Saturday, July 12, 2008

How Much Is the Reward for telling Lies and Being a member of murder gang?

အခုတစ်လော ဘလော့ဂ်ကမ္ဘာမှာ သိုင်း ဘလော့လောက တစ်ခုပေါ်ထွန်းနေတာကို ကျွန်တော်တို့ မအားလပ်တဲ့ကြားကနေတွေ့နေရပါတယ်။ ကျွန်တော်တို့လဲ ဆိုင်၊ ဆိုင် မဆိုင် ဆိုင် ဂိုဏ်းတစ်ခုကို နဲနဲလောက် သုံးသပ်ပေးပါရစေခင်ဗျား။
အစိမ်းရောင်ဝတ် အုပ်စုဖွဲ့ခွေးမုဒိမ်းကျင့်ဂိုဏ်း (တစ်ယောက်ထဲလဲ ကျင့်ရဲတဲ့ သတ္တိမရှိကြပါဘူး) က လူများနဲ့ ကျွန်တော်တို့ စကားအနည်းငယ် ပြောခဲ့ရာမှာ သူတို့ ပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်။ -ာနိုင်ငံဖြစ်တော့မဲ့ နိုင်ငံတော်ကြီးကို တစ်ကယ်ချစ်တယ်ဆိုရင် နိုင်ငံမကောင်းကြောင်း ဘယ်တော့ မှမပြောပါနဲ့တဲ့။ ဘယ်ခွေးမုဒိန်းဂိုဏ်း ဆရာက သူတို့ခေါင်းထဲ ရိုက်ထဲ့ပေးလိုက်တယ်မသိပါဘူး။ ဒီခွေးမုဒိန်း သမားတွေ ဘာ့ကြောင့်ဘယ်လို ဒီလို ဥာဏ်စဉ်တွေ ရလာရသလဲဆိုတာကို လေ့လာတွေးခေါ်ကြည့်ရာကနေ နောက်ထပ်ဆက်စပ်ပြီးတော့ ခွေးမုဒိန်း အောက်ဆွဲများ အတွက်ပါ ဒီပို့စ်ကို ရေးဖြစ်ပါတယ်ခင်ဗျား။
ခောတ်တစ်ခုအတွင်းမှာ တည်ရှိနေတဲ့ လူအများရဲ့ တွေးခေါ်၊ ကျင့်ကြံ၊ ပြုမူမှုပုံစံတွေနဲ့ နောက်ခောတ်တစ်ခုအတွင်းမှာရှိတဲ့ လူအများရဲ့ အတွေးအခေါ်၊ အကျင့်အကြံ။ အပြုအမူ အနေအထိုင်ပုံစံတွေ ဟာ တူညီမှုမရှိနိုင်ကြပါဘူး။ ဖွံ့ဖြိုးတိုးတက်ပြီးသားနိုင်ငံများမှာတော့ တက္ကသိုလ်အသီးသီးမှာရှိကြတဲ့ ကျောင်းသားတွေ၊ ပညာရှင်တွေဟာ လက်ရှိဖြစ်ပျက်နေတဲ့ လူတွေဘယ်အရာတွေကို တန်ဘိုးထားတယ်၊ သူတို့ရဲ့ စိတ်နေသဘောထားဟာ ဘယ်လိုရှိသလဲဆိုတာကို သိနိုင်ဘို့ သုတေသနလုပ်လေ့ရှိကြပါတယ်။ ၁၉၃၃ ခုနှစ်တုန်းက အမေရိကန် ပြည်ထောင်စုမှာရှိတဲ့သူတွေဟာ ၁။ အလုပ်ကြိုးစားတယ် ၂။ ဥာဏ်ထက်မြက်တယ် ၃။ Materialistic လို့ခေါ်တဲ့ ဂုဏ်ပကာသဏ ဦးစားပေး ပစ္စည်းမက်ကြတယ်။ ၄။ ရည်ရွယ်ချက်ကြီးကြီးထားကြတယ်။ ၅။ နိုင်ငံရေး၊ လူမှုရေး ပြောင်းလဲမှုကို အားပေးပြီးတော့ တိုးတက်လိုသူများဖြစ်ကြတယ်လို့ Princeton University က ကောက်ယူခဲ့တဲ့ စစ်တမ်းများမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ၁၉၆၉ ခုနှစ် ရောက်ချိန်မှာတော့ ၁။ ပစ္စည်းနှင့် တိုင်းတာဆုံးဖြတ်မှု (Materialistic) ၂။ ရည်မှန်းချက် မြင့်မားမှု ၃။ အပျော်အပါးမက်ခြင်း ၄။ အလုပ်ကြိုးစားမှုနဲ့ ၅။ ဥာဏ်ထက်မြက်မှု အစရှိသည်ဖြင့် ပြောင်းလဲလာပြီးတော့ ၂၀၀၁ ခုနှစ် အချိန်ရောက်ရှိတဲ့ အခါမှာတော့ ၁။ ပစ္စည်းနဲ့ တိုင်းတာဆုံးဖြတ်မှု (Materialistic) ၂။ အပျင်းကြီးခြင်း ၃။ တစ်ဦးချင်း လွတ်လပ်စွာလုပ် ကိုင်မှုကို အားပေးခြင်း ၄။ အပျော်အပါးမက်ခြင်း နဲ့ ၅။အလုပ်ကြိုးစားမှုရှိကြခြင်း အစရှိသည်ဖြင့် ပြောင်းလဲလာကြတယ်လို့ Princeton University ကထုတ်ခဲ့တဲ့ စစ်တမ်းများအရသိနိုင်ကြပါတယ်။
အထက်ပါစစ်တမ်းများအရ အမေရိကန်များဟာ လွန်ခဲ့တဲ့ ၁၉၃၃ ခုနှစ်ကနဲ့စာရင် ရည်မှန်းချက်ကြီးကြီး မားမား မရှိကြတော့ဘူး။ အလုပ်ကြိုးစားမှု လျော့နည်းလာတယ်လို့ မှတ်ချက်ချရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်ကြိုးစားမှုဟာ တန်ဘိုးအထားဆုံး ၅နေရာမှာပါဝင် နေသေးတယ်၊ လွပ်လပ်စွာ လုပ်ကိုင်ခွင့်ကို အားပေးမှုတွေရှိနေသေးတယ် ဆိုရင် အမေရိကန်တွေ တိုးတက်နေဦးမယ်ဆိုတာကို ကျွန်တော်တို့ မှန်းဆနိုင်ကြပါသေးတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ရောခင်ဗျာ - - - - - - - - - - - - -
အမေရိကန်ကျောင်းသားတွေ လုပ်ခွင့်ရှိသလိုမျိုး မြန်မာနိုင်ငံမှာ စစ်တမ်းကောက်ယူခွင့်ရှိခဲ့မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒါမျိုးထွက်လာနိုင်မယ်ထင်ပါတယ်။ ၁။ အချောင်သမားစိတ်ရှိခြင်း ၂။ မည်သည့်အရာကိုမဆိုလွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့် မရှိခြင်း၊ ၃။ ခိုးဝှက်ခြင်း ၄။ ပျင်းရိခြင်း နဲ့ ၅။ အပျော်အပါးလွန်ကျူးခြင်းတို့ - ဖြစ်လာနိုင်စရာရှိတယ်လို့ ကျွန်တော်လို့ ထင်ပါတယ်။
ပေါက်ဖွားလာတဲ့ မျိုးဆက်သစ်တွေဟာ ပတ်ဝန်းကျင်အခြေအနေပေါ်မှာ မူတည်ပြီးတော့ အကျင့်စရိုက် ၊ အရည်အသွေးအစရှိတာတွေ ပြောင်းလဲရတယ်လို့ ကျွန်တော်တို့ဆိုနိုင်ပါတယ်။ လူတွေရဲ့ အတွေးအခေါ်၊ အကျင့်အကြံ အပြုအမူတွေကို ပုံစံသွင်းတာကတော့ emotion လို့ခေါ်နိုင်တဲ့ စိတ်ခံစားမှုတွေ၊ Belief လို့ခေါ် တဲ့ စွဲစွဲမြဲမြဲယုံကြည်မှု တွေသာပဲဖြစ်ပါတယ်။ သာမန်လူတွေ ဒေါသထွက်လောက်စရာ အယူအဆ၊ အကြံအစည်၊ အပြုအမူတွေကို ကျင့်ကြံပြုလုပ်နေကြတဲ့ ခွေးမုဒိန်းဂိုဏ်းသားများ ဟာ ဘာဖြစ်လို့ ဒါမျိုးစိတ်ဓာတ်တွေ ရှိကုန်ရသလဲ ၊ ခိုးဝှက်အရှက်မရှိ မုသားပြောဆို၊ ခွေးတောင်မရှောင်မုဒိန်းကျင့်ကြခြင်းကို ဘာဖြစ်လို့ လုပ်ကြသလဲလို့ ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာတော့ အောက်ပါအချက်များကို ထပ်မံတွေ့ရှိပါတယ်ခင်ဗျား။
Attitude - လို့ခေါ်တဲ့ စိတ်ဓာတ်ကို ပြောင်းလဲပစ်နိုင်တဲ့ Source တွေကတော့
Familiarity - လို့ခေါ်တဲ့ ရင်းနှီးကျွမ်းဝင်မှုရှိခြင်း - လူတွေဟာ မှန်ထဲကရုပ်ကို ရိုက်ထားတဲ့ ဓာတ်ပုံထက်ပိုပြီး ကြိုက်ကြတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့်မို့ ခွေးမုဒိန်းဂိုဏ်းသားတွေ ပြင်ပဂိုဏ်းသားများနဲ့ ဒါမျိုးရင်းနှီးကျွမ်းဝင်မှု မရှိလာအောင် ခွေးမုဒိန်းဂိုဏ်းချုပ်ကြီးက အစစအရာရာ ဂရုစိုက်ထားပါတယ်။ ဂိုဏ်းဝင်တစ်ယောက်ယောက်ရဲ့ သားသမီး က တစ်ခြား ဂိုဏ်းဝင်တစ်ယောက်ရဲ့ သားသမီးနဲ့ လက်ထပ်ရင်တောင် ဂိုဏ်းထဲကချက်ခြင်း ထုတ်ပစ်ပါတယ်။ (မန္တလေးတိုင်းရဲမှူးကြီး အထုတ်ခံလိုက်ရတာ သူ့သားက ဒီမိုသမီးနဲ့ ရင်းနှီးမိလို့ပေါ့)ခွေးမုဒိန်းဂိုဏ်းသားများ လူသတ်ပွဲ ကျင်းပနေစဉ် ကာလမှာတောင် တစ်နေရာထဲမှာ မသတ်ရပါဘူး။ နေရာအမျိုးမျိုးမှာ ပြောင်းသတ်ရတာ ဒါ့ကြောင့်ဖြစ်နိုင် ပါတယ်။
Training - လို့ပြုစုပျိုးထောင်မှု - နိုင်ငံတော်ကြီး တိုးတက်နေပါတယ်။ ခွေးမုဒိန်းဂိုဏ်းကြီးဟာ ကောင်းမှုကုသိုလ်တွေကို လုပ်ဆောင်နေပါတယ်လို့ တွင်တွင်ပြောနေတဲ့ သူများဟာ လေ့ကျင့်ခန်း (Training)အမျိုးမျိုး ကို အပေးခံခဲ့ အခုလဲ အပေးခံနေရဆဲသူတွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရပါတယ်။ သူတို့ရဲ့ အထင်အမြင်၊ အကြံပေးချက်တွေဟာ အစကနဦးက သူတို့ရဲ့ စိတ်သဘောထားအမှန်အတိုင်း မဟုတ်ပဲ ဖိအားပေးခံရလို့ ပြောဆိုရတာမျိုး၊ ဒါမှမဟုတ် အကျိုးအမြတ်တစ်စုံတစ်ရာ ရလို့ ပြောနေရေးနေရ တာတဲ့ အခြေအနေမျိုးနဲ့ စတင်ခဲ့ကြရတာပါ။ ဒါပေမဲ့ အချိန်ကာလတစ်ခုကြာအောင် ဖိအားပေးခံရ ၊ အကျိုးအမြတ် (Reward) တစ်ခုခုရရှိလာ တဲ့အခါမျိုးမှာတော့ ယခင်က စိတ်မပါပဲ ပြောတာ၊ ရေးတာတွေ၊ ယခင်အချိန်ကာလ မိမိယူဆချက်နဲ့ ဆန့်ကျင်ပြီး ပြောရ ရေးရတာတွေဟာ စိတ်ပါလက်ပါနဲ့ ပြောတာရေးတာ၊ -ာဖြစ်တော့မဲ့နိုင်ငံကြီး ကောင်းစားတော့မယ်ဆိုတာဟာ အမှန်တစ်ကယ်ဖြစ်လာတော့မလိုမျိုး ယုံကြည်ကြကုန် ပါတော့တယ်။
