Friday, July 18, 2008

Finally, We're No 1. Mr Officer, are you proud of it?




နိုင်ငံတော် အဆိုးရနဲ့ အပေါင်းအပါများ နေ့မအား ညမနား ကြိုးစားလိုက်ကြတာ ကျွန်တော်တို့ မြန်မာနိုင်ငံကြီး နံပါတ် (၁) နေရာကို တောင် ရောက်လာမှပဲ။


ဒါကပူးတွဲ ဆုရသွားတဲ့နိုင်ငံ ၊ ရှင်းတယ်နော် စစ်ခွေးတွေ။ မင်းတို့ လုပ်လို့ မြန်မာနိုင်ငံ ဘယ်အဆင့် ရောက်သွား သလဲ ဆိုတာကို။ ကပ်ဖား ရပ်ဖား အောက်တန်းစားတွေ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ဘို့ အဆင့်နဲ့ အသိပညာ မရှိတဲ့ကောင်တွေလဲ ရှက်တတ်ရင် အမြင်မှန် ရကြပေါ့ကွာ။

မြန်မာနိုင်ငံမှာ အငတ်ငတ် အပြတ်ပြတ်နဲ့ ရှင်သန်ခဲ့ရတဲ့ ဘ၀မျိုးတွေကို ကျွန်တော်တို့ သူငယ်ချင်းတစ်ခု ခံစားခဲ့ကြရဘူးပါတယ်။ ငွေကြေး၊ အသိပညာနဲ့ မျှော်လင့်ချက်ချို့တဲ့ခဲ့ရတဲ့ နေ့ရက်တွေဖြစ်ခဲ့ပေမဲ့ သူငယ်ချင်း ချင်း ရိုင်းပင်းကူညီခဲ့တာတွေ၊ ရှင်သန်မှုအတွက် ကြိုးစားခဲ့ကြတာတွေကို ကျွန်တော်တို့ တစ်သက်မေ့မှာ မဟုတ်ပါဘူး။ အခုအချိန်မှာတော့ သူငယ်ချင်းတွေ ညီအစ်ကိုတော်၊ နောင်တော်တွေအားလုံး လူ့လောကရဲ့ တာဝန်အသီးသီးကို ကျေပွန်စွာ ထမ်းဆောင်နေကြတာကို ကျွန်တော်တို့ တွေ့ရတော့ စိတ်ချမ်းမြေ့စရာပါ။
ကျွန်တော်တို့ သူငယ်ချင်းတွေထဲက ပထမဦးဆုံး အလုပ်စရတဲ့သူက ကျွန်တော်တို့ တစ်အုပ်လုံးကို အဆောင် ပေါ်မှာတင် ထမင်းကျွေးထားခဲ့တော့ နပ်မှန်အောင်တော့ စားရခဲ့ပါတယ်။ ငရုတ်သီးထောင်းနဲ့ ၊ အကြော်တစ်ခု နဲ့ ထမင်းမြိန်ခဲ့ရတဲ့ အချိန်တွေဟာ အခုအချိန်မှာတော့ လွမ်းမောဖွယ်ရာပါ။ ကျွန်တော့်အစ်ကိုတော်တွေရဲ့ လေးစားစရာကောင်းလောက်တဲ့ စိတ်ထားတွေ၊ ဖြောင့်မှတ်မှန်ကန်မှုတွေကို ကြိုးစားရိုးသားမှုတွေကို ပြောပြရင် စစ်ခွေးများအတွက် ယုံတမ်းသဖွယ်ဖြစ်နေမလားပါပဲ။
ကျွန်တော်တို့အားလုံး အလုပ်ရှာကြတာ ၁နှစ်လောက်ကြာတဲ့အထိ မရကြပါဘူး။ အဲ - - တစ်နေ့တော့ ကျွန်တော့် အစ်ကိုတော်တစ်ယောက် အလုပ်ရလာပါပြီခင်ဗျား။ ဦးပိုင်လီမိတက်က သကြားစက်မှာ လက်ထောက်စက်ရုံမှူး ရာထူးပါတဲ့။ ကျွန်တော်တို့အားလုံး ၀မ်းသာကြတာပေါ့။ အပတ်စဉ် လမ်းကြားက အရက်ဖြူဆိုင်လေးမှာ ဆိုက်ကား ဆရာများ၊ ကန်စွန်းရွက် နဲ့ ဘဲခေါင်းကို အဖော်လုပ်နေကြတဲ့ လူတစ်သိုက် အဆောင်မှာ အနီတွေဘာတွေ ထောင်ပြီး ၀က်နံကို ကင်ဘို့ ပြင်ဆင်ကြတော့တာပေါ့ဗျာ။
သူငယ်ချင်းတစ်စု သောက်ကြစားကြ မိုးချုပ်စပြုလာချိန်မှာတော့ အပုတ်ကောင် ၀င်လာတာပေါ့ခင်ဗျား။ အခုအချိန် ပြန်စဉ်းစားကြည့်လိုက်ရင်ကို တော်တော်ကြီးကို အကျင့်စာရိတ္တ အရာမှာ နံဟောင်နေတဲ့ အပုတ် ကောင်ပါပဲ။ အဲဒီ့အပုတ်ကောင်က ကျွန်တော့်သူငယ်ချင်းဘယ်သူလဲဆိုတာ နာမည်ကိုပေးပြီးမေးတယ်။ ကျွန်တော်တို့ ထိတ်ကနဲတော့ ဖြစ်သွားတာပေါ့။ ဘယ်ကကောင်လဲ။ ဘာကောင်လဲ။ ဘာလုပ်မလို့လဲပေါ့။ ပြီးတော့မှ သူ့ကိုယ်သူမိတ်ဆက်ပြီးတော့ လာရင်းကိစ္စကို ဆိုပါတယ်။ စက်ရုံမှူးက တာဝန်ကျစက်ရုံဆီ မရောက် ခင်မှာ ဆီဝယ်မဲ့သူက အရင်ရောက်နှင့်လာကြောင်းပါ ခင်ဗျား။
ကျွန်တော့် အစ်ကိုတော် သူငယ်ချင်းခင်ဗျာ၊ ရယ်ရမလို ငိုရမလို နောက်မှအကြောင်းပြန်မယ်ဆိုပြီးတော့သာ အဲဒီ့လူကို ပြန်လွှတ်လိုက်ရပါတယ်။ နောက်ရက်အနည်းငယ်ကြာတဲ့အခါမှာတော့ တာဝန်ကျတဲ့ စက်ရုံဆီကို ကြွ မြန်းရတော့တာပေါ့ခင်ဗျာ။ ဒီနေရာမှာ ကျွန်တော်တို့မေးကြည့်ချင်တာက ဒီလိပ်စာကို ဒီလူဘယ်ကရသလဲ၊ ဒီစက်ရုံမှူးတောင် စက်ရုံဘယ်မှာရှိမှန်း မသိသေးတဲ့အချိန်မှာ သူကဘယ်လိုလုပ်ပြီးတော့ ဆီခိုးလို့ရမှန်းသိရ သလဲ။ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်တာပါ။ အဲ့ဒီ့နိုင်ငံပိုင်အဖွဲ့အစည်းကြီးက လူကြီးမင်းများဆီက ပဲလိပ်စာသိနိုင်တော့ပေမပေါ့ခင်ဗျာ။ ဆီခိုးလို့ရမှန်းသိနေတာကလဲ လူကြီးမင်းများက ရောင်းခဲ့ဘုးလို့ပေါ့။
နောက်၃လလောက်ကြာတဲ့အခါမှာ အဲဒီ့အစ်ကိုတော် ကျွန်တော်တို့ ဆီကို ပြန်ရောက်လာပါတယ်။ ခိုးချက်ပေါင်း စုံကို စိတ်ပျက်လက်ပျက်နဲ့ ပြောပြရင်း ဒီလိုမျိုးအသိုင်းအ၀န်းမှာ အလုပ်မလုပ်နိုင်တော့တဲ့အတွက်ကြောင့် တစ်ခါတည်းအလုပ်ထွက်လာပြီး ယူအန်မှာ အလုပ်ဝင်သွားတာ အခုအချိန်ထိတိုင်အောင်ပါပဲခင်ဗျား။
အဲဒီ့အစ်ကိုရဲ့ မစင်ကို အခုစစ်ခွေးတွေကျွေးလိုက်ရင်တောင် မြန်မာနိုင်ငံ ဒီထက်အများကြီး ပိုကောင်းလာစရာ ရှိတယ်ခင်ဗျ။
- စစ်ခွေးခိုးနည်း နိသရည်းတွေကို ရေးပြချင်တယ်ဗျာ။ ဒါပေမဲ့ လူများသိပြီးသားကိစ္စကြီးတစ်ခုကို အချိန်ကုန် ခံမနေချင်တော့ဘူး။ ဘယ်လိုထိန်းချုပ်သင့်သလဲဆိုတာကိုပဲ နောက်ရက်တွေမှာ ကျွန်တော်တို့ ဆက်ရေးပေးပါ့မယ်။ ပါဝင်ဆွေးနွေး ပေးကြပါခင်ဗျား။

No comments: