Thursday, May 8, 2008

Why Myanmar Peoples encounter disasters

ခုခံနိုင်စွမ်း အကာအကွယ်မရှိပဲ ဒုက္ခရောက်နေတဲ့ လူတွေ(Vulnerable persons) အတွက် အန္တရာယ် တစ်စုံတစ်ရာ (Hazard) ကို ရင်ဆိုင်လိုက်ရတဲ့အချိန်မှာ ကပ်ဆိုး (Disaster) ကျရောက်တော့တာပါပဲ။ လူတွေဘာကြောင့် Vulnerable ဖြစ်ရသလဲဆိုတဲ့ အကြောင်းတွေကို အရင်းစစ်ကြည့်လိုက်လို့ရတယ်။ အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးစံနစ်တွေ၊ စီးပွားရေး အဆောက်အအုံတည်ဆောက်ထားပုံတွေ၊ ဆင်းရဲချမ်းသာ ကွာဟမှုတွေ၊ ပညာသင်ယူခွင့်ရရှိနိုင်မှု အခြေအနေ အစရှိတာတွေအားလုံးဟာ ကပ်ဘေးဒုက္ခကျရောက်ရခြင်းရဲ့ အကြောင်းရင်းတွေပဲ။ ကပ်ဆိုးကျရောက်ဘို့ဖြစ်နိုင်ချေကိုတွက်ချင်ရင်လွယ်လွယ်လေးပဲ။ အန္တရာယ်နဲ့ ခုခံနိုင်စွမ်းကို မြှောက် ပြီးတော့ စွမ်းဆောင်နိုင်အား (Capacity) နဲ့စား အဲဒါဆိုရင် ဘေးဒုက္ခရောက်ဘို့ ရာခိုင် နှုန်းဘယ်လောက်ရှိသလဲဆိုတာကို သိရမယ်။ Disaster Risk = (Vulnerability X Disaster)/Capacity

Disaster Risk ဆိုတာဘာလဲ - စံနစ်တစ်ခုရဲ့ လက်ခံနိုင်စွမ်းထက်ပိုကြီးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားတာကိုခေါ်ပါတယ်။ ကပ်ဆိုက်တာ (Disaster) ဟာ ဘာကိုပြသလဲဆိုရင် အဲဒီ့နေရာတွေမှာ အရင်ကတည်းက အန္တရာယ်ကျရောက်မှု (Hazards) တွေ ရှိနေခဲ့ပြီးသား ဆိုတာကိုပြတယ်။ (ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ အန္တရာယ်ဟာ ဘာလဲဆိုတာ ဦးနှောက်ရှိသူတိုင်းသိပါတယ်နော်)

အန္တရာယ် (Hazard)ဆိုတာကတော့ - လူတွေကိုဆိုးကျိုးပေးနေတဲ့ အင်အားစုတစ်ခု သို့ စွမ်းအင်တစ်ခု ပါပဲ။

Vulnerability ဆိုတာကတော့ - ဖြစ်ပျက်ထိခိုက်လွယ်မှုများ (Susceptibility) နဲ့ အကာအကွယ်မဲ့မှု (Exposure) တို့ပါပဲ။ ကပ်ဆိုက်မှုတွေကို အကာအကွယ်ပေးတဲ့ လူတွေနဲ့ လူမှုရေးလုပ်ငန်းကိုလုပ်ဆောင်တဲ့ သူတွေရဲ့ အသွင်အပြင်ဟာ အကြမ်းမျဉ်းအားဖြင့် ကွဲပြားတယ်။ ကပ်ဆိုးတွေကျရောက်လာတဲ့အခါမှာ စီမံကွပ်ကဲ တဲ့ အုပ်ချုပ်မှုပုံစံ၊ အုပ်ချုပ်တဲ့သူတွေနဲ့ တိုင်းပြည်တိုးတက်ရေးတည်ဆောက်ရေး လုပ်ငန်းကို လုပ်နေတဲ့ သူတွေ အုပ်ချုပ်မှုပုံစံတွေဟာလဲ ကွဲပြားတာပဲ။ (နိုင်ငံတော်ကြီးကို တိုးတက်အောင်လုပ်နေပါတယ်လို့အမြဲတမ်း အော်အော်နေတဲ့သူတွေ အခုဘေးထွက်ထိုင်နေကြဘို့ အချိန်သင့်ပြီဗျာ)။

ကပ်ဆိုက်တဲ့အခါမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေက
  • ပထမဆုံးဖြစ်လာမှာ ချက်ချင်းလက်ငင်းတိုင်းတာလို့ရတဲ့ အကျိုးဆက်တွေ (အိမ်ယာမြေ၊ စိုက်ခင်းအစရှိတာတွေပျက်စီးသွားတာ)
  • ဒုတိယတစ်ဆင့်အနေနဲ့ တိုက်ရိုက်မဟုတ်ပဲ ဆက်စပ်နေတဲ့သူတွေ တွေ့ကြုံရမဲ့ ထိခိုက်မှုတွေ (လက်တွေ့ကြုံတွေ့ နေရသူတွေနဲ့ စီးပွားရေး လူမှုရေးအဆက်အသွယ်ရှိတဲ့သူတွေ လုပ်ငန်းတွေ ရပ်သွားနိုင်တယ်။)
  • တတိယအဆင့်အနေနဲ့ အဲဒီ့ကပ်ဘေးကို ဖြေရှင်းဘို့ကြိုးစားရတဲ့အတွက် ရှုပ်ထွေးတဲ့ စီးပွားရေး ရွှေ့ပြောင်းမှုတွေ (Shift in Macro Economy) ဖြစ်ပေါ်လာတဲ့အတွက် အနုတ်လက္ခဏာနဲ့ ဆုံးရှုံးမှုတွေ ဟာ တစ်ခြားနေရာတွေကိုပါ စီးဆင်းသွားနိုင်တယ်။

နောက်ထပ်ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတစ်ခုကတော့ အကျင့်စာရိတ္တတွေကိုပါ ပြောင်းလဲသွားစေနိုင်တာပဲ။ ကပ်ဘေးဆိုက်လို့ အလှူငွေတွေ ရလာတဲ့အခါမှာ နောက်ထပ်ကပ်ဆိုက်ပါစေ လို့ဆုတောင်းနေတဲ့သူတွေ တောင်ရှိတယ်။ အစိုးရတွေကလဲ အဲဒီ့ကပ်ဘေးအန္တရာယ်တွေကို အကာအကွယ်လုပ်မဲ့အစား အဲဒီလို့ ကပ်ဆိုက်အောင် ကို လုပ်လာကြတာ တွေရှိတယ်။ (ဒက်ထိကိုမှန်လိုက်လေဗျာ) By Mark A. Pelling, King's College)

ကျွန်တော်တို့ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်လို့ မပြောတော့ပါဘူး။ ခွေးပြန်ဟောင်လို့ ဒေါသထွက်ရင် ကိုယ်ပဲ ဒုက္ခရောက်မို့လို့ပါ။ လူတွေကို ဒုက္ခပေးနေကြလူတွေအတွက်ကတော့ ဒါတွေဟာ ထမင်းစား ရေသောက်ပါပဲ။ တစ်ခုပဲမှတ်ထားကြပါ ကပ်ဆိုက်တဲ့ သူတွေဆိုတာ နဂိုကတည်းက သူတို့ဘ၀ဟာ အန္တရာယ်ကြားမှာ ရှင်သန်နေရတဲ့ သူတွေမို့လို့ ကပ်ဆိုက်ရတာပါ။ အဲဒီ့အန္တရာယ်မရှိရင် သူတို့ ကပ်ဆိုက်စရာ အကြောင်းမရှိပါဘူး။ နဲနဲဆက်လိုက်ကြရအောင်ဗျာ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းကသင်ခဲ့ရတဲ့ ပုံသေနည်းတစ်ခုပါ။

(P1V1/T1) = (P2V2/T2) Pressure ဖိအားနဲ့ Volume ထုထည်၊ Temperature အပူချိန်တွေဟာ အချိုးကျဆက်စပ်ပါတယ်။ ဆက်စပ်နေတဲ့ နေရာဒေသနှစ်ခုရဲ့ အပူချိန်၊ လေဖိအားနဲ့ လေထုသိပ်သည်းဆ တွေဟာ အချိုးညီညီရှိနေရတာပါ။ အချိုးမကျတော့ဘူးဆိုရင်ကတော့ အချိုးကျအောင် သဘာဝပြုပြင်ပေးတော့ တာပါပဲ။ နေရာဒေသတစ်ခုရဲ့ အပူချိန်ကိုအဓိကထိန်းပေးနေတာကတော့ သစ်ပင်တွေပဲဆိုတာ ခွေးကအစသိ ပါတယ်။ ခွေးတောင်မှ သစ်ပင်ရိပ်ကလေးဆို တော်တော်သဘောကျသဗျ။ ခွေးလောက်မှဦးနှောက်မရှိတဲ့ သူတွေကတော့ သိချင်မှသိမှာပေါ့ခင်ဗျာ။ သစ်ပင်တွေကို သဘာဝ အဲယားကွန်းကြီးတွေ လို့တောင်မှ တင်စားခေါ်ဝေါ်ကြပါတယ်တယ်ဗျာ။ အလယ်အလတ် သစ်ပင်တစ်ပင်ဟာ တစ်နေ့ကို ရေဂါလန် ၁၀၀ကျော်အထိ မြေကြီးထဲက စုပ်ယူပြီးတော့ ပတ်ဝန်းကျင်လေထုထဲကို ပက်ဖြန်းပေးပါတယ်။ ဒီပမာဏကို အင်နာဂျီယူနစ်တစ်ခုအဖြစ်ပြောင်းလိုက်ရင် ကီလိုကယ်လိုရီပေါင်း ၂၃၀၀၀၀ (နှစ်သိန်းသုံးသောင်းကျော်)ရှိကြောင်းပါ။ အဲဒီ့လိုထုတ်ပေးခြင်းအားဖြင့် ပတ်ဝန်းကျင်လေထုမှာရှိနေတဲ့ ရေခိုးရေငွေ့တွေရဲ့ ဖိအားနဲ့ ထုထည်ကို လဲ ထိန်းချုပ်ပေးကြောင်းပါ။ ဘေးမှာ လင့်ခ်ပေးထားတဲ့ Tree on Volume of Air Thesis ကို ဖတ်ကြည့်ကြပါခင်ဗျာ။ အဲဒီ့လို ထုတ်လွှတ်ပေးတဲ့ အပူချိန်နဲ့ ဖိအားထိန်းချုပ်မှုကို တိတိကျကျတွက်ချက်နိုင် ပါတယ်။ အပင်မရှိရင် အပူချိန်တက်တယ်၊ လေထုထည်ကျတယ်။ တစ်နေရာရာမှာ အကြောင်းတစ်ခုခုကြောင့် လေထုထည်များလာရင် နည်းလာတဲ့ ဘက်ကိုရွေ့ရမှာပဲ။ ရွေ့ရင်ဘာဖြစ်မလဲ။ မုန်တိုင်းဖြစ်ပြီပေါ့။ ခွေး က တစ်ဝုတ်ဝုတ်နဲ့ ကျွန်တော့်ကို ထောက်ခံကြောင်း တင်ပြပါတယ်။ ခွေးသိပါတယ်ခင်ဗျာ။ ခွေးထက်မိုက်တဲ့လူတွေမသိပါ။

မဇ္ဈိမက ကျွန်တော်တို့ရယူထားတဲ့ မုန်တိုင်းဒဏ်ခံဒေသတွေကိုကြည့်ပါ။ အနီရောင်စက်ဝိုင်းအကြီးကြီးနဲ့နေရာ ဟာ ပဲခူးရိုးမကြီးဖြစ်ပါတယ်။ ပဲခူးရိုးမဘယ်နေရာမှာ ရှိသလဲဆိုတာကို ကျွန်တော်တို့အရင်ကမသိရိုးအမှန်ပါ။ ဒါပေမယ့် ဒါမျိုးမုန်တိုင်းကြီးတွေဖြစ်ပေါ်လာနိုင်တယ်ဆိုတာကတော့ ယခင်နှစ်လောက်ကတည်းက ခန့်မှန်းမိပါတယ်။ ဒီလောက်ပြင်းထန်မယ်လို့တော့ မထင်ဘူးပေါ့။ ဘာကြောင့်ဒီလိုထင်ရသလဲ။ အောက်ပါပုံတွေကို ဆက်ကြည့်ကြည့်ပါခင်ဗျာ။












