ဗိုလ်ချုပ်အောင်ဆန်းနှင့် တစ်ကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီး များအား လေးစားစွာ ဂါရ၀ ပြုပါသည်။
Saturday, July 19, 2008
Subscribe to:
Post Comments (Atom)
စင်ရော်တောင်ပံရိုက်သံ တစ်ချက်သည် ကမ္ဘာ့ရာသီ စက်ဝန်းကြီးတစ်ခုလုံး ကို ပြောင်းသွားစေနိုင်ကြောင်း လောရင့်က (Lorenz) ဆိုခဲ့ပါသည်။ ကျွန်တော်တို့ ရိုက်ခတ်ခဲ့သော ရိုက်သံများသည် ရာသီစက်ဝန်းပြောင်းလဲ မှု၏ ခြေလှမ်းအစတစ်ခု ဖြစ်စေလိုသော အိပ်မက်မျိုးမက်ခဲ့ကြသူပေါင်း ထောင်သောင်းမက ရှိကြပါလိမ့်မည်။ အိပ်မက်များ ရှင်သန်ထမြောက်ဘို့ ကျွန်တော်တို့၏ အိပ်မက်များ ပေါင်းစည်းကြိုးစားကြပါစို့။
1 comment:
ဗိုလ်ချုပ်တို့ ဒီလိုတိုက်ခဲ့တာတဲ့၊ ပြောရက်၊ ရေးရက်ကြတယ်ဗျာ။
_________________________________________
နောင် ဂျပန်ခေတ်မှာလည်း မြန်မာတပ်မတော်ဘီအိုင်အေဟာ ဂျပန်တွေလုပ်သမျှ တစ်ချိန်လုံးခေါင်းငုံ့ခံ နေရတာပါ။ မြန်မာသားပျိုသမီးပျိုလေးတွေ ဂျပန်စစ်သားက စော်ကားသမျှ ဂျပန်ခေတ် သုံးနှစ်လုံးဘာမှ ပြန်မပြောပြန် မလုပ်ရဲပါဘူး၊ လုပ်လို့လဲ မရပါဘူး၊ ဂျပန်စစ်တပ်ဆိုတာ တိုက်ပွဲတစ်ပွဲမှာ လူသောင်းနဲ့ချီပြီး သတ်လာတဲ့ အင်မတန် ကြမ်းတဲ့စစ်တပ်ကြီးပါ၊ ရုရှား၊ တရုပ်နဲ့ ပိစိဖိတ်ဒေသတစ်ခုလုံးက တိုင်းပြည်ကြီးတွေ တစ်ခုပြီး တစ်ခု တိုက်သိမ်း လာတဲ့ အင်မတန်မာတဲ့ တပ်တွေပါ။ မြန်မာဘီအိုင်အေ တပ်လူနှစ်ထောင်ကျော်ဟာ ဂျပန်တနေ့သတ်စာတောင် မရှိပါဘူး။ ဘီအိုင်အေဟာ ဂျပန်စစ်ရှုံးလို့ လက်နက်ချခါနီးမှ ဂျပန်တော်လှန်ရေးဆိုပြီး ထတော်လှန်ရဲတာပါ။ အဲဒီအချိန်မှာ အန္ဒိယဘက်က အမေရိကန်မဟာမိတ်တပ်ကြီး ပြန်ဝင်လာတာ ပျဉ်းမနားရောက်နေပါပြီ။ အဓိပတိ ဒေါက်တာဘမော်နဲ့ ဗိုလ်မှူးကြီးဗထူး ကောင်းမှုကြောင့်သာ မြန်မာ့ခေါင်းဆောင်တွေ ခေါင်းနဲ့ကိုယ် မြဲနေတာပါ။ နို့မို့အကုန် ဂျပန်သတ်တာ ခံရမှာပါ။
ဂျပန်တော်လှန်ရေးဆိုတာလဲ မဟာမိတ်တပ်တွေကို စစ်ရှုံးပြီး ဒါဏ်ရာဘလပွ ပတ်တီးစတဖွေးဖွေးနဲ့ စုပ်ပြတ်သတ်ပြီး ကိုယ့်ကိုကိုယ်တောင် မသယ်နိုင်တော့တဲ့ ဂျပန်ထီး ဂျပန်မတွေ စစ်တောင်းမြစ်ထဲမှာ ဖောင်နဲ့ စုံပြေးလာတာကို ညဘက်လရောင်အောက်မှာ မြစ်ကမ်းပေါ်ကချောင်းပြီး သေနတ်နဲ့ ပြစ်တာကို ဂျပန်တော်လှန်ရေး ကြီးဆိုပြီး အကြီးအကြယ် လုပ်နေကြတာပါ။
ရေးသားသူ - ကိုဂျုး
ကဏ္ဍ - ပေးစာ ပြန်စာ
ဘလော့ - ပိတောက်မြေ။ http://padaukmyay.blogspot.com/
________________________________________
Post a Comment