ဒီလိုမျိုး ပြောင်းလဲလာတဲ့ လူ့သဘောသဘာဝကို လေ့လာမှတ်တမ်းတင်ခဲ့သူတွေကတော့ (Janis နဲ့ King) (1954 - 1956) တို့ပဲဖြစ်ပါတယ်။ ငါတို့ များများရေး၊ များများ မုသားပြော၊ များများ ခွေးတွေဖမ်းပြီးတော့မုဒိန်းကျင့်ပေးရင်တော့ ဆုတွေလဒ်တွေ အများကြီးရရချေသေရဲ့ လို့ အစိမ်းရောင်ဝတ် ခွေးမုဒိန်းဂိုဏ်းဝင်များ ထင်မှတ်ကြကုန်ပြီ ထင်ပါတယ်ခင်ဗျား - - - -
Janis နဲ့ King တို့ ထပ်ပြီးလေ့လာရာမှာ တွေ့ရှိတဲ့အချက်ကတော့ လူတွေရဲ့ အပြုအမူ၊ အတွေးအခေါ်ကို ပြောင်းပစ်တဲ့ နေရာမှာ Reward တွေအများကြီးပေး ပြီးတော့ မဟုတ်တာတွေလုပ်ခိုင်း၊ မမှန်တာတွေ ဆိုခိုင်း ၊ ခွေးတောင်မချန် သရမ်းခိုင်းတာနဲ့စာရင် Reward နဲနဲပဲပေးပြီးတော့ လုပ်ခိုင်းတာက အချိန်တိုတိုအတွင်းမှာပဲ လျင်လျင်မြန်မြန် ထိထိရောက်ရောက်နဲ့ လူတွေရဲ့ Attitude တွေကို ပြောင်းလဲပစ်နိုင်ကြောင်းပါတဲ့ ခင်ဗျား -
၂၅၀ စားအစိမ်းရောင် ခွေးမုဒိန်းဂိုဏ်းသားများ ၊ ၂၅၀နဲ့ ဘာ့ကြောင့် ဒီလောက်ဟောင်နေရပါလိမ့်ဆိုတဲ့ အဖြေကို ပေးတဲ့ Janis နဲ့ King အား အထူးကျေးဇူးတင်ရှိပါကြောင်း - - - - အမြင်မှန်ရပြီး နုတ်ထွက်လိုပါလျင် ကျွန်တော်တို့၏ ခွေးမုဒိန်းသမားများအပေါ်ထားရှိသော Attitude အား လေ့ကျင့်ပြောင်းလဲပေးနိုင်ပါကြောင်းနဲ့ ဒီ့ထက်မက များစွာဟောင်သော်လဲ ၂၅၀ ပေးခြင်းသည်သာ ခွေးဂိုဏ်းချုပ်ကြီးအတွက် အကျိုးအရှိဆုံး ဖြစ်စေမည် ဆိုခြင်းကို ဟောင်နေသည့် ခွေးများ မသိသေးသော်လဲ အဟောင်ခိုင်းသည့် ခွေးမုဒိန်း ဂိုဏ်းချုပ်ကြီးမှာ ကောင်းကောင်းသိသည်ဖြစ်သည့်အတွက် ပိုရမည်ထင်ပါက Wait Long Long ဟုဆိုလိုပါကြောင်း ပြောကြားရင်း - ခဏနားမယ်ခင်ဗျား
စာကြွင်း - မကောင်းတာတွေဖြစ်နေတဲ့ နိုင်ငံကို မကောင်းဘူး မပြောပဲ ကောင်းပါတယ်ပြောမှ နိုင်ငံချစ်တယ် ဆိုရင်တော့ အဲဒီ့နိုင်ငံချစ်ပုံကြီးက ဘယ်လိုမျိုးကြီးလဲဟ - - သောက်ရူးလား

No comments: