိုင်နေတဲ့ ဖက်စပ်လုပ်ငန်း များအနေနဲ့ ကတော့ ကုန်သွယ်မှုကနေရရှိလာတဲ့ ဒေါ်လာအစရှိတဲ့ ငွေမာတွေကို ရာနှုန်းပြည့် ကိုင်ထားနိုင်ခွင့်ရှိခဲ့ကြပါတယ်။ တစ်ခြားပြည်နယ်တွေမှာတော့ ၂၅% အထိသာ ငွေမာရရှိပါတယ်။ ကုန်သွယ်ရေးပိုငွေပြမှုကနေ ဖြစ်ပွားလာနိုင်တဲ့ ငွေဖောင်းပွမှုနဲ့ အသုံးစားရိတ်ကြီးမြင့်လာမှုတွေကိုတော့ လူသုံးကုန်ပစ္စည်းများ ပြန်လည်တင် သွင်းခွင့်ပြုခြင်းကနေ လျော့ပါးစေခဲ့ပါတယ်။
ဒါပေမဲ့ တိုင်းပြည်တစ်ပြည်ထဲမှာ ဒီလိုမျိုး စံနစ် ၂ခုဖြစ်ထွန်းနေခြင်းဟာ အကျင့်ပျက် ချစားခြင်းကို တွန်းအားပေးတဲ့ အချက်တွေထဲက တစ်ခုဖြစ်တယ်လို့ တရုတ်စီးပွားရေး ပညာရှင် ၀ူကျင့်လျန်က သုံးသပ်ခဲ့ပါတယ်။ လူသုံးကုန်ပစ္စည်းတွေဟာ ဈေးနှုံး ၂မျိုး ဖြစ်နေတာ၊ ငွေလဲလှယ်မှုနှုန်းဟာ ၂ခုဖြစ်နေတာအစရှိတာတွေဟာ တိုင်းပြည်စီးပွားရေး အတွက်သာမက ကိုယ်ကျင့်တရားအတွက်ပါဘယ်လိုမှကောင်းမွန်နိုင်တဲ့ အရာတွေမဟုတ် ဘူးဆိုတာကို ၀ူကျင့်လျန်က သုံးသပ်တင်ပြခဲ့ပါတယ်။ (မြန်မာနိုင်ငံမှာလဲ ဈေးနှုန်း ၂မျိုးတွေ တော်တော်များသား၊ ငထိုင်းဆိုတဲ့ကောင် ပထွေးတော်တွေကို ပြောပြပေးပါ့လား၊ ဒါမျိုးတွေက မကောင်းဘူးလို့)
ဒါပေမဲ့ အဲဒီ့ စီးပွားရေးဇုံအတွင်းက ဖက်စပ်လုပ်ငန်းတွေ သွင်းကုန်၊ ထုတ်ကုန် အစရှိတာတွေကိုတော့ လိုင်စင်အစရှိတာတွေနဲ့ ထိန်းချုပ်ထားပါတယ်။ (မြန်မာနိုင်ငံနဲ့ တော်တော်တူတာပဲ) အဲဒီ့လိုင်စင်နဲ့ ထိန်းချုပ်မှုတွေဟာလဲ အကျင့်ပျက်ချစားစေခြင်းရဲ့ အရင်းအမြစ် တစ်ခုပါပဲတဲ့။
ဒါပေမဲ့ ကောင်းမွန်တဲ့ လိုက်နာခဲ့မှုတွေကတော့ စက်ရုံ အလုပ်ရုံတွေအတွင်းမှာ ဆုံးဖြတ်ချက်တွေချမှတ်မှုမျိုးတွေဟာ ပါတီအတွင်းရေးမှူးတွေပြုလုပ်တော့တာမဟုတ်ပဲနဲ့ ပညာတတ်မန်နေဂျာ တွေနဲ့ ပြုလုပ်ခြင်းအစရှိတာတွေ၊ ကွန်မြူနစ်ပါတီအတွင်းက အရေးပါတဲ့ နေရာမျိုးတွေမှာ သစ္စာရှိ လူဟောင်းကြီးတွေနေရာမှာ လူငယ်ပညာတတ်တွေနဲ့ အစားသွင်း လှဲလှယ်မှုတွေကို ပြုလုပ်စေခဲ့ခြင်းပါပဲ။
တရုတ်ပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့မှုတွေဟာ သင်ခန်းစာယူမယ် ထောက်ပြမယ်ဆိုရင်အများကြီးပါပဲ။ ကျွန်တော်တို့ တစ်ချက် နှစ်ချက်ခြင်းစီကိုပဲ ဆွေးနွေး သွားပါ့မယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ လိုအပ်နေတာ တရုတ်လိုပြုပြင်ပြောင်းလဲ မှုမျိုးလား၊ တရုတ်လမ်းစဉ်ကို လိုက်လို့ ရမလားဆိုတာကတော့ မေးစရာ တစ်ခြားမေးခွန်း တစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ လိုက်လို့ မရဘူးလို့ပဲ၊ လိုက်လဲ မလိုက်ချင်ဘူးလို့ပဲ ဆိုခြင်ပါတယ်။
ဘာ့ကြောင့်လဲဆိုတာ မပြောခင် အောက်ဆွဲေ-ာမများ တစ်ခုစဉ်းစားပေးကြပါခင်ဗျား။ အထက်က တရုတ်ပြည်ရဲ့ စီးပွားရေး စစဖွင့်ခြင်း ကျင့်သုံးခဲ့တဲ့ ပေါ်လစီတွေကို ကျွန်တော်တို့ မြန်မာပြည် တံခါးဖွင့် စီးပွားရေး အနှစ်၂၀ကျော်ကြာတဲ့ အခါမှာ ကျင့်သုံးနေကြပြီးလားလို့။ မြန်မာပြည်က ကုမ္ပဏီတွေကိုင်ခွင့်ရှိတဲ့ ငွေမာဟာ ၁၀၀% ဖြစ်ပြီလားလို့ ခွေးသူတောင်းစား ပထွေးများကို မေးကြည့်လိုက်ပါဦးခင်ဗျား။
ဒါတောင်မှ မမေးနိုင်ပဲနဲ့ အာဏာလေးမပြုတ်တာကိုပဲ ကြည့်ကြည့်ပြီး တရုတ်ကို ဥပမာပေးပါ၊ ဥပမာပေးပါ ထပ်ကာထပ်ကာပြောလာရင်တော့ တရုတ်ပြည်မှာ လာဘ်စားရင် ပေါင်ချိန် ဇာတ်လမ်းတွဲထဲကလို ခေါင်းမှာ ပျဉ်ပြားစွပ်ပြီးတော့ ကွပ်မျက်ပစ်တယ်လို့ ထပ်ပြီး ဥပမာပေးချင်ပါတယ်။ အောက်ဆွဲေ-ာမ ခွေးသူတောင်းစားတွေ တရုတ်လို တစ်ကယ်လိုက် လုပ်မယ်ဆိုရင်တော့ ခွေးသူတောင်းစားကော အောက်ဆွဲပါမကျန် လာဘ်စားမှုနဲ့ သင်းကွပ်ပစ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ခေါင်းကို စွပ်စရာ ကြိုးတစ်ချောင်းအရင်ရှာထားဘို့ အကြံပေးရင်း ဒီတစ်ပတ်ခဏနားဦးမယ်ခင်ဗျား။

Wednesday, August 13, 2008

What we can learn from China?

တရုတ်ကို ဥပမာပေးပါ၊ ဥပမာ ပေးပါ တစ်စာစာပြောလာတဲ့ ခွေးေ-ာမယုံတင် အားမရပဲ ရှိတဲ့ ဆွေမျိုးတွေပါ ခေါ်ပြီး တရုတ်ေ-ာပါ မချင်တဲ့ သူများအတွက် ဆွေမျိုးပေါက်ဖော်များဆီက ကျွန်တော်တို့ ယူနိုင်တဲ့ ဥပမာလေးတစ်ခုကို တင်ပြပေးလိုပါတယ်။
တရုတ်ပြည်ကြီး စီးပွားရေးအရဖွံ့ ဖြိုးတိုးတက်လာဘို့အတွက်ကို ခေတ်အဆက်ဆက်က တရုတ်ခေါင်းဆောင်များ ကြိုးစားခဲ့ကြပါတယ်။
၁၉၅၈ခုနှစ် ဇန်န၀ါရီလအတွင်းမှာ ကျင်းပခဲ့တဲ့ နန်နင်းညီလာခံမှာ တရုတ်ပြည်ရဲ့ ခေါင်းဆောင်ကြီး မော်စီတုံးဟာ တရုတ်ပြည်ကြီး ဖွံ့ ဖြိုးတိုးတက်အောင် လုပ်မဲ့ ခေတ်ပြောင်း တော်လှန်ရေး စီမံကိန်းကြီးကို ချပြခဲ့ပါတယ်။ခေတ်ပြောင်းတော်လှန်ရေးကြီးရဲ့ အဓိကရည်မှန်း ချက် အကြံအစည်ကတော့ တရုတ်ပြည်ကြီးရဲ့ စက်မှုကဏ္ဏနဲ့ လယ်ယာကဏ္ဏ နှစ်ခုတို့ဟာ တစ်ပြိုင်နက်ထဲ အရှိန်အဟုန်နဲ့ ဖွံ့ ဖြိုးတိုးတက်လာစေရမယ်ဆိုတဲ့ အကြံအစည်နဲ့ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ မော်စီတုံးမျှော်လင့်ခဲ့တာကတော့ တရုတ်ပြည်ရဲ့ ဈေးနှုန်းချိုသာပြီး ပေါပေါများများရရှိနိုင်တဲ့ လုပ်သားအင်အားကို အခြေခံပြီးတော့ ပြည်ပကနေတင်သွင်းနေရတဲ့ စက်ကိရိယာကြီးတွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်ပြီးတော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ကူးပြောင်းမယ်ဆိုတာလိုမျိုး ၊ စက်မှုကဏ္ဏကို ဖွံ့ ဖြိုးတိုးတက်လာစေလိုတဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။
အဲဒါမျိုးရည်မှန်းချက်အောင်မြင်ဘို့အတွက် ပထမဆုံး လုပ်ဆောင်ဘို့လိုအပ်တယ်လို့ မော်စီတုံး တွက်ဆခဲ့တာက ရုရှား စတိုင် ဘုံရိပ်သာတွေ ထူထောင်ရမယ် ဆိုပြီးတော့ပါ။ ၁၉၅၈ခုနှစ် ပေါ်လစ်ဗျူရို အစည်းအဝေး အပြီးမှာ တရုတ်ပြည်ရဲ့ ကျေးလက်ဒေသ စီးပွားရေးနဲ့ နိုင်ငံရေး ဆိုင်ရာ လှုပ်ရှားမှုတွေဟာ ဘုံရိပ်သာတွေအပေါ်မှာ အခြေခံရမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြပါတယ်။
ဘုံရိပ်သာ တစ်ခုကို အိမ်ထောင်စုပေါင်း ၅၀၀၀ ကျော်အထိပါဝင်တဲ့ ဘုံရိပ်သာပေါင်း ၂၅၀၀၀ ခန့် တည်ထောင်ခဲ့ပြီးတော့ အဲဒီ့ဘုံရိပ်သာတွေထဲမှာ ငွေကြေးအစား Work Point လို့ခေါ်တဲ့ လုပ်အား အမှတ်တွေနဲ့ အသုံးပြုပြီး သုံးစွဲခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ့ဘုံရိပ်သာတွေဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ခဲ့ပြီးတော့ လယ်ယာစိုက်ပျိုးရေးသာမက အသေးစား စက်မှုလုပ်ငန်းများနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ခဲ့ကြတယ်လို့ဆိုပါတယ်။
မော်စီတုံးဟာ ကောက်ပဲသီးနှံထုတ်လုပ်မှုနဲ့ သံနဲ့ သံမဏိထုတ်လုပ်မှုဟာ တိုင်းပြည် စီးပွားရေးရဲ့ အဓိကကျတဲ့ ဒေါက်တိုင်ကြီးများအဖြစ် ယူဆခဲ့ပါတယ်။
ဒီလိုမှတ်ယူခဲ့လို့ပဲ နောင်၁၅နှစ်တာကာလအတွင်းမှာ တရုတ်ပြည်ရဲ့ သံမဏိထုတ်လုပ်မှုဟာ ဗြိတိန်နိုင်ငံရဲ့ သံမဏိထုတ်လုပ်မှုထက် သာလွန်ရမယ်လို့ မော်စီတုံး မျှော်လင့်ခဲ့ပါတယ်။ အဲဒီ့အတွက်ကြောင့်ပဲ တရုတ်ပြည်ရဲ့ သံမဏိထုတ်လုပ်မှုဟာ ၁၉၅၈ ခုနှစ်အတွင်းမှာကိုပဲ နှစ်ဆတိုးထုတ်ဘို့ ညွှန်ကြားတော့တာပါပဲ။
မော်စီတုံး ဒါမျိုး ဘာ့ကြောင့်ညွှန်ကြားခဲ့သလဲဆိုတော့ အန်ဟွေးပြည်နယ်စုရဲ့ မြို့တော် ဟာ့ဖေးမှာ အဲဒီ့က ကွန်မြူနစ်ပါတီအတွင်းရေးမှူး ကျန်းစီရှန်း က မော်စီတုံးကို သံမဏိ ထုတ်လုပ်နိုင်တဲ့ မီးဖိုကြီးတစ်ခုကို လက်တွေ့သရုပ်ပြ ပြီး အရည်အသွေးမြင့် သံမဏိတွေ ထုတ်ပြခဲ့လို့ပါပဲ။ ဒါပေမဲ့ အဲဒီ့မီးဖိုကြီးဟာ အိမ်တိုင်းအိမ်တိုင်းရဲ့ နောက်ဖေးမှာ တည်လို့ရတဲ့ မီးဖိုကြီးပါ။
အဲဒီ့မီးဖိုကြီးရဲ့ အောင်မြင်မှုကြောင့် မော်စီတုံးဟာ ဘုံရိပ်သာတွေတိုင်းမှာ မြို့ ပြဒေသမှာရှိတဲ့ အိမ်တွေရဲ့ အိမ်နောက်ဖေးတွေမှာ သံမဏိထုတ်လုပ်နိုင်တဲ့ မီးဖိုတွေ တည်ထောင်ဘို့ တွန်းအား ပေးပါတော့တယ်။ ဒါပေမဲ့ အဲဒီ့မီးဖိုတွေ ထဲမှာ ထည့်ဘို့ ကုန်ကြမ်းက သံတိုသံစတွေဖြစ်ပြီး တော့ အသုံးပြုတဲ့ လောင်စာဟာ ထင်းကို အသုံးပြုကြပါတယ်။ လက်တွေ့ နဲ့ မကိုက်ညီနိုင်တဲ့ သံမဏိထုတ်လုပ်မှု ကို ပြည့် မှီနိုင်ဘို့အတွက် သန်းပေါင်းများစွာသော ကျေးလက်နေတရုတ် များဟာ မိမိတို့လုပ်ကိုင်နေတဲ့ လယ်ယာမြေကို ပစ်ပြီးတော့ သံမဏိထုတ်လုပ်မှု စီမံကိန်းကြီးမှာ ပါဝင်ကြရပါတော့တယ်။ ကုန်ကြမ်းအတွက် ချက်ပြုတ်နေတဲ့ အိုးခွက်ကအစ ရှေးဟောင်း ပစ္စည်းပါမကျန် ထည့် ပြီး သံရည်ကျိုကြပါတော့တယ်။ ထင်းအတွက်ဆိုရင် တောပြုန်းအောင် ခုတ်ယုံသာမက ခြံစည်းရိုးနဲ့ အိမ်တံခါးပါမကျန် ထင်းလုပ်ပစ်ကြတော့ ပါတဲ့ ခင်ဗျား - -
လယ်ယာသီးနှံ စိုက်ပျိုးရေးအတွက် အန္တရာယ်ဖြစ်ဖွယ်ကောင်းလောက်အောင် တောပြုန်းမှု တွေဖြစ်နေခဲ့ပေမဲ့ တရုတ်ပြည်ရဲ့ လယ်ယာထွက်ကုန် ထွက်ရှိမှုဟာ ၁၉၅၈ ခုနှစ်မှာ ကောင်းမွန် ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ထွက်ရှိလာတဲ့ သီးနှံတွေကို ရိတ်သိမ်းမဲ့ လယ်သမားတွေဟာ သံမဏိထုတ် နေရတဲ့ အတွက်ကြောင့်မို့ လို့ ထွက်ရှိလာတဲ့ သီးနှံတွေကို ရိတ်သိမ်းမှု မပြုနိုင်ပဲ ပုတ်သိုး ပျက်စီးကုန်ကြပါတယ်။ ပိုပြီးဆိုးတာက ကျိုင်းကောင်အုပ်တွေကျရောက်လာပြီးတော့ သီးနှံခင်းတွေကို ဖျက်ဆီးမှုကြောင့်ပါပဲ။
၁၉၅၉ ခုနှစ်နဲ့ ၁၉၆၀ ပြည့် နှစ်တွေမှာတော့ ရာသီဥတုကလဲ ဖောက်ပြန်၊ ထွက်နှုန်းတွေကလဲ ကျပြီးတော့ တရုတ်ပြည်ကြီး အငတ်ဘေးဆိုက်တော့တာပါပဲ။ လူသန်းပေါင်း ၂၀ ကနေ ၄၃ သန်းအတွင်း ဒီအငတ်ဘေးကြောင့် သေကြေပျက်စီးခဲ့ရပါတယ်။ ဒီလိုငတ်မွတ်တဲ့အတွက် တစ်ချို့ ပြည်နယ်တွေမှာ လူသားတောင် ပြန်စားကြတဲ့ အဖြစ်အပျက်တွေရှိခဲ့ကြတယ်လို့ဆို ပါတယ်။
ဒီစီမံကိန်းကြီး မအောင်မြင်နိုင်မှန်း သတိပေးခဲ့ကြတဲ့ ကာကွယ်ရေးဝန်ကြီး မာရှယ် ပန်ဒါ့ဟွေ လိုလူမျိုးကိုတော့ မော်စီတုံးဟာ ရာထူးကဖယ်ရှားခြင်းတွေ ၊ လက်ယာယိမ်းလို့ စွပ်စွဲခြင်းတွေကို မော်စီတုံးပြုလုပ်ခဲ့ပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်မှန်းသိတော့မှ မော်စီတုံးဟာ ဒီစီမံကိန်းကြီးကို တိတ်တဆိတ် စွန့်လွှတ်ခဲ့ပါတော့တယ်။
ကျွန်တော်တို့ ဘယ်လိုသင်ခန်းစာတွေများ ယူနိုင်ကြသလဲခင်ဗျာ - -
မော်စီတုံးဟာ သံနဲ့ သံမဏိအကြောင်း နကန်းတစ်လုံးမှ မသိဘူးဆိုတာရယ်
တရုတ်ပြည်ရဲ့ တိုင်းမှူးကြီးတစ်ယောက်ဖြစ်တဲ့ ကျန်းစီရှန်း ပြခဲ့တဲ့သံမဏိတွေဟာ တစ်ခြားနေရာက ယူလာပြီးတော့ အဲဒီ့မီးဖိုကြီးထဲ ထည့် ပြခဲ့တယ်ဆိုတာရယ်
မော်စီတုံးရဲ့ ဆရာဝန် လီရှီစူးရဲ့ ပြောဆိုချက်အရ သံမဏိထုတ်လုပ်ချင်ရင် စက်ရုံကြီးတွေမှာ သာထုတ်လုပ်နိုင်တယ်ဆိုတဲ့ အသိကို မော်စီတုံးဟာ မန်ချူးရီးယားက သံမဏိလုပ်ငန်းတွေ မှာ ကြည့် ရှုပြီးတော့မှ သိရှိခဲ့တယ်ဆိုတာရယ်
ကျန်းစီရှန်းရဲ့ မီးဖိုကြီးလိုမျိုး က ထွက်လာနိုင်တဲ့ သံဟာ စီးပွားရေးအရ တန်ဘိုး လုံးဝမရှိတဲ့ သံကြွပ်တွေပဲဖြစ်တယ်ဆိုတာရယ်
ကျိုင်းကောင်အုပ်များကြရောက်ရတဲ့ အန္တရာယ်ဟာ မော်စီတုံး ရဲ့ ရူးကြောင်ကြောင် လူတစ်ယောက် စာကလေးတစ်ကောင်သတ်ပစ်ရေး စီမံကိန်းကြီးရဲ့ အကျိုးဆက်ကြောင့် ကျိုင်းကောင်များကို နှိမ်နင်းနိုင်မဲ့ စာကလေးများ လျော့နည်းကုန်တဲ့အတွက် ဖြစ်ရတယ် ဆိုတာ - - - ဒါမျိုး ၊ ဒါမျိုး သင်ခန်းစာတွေကို

ဒီဇယ်တစ်ပုံး ကြက်ဆူဆီ တစ်ဇွန်းစာ ထည့်ပြီးမောင်းနေတဲ့ မီးခိုးမဲတွေ တစ်လူလူထနေတဲ့ အင်ဂျင် ကြီးတွေကို ပြုံးဖြီးဖြီးနဲ့ ကြည့်နေတဲ့ ခွေးသူတောင်းစားတွေ ယူတတ်မယ်ဆိုရင်

ခြံရောင်း ၊ နွားရောင်း ကြက်ဆူမျိုးစေ့ကို သောင်းချီ၊ သိန်းချီပေးစိုက်ပြီးတော့ သားသမီး ပညာမသင်နိုင်၊ မယား ဇနီး ပ၀ါမဆင်နိုင်ဖြစ်နေရှာတဲ့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် တောင်သူဦးကြီးများ ခံစားနေရတဲ့ ဒုက္ခ လျော့ပါးလာနိုင်မယ် မဟုတ်ဘူးလား ခင်ဗျား။
စာကြွင်း၊ ၊ အောက်ဆွဲတစ်ကောင် (မင်းချီးလား ၊ သာကီနွားလား) မသိပါဘူးဗျာ။ တရုတ်ပြည်ကြီး တိုးတက်ချင်တာ အားကြီးသွားလို့ လူသန်းပေါင်း ၄၀ လောက် သေသွားတယ်လို့ ရေးခဲ့ဘူးတယ်။ ဘာ့ကြောင့် သေတာလဲတော့ မရေး သွားဘူး။ အဲဒီ့ သူတောင်းစားကိုပါ ကြုံရင် လာဖတ်ခိုင်းလိုက်ကြပါဗျာ။

Wednesday, August 6, 2008

To Mr Stupid.... Here's the first & last answer for your comments

၁။ စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍတခုလုံးအပေါ် သက်ရောက်မှုကို ဆွေးနွေးပေးစေချင်ပါတယ်။ (Targeted Sanction ပါဆိုတဲ့ စကားလုံးတခုကို ရေလဲနဲ့သုံးပြီး ဖြေမယ့် ခပ်ညံ့ညံ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးလို့ ထင်ပါတယ်။)




၂။ အစိုးရနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များ( ရေလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း စသည်.. )လည်း စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ဘယ်လောက်ထိ ခံစားရနိုင်တယ်ဆိုတာလည်း ပြောပေးစေချင်ပါတယ်။




၃။ စီးပွားရေးပိတ်ဆို့မှုကြောင့် သာမန် အလုပ်သမားပြည်သူများရဲ့ ဘ၀အနာဂတ် အပြောင်းအလဲကိုလည်း ရှုမြင်ပေးစေချင်ပါတယ်။ ( အထည်ချုပ်စက်ရုံများ ပိတ်လိုက်သည့် အချိန်က အလုပ်သမလေးများ ၁ သိန်းနီးပါးခန့် အလုပ်ပြုတ်ကုန်တယ်ဆိုပါတယ်။ မီဒီယာများကတော့ အဲဒီကာလကစပြီး လမ်းပေါ်မှာ ညပျော်ငှက်လေးတွေ ပိုများလာတယ် ဆိုခဲ့ပါတယ်။)













မေးခွန်း ၁၊ ၂၊ နဲ့ ၃ လေးကိုတော့ အထက်ပါ ဇယားလေးတွေက အဖြေပေးပါလိမ့်မယ်။ စာသား ၁ နဲ့ ဇယား ၁ က အာဏာရှင်နိုင်ငံတွေရဲ့ တံခါးပိတ် စီးပွားရေး စံနစ်တွေနဲ့ သက်ဆိုင်ပြီးတော့ စာသား ၂နဲ့ ဇယား ၂ က ဒီမိုကရေစီနိုင်ငံ လွတ်လပ်တဲ့ စီးပွားရေး စံနစ်တွေနဲ့ သက်ဆိုင်ပါတယ်။ ဂျီဆိုတဲ့ လိုင်းက တိုးတက်မှုနှုန်းကို ပြဆိုပါတယ်။ အာဏာရှင်နိုင်ငံ ရဲ့ တိုးတက်နိုင်မှုနှုန်းနဲ့ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကား နိုင်စွမ်းရှိတဲ့ နိုင်ငံတွေရဲ့ တိုးတက်နိုင်မှု ဟာ သီအိုရီအရ အတူတူပါပဲ ခင်ဗျား။ လှေကားထစ်လို ဖြစ်နေတာတွေဟာ ရှော့ခ်တွေ ဖြစ်ပါတယ်။ တံခါးပိတ်မှာ ရှိသလို၊ တံခါးဖွင့်လဲ ရှော့ခ် ရှိတာပါပဲ။ အဲဒီ့တော့ ဘယ်နိုင်ငံက စီးပွားပိတ်ပိတ် ၊ ဇယားရဲ့ အောက်ဆုံးမှာ ပါတဲ့ ပေါ်လစီဆိုတဲ့ မူဝါဒလေးကောင်းရင် စီးပွားရေးကောင်းနိုင်ပါသေးတယ်ခင်ဗျား။ ကျွန်တော် တို့ ကိုယ်ပိုင်အပြောမဟုတ်ပါဘူးခင်ဗျာ။ အဲဒီ့ ဇယားတွေကို ဆွဲခဲ့ တဲ့သူဟာ စီးပွားရေးမှာ နိုဗယ်ဆုရခဲ့တဲ့သူပါ။ တံခါးဖွင့်မှာတော့ စီးပွားရေး ကျတာ ပေါ်လစီကြောင့်မဟုတ်ဘူးဆိုတာ တော့ မျက်စိပါရင် မြင်နိုင်ပါတယ်။


အဲဒီတော့



  • စီးပွားရေးပိတ်ဆို့ မှုကြောင့် မြန်မာပြည်ရဲ့ စီးပွားရေး တစ်ခုလုံးကို မထိခိုက်စေချင် ဘူးဆိုရင်


  • အစိုးရနဲ့ မဆိုင်တဲ့ ရေလုပ်ငန်း ၊ အထည်ချုပ်လုပ်ငန်းပိုင်ရှင်တွေ မခံစားရစေချင်ဘူးဆိုရင်


  • ညပျော်ငှက်လေးတွေ လမ်းပေါ်မှာ များများလာတာ မတွေ့ချင်ဘူးဆိုရင်

မင်းပထွေး ခွေးဝဲစားထက်တောင် ရွံစရာကောင်းတဲ့ ကောင်တွေကျင့်သုံးနေတဲ့ ငါ့ အမျိုးမှလွဲပြီး အားလုံး သူတောင်းစားဖြစ်စေဆိုတဲ့ ပေါ်လစီကို ပြောင်းခိုင်းလိုက်ပေါ့ကွာ။


ဘယ်လိုပေါ်လစီ ချမှတ်ရမလဲဆိုတာကိုရော ပြောပြရဦးမှာလား။

၎။ အမေရိကန်က ထိရောက်အောင် စီးပွားရေးပိတ်ဆို့မှု ပြင်းပြင်းထန်ထန်လုပ်ပါတယ် အော်နေတဲ့ကြားက၊ မြန်မာ့ကမ်းလွန်ဓာတ်ငွေ့ ဈေးကွက်မှာ ဒေါ်လာသန်းရာနဲ့ ချီရင်းထားတဲ့ (အမြတ်တွေလဲ သန်းချီရနေဆဲ) အမေရိကန်ကုမ္ပဏီ ယူနိုကယ် တဖြစ်လဲ ချဗရွန်ကိုတော့ ဘာလို့ ဆက်လုပ်ခွင့်ပြုထားတယ်ဆိုတာ ထောက်ပြပေးစေချင်ပါတယ် ။ (ပြိုင်ဘက် ပြင်သစ်က တိုတယ်ကုမ္ပဏီကိုတော့ တရားမျိုးစုံဆွဲပြီး လျော်ကြေးတွေတောင်းကြပါတယ်။ ချဗရွန်ကတော့ ခုချိန်ထိစင်ပေါ်ကပါပဲ။)


တရုတ်ပြည်ရဲ့ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ တံခါးဖွင့်လိုက်ရင် ယင်ကောင်တွေဝင်လာမှာပဲ ဒါပေမဲ့ လေကောင်းလေသန့် ကိုတော့ တို့ ခံစားရလိမ့်မယ်ဆိုတဲ့စကားပါ။ ပြောရရင်တော့ ချဗရွန်က ယင်ကောင်ပေါ့ဗျာ။ တံခါးဖွင့်တဲ့ အချိန်မှာ ၀င်လာတဲ့ ယင်ကောင်ဟာ တံခါးပြန်ပိတ်လိုက်တဲ့အခါမှာ ဘယ်လိုလုပ်ထွက်တော့ မလဲဗျ။ အဲဒီ့ယင်ကောင်ကို သတ်ဘို့က ဘယ်သူ့တာဝန်လဲ၊ အိမ်အပြင်ဘက်က လူတွေရဲ့ တာဝန်လား အိမ်တွင်းက အိမ်ထောင်ဦးစီးရဲ့ တာဝန်လားဆိုတာ ခင်ဗျား ဦးနှောက်ရှိရင်တော့ စဉ်းစားတတ်သင့်ပါတယ်။ ခက်တာက အိမ်ထဲက ပန်းဝတ်ရည်ပေါ်မှာ နားနေတဲ့ ယင်ကောင်ရဲ့ ခြေထောက်က ၀တ်မှုန်အကြွင်းအကျန်ကို လိုချင်နေတဲ့ အိမ်ဦးထောင်ဦးစီး ရှိနေရင်တော့ အဲဒီ့ယင်ကောင် သေနိုင်ပါဦးမလားဗျ။ အဲဒီ့ချဗရွန်ဘာလို့ ဆက်အလုပ်လုပ်နေနိုင်ရတာလဲ။ မင်းပထွေးများ အကာအကွယ်ပေးထားလို့ဗျား။ ပထွေးဆိုလို့ အမေရိကန် ထင်မနေနဲ့ ဦး။ အမေရိကန်က နောက်ပထွေး။ ခွေးဝဲစားပထွေးကို ပြောတာ။ အဲဒီ့ပိုက်လိုင်းကို အစောင့်ချထားတဲ့ တပ်ရင်း ဘယ်နှစ်ခုရှိလဲ အရင်လေ့လာလိုက်ပါဦး။ အမေရိကန်က တံခါးပဲ ပိတ်တာဟ။ ယင်ကောင်သတ်တာ မသတ်တာ သူနဲ့ မဆိုင်ဘုး။


၅။ မိမိ အမျိုးသားအကျိုးစီးပွားမပါပဲ နိုင်ငံတကာ စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍများမှာ ၀င်ရောက်လုပ်ဆောင်တဲ့ နိုင်ငံများရှိရင်လည်း သာဓကလေးနဲ့ ဆွေးနွေးပေးစေချင်ပါတယ်။


နာမည်နဲ့ လိုက်အောင် ထိုင်းပါ့မောင်ထိုင်းရယ်။ မိမိအမျိုးသားအကျိုးစီးပွားမပါပဲ နိုင်ငံတစ်ကာ မှာ စီးပွားရေး၊ နိုင်ငံရေးလုပ်နေတဲ့ နိုင်ငံမှာနေ အဲဒီ့နိုင်ငံသားဖြစ်နေ ပြီးတော့ ဘယ်နိုင်ငံ များရှိသလဲ -လာမေးနေရသလားဟ။ အဲဒါမြန်မာနိုင်ငံဗျား ---- ထပ်ပြောလိုက်မယ် မြန်မာ လို့ ခေါ်တဲ့ နိုင်ငံပါခင်ဗျား။ သာဓက ကိုပြရရင် တစ်ထောင့်တစ်ည ပုံပြင်တွေထက်ရှည်သွားလိမ့် မယ်။ မင်းလိုထိုင်းတဲ့ကောင် ပြောပြလဲ နားလည်မှာ မဟုတ်လို့ အချိန်ကုန် ထပ်မခံတော့ဘူး ကွာ။ အမျိုးသား သူတောင်းစား၊ တစ်ခြားနိုင်ငံ က ဂုတ်သွေးစုတ်တာကို ခံနေရပြီး စီးပွားရေး တွေ အကြီးအကျယ်ဖြစ်နေတဲ့ နိုင်ငံမှာ နေပြီးတော့ ကွာ။ တောက် - - ဆိုတဲ့ ခေါက်သံနဲ့ တောင် မင်း မတန်ဘူး။

တိတိကျကျမေးရင် ပညာရှင်တွေ နှာစီးနေကြတာများလွန်းတော့ လူကြီးမင်းတို့လည်း ကျန်းမာရေးကောင်းမှ ပို့စ်တင်ပြီး ဆွေးနွေးပေးကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။ ပညာရှင်တွေကတော့ ဘက်မလိုက်တမ်း ရှုမြင်တတ်ကြတယ်လို့ ယုံကြည်ပါရစေ ။
ပညာရှင်တွေနှာစေးတဲ့နိုင်ငံဟာ မြန်မာနိုင်ငံပဲ ဖြစ်ပါလိမ့်မယ်။ တရုတ်လုပ်ဆေးတွေပဲ သုံးနေရမှတော့ နှာစေးပျောက်နိုင်ပါတော့မလားကွာ။ ဘက်လိုက်ပြီး ရှုရှု ၊ ဘက်မလိုက်ပဲ ရှုရှု၊ မင်းနဲ့ မင်းပထွေးတွေကတော့ ခွေးဝဲစားလောက်တောင် အသုံးမ၀င်တာကတော့ အသေအချာပဲ။

နောက်ဆုံးတစ်ခွန်းပြောချင်တာကတော့ မောင်ထိုင်း ရေ၊ မင်းလိုအောက်ဆွဲကို ဒီတစ်ကြိမ်တစ်ခါတော့ အဖက်လုပ်ပြီး ပြန်ရှင်းပြလိုက်မယ်။ နောင်တစ်ခါတော့ ဝေလာဝေးပဲ။ အချိန်ကုန်တယ်။ မင်း ထမင်းဝဘို့အရေးေ-ာမပေးရတာကို တော့ ငါတို့နားလည်ပါတယ်။ ဒါပေမဲ့ လက်အိပ်နုနုဝတ်မဘို့လဲ မမေ့နဲ့ ဦး။ မင်းလက်ကြမ်းကြီးနဲ့ မရင်တောင်မှာ မင်းပထွေးတွေ ငြို ငြင် မှာဗျ။ အဲဒါကိုရောမင်းသိလား။ ငါတို့ကို ပြန်ဖြေဦး။

Friday, August 1, 2008

Can we integrate into World's economy

ကမ္ဘာပေါ်မှာရှိကြတဲ့ နိုင်ငံတွေရဲ့ စီးပွားရေးအဆောက်အအုံတွေဟာ တစ်ခုနဲ့ တစ်ခု ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုသလို အပြန်အလှန် မှီခိုနေကြရမှု မျိုးရှိကြပါတယ်။ အဲဒါမျိုး မှီခိုနေရမှုဟာလဲ လွန်ခဲ့တဲ့ အနှစ် (၅၀)အတွင်းမှာ သိသိသာသာကြီး တိုးတက်လာခဲ့ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ အပြန်အလှန်ကူးသန်းရောင်းဝယ်မှု ပြုလုပ်ခြင်းမှသာလျှင် အဲဒီ့နိုင်ငံ အတွင်းမှာ ရှိနေတဲ့ လူအများရဲ့ လူနေမှု အဆင့်အတန်းဟာ မြင့်မားလာနိုင်မှာ ဖြစ်ပြီး လူနေထိုင်မှု အဆင့်အတန်းတိုးတက်လာတယ်ဆိုတာကိုလဲ ကမ္ဘာ့စီးပွားရေး စံနစ်ထဲမှာ ပါဝင် ရောင်းဝယ်ဖောက်ကားနေတဲ့ နိုင်ငံများက သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ တစ်ခြားတစ်ခြားသော အကျိုးထူးများကိုလဲ နိုင်ငံတစ်ကာနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအားဖြင့်သာ ရရှိနိုင်တယ်ဆိုတာဟာ ဒီကနေ့အချိန်အထိ မှန်ကန်နေဆဲပဲဆိုတာက ကျွန်တော်တို့ ရဲရဲ ကြီး ပြောရဲပါတယ်။
မြန်မာနိုင်ငံလို ဗဟို ထိန်းချုပ်မှုထက်ဆိုးတဲ့ တစ်အုပ်စု အဖွဲ့ (ပြောင်းပြန်လှန်မကြည့် ပါနဲ့ခင်ဗျာ) ထိန်းချုပ်မှု စံနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာတော့ နိုင်ငံရဲ့ စီးပွားရေးကို တစ်ခြား နိုင်ငံရဲ့ စီးပွားရေးတစ်ခုက လွှမ်းမိုးမှု မခံရလေအောင် ပေါ်လစီမူဝါဒတွေ အမျိုးမျိုးချမှတ်ကျင့် သုံးရပါတယ်။ ဆိုးတဲ့ အချက်တစ်ခုက အဲဒါမျိုး တံခါးပိတ်မူဝါဒကို ချမှတ်ကျင့်သုံးတဲ့ စီးပွားရေး တွေမှာ ထိန်းချုပ်မှု ကို ကောင်းကောင်းမပြုလုပ်နိုင်ဘူးဆိုရင် နိုင်ငံရဲ့ စီးပွားရေးဟာ အဖတ်ဆည်မရ တော့အောင် ပျက်စီးသွားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ဘာ့အတွက်ကြောင့် ပျက်စီးသွားနိုင်သလဲ ဆိုတာကို ကျွန်တော်တို့ ဆက်ဆွေးနွေးပါ့မယ်။ နိုင်ငံ့ရဲ့ စီးပွားရေးကို ဒီလိုပုံစံမျိုး ထိန်းချုပ်ရတဲ့ အဓိကရည်ရွယ်ချက်ဟာ လဲ မိမိအာဏာတည်မြဲရေးဆိုတဲ့ အချက်သာလျှင် ဖြစ်နေတယ်ဆိုတာကိုလဲ ၀မ်းနည်းစွာတွေ့ ရှိနေရဆဲပါ။
နိုင်ငံတစ်ကာနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ အတွက် ဒုက္ခခံစားကြရတဲ့ သူများကတော့ အများသိကြပြီးဖြစ်တဲ့ အတိုင်း မြန်မာပြည်သူများသာ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံကထုတ်ကုန် တွေဘာ့အတွက်ကြောင့် အောက်ဈေးနဲ့ ရောင်းပစ်ရသလဲ။ နိုင်ငံအတွင်းက ပြည်သူများ ဘာ့အတွက်ကြောင့် အကြီးအကျယ်နစ်နာနေရသလဲဆိုတာကို အဖြေရှာကြည့်လိုက်ရင် ကမ္ဘာ့ စီးပွားရေးပုံစံကို နားမလည်ပဲနဲ့ ကိုယ်ကျိုးရှာဘို့သာ ကြည့် ကြတဲ့ ခွေးဝဲစား စိတ်ဓာတ်ရှိတဲ့ လူယုတ်မာတွေကိုပဲ လက်ညှိုးထိုးပြရမှာပါပဲ။
နိုင်ငံတစ်ကာမှာ ရောင်းဝယ်ဖောက်ကားမှု ပြုလုပ်ဘို့အတွက် နိုင်ငံအစိုးရတွေအချင်းချင်းဆွေးနွေးကြတယ်၊ စာချုပ်တွေချုပ်ဆိုကြပြီ ဆိုရင် ကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှု တွေကို ဘယ်လိုပြုလုပ်နိုင်တယ်၊ မျှမျှတတ မရှိတဲ့ ပြိုင်ဆိုင်မှု တွေကို ကန့်သတ်တဲ့ ဥပဒေတွေကို ဘယ်လိုဆွဲမလဲ၊ ကော်ပိုရေးရှင်းကြီးတွေရဲ့ ဖွဲ့စည်းအုပ်ချုပ်မှု ပုံစံဟာ ဘယ်လိုရှိရမယ်၊ ထုတ်ကုန်တွေရဲ့ အဆင့်အတန်း အစရှိတာတွေ၊ အလုပ်သမားတွေရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေး၊ ဘဏ်အစရှိတဲ့ ငွေကြေးနဲ့ သက်ဆိုင်တဲ့ အသင်းအဖွဲ့တွေကို ဘယ်လိုဥပဒေပြု ထိန်းချုပ်မယ်၊ အခွန်ကောက်ယူမှုဆိုင်ရာ ဥပဒေသတွေ၊ အစိုးရအသုံးစားရိတ်နဲ့ ပတ်ဝန်းကျင်ကာကွယ်မှုပါမကျန် အမှန်တစ်ကယ်တတ်ကျွမ်းနားလည် တဲ့ အစိုးရအရာရှိတွေဟာ လပေါင်းများစွာ၊ အစည်းအဝေးပေါင်းများစွာ ခေါ်ယူဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ဥပဒေပြုခြင်း၊ အကောင်အထည်ဖော်ခြင်း အစရှိတာတွေကိုလုပ်ဆောင်ကြတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာတော့ ရတဲ့ အမြတ်ရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက ငါ့အတွက်ဆိုတဲ့ ဆွေးနွေးမှုမျိုးပဲ ခပ်များများ ဖြစ်နေပုံပါပဲ။
ကောင်းပါပြီ၊ ဒီလိုမျိုး ဥပဒေနဲ့ အညီဆွေးနွေးဆောင်ရွက်တဲ့အတွက် ဘာတွေများ အကျိုး အမြတ်ရနိုင်ပါသလဲ။ နိုင်ငံတော် အစိုးရနေနဲ့သာ မက ပြည်သူတွေမှာ ဘာတွေများ အကျိုးများလာနိုင်ပါသလဲ။
အစိုးရတစ်ရပ်အနေနဲ့ တိုင်းပြည်ရဲ့ ထုတ်ကုန်ဟာ ဈေးကောင်းကောင်းနဲ့ ရောင်းချနိုင်တဲ့အတွက် ရရှိလာတဲ့ အခွန်ငွေဟာ သူတောင်းစားစိတ်ဓာတ်နဲ့ လူတွေအပေါ်မှာ ဓားပြတိုက်ပြီးတော့ အောက်ဈေးနဲ့ ချရောင်းနေရတဲ့ ငွေကြေးပမာဏတွေထက် ပိုများနိုင်ပါတယ်။ ပြည်သူများအနေနဲ့ ကတော့ မိမိနဖူးကချွေး ခြေမကြအောင် လုပ်ထားရတဲ့ အသီးအပွင့်တွေဟာ လေလွင့်ဆုံးရှုံးမှု မရှိပဲနဲ့ တစ်ကယ့်အသီးအပွင့်များ အဖြစ်ကို ရောက်ရှိလာနိုင်ပါတယ်။
နိုင်ငံတစ်ကာမှာ ဥပဒေနဲ့ အညီမရောင်းတော့ကော ဘာဖြစ်သလဲ။ ကျွန်တော်တို့ အခုလဲ ရောင်းနေရတာပဲလို့ ခွေးသူတောင်းစားများ ပြန်မေးလာနိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့ ပို့ကုန်ရဲ့ ရာခိုင်နှုန်းတော်တော်များများကို ၀ယ်ယူပါတယ်။ တစ်ခြားစီးပွားရေးအရ အင်အားကြီးနိုင်ငံတွေရဲ့ ၀ယ်ယူမှုဟာ အများကြီးပါပဲ။ ဒါပေမဲ့ သူတို့ ၀ယ်ယူတဲ့ စံနစ်ဟာ ကျွန်တော်တို့ အထက်ကဆိုခဲ့သလိုမျိုး ဥပဒေစည်းကမ်းနဲ့ ညီညွတ်မှုရှိမှ စာချုပ်စာတမ်း ချုပ်ယူထားတာမျိုး ရှိမှဝယ်ယူကြတာချည်းပါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက မက္ကဆီကို နိုင်ငံက ရေထွက်ပစ္စည်းတွေ ဈေးပေါပေါနဲ့ အမေရိကန်ကို ၀င်လာတော့ ပြိုင်ဘက်ဈေးမြင့်တဲ့ ကုမ္ပဏီက ကန့်ကွက်ပါတယ်။ သူတို့ အသုံးပြုတဲ့ ငါးဖမ်းပိုက်တွေက ရေအောက်ကျောက်ဆောင်တွေကို ပျက်စီးစေတယ်၊ ဖမ်းတာဆီးတာလဲ စည်းနဲ့ ဘောင်နဲ့ ဖမ်းတာမဟုတ်ဘူး။ ပတ်ဝန်းကျင်ကို အများကြီးထိခိုက်တယ်လို့ ကန့်ကွက်တာပါ။ အမေရိကန်က ဥပဒေထုတ်ပြီးတော့ အဲဒီ့ငါးတွေကို မ၀ယ်တော့ပါဘူး။ ထုတ်ကုန်တွေထွက်ပေမဲ့ မက္ကဆီကိုနိုင်ငံရဲ့ ကုန်ပစ္စည်းတွေဟာ ဈေးကောင်းမရတော့ပဲ အဆုံးအရှုံးတွေ ပေါ်ပေါက်လာရပါတော့တယ်။ နိုင်ငံတွေရဲ့ စီးပွားရေးပြိုင်ဆိုင်မှုဟာ ဒီလိုမျိုးပုံစံဖြစ်နေပြီဆိုတာ သတိပြုသင့်ပါတယ်။
အဲဒီတော့ မြန်မာနိုင်ငံမှာလဲ ဒီလိုမျိုး ဈေးကွက်မရရှိမှုကြောင့် ဘယ်လောက်တောင် ပြည်သူတွေ နစ်နာနေကြရပြီလဲဆိုတာ ၊ မြန်မာနိုင်ငံက ဈေးပေါပေါပဲပဲနဲ့ ၀ယ်ယူရရှိထားတဲ့ ထုတ်ကုန်အရင်းအမြစ်တွေကို တစ်ခြားနိုင်ငံတွေက စာချုပ်လေးတစ်ခု၊ အစိုးရကောင်းလေး တစ်ရပ်ရှိယုံနဲ့တင် အကျိုးအမြတ်ဘယ်လောက်နဲ့ ဘယ်လိုရောင်းချစားသောက်နေသလဲ ဆိုတာကို စဉ်းစားသာကြည့် ကြပါတော့လို့ ပြောချင်ပါတယ်။ မြန်မာပြည်က ထုတ်ကုန် က အရည်အသွေးမကောင်းဘူးလို့ တွေးချင်ပါသလားခင်ဗျာ။ မြန်မာပြည်က ဆန်ဟာ ဒီလောက်ချည်းလဲ အရည်အသွေး မညံ့ သေးပါဘူးခင်ဗျား။ အခုရောင်းဈေးထက် အနည်းဆုံး ထက်ဝက်မက ပိုရသင့်ပါတယ်။
ကောင်းပါပြီခင်ဗျား။ ပိုဆိုးနိုင်တဲ့ အဖြစ်အပျက်တွေကို နောက်ကျမှ ဆွေးနွေးပါ့မယ်။ ကျွန်တော်တို့ ရဲ့ ဆွေးနွေးမှုဟာ သူတောင်းစားများ၊ ဓားပြများ မိန်းမနဲ့ သားသမီးကို မိန်းမရွှင် လုပ်ခိုင်းပြီး စားသောက်မဲ့ သူများအတွက်ကတော့ အရေးမကြီးလောက် အကျုံးမ၀င်လောက် ပါဘူး။
သူတို့အတွက်ကတော့ ခွက်တစ်လုံးရှိယုံ၊ သေနတ်တစ်လက်ရှိယုံ၊ အမေပေးတဲ့ လယ်တစ်ကွက်ရှိယုံနဲ့ စီးပွားရေး ကောင်းနေပြီ ဖြစ်နေလို့ပဲ ဖြစ်ပါတယ်ခင်ဗျား - -