Wednesday, May 21, 2008

Discussion open to all !!!!!

We want a leader who can unite all people of Myanmar:civilians,soldiers,etc.If there is an organization whose members are faith on each others and sacrifice for the country and there is no discrimination bt them ,then I will be theirs.I don't believe that it is the time to argue or to hate each other among the young.We are the same in a different way. believe it!we are the same.Find it and try to unite.Don't go the old way that you will never success to construct the Democracy country. the army killed the monks ,the people and make the country poor ,....,etc,but it doesn't mean that all the soldiers agree with it.Most of them(90% of them) don't agree with it. Don't waste the time arguing with 10% of them and don't think all soldiers are the same.Most of the politicians ( kaung shaung twe) make the young fell that all soldiers are the same and evils. And the army leader make the soldiers feel that all Demo are evils.We the young dance with the two parties for nothing . It is the time to quit from this circle and try to unite the people and the army who are really love the country ,not just with mouths,but in practice. We are the same in a different way.It is all!!!!!!!!!!!!!!!!! I am tired of watching the war between the young.It is not for the country but for the (Kaung shaung Myar) of both parties. They will survive as long as we don't unite. I want to know your opinions.
Ko Htoo
ပထမဆုံးအနေနဲ့ အချိန်ပေးပြီးတော့ ဆွေးနွေးပေးတဲ့ကိုထူးကို ကျေးဇူးတင်ပါတယ်လို့ အရင်ပြောလိုပါတယ် ခင်ဗျား။ ပထမဆုံး အနေနဲ့ တိုင်းပြည်အတွက် အလုပ်လုပ်ကြမဲ့ အဖွဲ့အစည်းတစ်ခုခုမှာ ကိုထူးအနေနဲ့ ပါဝင် လိုစိတ်ရှိတယ်ဆိုရင် အဝေးတစ်နေရာကနေလဲ အချိန်မရွေးပါဝင်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကန့်သတ်မှုတွေအများကြီး အတွင်းမှာ အလုပ်လုပ်နေကြရတဲ့ သူတွေချည်းပဲဖြစ်တာမို့လို့ ကိုထူးအနေနဲ့ ဘယ်လောက်တောင် ဘယ်အထိအချိန်ပေးနိုင်မလဲဆိုတာကိုတော့ ကြိုတင်စဉ်းစားထားစေချင်ပါတယ်။ နိုင်ငံအသီးသီးမှာ သူ့နေရာနဲ့သူ လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေအများကြီးရှိပါတယ် ခင်ဗျာ။ ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်ကူညီနိုင်မလဲဆိုတာ ကိုတော့ ကိုထူးဘာသာ စဉ်းစားရမှာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နဲ့ အယူအဆ ၊ ခံယူချက်မတူညီသူများကို ချစ်ခြင်း၊ မုန်းခြင်း မရှိပါဘူး။ ကျွန်တော် စစ်ဗိုလ်များနဲ့ အခုရက်ပိုင်းအတွင်းမှာ ၂ကြိမ်လောက် စကားတော်တော်ကြာကြာပြောဖြစ်ပါတယ်။ သူတို့ကို ကျွန်တော်ပြောခဲ့တဲ့ စကားတစ်ခုရှိပါတယ်။ ဒီအချိန်မှာ မင်းတို့ငါ့ကို လာသတ်ရင်တောင်မှ ဒါဟာ တစ်သီးပုဂ္ဂလခံစားချက်ကြောင့် မဟုတ်ပဲ ရှင်သန်ကြီးထွားလာရတဲ့ အခြေအနေကြောင့် ဖြစ်သွားရတယ်ဆိုတာ ကို ငါ နားလည်တယ်၊ ဒါပေမယ့် မင်းတို့ နားမလည်ဘူး လို့ ပြောခဲ့တာပါ။ အခုမုန်းတီးမှု၊ မကျေနပ်မှု တိုးပွားနေကြတဲ့ သူတွေအချင်းချင်းဟာ တစ်ကြိမ်တစ်ခါမှ တွေ့ခဲ့ကြဘူးများလဲ မဟုတ်၊ ဘယ်သူကမှ ဘယ်သူ့ ကို ဘာမှ အကျိုးယုတ်အောင် လုပ်ခဲ့ဘူးတာမဟုတ်ပဲနဲ့ ဖြစ်ပေါ်နေရတဲ့ ပတ်ဝန်းကျင်ကြောင့် ရန်စောင် ဒေါသ ထွက်နေကြရတယ်ဆိုရင် ကျွန်တော်ပြောတာ မှားမယ်မထင်ပါဘူး။ ဒါပေမဲ့ ဒီအခြေအနေကို ဘယ်သူတွေက ဖန်တီးခဲ့သလဲ။ ဘာ့ကြောင့်ဖန်တီးခဲ့ရသလဲ။ ဘယ်လိုဖြစ်လို့ ဒါမျိုးဖြစ်နေရတာလဲ ဆိုတာကို များများသိဘို့နဲ့ များများဖြန့်ဝေဘို့လိုတယ်လို့ကျွန်တော်တို့ထင်ပါတယ်။ ဒါမျိုးအခြေအနေတွေကို ရှောင်လွဲနိုင်ဘို့အတွက် ကျွန်တော်တို့ လိုက်နာသင့်တဲ့ norm တွေ၊ ဥပဒေသတွေရှိခဲ့ပြီးသားပါ။ ဒါပေမယ့် ဘယ်သူက ဒီဥပဒေတွေကို လိုက်နာသလဲ။ ကျွန်တော်ရဲရဲကြီးပြောရဲပါတယ်။ မြန်မာ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူတွေရဲ့ အခြေအနေဟာ ကျွန်တော်တို့ စောစောပိုင်းကရေးပြခဲ့သလိုမျိုး Self ပျောက်ဆုံးနေကြတဲ့ အခြေအနေမျိုးပါ။
နောက်တစ်ခုက ကျွန်တော်တို့ထင်တာကို ပြောရရင် လောကကြီးမှာ လူဆိုး၊ လူကောင်း၊ လူယုတ်မာ ရှိကြတာကြည့်ပါပဲ။ စစ်တပ်ထဲမှာ လူကောင်းတွေရှိပါတယ်။ ဒါပေမဲ့ သူတို့မကောင်းတာက သူတို့ဟာ လူဆိုး၊ လူယုတ်မာတွေရဲ့အောက်မှာ ရောက်နေတာကိုပါပဲ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရပြောပြရရင် နေရာတိုင်း မှာ အကျင့်မကောင်းတဲ့ကောင်၊ ယုတ်မာတဲ့ကောင်တွေ အများကြီးရှိတယ်ဆိုတာပါပဲ။ စစ်တပ်အတွင်းက မိမိကိုယ် မိမိ လူကောင်းလို့ ခံယူထားတဲ့သူများဟာ တစ်ယောက်တည်းကောင်းနေလို့မရပဲနဲ့ မကောင်းတဲ့ ကောင်တွေက လူတွေကို ဒုက္ခမပေးနိုင်အောင် တားဆီးဘို့လဲလိုအပ်တယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ အဲဒါမျိုးလူယုတ်မာတွေကိုတော့ ခပ်ကြမ်းကြမ်း တွယ်ပစ်တဲ့ နည်းလမ်းကလွဲပြီးတော့ တစ်ခြားနည်းလမ်း သုံးလို့ မရဘူးလို့ ကျွန်တော်တို့ထင်ပါတယ်။ စစ်တပ်က (လူငယ်များ) လူတွေဟာ ကျွန်တော်တို့နဲ့ အမှန်တစ်ကယ် ယုံကြည်မှု တည်ဆောက်ချင်ပါတယ်ဆိုရင် အခုအချိန်မှာ ကျွန်တော်တို့ အတူတူလက်တွဲပြီးတော့ လုပ်နိုင်တဲ့ လူမှုရေးလုပ်ငန်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ သဘောတူချက် (စည်းကမ်း)တွေချပြီးတော့ လုပ်နိုင် ကြမလား။ လုပ်ရဲကြမလား။ အဆင်သင့်ဖြစ်ပြီဆိုရင် စလိုက်ကြရအောင်ပါ။ ဒါပေမယ့် လူငယ်အချင်းချင်း စည်းလုံးမှာကို သေမလောက်ကြောက်တဲ့ သူတွေဟာ အမျိုးမျိုးအဖုံဖုံ ဖျက်ဆီးဘို့ ကြံစည်မယ်ဆိုတာကိုတော့ ကြိုတင်ယုံကြည်ထားပါ။ ဒါမျိုးလူတွေကို လူယုတ်မာလို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။
နောက်တစ်ခုက နိုင်ငံရေးပုံစံကို ဖန်တီးတဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေကိုပါ ထည့်ပြီးစဉ်းစားပါတယ်။ စစ်တပ် အုပ်စိုးထားသူတွေနဲ့ အတိုက်အခံ တွေအားလုံးဟာ နိုင်ငံခြားတိုင်းပြည်တွေ ရဲ့ ပုံစံသွင်းမှုကိုပဲ ခံရတာများ ပါတယ်။ ဒါဟာ မှန်ကန်မှုရှိပါတယ်။ နိုင်ငံများအကြားမှာတည်ရှိတဲ့ ပြိုင်ဆိုင်မှု ဟာ အရင်ကလဲ ပြင်းပြင်းထန်ထန်ရှိခဲ့ပါတယ်။ အခုလဲရှိတာပါပဲ။ နောင်လဲရှိနေဦးမှာပါပဲ။ ဒါဟာ လူသားသဘာဝ လို့ ကျွန်တော်တို့ဆိုချင်ပါတယ်။ မဖြစ်မနေအခြေအနေမျိုးကလွဲရင် ဘယ်နိုင်ငံမှ စစ်တပ်နဲ့ တက်တိုက်တဲ့ ကျူးကျော်မှုမျိုးကို မပြုလုပ်တော့ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံဟာ အဘက်ဘက်က ကျူးကျော်စော်ကားမှုကို ခံနေရပါတယ်ဆိုရင် ကျွန်တော်တို့ ပြောတာ မလွန်ဘူးလို့ထင်ပါတယ်။ နောက်တစ်ချိန်ပြောင်းလဲ သွားရင်တောင်မှ မြန်မာနိုင်ငံဟာ တစ်ခြားနိုင်ငံတွေရဲ့ ပုံစံသွင်းမှုကို အချိန်တော်တော်ကြာအောင် ခံနေရဦးမယ် ဆိုတာ သေသေချာချာ ကျွန်တော်တို့ပြောရဲပါတယ်။
နောက်ဆုံးပြောချင်တာတစ်ခုကတော့ ကျွန်တော်တို့ တစ်ကယ်တာဝန်ယူချင်တယ်ဆိုရင် ဒီတာဝန်ဟာ အရမ်း ကြီးလေးတယ်ဆိုတာကိုတော့ သိထားစေချင်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် တစ်ကယ်တာဝန်ယူလုပ်ကိုင် တဲ့အဆင့်မှာ မရှိကြသေးပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက်တော့ လုပ်နေကြပါတယ်ဆိုတာကို ကိုထူးကို ပြောထားချင်ပါတယ်ခင်ဗျား။ ကျွန်တော်တို့မှာ စစ်တပ်က ကျွန်တော်တို့ ဆီမှာ လာလာပြောနေကြသူများအတွက် အချစ်၊ အမုန်းမရှိဘူးဆိုတာကိုတော့ ထပ်ကာ ထပ်ကာ ပြောချင်ပါတယ်ခင်ဗျား။ ဒါပေမယ့် ခေါင်းဆောင်ပိုင်းနဲ့ အောက်ဆွဲတစ်ချို့ကိုတော့ လူယုတ်မာများ ဖြစ်တယ်လို့ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။ အားလုံး အဆင်ပြေကြပါစေခင်ဗျာ။

No comments: