Wednesday, August 6, 2008

To Mr Stupid.... Here's the first & last answer for your comments

၁။ စီးပွားရေးပိတ်ဆို့မှုကြောင့် မြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍတခုလုံးအပေါ် သက်ရောက်မှုကို ဆွေးနွေးပေးစေချင်ပါတယ်။ (Targeted Sanction ပါဆိုတဲ့ စကားလုံးတခုကို ရေလဲနဲ့သုံးပြီး ဖြေမယ့် ခပ်ညံ့ညံ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးလို့ ထင်ပါတယ်။)




၂။ အစိုးရနှင့် တိုက်ရိုက်သက်ဆိုင်မှု မရှိတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များ( ရေလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း စသည်.. )လည်း စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ဘယ်လောက်ထိ ခံစားရနိုင်တယ်ဆိုတာလည်း ပြောပေးစေချင်ပါတယ်။




၃။ စီးပွားရေးပိတ်ဆို့မှုကြောင့် သာမန် အလုပ်သမားပြည်သူများရဲ့ ဘ၀အနာဂတ် အပြောင်းအလဲကိုလည်း ရှုမြင်ပေးစေချင်ပါတယ်။ ( အထည်ချုပ်စက်ရုံများ ပိတ်လိုက်သည့် အချိန်က အလုပ်သမလေးများ ၁ သိန်းနီးပါးခန့် အလုပ်ပြုတ်ကုန်တယ်ဆိုပါတယ်။ မီဒီယာများကတော့ အဲဒီကာလကစပြီး လမ်းပေါ်မှာ ညပျော်ငှက်လေးတွေ ပိုများလာတယ် ဆိုခဲ့ပါတယ်။)













မေးခွန်း ၁၊ ၂၊ နဲ့ ၃ လေးကိုတော့ အထက်ပါ ဇယားလေးတွေက အဖြေပေးပါလိမ့်မယ်။ စာသား ၁ နဲ့ ဇယား ၁ က အာဏာရှင်နိုင်ငံတွေရဲ့ တံခါးပိတ် စီးပွားရေး စံနစ်တွေနဲ့ သက်ဆိုင်ပြီးတော့ စာသား ၂နဲ့ ဇယား ၂ က ဒီမိုကရေစီနိုင်ငံ လွတ်လပ်တဲ့ စီးပွားရေး စံနစ်တွေနဲ့ သက်ဆိုင်ပါတယ်။ ဂျီဆိုတဲ့ လိုင်းက တိုးတက်မှုနှုန်းကို ပြဆိုပါတယ်။ အာဏာရှင်နိုင်ငံ ရဲ့ တိုးတက်နိုင်မှုနှုန်းနဲ့ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကား နိုင်စွမ်းရှိတဲ့ နိုင်ငံတွေရဲ့ တိုးတက်နိုင်မှု ဟာ သီအိုရီအရ အတူတူပါပဲ ခင်ဗျား။ လှေကားထစ်လို ဖြစ်နေတာတွေဟာ ရှော့ခ်တွေ ဖြစ်ပါတယ်။ တံခါးပိတ်မှာ ရှိသလို၊ တံခါးဖွင့်လဲ ရှော့ခ် ရှိတာပါပဲ။ အဲဒီ့တော့ ဘယ်နိုင်ငံက စီးပွားပိတ်ပိတ် ၊ ဇယားရဲ့ အောက်ဆုံးမှာ ပါတဲ့ ပေါ်လစီဆိုတဲ့ မူဝါဒလေးကောင်းရင် စီးပွားရေးကောင်းနိုင်ပါသေးတယ်ခင်ဗျား။ ကျွန်တော် တို့ ကိုယ်ပိုင်အပြောမဟုတ်ပါဘူးခင်ဗျာ။ အဲဒီ့ ဇယားတွေကို ဆွဲခဲ့ တဲ့သူဟာ စီးပွားရေးမှာ နိုဗယ်ဆုရခဲ့တဲ့သူပါ။ တံခါးဖွင့်မှာတော့ စီးပွားရေး ကျတာ ပေါ်လစီကြောင့်မဟုတ်ဘူးဆိုတာ တော့ မျက်စိပါရင် မြင်နိုင်ပါတယ်။


အဲဒီတော့



  • စီးပွားရေးပိတ်ဆို့ မှုကြောင့် မြန်မာပြည်ရဲ့ စီးပွားရေး တစ်ခုလုံးကို မထိခိုက်စေချင် ဘူးဆိုရင်


  • အစိုးရနဲ့ မဆိုင်တဲ့ ရေလုပ်ငန်း ၊ အထည်ချုပ်လုပ်ငန်းပိုင်ရှင်တွေ မခံစားရစေချင်ဘူးဆိုရင်


  • ညပျော်ငှက်လေးတွေ လမ်းပေါ်မှာ များများလာတာ မတွေ့ချင်ဘူးဆိုရင်

မင်းပထွေး ခွေးဝဲစားထက်တောင် ရွံစရာကောင်းတဲ့ ကောင်တွေကျင့်သုံးနေတဲ့ ငါ့ အမျိုးမှလွဲပြီး အားလုံး သူတောင်းစားဖြစ်စေဆိုတဲ့ ပေါ်လစီကို ပြောင်းခိုင်းလိုက်ပေါ့ကွာ။


ဘယ်လိုပေါ်လစီ ချမှတ်ရမလဲဆိုတာကိုရော ပြောပြရဦးမှာလား။

၎။ အမေရိကန်က ထိရောက်အောင် စီးပွားရေးပိတ်ဆို့မှု ပြင်းပြင်းထန်ထန်လုပ်ပါတယ် အော်နေတဲ့ကြားက၊ မြန်မာ့ကမ်းလွန်ဓာတ်ငွေ့ ဈေးကွက်မှာ ဒေါ်လာသန်းရာနဲ့ ချီရင်းထားတဲ့ (အမြတ်တွေလဲ သန်းချီရနေဆဲ) အမေရိကန်ကုမ္ပဏီ ယူနိုကယ် တဖြစ်လဲ ချဗရွန်ကိုတော့ ဘာလို့ ဆက်လုပ်ခွင့်ပြုထားတယ်ဆိုတာ ထောက်ပြပေးစေချင်ပါတယ် ။ (ပြိုင်ဘက် ပြင်သစ်က တိုတယ်ကုမ္ပဏီကိုတော့ တရားမျိုးစုံဆွဲပြီး လျော်ကြေးတွေတောင်းကြပါတယ်။ ချဗရွန်ကတော့ ခုချိန်ထိစင်ပေါ်ကပါပဲ။)


တရုတ်ပြည်ရဲ့ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ တံခါးဖွင့်လိုက်ရင် ယင်ကောင်တွေဝင်လာမှာပဲ ဒါပေမဲ့ လေကောင်းလေသန့် ကိုတော့ တို့ ခံစားရလိမ့်မယ်ဆိုတဲ့စကားပါ။ ပြောရရင်တော့ ချဗရွန်က ယင်ကောင်ပေါ့ဗျာ။ တံခါးဖွင့်တဲ့ အချိန်မှာ ၀င်လာတဲ့ ယင်ကောင်ဟာ တံခါးပြန်ပိတ်လိုက်တဲ့အခါမှာ ဘယ်လိုလုပ်ထွက်တော့ မလဲဗျ။ အဲဒီ့ယင်ကောင်ကို သတ်ဘို့က ဘယ်သူ့တာဝန်လဲ၊ အိမ်အပြင်ဘက်က လူတွေရဲ့ တာဝန်လား အိမ်တွင်းက အိမ်ထောင်ဦးစီးရဲ့ တာဝန်လားဆိုတာ ခင်ဗျား ဦးနှောက်ရှိရင်တော့ စဉ်းစားတတ်သင့်ပါတယ်။ ခက်တာက အိမ်ထဲက ပန်းဝတ်ရည်ပေါ်မှာ နားနေတဲ့ ယင်ကောင်ရဲ့ ခြေထောက်က ၀တ်မှုန်အကြွင်းအကျန်ကို လိုချင်နေတဲ့ အိမ်ဦးထောင်ဦးစီး ရှိနေရင်တော့ အဲဒီ့ယင်ကောင် သေနိုင်ပါဦးမလားဗျ။ အဲဒီ့ချဗရွန်ဘာလို့ ဆက်အလုပ်လုပ်နေနိုင်ရတာလဲ။ မင်းပထွေးများ အကာအကွယ်ပေးထားလို့ဗျား။ ပထွေးဆိုလို့ အမေရိကန် ထင်မနေနဲ့ ဦး။ အမေရိကန်က နောက်ပထွေး။ ခွေးဝဲစားပထွေးကို ပြောတာ။ အဲဒီ့ပိုက်လိုင်းကို အစောင့်ချထားတဲ့ တပ်ရင်း ဘယ်နှစ်ခုရှိလဲ အရင်လေ့လာလိုက်ပါဦး။ အမေရိကန်က တံခါးပဲ ပိတ်တာဟ။ ယင်ကောင်သတ်တာ မသတ်တာ သူနဲ့ မဆိုင်ဘုး။


၅။ မိမိ အမျိုးသားအကျိုးစီးပွားမပါပဲ နိုင်ငံတကာ စီးပွားရေး၊ နိုင်ငံရေး ကဏ္ဍများမှာ ၀င်ရောက်လုပ်ဆောင်တဲ့ နိုင်ငံများရှိရင်လည်း သာဓကလေးနဲ့ ဆွေးနွေးပေးစေချင်ပါတယ်။


နာမည်နဲ့ လိုက်အောင် ထိုင်းပါ့မောင်ထိုင်းရယ်။ မိမိအမျိုးသားအကျိုးစီးပွားမပါပဲ နိုင်ငံတစ်ကာ မှာ စီးပွားရေး၊ နိုင်ငံရေးလုပ်နေတဲ့ နိုင်ငံမှာနေ အဲဒီ့နိုင်ငံသားဖြစ်နေ ပြီးတော့ ဘယ်နိုင်ငံ များရှိသလဲ -လာမေးနေရသလားဟ။ အဲဒါမြန်မာနိုင်ငံဗျား ---- ထပ်ပြောလိုက်မယ် မြန်မာ လို့ ခေါ်တဲ့ နိုင်ငံပါခင်ဗျား။ သာဓက ကိုပြရရင် တစ်ထောင့်တစ်ည ပုံပြင်တွေထက်ရှည်သွားလိမ့် မယ်။ မင်းလိုထိုင်းတဲ့ကောင် ပြောပြလဲ နားလည်မှာ မဟုတ်လို့ အချိန်ကုန် ထပ်မခံတော့ဘူး ကွာ။ အမျိုးသား သူတောင်းစား၊ တစ်ခြားနိုင်ငံ က ဂုတ်သွေးစုတ်တာကို ခံနေရပြီး စီးပွားရေး တွေ အကြီးအကျယ်ဖြစ်နေတဲ့ နိုင်ငံမှာ နေပြီးတော့ ကွာ။ တောက် - - ဆိုတဲ့ ခေါက်သံနဲ့ တောင် မင်း မတန်ဘူး။

တိတိကျကျမေးရင် ပညာရှင်တွေ နှာစီးနေကြတာများလွန်းတော့ လူကြီးမင်းတို့လည်း ကျန်းမာရေးကောင်းမှ ပို့စ်တင်ပြီး ဆွေးနွေးပေးကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။ ပညာရှင်တွေကတော့ ဘက်မလိုက်တမ်း ရှုမြင်တတ်ကြတယ်လို့ ယုံကြည်ပါရစေ ။
ပညာရှင်တွေနှာစေးတဲ့နိုင်ငံဟာ မြန်မာနိုင်ငံပဲ ဖြစ်ပါလိမ့်မယ်။ တရုတ်လုပ်ဆေးတွေပဲ သုံးနေရမှတော့ နှာစေးပျောက်နိုင်ပါတော့မလားကွာ။ ဘက်လိုက်ပြီး ရှုရှု ၊ ဘက်မလိုက်ပဲ ရှုရှု၊ မင်းနဲ့ မင်းပထွေးတွေကတော့ ခွေးဝဲစားလောက်တောင် အသုံးမ၀င်တာကတော့ အသေအချာပဲ။

နောက်ဆုံးတစ်ခွန်းပြောချင်တာကတော့ မောင်ထိုင်း ရေ၊ မင်းလိုအောက်ဆွဲကို ဒီတစ်ကြိမ်တစ်ခါတော့ အဖက်လုပ်ပြီး ပြန်ရှင်းပြလိုက်မယ်။ နောင်တစ်ခါတော့ ဝေလာဝေးပဲ။ အချိန်ကုန်တယ်။ မင်း ထမင်းဝဘို့အရေးေ-ာမပေးရတာကို တော့ ငါတို့နားလည်ပါတယ်။ ဒါပေမဲ့ လက်အိပ်နုနုဝတ်မဘို့လဲ မမေ့နဲ့ ဦး။ မင်းလက်ကြမ်းကြီးနဲ့ မရင်တောင်မှာ မင်းပထွေးတွေ ငြို ငြင် မှာဗျ။ အဲဒါကိုရောမင်းသိလား။ ငါတို့ကို ပြန်ဖြေဦး။

13 comments:

Anonymous said...

မဖြေနိုင်တာတွေ့ရင် မရှင်းပါနဲ့။ Country Builder နာမည်တပ်ထားရင်တော့ ဘက်စုံအောင် စဉ်းစားတတ်ဖို့လို လိမ့်မယ်။ မသိတာကို အပြစ်မတင်ပါဘူး။ တိတိပပမေးလိုက်ရင် စစ်တပ်ကလူ ဆိုပြီး နာမည်ဝိုင်းတပ်ကြတာတော့ တော်တော်ဆိုးတယ်။ မြန်မာတွေရဲ့ ပြုပြင်သင့်တဲ့ အကျင့်တမျိုးက အဲဒါပဲ။ ကိုယ်နဲ့ မဆိုင်တဲ့ နယ်ပယ်ဆိုရင် မလေ့လာဘူးဖူး၊ ဒါမှမဟုတ် သိပ်မကျွမ်းချင်တော့ မှတ်ချက်မချ ချင်ဘူး ပြောလို့ ရပါတယ်။ ဒါပေမယ့် ခုချိန်ထိ အဲလို NO ကို ဘယ်သူမှ ကောင်းကောင်းမပြောတတ်သေးဘူး။ ဖြေရခက်တာ မေးလာပြီဆိုရင် ဒီလူဘာလဲ၊ ဘယ်လဲ၊ သမိုင်းကဘာလဲ၊ ပြီးရင် ပုဂ္ဂိုလ်ရေး အရ ဖဲ့ဖို့ စဉ်းစားတော့ တာပဲ။ ဒါနဲ့ မှန်ကန်တဲ့ အဖြေမရတော့ဘူး။

ဆရာကြီး ဒဂုန်တာရာက နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာလို့ဆိုပါတယ်။ နိုင်ငံတော်တည်ဆောက်ရေးဆိုရင်ရော အဲဒီလို မလိုဘူးလား။ De Bono ရဲ့ Six Hats Thinking ကို ဖတ်ဖူးမယ် ထင်ပါတယ်။ လုပ်ငန်းကိစ္စတခုတွက် စဉ်းစားရာမှာ အဆိုးမြင်တဲ့ Black Hat ကို တောင် တခမ်းတနားဆောင်းရပါတယ်။ မပစ်ပယ်ရပါဘူး။ ငါနဲ့ အမြင်မတူ ငါ့ရန်သူ လို့သဘောမထားပဲ ဖွင့်ထားတဲ့ နှလုံးသားအခံ ရှိရင်တော့ နောက်ထပ် အကြောင်းအရာစုံ ဆက်ပြောကြသေးတာပေါ့။ အခုတော့ စကားလက်စ မေးခွန်းလေးတွေကိုပဲ အဆုံးသတ်ပေးလိုက်ပါမယ်။

မောင်ထိုင်း (တမာမြေ)

Anonymous said...

မောင်ရင်က ကိုယ်တို့ ပေးထားတဲ့ အဖြေတွေကို မကျေနပ်လို့ အဖြေရခက်တယ် မဖြေနိုင်ဘူး ထင်နေရသလားကွယ်။ ကိုယ်တို့ ရဲ့ အဖြေတွေ ကမှားများ နေလို့လား။ မှန်ကန်တဲ့ အဖြေကိုလိုချင်ရင် ဘယ်မှာမှ ရှာမနေနဲ့ ။ မင်းအဘတွေခိုး ဆိုး နေလို့ တိုင်းပြည်ဒါမျိုးဖြစ်နေတယ်ဆိုတာ လူတိုင်းသိ။ ရှင်းရှင်းလေးကို ရှုပ်အောင် လာမလုပ်နဲ့လေ။
အစိတ်သားတောင် မချန်နဲ့ ဆိုတဲ့ မင်းအဘတွေရဲ့ စိတ်ဓာတ်ကလေးကို ပြောင်းနိုင်အောင် အရင် ကြိုးစားလိုက်ပါဦးကွာ။ ကျောလေးသပ်သပ်ပြီးတော့ မင်းအဘတွေ က နောက်ကျောဓားနဲ့ ထိုးတာကို ခံရတဲ့ ကောင်တွေအများကြီး။ ဘယ်လိုနှလုံးသား ဖွင့်ရဦးမှာလဲ ကွဲ့။ အကြောင်းအရာစုံကို ပြောနေဘို့၊ အဲဒီ့လောက်ကြီးလဲ မအားလပ်ပါဘူးကွယ်။
ပုဂ္ဂိုလ်ရေး အရ တိုက်ခိုက်တာကို မခံချင်ရင် မောင်ရင်ကိုယ်တိုင်ကလဲ စပြီးတော့ မတိုက်ခိုက်ရဘူးကွဲ့။ မနေ့က တော့ စီပုံးထဲမှာ တစ်မျိုး ကွန်မန့် မှာ တစ်မျိုး မောင်ရင် ရေးထားပါ့လား။ တရားကျတယ်ကွာ။

Anonymous said...

မေးခွန်း ၁၊၂၊၃ ကို ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အဖြေကလွဲနေပါတယ်။ စီးပွားရေး တံခါးပိတ် နိုင်ငံထဲမှာ မြန်မာနိုင်ငံကို ထည့်လို့မရပါဘူး။ ဒီနိုင်ငံမျိုးအတွက် မြောက်ကိုရီးယားကို ဥပမာပေးရမှာ။ (မြောက်ကိုရီးယားအကြောင်း အနောက်က စကောလာတွေ ရေးတဲ့ စာအုပ်တွေ လေ့လာလို့ရပါတယ်။ လိုအပ်ရင်လည်း ပေးပါမယ်။) လုပ်ထုံးလုပ်နည်း တင်းကျပ်တယ်လို့တော့ သတ်မှတ်လို့ ရပါတယ်။ ဒီလိုပုံစံမျိုးကို ၂၀၀၀ ၀န်းကျင် ဗီယက်နမ် နိုင်ငံမှာ ဈေးကွက်တစိတ်တပိုင်း အဖွင့်နဲ့ အတူ တွေ့နိုင်ပါတယ်။ စည်းမျဉ်းတွေက မျက်စိလည်စရာကောင်းလွန်းသလို့ အဆင့်ဆင့်လုပ်ကိုင်စရာများလွန်းတဲ့ အတွက် ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီတိုင်းကို လုပ်ငန်းလမ်းညွှန် လူတယောက်တွဲပေးခဲ့ရပါတယ်။ မြန်မာနိုင်ငံကိုတော့ Quasi-opened market economy အမျိုးအစားလို့ ဆိုချင်ပါတယ်။ မိုနိုပိုလီလုပ်ငန်းတွေနဲ့ SOE တွေ ရှိနေသေးလို့ပါပဲ။

ပြထားတဲ့ ဂရပ်တွေနဲ့ သက်ဆိုင်ရာ သီအိုရီရဲ့ လက္ခဏာတွေနဲ့ ကိုက်တယ်ဆိုရင် ဆိုရင် တရုတ်၊ ဗီယက်နမ်ကို မော်ဒယ်တင်ပေးစေချင်ပါတယ်။ သူတို့ဘာလို့ တိုးတက်နေလဲ၊ ဘာကြောင့်လဲပေါ့။ ဒါကတပိုင်း။ နိုင်ငံတခု ရဲ့စီးပွားရေးတိုးတက်မှုဟာ သူ့နိုင်ငံတွင်းပေါ်လစီတင်မကပဲ ကမ္ဘာနိုင်ငံကြီးများရဲ့ သဘောထားကို လည်းထည့် သွင်းတွက်ချက်မှ မှန်နိုင်ပါတယ်။ မြန်မာမှာတကယ်ဖြစ်တာက အပိတ်ခံထားရတာ၊ (ထိထိရောက်ရောက်မပိတ်ခင် ၁၉၉၀ ကျော်ကာလတွေမှာ မြန်မာပြည် စီးပွားရေးက တက်ခဲ့ပါတယ်။) နိုဘယ်ဆုရှင်ကြီးက အပိတ်ခံထားရတဲ့ နိုင်ငံတခုအတွက် သိးသန့် ရှုမြင်ပေးထားတဲ့ မော်ဒယ်ရှိရင် လည်းဆက်လက် ဆွေးနွေးနိုင်ပါတယ်။

၎။ အတွက် အဖြေကတော့ သမာသမတ်ကျကျ မပေးနိုင်တာတွေ့ရပါတယ်။ ဗဟုသုတဖြစ် ပြောပြပါမယ်။ ဒီမေးခွန်းကို တော်တော်များများက နှာစီးကြပါတယ်။ တကယ်တော့ ချဗရွန်ကို အမေရိကန် အစိုးရက မထိရဲတာပါ။ သမ္မတကလင်တန်လက်ထက် စပိတ်ကတည်းက ရင်းနှီးမြှုပ်နှံထားပြီးသားတော့ ရှိစေတော့ ဆိုပြီး မသိချင်ယောင်ဆောင်ခဲ့ပါတယ်။ ၂၀၀၃ မှာ ပိတ်မယ် ဆို့မယ် အကြီးအကျယ်လုပ်တဲ့ အချိန်မှာလဲ ဟထားခဲ့ပါတယ် (နိုင်ငံခြား သတင်းထောက်အချို့က ချဗရွန်ဟာ ကွန်ဒိုလီဇာရိုက်စ်ကို back up ပေးထားတယ်ဆိုပါတယ်)။ အခု ၂၀၀၈ မှာရော ဘာထူးလဲ။ အရင်လိုပဲ ပန်းပန်လျက်ပါ။ ဒီမှာ တွဲမြင်ရမှာက အမျိုးသား အကျိုးစီးပွားကိုပါ၊ နံပါတ် ၅ ဆွေးနွေးချက်အတွက်ပါ ကျွဲကူးရေပါ ပြောလိုက်ပါမယ်။ မြန်မာပို့ကုန်တွေ အ၀တ်အထည်၊ ကျောက်မျက်၊ ရေထွက်ပစ္စည်း စတာတွေ ပိတ်လိုက်လို့ အမေရိကန်အတွက် ဘာမှ မထိခိုက်ပါဘူး။ မြန်မာလို ဈေးသက်သက်သာသာနဲ့ သွင်းမယ့်နိုင်ငံတွေ အများကြီးပါ။ ဒါပေမယ့် နှစ်စဉ် ဒေါ်လာသန်းရာချီ မြတ်နေတဲ့ မြန်မာ ကမ်းလွန်ရေနံလုပ်ငန်းကို ပိတ်လိုက်ရင် သူတို့ ကုမ္ပဏီရဲ့ အကျိုးစီးပွား ( သွယ်ဝိုက်သောနည်းဖြင့် အမေရိကန် အကျိုးစီးပွားကို) ထိခိုက်ပါတယ်။ ဒါကြောင့် ချဗရွန်ကို လွန်ခဲ့တဲ့ အပတ်က ပိတ်ဆို့မှုအထိ ချွင်းချက်ထားပေးခဲ့တာပါ။ အမေရိကန်မှာ ရေနံကုမ္ပဏီတွေရဲ့ သဘောသဘာဝကိုကလည်း နိုင်ငံရေးနယ်ပယ်မှာ သြဇာသက်ရောက်မှုရှိပါတယ်။ ( Wars for oil ဆိုပြီး သုတေသနပြုချက်တွေ လေ့လာနိုင်ပါတယ်။)

National Interest ကို ရှေ့တန်းတင်ပြီး လုပ်နေကြတဲ့ ခေတ်ကြီးမှာ နိုင်ငံကြီးတွေက စေတနာ ရေစီးကမ်းပြိုလိုက်နေကြပြီဆိုရင် နောက်ကွယ်မှာ ဘာရှိလဲဆိုတာ ပညာရှင်တွေက သိဖို့ မြင်ဖို့ ၊ ပြောဖို့လိုပါတယ်။ Westernization လား၊ Look East လားဆိုတဲ့ Paradigm တွေ သိထားမှလည်း ရှုမြင်ချက်က ပိုမိုပြည့်စုံလာမှာပါ။ အချိန်ပေးနိုင်ရင်၊ ပညာရပ်ဆိုင်ရာ နားလည်မှုရှိရင် Economics Study on SEA Nations beyond 2010 ကို လုပ်ကြည့်ပါ။ AFTA လည်းစတော့မယ်။ ပြီးတော့ မြန်မာပြည်က သာမန်ပြည်သူတွေ အကျိုးရှိအောင် S&ME Survival Strategy in Myanmar ဆိုပြီးရေးကြည့်ပါဗျာ။ အများစုက တနိုင်တပိုင် စီးပွားရေးသာလုပ်နေကြတာ ဘယ်လိုစီမံခန့်ခွဲရမယ်၊ ရေရှည်စီမံကိန်း ဘယ်လို ချရမယ်ဆိုတာ သိကြတာမဟုတ်ဘူးလေ။ ပညာဒါနက ယူတတ်ရင် ရပါတယ်။

မောင်ထိုင်း (တမာမြေ)

Anonymous said...

စီဘောက်မှာ ၀င်ရေးမရေးဆိုတာကို အခု မောင်ထိုင်း ဆွေးနွေးသလောက်နဲ့ မှန်းလို့ရမယ် ထင်ပါတယ်။ ပေါ့ပေါ့ပျက်ပျက်တွေ ပြောဖို့ ဒီဘလော့ ၀င်ဖတ်တာ မဟုတ်ပါဘူး။ ဖတ်တဲ့သူ၊ ဆွေးနွေးတဲ့သူ တခုခုရစေတော့ဆိုပြီး ၀င်ရေးတာပါ။

မောင်ထိုင်း (တမာမြေ)

Anonymous said...

မိုနိုပိုလီလုပ်ငန်းတွေထွန်းကားနေတဲ့ နိုင်ငံမှာ ဘယ်ကလာပြီးတော့ SME ထွန်းကား နိုင်မှာလဲ။ မောင်ရင်ပြောတဲ့ SME ဆိုတာ ဒေါ်လာ ၁ သန်း ၂သန်းလောက်ရင်းနှီး မြုပ်နှံပြီးတော့ အစိုးရနဲ့ ပေါင်းစားနေတဲ့သူတွေကို SME လို့ ခေါ်ချင်တာလား။ တစ်ခြားနိုင်ငံက SME ဆိုတာကတော့ ဒေါ်လာ သန်း ၄၀၀ လောက် ရင်းနှီးမြုပ်နှံမှု ရှိရင် SME လို့ ခေါ်နိုင်ပါတယ်။ ကုမ္ပဏီကြီးတွေရဲ့ အရင်းအနှီးဟာ ဘီလီယံ ထောင်ချီရှိတာ မောင်ရင် မျက်စိများမှောက်နေရော့သလား။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဟာ တံခါးပိတ်ထက် ဆိုးပါတယ်ဆိုတာ ကိုရော မောင်ရင် သိရဲ့ လား။

၁၉၉၀ ပြည့် ကျော်ကာလတွေမှာ မြန်မာနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြုပ်နှံ ခဲ့တဲ့ Star လို့ ခေါ်တဲ့ ဘိလပ်မြေစက်ရုံကို မင်းအဘတွေ ဘယ်လိုလိုင်စင်ပိတ်ပြီးတော့ စက်ရုံသိမ်းလိုက်တာ၊ စားအုံးဆီသွတ်စက်ရုံတွေ နိုင်ငံခြားက ရိုးရိုးသားသား လာပြီးရင်နှီးမြုပ်နှံတဲ့ ဟိုတယ်တွေ ဘယ်နှစ်ခု ညစ်ပြီးတော့ ယူလိုက်တာ တွေ မင်းမသိလောက်ပါဘူး။ တံခါးပိတ်ကမှ မင်းလဲ မလာနဲ့ ငါတို့လဲ မယူဘူး။ မောင်ရင်တို့ရဲ့ တံခါးဖွင့်က လာသမျှယူနေတော့ ဘယ်လိုလုပ်အောင် မြင်နိုင် မှာလဲ။

ချက်ဗရွန် က ကွန်ဒိုလီဇာရိုက်ကို ထောက်ခံပေးထားတာ ခဏခဏ ပြောပြီးကြပါပြီ။ ရေနံအတွက် စစ်တိုက်တာကရော ထူးဆန်းလို့လား။ ချက်ဗရွန် မကောင်းမှန်း သိရင် မောင်ရင်တို့ လက်မခံနဲ့ပေါ့ လေ။ ဟုတ်တယ်မို့လား။ ချက်ဗရွန်ကို ပိတ်လိုက်ရင် အမေရိကန်က ဒီ့ထက်ဆိုးတာတွေနဲ့ တွယ်တော့မယ်ဆိုတာသိလို့ မောင်တို့ အစိုးရ က ချက်ဗရွန်ကို ပေးစားထားတာကြတော့ရော။ ဒီ့ထက် သမာသမတ်ကျတဲ့ အဖြေ ဘာများရှိရဦးမှာလဲ။

စီးပွားရေး ဘယ်ဟာကို ဘယ်လိုလုပ် ရေးစရာလဲမလိုပါဘူး။ ရေးနေလဲ မင်းအဘတွေ အာဏာရူးပြီး ထင်ရာလျှောက်လုပ်နေသရွေ့ ရေးသမျှလဲ အကျိုးမရှိပါဘူး။ စီးပွားရေးကို ဘယ်လို စီမံကိန်းဆွဲရမယ်၊ ဘယ်လို စီမံ ခန့် ခွဲရမယ် ဒါမျိုးပညာရပ်ကို ကို သိတဲ့ တတ်တဲ့ သူတွေ မြန်မာပြည်တွင်းမှာရော၊ ပြည်ပမှာရော အများကြီးပါပဲ။ ပညာဒါနပေးချင်ရင် မင်းအဘတွေကို အရင်ပေးလိုက်ပါ။ သူတို့ကို အရင် လိုက်လုပ်ခိုင်းလိုက်ပါ။ အမေရိကန် စီးပွားရေးပိတ်ဆို့တာ ချည်း အပြစ်တင်မနေပါနဲ့ ။ အမေရိကန် က ပိတ် ပိတ် မပိတ်ပိတ် မြန်မာပြည်က အရှေ့ ကိုပဲမျှော်ပြီးတော့ စီးပွားရေး ကောင်းအောင် လုပ်ပေါ့။ တရုတ်လဲ အင်အားကြီးတာပဲ မဟုတ်လား။ တရုတ်နဲ့ ဒီလောက်စီးပွားရေးတွေ လုပ်နေတာတောင် မြန်မာပြည်ရဲ့ စီးပွားရေး ဘာ့ကြောင့် တက်မလာရတာလဲ။

Anonymous said...

မေးတဲ့သူ နဲ့ ဆွေးနွေးတဲ့သူ အသံချင်း မတူတာ တွေ့ရပါတယ်။ Aggressive ဖြစ်နေတာ များနေသလိုဘဲ။ ပညာရှိ သတိဖြစ်ခဲဆိုသလို ဆင်ခြင်နိုင်ကြပါစေ ...

Anonymous said...

ပြေပြေလည်လည် ဆွေးနွေးကြရင် ဗဟုသုတ ပိုရမယ်ဗျို. ။

Anonymous said...

SME သို့မဟုတ် SMB ကို အရင်းအနှီးပမာဏနဲ့တိုင်းတာက အထူးသဖြင့် အိန္ဒိယမှာ ပဲလုပ်ပါတယ်။ အမေရိကန်မှာ Small Enterprise ကို လူဦးရေ ၁၀၀ အောက်လို့ သတ်မှတ်ပြီး၊ EU က ၅၀၊ Australia က ၁၀-၁၉ ယောက်လို့ သတ်မှတ်ပါတယ်။ Medium ကိုတော့ အမေရိကန်က ၅၀၀ အောက် သတ်မှတ်ပြီး၊ EU က ၂၅၀ လို့ဆိုပါတယ်။ Australia မှာတော့ ၂၀ ကနေ ၂၀၀ အတွင်းလို့ သတ်မှတ်ထားပြန်ပါတယ်။ နိုင်ငံတော်တော်များများမှာက ဒေါ်လာသန်းဘယ်လောက်ရှိမှဆိုတာထက် အလုပ်သမားလူဦးရေပေါ်မှာပဲ မူတည်သတ်မှတ်ထားပါတယ်။ ဒါလည်း နိုင်ငံအလိုက် သင့်တော်သလို သတ်မှတ်နိုင်ပါတယ်။

ဒီထက် အရွယ်အစားငယ်တဲ့ လုပ်ငန်းတွေကိုတော့ SoHos လို့ခေါ်ပါတယ်။ အသေးဆုံးကတော့ Micro Enterprise ခေါ်ပါတယ်။ Small Enterprise မှာ စတိုးဆိုင်လေးတွေ၊ ဆံပင်ညှပ်ဆိုင်၊ တနိုင်တပိုင် ပစ္စည်းထုတ်တဲ့ လုပ်ငန်းလေးတွေ၊ ရှေ့နေရုံးခန်းလေးတွေ စသဖြင့် ပါပါတယ်။ မက်ဒေါနယ်ဆိုင်လေးတွေလဲ ပါနိုင်ပါတယ်။ Micro business ကိုတော့ မြန်မာက နမူနာနဲ့ပဲ ပြောပါမယ်။ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ၊ မိသားစု ဈေးဆိုင်လေးတွေ၊ ကိုယ်ပိုင်လယ်လုပ်နေတဲ့ လယ်လုပ်ငန်း၊ လှေလေးတစင်းနဲ့ ငါးဖမ်းတဲ့ တံငါလုပ်ငန်းတွေကို ဥပမာပေးလို့ ရပါတယ်။ ဒါလောက်ဆိုရင် အဓိပ္ပါယ် သတ်မှတ်ချက်ကို ရှင်းပြီထင်ပါတယ်။ ဒီတော့ Monopoly ရှိလို့ မြန်မာနိုင်ငံမှာ SME မဖွံ့ဖြိုးနိုင်ဘူးလို့ ပြောထားတာကို SME အဓိပ္ပါယ် သေချာမသိလို့ မှားပြောတယ်လို့ပဲ ယူဆလိုက်ပါမယ်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတွေမှာတောင် လုပ်သားဦးရေရဲ့ ၉၀ % နီးပါးက၊ SME တွေမှာ လုပ်နေကြတာ ဖြစ်ပါတယ်။ အသေးစိတ်ထပ်ပြောရရင် လုပ်သားဦးရေ ၁၀ ယောက်အောက်မှာ ရှိတဲ့ SoHos လေးတွေမှာ လုပ်နေတာများပါတယ်။ မြန်မာပြည်မှာလည်း စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေမှာ လုပ်နေတဲ့သူက အများစု ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းလေးတွေကို တိုးတက်အောင် ကူညီစောင်မပေးတဲ့ နည်းလမ်းမျိုးက အင်မတန်မှ အသုံးဝင်ပါတယ်။ အထိရောက်ဆုံး ဘယ်လိုနည်းနဲ့ ထောက်ပံ့မှုပေးရင် ရမလဲဆိုတာကို စဉ်းစားကြည့်လိုက်ပါဦး။ လက်တွေ့ကျတဲ့ အဖြေရရင် ကွန်မန့်တင်လိုက်ပါ၊ ထပ်ဆွေးနွေးပေးပါမယ်။ မရှာနိုင်ဘူးဆိုရင်လည်း ကူညီပေးပါမယ့်။
စစ်တပ်ကိုလက်ညှိုးထိုးဆဲပြီး ဝေ့လည်လည်လျှောက်ပြော တာမျိုးတော့ လုပ်မယ်မထင်ပါဘူး။ (ဒီလောက်တော့ မညံ့ဘူး လားလို့။)

Anonymous said...

မောင်ရင့်ကို ကိုယ်အကြံတစ်ခုပေးချင်ပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လေ့လာချင်ရင် သေသေချာချာ ဖတ်ပြီးတော့ တစ်ကြောင်းချင်းစီလေ့လာလိုက်ဘို့ပါ။ မောင်ရင်အနှိုင်းပြုထားတဲ့ ၀ီကီရဲ့ Small Enterprise အဓိပ္ပာယ်ဖွင့်ဆိုချက် ထဲမှာတောင်မှ The lack of a universal size definition ဆိုတဲ့ စကားလုံး အရ အလယ်အလတ်နဲ့ အသေးစားလုပ်ငန်းတွေကို ပါဝင်တဲ့ လူဦးရေနဲ့ တိုင်းတာလို့ သဘာဝမကျဘူးဆိုတာ သဘောပေါက်သင့်ပါတယ်။ အခုကိုယ်အလုပ်လုပ်နေတာ One Of the SMEs ထဲမှာပါ။ စက်ရုံတစ်ခုထဲမှာ လုပ်သား ၁၅၀၀ ကျော်ပါတယ်။ မောင်ရင့်ရဲ့ ဘယ်နိုင်ငံကယူထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီပါသလဲ။
ဆံပင်ညှပ်ဆိုင်လို လုပ်ငန်းကို Small Enterprise ထဲ ထည့်ချင်ရင် ထည့်ပါ။ ဒါပေမဲ့ ကတ်ကြေးကိုင်ပြီး အင်တာပရိုက်စ် လုပ်နေတဲ့ မောင်တို့နဲ့ တစ်နှစ်ကို ဒေါ်လာ သန်းဆယ်ချီ ၊ ရာချီဝင်နေတဲ့ အင်တာပရိုက်စ်ကို ဘယ်လိုများ နှိုင်းယှဉ်ချင်လို့လဲ။ မောင်ရင်ပြောပြချင်နေတဲ့ ဥပဒေထွန်းကားတဲ့ ၊ ဥပဒေရဲ့ စိုးမိုးမှုရှိတဲ့ နိုင်ငံက SME ပံ့ပိုးမှု နည်းလမ်းတွေဟာ မြန်မာနိုင်ငံမှာ အောင်မြင်မယ်များထင်နေလို့လား။ လှူတာတောင်မှ ငါတို့ဆီအရင်ထည့်ပေးလုပ်နေတဲ့ ကောင်တွေနဲ့ မောင်ရေ။ မင်းလဲ ဒါမျိုးကောင်တွေနဲ့ တစ်တန်းထဲပဲလား။
ဆံပင်ညှပ်ဆိုင်ကို ကိုထိုင်း အင်တာပရိုက်စ် ဆံသဆိုင်ကြီးဆိုပြီး ဆိုင်းဘုတ်တင်ရင်တင်လိုက်ပါ။ ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ စကားလုံးကိုတော့ မြန်မာအလင်းသတင်းစာနဲ့ ရုပ်မြင်သံကြား ထဲမှာ ပြပြနေတဲ့ ခေတ်မှီဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတော်ကြီး ရဲ့ တိုးတက်မှုတွေနဲ့ တော့ မနှိုင်းယှဉ်လိုက်ပါနဲ့။ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က ကတ်ကြေးကိုင်ပြီးတော့ တစ်ချပ်ချပ် ဆံပင်ညှပ်နေရတဲ့ သူက အခုလဲ တစ်ချပ်ချပ်ပါပဲ။ မဖွံ့ဖြိုးနိုင်ဘူးဆိုတာ ဒါကိုပြောတာပါ။ မောင်ရင် တစ်ကယ်မြန်မာနိုင်ငံမှာ စီးပွားရေး မှန်မှန်ကန်ကန်နဲ့ လုပ်ကြည့်လိုက်ရင် ဘာ့ကြောင့် မတိုးတက်ရသလဲဆိုတာသိလာပါလိမ့်မယ်။ ရှင်းရှင်းလေးတစ်ခုပြောပြပါ့မယ်။ ၀န်ကြီးသားတွေထိန်းချုပ်ထားတဲ့ ဆန်တင်ပို့ စံနစ်မှာ လူ၅၀၀နဲ့ စပါးစိုက်၊ ဆန်ထုတ်ချင်တဲ့သူက အမြတ်ရမယ်များထင်နေသလား မောင်ရင်ရယ်။ ငါတို့ အချိန်တွေလာဖြုန်းမနေပါနဲ့။
ဘယ်လိုလုပ်ပါ ဘယ်လိုကိုင်ပါ နည်းလမ်းတွေအများကြီးပါလို့ မောင့်ကို ကိုယ်ခဏခဏ ပြောပြီးပြီပဲ။ အထိရောက်ဆုံး လုပ်ချင်ရင် ပါးစပ်ကနေပြောမနေပဲ လက်တွေ့သာလုပ်လိုက်ပါ။ ကိုယ့်ဆီမှာ Micro Financing လုပ်ပေးနေတဲ့ အဆက်အသွယ်တွေရှိပါတယ်။ ကိုယ်တို့လဲ တတ်နိုင်သလောက်လုပ်ပေးနေပါတယ်။ မောင်ရင် ပါချင်ရင် လူနာမည်၊ မှတ်ပုံတင်နဲ့ လိပ်စာ ပို့ပေးလိုက်မယ်လေ။ မဆိုင်တဲ့သူတော့ သွားရန်မရှာလိုက်ဘို့ ကြိုပြောချင်ပါတယ်။ သူတို့နဲ့ ကိုယ်တို့ တစ်ခါမှ မမြင်ဘူး၊ မတွေ့ဘူးသလို ကိုယ်ဘယ်မှာ နေသလဲဆိုတာကိုတောင်မှ သူတို့ မသိကြပါဘူး။
အကောင်းဆုံးကတော့ အီးမေးလ်လိပ်စာပေးလိုက်ပါ။ ပါးစပ်ကပြောနေမဲ့အစား လက်တွေ့လုပ်ပြလိုက်ပါ။ လက်တွေ့လုပ်နေတဲ့သူတွေ တစ်ပုံချည်းပါပဲ။
တစ်ခုတော့ ကြိုပြောထားပါရစေမောင်ရင်။ ကိုယ်တို့ကတော့ ပေးသမျှပိုက်ဆံ အဆုံး ဆိုပြီးတော့ သတ်မှတ်ပေးထားတာပါပဲ။အလှူသဘောမျိုးပေးတာပဲ။ ဥဒေသ အသစ်သိချင်သေးသလား မောင်ရင် - မြန်မာပြည်ရဲ့ အင်တာပရိုက်စ်တွေ အောင်မြင်စေချင်ရင်လေ - အလှူ များများ လုပ်ပေးလိုက်ပါကွယ်။

နောက်ကို မောင်ရင်နဲ့ ကိုယ်တို့ ဆွေးနွေးစရာ အကြောင်းမရှိတော့ဘူး ထင်တယ်နော်။ မင်းအချိန်လဲ မဖြုန်းပါနဲ့။ ငါတို့အချိန်လဲ လာမဖြုန်းပါနဲ့ကွယ်။

Anonymous said...

အဖြေရခက်ပြီး ပိတ်ချင်ပြီဆိုတော့လဲ နိဂုံးချုပ်ရတာပေါ့။

၁။ စာလေးဘာလေးရေးမယ်ဆိုရင် နည်းနည်းလေး ကိုးကားရင် မဆိုးပါဘူး။ အခုဆို SME ဟာ သူ့နိုင်ငံနဲ့သူ သတ်မှတ်ကြတဲ့ သဘောပါလို့ လက်ခံသွားပြီထင်ပါတယ်။ ဗဟုသုတဖြစ် ထပ်ပြောပေးလိုက်ပါမယ်။ တရုတ်နဲ့ဟောင်ကောင်မှာ SME ကို ၅-၅၀ ယောက်ကြား သတ်မှတ်ပါတယ်။ တိုင်ဝမ်မှာတော့ လုပ်ငန်းအမျိုးအစားအလိုက် လူ ၅၀ သို့မဟုတ် ၂၀၀ အောက်၊ $၂.၄ သန်း သို့မဟုတ် ၃.၀၃ သန်းအောက်လို့ သတ်မှတ်ပါတယ်။ စင်ကာပူမှာ လူ ၂၀၀၊ $ ၁၅ သန်းအောက် လို့ သတ်မှတ်ပါတယ်။ တောင်ကိုရီးယားမှာတော့ လုပ်ငန်းအမျိုးအစားအလိုက် လူ ၁၀၀-၂၀၀-၃၀၀ အောက်၊ ၀မ် ဘီလျံ ၁၀ - ၂၀ - ၃၀ အောက်လုပ်ငန်းတွေလို့ သတ်မှတ်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများကတော့ Small is beauty ဆိုပြီး၊ လူ၊အရင်းအနှီး နည်းနည်းကိုပဲ သတ်မှတ်ကြပါတယ်။ Robotic Tech ဖွံ့ဖြိုးလှပါတယ်ဆိုတဲ့ ခင်ဗျားရောက်နေတဲ့ ဂျပန်မှာတော့ လူ ၅၀ - ၁၀၀ - ၃၀၀ အောက် ယန်းသန်း ၅၀ - ၁၀၀ -၃၀၀ အောက်လုပ်ငန်းတွေလို့ သတ်မှတ်ပါတယ်။ ငါလုပ်တဲ့ လူ ၁၅၀၀ လောက်ရှိတဲ့လုပ်ငန်းကြီးတောင် ME ကွဆိုပြီးပြောတာကတော့ ကိုစီးတဲ့မြင်း အထီးမှန်းအမမှန်း မသိတာပါ။ စက်မှုဖွံ့ဖြိုးပြီးသား ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ (လူ ၁၅၀၀ ပါတဲ့လုပ်ငန်းကြီး တခုကို ME လို့ သတ်မှတ်ထားတာ ဒီနိုင်ငံကွလို့ ပြနိုင်ရင် ပညာရှင်ကြီး ပြောတာမှန်ပါတယ် လို့၊ ဂုဏ်ပြုကွန်မန့် လာပွတ်ပေးပါမယ်။) ဘယ်လိုဖြစ်ဖြစ် မြန်မာပြည်က မရတော့ဘူး၊ မဖြစ်တော့ဘူးဆိုတာ ပြောချင်ဇောအားကြီးပြီးတော့ သတိလက်လွတ်ပြောမိတာလို့ပဲ ယာယီ မှတ်ယူထားလိုက်ပါမယ်။ GDP (Official Rate) မှ ၁၄ ဘီလီယံလောက် ရှိတဲ့ နိုင်ငံမှာ လက်တွေ့နဲ့ မကိုက်ညီတဲ့ Definition တွေသုံးပြီး ဝေဖန်တာကို ဆင်စွယ်နန်းတော်က ပညာရှင်တွေပဲ လုပ်ပါစေ၊ မြေနဲ့နီးရင် လူသားဆန်လိုက်ပါ။ ဟိုမှာအနေကြာလို့ မြေနဲ့ဝေးသွားရင်တော့ မပြောတတ်။

၂။ Micro financing လုပ်တာဟာ အားပေးရမယ့် ဟာပါ။ လုပ်တဲ့လူ ပြဿနာ ရှာခံရမယ် ထင်တာကိုက လွဲနေတာ။ Pilot Project လုပ်နေတဲ့ အဖွဲ့တွေကို ကြော်ငြာတောင်ပေး ရဦးမယ်။ စေတနာရှင်တွေများလာရင် လုပ်ငန်းပိုတိုးတတ်တာပေါ့။ ဒီလို အကျိုးရှိတဲ့ ကိစ္စမျိုးကိုတော့ Country Building လုပ်ငန်းစဉ် ထဲမှာ ထည့်ဖို့ မကြိုးစားတာတော့ တော်တော် အံ့သြဖို့ကောင်းနေပါတယ်။ စာ ၅ ကြောင်းလောက်ရေးလိုက်၊ ငါသိတော်တတ်ကြောင်း ၁ ကြောင်းပြောလိုက်၊ စစ်တပ်ကို ၁ ကြောင်းရေးပြီး ဆဲလိုက်နဲ့၊ ကိုယ့်စာတွေကို လည်း ပြန်ဖတ်ကြည့်ပါဦး။ ဘယ်လောက် ပညာရှင်မဆန်လဲဆိုတာ။ နောက်ပြီး ကို့ညီ သတိထားမိရဲ့လား ကွန်မန့်ပွတ်တဲ့ ၁၀ ယောက်မှာ ၉ ယောက်က ကောင်းပါတယ်၊ လင့်ထားပါတယ်၊ ဖတ်သွားပါတယ်၊ များများရေးပါ ဆိုတာတွေကြီးပဲ။ ရှားရှားပါးပါး ၁ ယောက်တလေ လောက်ပဲ ဆွေးနွေးပေးတာ ရှိပါတယ်။ စကားပြောဖက်ဆွေးနွေးဖက်ဆိုတာ လောက်လောက်လားလားကို မရှိပါဘူး။ ဒီလောက်ကလေးကို ကို့ညီတို့က သာယာပြီးမနေပါနဲ့။ စီဘောက်မှာ လာဆဲတာလည်း ဒေါသထွက်ပြီး လိုက်ပြောမနေပါနဲ့။ တခါတလေ ပွဲဆူအောင် နှစ်ဘက်စလုံးက ၀င်ဆဲပေးနေကြတာပါ။ ဒါကိုမသိပဲ သူတို့တီးတိုင်းကနေရင် ကို့ညီတို့က ခပ်ညံ့ညံ့ပညာရှိတွေပဲ ဖြစ်တော့မှာပေါ့။ သူတို့နဲ့ ဘာထူးတော့မှာလဲ။ ခုထိ အချိန်မှီပါသေးတယ်။ ပြင်လို့ရပါသေးတယ်။

၃။ ချဗရွန်ကို မြန်မာက မပိတ်တာက တံခါးဖွင့်ထားလို့ ပေါ့ ကို့ညီရယ်။ စီးပွားရေးမှာ ပေါင်းလုပ်ဖို့ လိုတယ်မဟုတ်လား။ မြန်မာမှာ ဘယ်နိုင်ငံလာမလုပ်ပါနဲ့လို့ ပိတ်မှမထားတာ။ ချဗရွန်ကို ပိတ်ရမှာက Unilateral Sanction လုပ်နေတဲ့ အမေရိကန်ပါ။ သူမပိတ်လို့ ယိုပေါက်ရှိနေပါတယ်ဆိုပြီး ပြည်ပြေးတွေ ချဗရွန်ရုံးချုပ်ရှေ့ ဆန္ဒပြရဲရင်၊ ကို့ညီတို့လို ပညာရှင်တွေက ဝေဖန်ထောက်ပြရဲရင်၊ မြန်မာပြည် တိုးတတ်တာကြာပြီ။ ကိုညီတို့လည်း နောက်ကွယ်က အကြောင်းတွေရှိတော့၊ စစ်တပ်ကိုပဲ ကလော်ဆဲရဲတာ သဘောပေါက်တယ်။ NLD တို့၊ အပြင်ရောက်နေတဲ့ အဖွဲ့တွေကို ကို့ညီတို့ ဝေဖန်ရင် ၀ိုင်းတွယ်မှာပဲ။ ဒီတော့ ပညာရှင်ကြီးများ နှာစေးကြတာပေါ့ကွာ။ အတွင်းက ပညာရှင်တွေက စစ်တပ်ကို ဝေဖန်ဖို့ နှာစေးတယ်၊ ကို့ညီတို့က အပြင်ကသူတွေကို ဝေဖန်ဖို့ နှာစေးတယ်။ အမေရိကန်ကိုလဲ မထိရဲကြဘူး။ မဟုတ်ပါဘူး ဆိုပြီး သက်သေပြဖို့ ပို့စ်တင်မယ် မလုပ်နဲ့နော်။ ကို့ညီတို့ကို ၀ိုင်းတွယ်လိမ့်မယ်။ အားလုံးက ၀ိုင်းတွယ်ရင် ကိုညီတို့ ဘုံပျောက်လိမ့်မယ်။

၃။ မြန်မာပြည်မှာ နိုင်ငံခြားဟော်တယ်တွေ သိမ်းခံရတယ်၊ လုပ်ငန်းလိုင်စင်တွေ သိမ်းခံရတယ်လို့ ကို့ညီကပြောထားတယ်။ ဒါမှန်လို့ကတော့ License to Rob ဆိုပြီး ထွက်လာမှာပါကွာ။ တကယ်ခံရတဲ့ကောင်က ဘယ်နေမှာလဲ။ ရရမရရ ဖွမှာ၊ အော်မှာပေါ့။ တကယ်လို့ သူတို့က မအော်ရဲဘူးထင်ရင်လဲ ကို့ညီတို့က စာရင်းကောက်ပြီး တင်လေ။ သေချာတယ်ဆိုရင်ပေါ့။ တကယ်ပြောခဲ့တဲ့သူက ဘီယာလုပ်ငန်းမှာ ပြဿနာတတ်တဲ့ အခု စင်္ကာပူရောက်နေတဲ့ အမျိုးသမီးတယောက်ပဲ ရှိပါတယ်။ ကို့ညီ သိပြီးသားပါ။
ဟော်တယ်တွေကတော့ ကို့ညီရေ သိမ်းလို့မဟုတ်ဘူး၊ ရှုံးလို့ပြန်ပြေးရတာ။ ၉၆ ခရီးသွားနှစ်ကတည်းက မလာနဲ့၊ မလည်နဲ့ ပြောထားတာလေ။ ဒီတော့ ဟိုတယ်ကြီးတွေက ဘယ်မြတ်ပမလဲ။ ဈေးကွက်မှ မရှိတာ။ စီးပွားရေးသီအိုရီတွေ ပြောနေတဲ့ ကိုညီတို့ ပို မြင်မှာပါ။ အခု မန္တလေး ဆီဒိုးနားဆို စရိတ်ထေမိဖို့ ဟော်တယ်ရှေ့ မြက်ခင်းမှာ ဘီယာနဲ့ အကင်ဆိုင် ဖွင့်နေရပြီ။

၎။ ကို့ညီတို့ အတွေးအခေါ်တွေက အမျိုးမျိုးပြောင်းတတ်တာပဲ။ တရုတ်တို့၊ ထိုင်းတို့က နှပ်ချနေတာပါ၊ ပြောခဲ့တယ်။ ခုတော့ တရုတ်နဲ့ပေါင်းလုပ်ဖို့ ပြောပြန်ပြီ။ Look East ဆိုတာ တရုတ်ကိုကြည့်ပြီး ပေါင်းဖို့လောက်မဟုတ်သေးဘူး ကို့ညီရ။ အတုယူစရာတွေက အများသား မဟုတ်လား။ ဒါကြောင့် နိုဘယ်ဆုရှင်တွေရဲ့ သီအိုရီကို ကိုင်ကိုင်ရေးနေတဲ့ ကို့ညီတို့က အခြား အရှေ့တောင်အာရှ နိုင်ငံတွေကို Economics study လုပ်ပေးပါပြောတာပေါ့။ ဘယ်သူမှ ခုချိန်ထိ လုပ်မထားသေးဘူး။ CRPP က စာတမ်း ဒိတ်အောင်တစောင် ထုတ်ထားတာတော့ ရှိတယ်။ NCGUB Website မှာ ရှာလေ့လာ ကြည့်ပေါ့ကွာ။ ဒီလူတွေလဲ ဘာတွေ သောက်တလွဲ လုပ်ထားတယ်ဆိုတာ ကို့ညီ ဖတ်မိရင် မြင်ပါလိမ့်မယ်။ သူတို့ကို အော်တော့ မဆဲမိစေနဲ့။ နေ့ချင်းညချင်း နအဖလူ ဘ၀ပြောင်းသွားမယ်။ ပြီးတော့ ကို့ညီ ဂရပ်တွေပေးထားတဲ့ သီအိုရီတွေကို နားလည်ရင် တရုတ်နဲ့ ဗီယက်နမ်ကို မော်ဒယ်တင်ပြတာကိုလည်း မလုပ်ပေးဘူးနော်။ သဘောလောက်ပဲသိပြီး သေချာနားမလည်ရင် မလုပ်ပါနဲ့၊ ရှိစေတော့။

၅။ အမေရိကန်ပိတ်လို့ စီးပွားရေး ဘာမှ မဖြစ်ပါဘူးဆိုပြီး မျက်စိမှတ် ငြင်းရဲတဲ့ ကို့ညီတို့ကို Textile Export တခုတည်းပဲ ပြောပြလိုက်မယ်။ U.S State Department Statistical အရ ၂၀၀၁ ခုနှစ်မှာ $၄၁၁ သန်းရှိရာကနေ ၂၀၀၃ မှာ၊ တစ်ဒေါ်လာဖိုးမှ တင်ပို့လို့ မရတော့ဘူး။ သန်း ၄၀၀ ကျော်ဖိုးနော်။ မြန်မာနိုင်ငံအတွက်ဆို နည်းတဲ့ပမာဏမဟုတ်ဘူး။ Textile Industry တခုလုံးထိသွားတာ။ဒါကို လျစ်လျူရှုပြီး ဘာမှ မဖြစ်လောက်ပါဘူး ပြောချင်သေးလား။ သူများတွေ ပြောချင်ပြောပါစေ။ ပညာရှင်ကတော့ အမှန်အတိုင်း ရှုမြင်တတ်ဖို့ လိုပါတယ်။ သူများပြန်ပြောလို့ မှတ်ထားမိတဲ့ လင်ကွန်းရဲ့ ပုံပြင်လေးပြောပြီး နိဂုံးချုပ်လိုက်ပါမယ်။

မိုးမှောင်မှောင် လမသာတဲ့ တညမှာ လူတယောက်မြင်းစီးသွားနေရာကနေ မှောင်လွန်းတော့ လမ်းပျောက်သွားပါတယ်။ လမ်းက ရှာလို့လဲမတွေ့ ၊ မိုးကလည်း ချိန်းပြီးရင်း ချိန်းနေတော့ မြင်းပေါ်ကဆင်းပြီး မိုးကြီးပဲ ချိန်းမနေပါနဲ့ လမ်းကိုမြင်ရအောင် လျှပ်စီးလေးလဲလက်ပေးပါဦးဆိုပြီး ဘုရားသခင်ဆီမှာ ဆုတောင်းလိုက်ပါတယ်တဲ့။

ကို့ညီတို့တွေလဲ ဝေဖန်ရေးမိုးချိန်းသံတွေအစား အပြုသဘောဆောင်တဲ့ လျှပ်စီးလို ရှေ့ဆောင်ပြုပေးမယ့်၊ စာတွေရေးရင်တော့ Country Builders ဆိုတဲ့ ဘလော့နာမည်နဲ့ ပိုလိုက်မယ်ထင်ပါတယ်။

Educated Gentlemen တွေပီပီ ပညာရှင်ဆန်ဆန် ရေးသားပြောဆို အကျိုးပြုနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

မောင်ထိုင်း (တမာမြေ)

P.S: ပြန်စာတွေကို ကို့ညီတို့ ဒေါနဲ့မောနဲ့ရေးတာကို သဘောကျလို့၊ စာကို ခပ်ထေ့ထေ့လေး ပြန်ရေးပေးလိုက်ပါတယ်။

Anonymous said...

၁။ မောင်ရင့်ကို သေသေချာချာကြည့်ပါလို့ ပြောလဲ မရဘူး။ http://www.standardchartered.com.sg/press/2008/press_080523.pdf မှာ တစ်ချက်ကြည့်ပါဦး။ စင်ကာပူမှာ ၁၅ သန်းအောက်ဆိုတာ Fixed Asset ကိုပြောတာ။
Fixed Asset ဆိုတာရော ဘာခေါ်တာလဲ နားလည်ရဲ့လား။ နောက်ကို အပေါ်ယံဖတ်ပြီးတော့ လျှောက်လျှောက်မရေးနဲ့။ Turn Over က စင်ကာပူမှာ ဒေါ်လာ ၁၀သန်းကနေ သန်း၄၀ကြား။ ကိုရီးယားက Pentech လို့ခေါ်တဲ့ မိုဘိုင်းဖုန်းထုတ်တဲ့ SME လဲ လူဘယ်လောက်ရှိလဲ ကြည့်လိုက်ပါဦး။
မောင်ရင်ရေးတဲ့ SME အကြောင်းလဲ တစ်ကမ္ဘာ လုံးပြည့်တော့မယ်။ မြန်မာနိုင်ငံရဲ့ သတ်မှတ်ချက်မပါသေးတာ ကိုယ်တို့တွေ့ရတယ်။ ငထိုင်းတစ်ကောင်နဲ့ ကတ်ကြေး တစ်လက် ရှိရင် SME လို့သတ်မှတ်တယ်လို့ ထည့်ရေးဦးဟ။ ကတ်ကြေးလဲ များများဝယ်စုထားဦး။ တော်ကြာအမေရိကန် စီးပွားရေးပိတ်လို့ ကတ်ကြေးဝယ်မရ တော့ရင် မင်းတို့ စီးပွားပျက်ပြီ။ မင်းတို့ အဘတွေ ဆံပင်ညှပ် ကတ်ကြေးတောင် ထုတ်နိုင်တာ မဟုတ်ဘူး။
ငါတို့က စီးတဲ့မြင်း အထီးအမသိတာမဟုတ်ဘူးဗျ။ မင်းတို့သာ လ အက္ခရာပါတဲ့ ဟာ လောက်ပဲ စီးဘူးပြီး (လှည်း) မြင်းတောင် မမြင်ဘူးပဲနဲ့ မြင်းက ဒီလောက်မြန်မြန် မပြေးနိုင်ပါဘူး ဖင်ပိတ်အော်နေတာ။
၂။ အင်း - - - အလှူငွေရတဲ့ အလောင်း မြေမြုပ်တာမျိုး ကြတော့ ငါတို့ မြုပ်မယ် အတင်းလုပ်၊ ဘာမှရစရာမရှိတဲ့ မုန်တိုင်းက အလောင်းကိုတော့ ငါးပူတင်းစာကျွေး၊ ဒါမျိုးလူတွေက ကူညီမယ်ဆိုတာ ယုံရခက်ကြီးပါလား။ ကိုယ်တို့ကို ကိုယ်တို့လဲ ပညာရှင်လို့ တစ်ခါမှ မပြောမိပါလားကွယ်။ သာယာစရာလဲ တစ်ခုမှမရှိပါဘူး။ စစ်တပ်ကိုလေ အခုလုပ်နေတာ လောက်ပဲ တတ်နိုင်သေးလို့ တတ်နိုင်သလောက် ခွေးရိုက်ပေးနေရတာပေါ့ကွယ်။ ပိုပြီးတော့ စွမ်းဆောင်လာနိုင်တော့လဲ၊ စွမ်းအားရှင် လုပ်ပေးမှာပေါ့။

၃။ ဘုံပျောက်ရမယ်ပြောရအောင် ကိုယ်တို့က ဘယ်သူ့အထောက်အပံ့နဲ့ ဘယ်သူ့ဘုံပေါ်မှ ကပ်နေတာလဲ မဟုတ်၊ မောင်ရင်တို့သာ ပြည်သူ့လက်ထဲ အာဏာ ရောက်သွားရင် ခွက်ပျောက်သွားမှာ ကြောက်လို့ အသည်းအသန် လုပ်နေတာဗျ။ ချဗရွန်ရဲ့ ပြီခဲ့တဲ့ ၃လ ၀င်ငွေက ဘီလီယံ ၆.၅ ကျော်ရှိတယ်ဗျား။ မြန်မာပြည်ကို တစ်ကယ်ဝင်သိမ်းချင်ရင် အသုံးစားရိတ် ၄ဘီလီယံ နဲ့ အချိန်တစ်ပတ်ပဲလိုမယ်လို့ ပင်တဂွန်က ထောက်ပြထားတာ မောင်မတွေ့ဘူးလေရော့သလား။ အဲဒီ့ကုမ္ပဏီတစ်ခုထဲက ၀င်သိမ်းရင်တောင် မင်းအဘတွေ ဒီလောက်သက်ဆိုးမရှည်ဘူး။ အခုအချိန်မှာ လူတွေရဲ့ အတွေးအခေါ်နဲ့ စိတ်ဓာတ်တွေကလေ လွန်ခဲ့တဲ့ အနှစ် ၆၀ ကျော် ၇၀ လောက်က စိတ်ဓာတ်မျိုး အတွေးအခေါ်မျိုးရှိကြည့်ပါလား။ မင်းနဲ့ မင်းအဘတွေ မျိုးကန်းနေတာကြာလှပြီ။ အပြင်က NLD တို့ အဖွဲ့တို့က ဘုန်းကြီးမသတ်ဘူးဗျ။ ဘုန်းကြီးတောင်သတ်တဲ့ စစ်တပ်ကို ကလော်ပဲဆဲတာ လက်ထဲမှာ သေနတ်မရှိသေးလို့ဆိုတာ သဘောပေါက်။

၎။ မောင်ရင်က ကြမ်းပိုးကို လိပ်သိပ်ပြောတာပဲ။ မြန်မာစကားလဲ ဝေါဟာရ ကောင်းကောင်း နားလည်ပုံမရဘူး။ တရုတ်နဲ့ လုပ်ပေါ့ဆိုတာ ငေါ့တာဟ။ မင်းတို့ အခုလဲ လုပ်နေတာပဲ မဟုတ်လား။ လုပ်လေ၊ ချရင်လဲ ခံလိုက်၊ အခုလဲ ခံနေတာပါပဲ။ တရုတ် ကိုမော်ဒယ်တင်ပြ စရာ တွေရှိပါ့ဗျား။ တင်ပြလိုက်ပါ့မယ်။ ဒါပေမယ့် မောင်ရင့်ကို တရုတ်ဘယ်နှစ်ယောက်နဲ့ တွေ့ ကြုံ ဆက်ဆံဘူးပါသလဲလို့ အရင်မေးချင်တယ်။ ကိုယ်တို့ တွေ့ ခဲ့ဘူးတဲ့ နိုင်ငံခြားသားတွေထဲမှာ တော့ တရုတ်က ခွက်အကျဆုံးပဲ။ ဘာသာတရားမရှိ ငွေပဲကြည့်ပြီးတော့ ဘနဖူးတောင် သိုက်တူးတဲ့ ကောင်တွေဗျား။ မင်းလဲ တရုတ်နောက်လိုက်ချင်ရင် လိုက်လေ။ ငါတို့ကတော့ မလိုက်ဘူး။

၅။ တစ်နှစ်ကို ဒေါ်လာ သန်း၄၀၀ မြန်မာနိုင်ငံအတွက် အများကြီးလား၊ http://tonto.eia.doe.gov/oog/info/ngw/ngupdate.asp မှာ ယနေ့ သဘာဝဓာတ်ငွေ့ ပေါက်ဈေးလေးကြည့်လိုက်ပါဦးကွယ်။ ဒါတောင်ဈေးကျနေတာနော။ တွင်းတစ်တွင်းကနေ ကုဗပေ သန်း၃၀၀ကျော် (တွင်းတစ်တွင်းနော်) မြန်မာပြည်မှာ ဘယ်နှစ်တွင်းရှိလဲ။ ထိုင်းကိုပို့နေတဲ့ ပိုက်ဆံ တွေဟာ သန်း၄၀၀ ဆိုတာ ၁၀ရက်စာတောင်မရှိဘူးဆိုတာ မောင်ရင် ၄တန်းသချာင်္ တတ်ယုံနဲ့တင်မြင်လို့ ရတယ်ဗျား။ ထပ်ပြောလိုက်ဦးမယ်။ အမေရိကန် စီးပွားရေးပိတ်လို့ ဘာဆိုဘာမှကို မဖြစ်ဘူး။

ပုံပြင်လေးနဲ့ ပတ်သက်ပြီးလို့ကတော့ လျှပ်စီးလက်နိုင်ဘို့ လောက်အထိကြီးကို ထားလိုက်ပါ။ ၀ပ်၄၀ မီးတစ်လုံးလင်းအောင် မရှိဆင်းရဲတဲ့သူတွေကို အလှူဒါနကလေး ပေးလိုက်ပါဦးလို့ ပြောချင်ပါတယ်။ မောင်ရင့်ဆီက ကမ္ဘာနဲ့ ချီတဲ့ သီအိုရီတွေထွက်လာပေမဲ့ ငွေချေးလုပ်ငန်း လေးအတွက် အလှူငွေဘယ်လောက်ထည့်မယ် ထွက်မလာသေးဘူးနော်။

Anonymous said...

တွင်းတစ်တွင်းက သန်း၃၀၀ ဆိုတာ တစ်ရက်ကိုမှာ ပို့တဲ့ ဓာတ်ငွေ့ကို ပြောတာ။ ကျန်သွားလို့

Myo Win Zaw said...

ကောင်းတယ်ဟေ့ မြန်မာဘလော့တွေထဲ အရှည်ဆုံး ကွန်မန့်တွေထဲ ပါတယ် မျိုးဝင်းဇော်တို့ ဥာဏ်မမီ တော့ ဒီလောက်လေးဘဲ ပြောနိုင်င်တယ်