ဒီပုံတွေထဲမှာပါတဲ့ သစ်လုံးတစ်လုံးရဲ့ လုံးပတ်ဟာ ခြောက်ပေအောက်ထစ်ရှိပါတယ်။ နောက်ဆုံးပုံမှာ တစ်စွန်းတစ်စမြင်ရတဲ့ သစ်ကွင်းရဲ့အကျယ်ကိုတွေ့နိုင်ပါတယ်။ သစ်တန်တွက်ခြင်းဟာ မက်ထရစ်တန် တွက်ခြင်းနဲ့မတူပါဘူး။ အဲဒီ့သစ်တွေဟာ ပဲခူးရိုးမကထုတ်ထားတာပါ။ မြန်မာနိုင်ငံမှာ သစ်ရောင်းလို့တစ်နှစ်ကို ဒေါ်လာ သန်း ၂၀၀ ကနေ ၄၀၀ ၊ ၅၀၀ ကျော် အထိရပါတယ်။ အဲဒီ့အထဲက ငွေတစ်ချို့ကို ခြံစောင့်ဘို့ ခွေးအများ ကျွေးမွေးလေ့ကျင့်ခြင်းအတွက် အသုံးပြုပါတယ်။ ခွေးအတွေကို သင်တန်းပေးပို့တဲ့ နေရာကတော့ ရုစကီး ကောင်တီလို့ခေါ်ပါတယ်။ လူလိုတွေးနိုင်တဲ့ သူများပါနေတယ် ဆိုရင်တော့ သူတို့ကို ကျွန်တော်တို့ မရည်ရွယ်ပါဘူး။ ပြည်တွင်းဖြစ် Dog's Servant Acadamy (DSA) နဲ့ Dog's Servant Institute (DSIT) တွေမှာလဲ ခွေးအများထိန်းကျောင်း ပုံသွင်းခြင်းကို ပြုလုပ်ပါတယ်။ ဒါပေမယ့် ရာခိုင်နှုန်းအများစုကတော့ နိုင်ငံခြားကဘဏ်တွေထဲမှာ အဘများ မိသားစုဆယ်သက်စားမကုန်အောင် စုဆောင်းထားရှိကြပါတယ်။ ကိုင်တဲ့ ပိုက်ဆံအိတ်ဟာ ဒေါ်လာ၃၀၀၀ကျော်တန်တဲ့ ၀ံကြီးသားများအကြောင်းကို ခွေးအများ သွားရည်ကျအောင် ပြချင်လှပါတယ်။ ခွေးအအလုပ်ကတော့ အဘကိုထိရင်အူပြီးဝိုင်းခဲပေးဘို့ပါပဲ။ ရရှိတဲ့ ဆုလဒ်ကတော့အရိုးအရင်းပါ။ အခုနအဲဒီလိုအလုပ်မျိုးတွေလုပ်နိုင်ဘို့ ငွေကြေးပမာဏ ရရှိဘို့အတွက်ကတော့ အထက်မှာတွေ့ခဲ့သလို လုံးပတ် ၈ ပေ သစ်ပင်ကြီးတွေ တစ်နှစ်ကို အပင် ၃သိန်းလောက်ခုတ်ပစ်ရကြောင်းပါ။ အခုတော့ ကုန်သလောက် ရှိသွားပါပြီ။

ကျွန်တော်ဆက်ရေးပြစရာမလိုတော့ဘူးလို့ထင်ပါတယ်။ မြန်မာပြည်မှာ ရှိနေပြီးသား လူယုတ်မာ အသိုင်းအ၀ိုင်း (အန္တရာယ် Hazards တွေရယ်) ဘေးအန္တရာယ်ကို အမြဲတမ်းကြုံတွေ့နေရတဲ့ လုံခြုံမှုမရှိတဲ့ ပြည်သူတွေ (Vulnerable Persons) တွေရှိနေသေးသရွေ့ ကပ်ဘေး (Disasters) တွေဟာ စဉ်ဆက်မပြတ် ကျရောက်နေကြဦးမှာပါပဲ ခင်ဗျာ။ သစ်ပင်တစ်ပင်က လေထုနဲ့ ပတ်ဝန်းကျင်အပေါ်မှာ ဘယ်လိုသက်ရောက်တယ်ဆိုတာသိချင်ရင်တော့ ဘေးကလင့်ခ်မှာ ရယူလိုက်ပါ။ ခွေးထက်မိုက်တဲ့ သူများ ကို ဗဟုသုတမျှပေးကြပါခင်ဗျား။

5 comments:

မင်းကျန်စစ်။ said...

စိတ်မကောင်းစွာနဲ့ အကျိုးရှိစေတဲ့ စာတွေကို ဖတ်သွားတယ်ဗျာ

Anonymous said...

စာတွေဖတ်ရတာ အကျိုးရှိစေပါတယ်... ဘာပဲဖြစ်ဖြစ်နှစ်ဖက်လေး မျှမြင်တတ်ရင်ကောင်းမယ် ထင်ပါတယ်...။ ဝါးလုံးသိမ်းပြောနေမယ့် အစားလိုရင်းပြောချင်တာကို တိုက်ရိုက်ပြောလိုက်ပါ။ ကျွန်တော်လည်း DSA ဆင်းပါ။ နှလုံးသားမှာ မြန်မာပြည်တည်ပါတယ်။ လူကြီးမင်းတို့ မြန်မာပြည်ကို ချစ်မြတ်နိုးတယ်ဆိုတာထက် တပြားမလျှော့ ကျွန်တော်တို့လည်း ချစ်တယ်။ ကျွန်တော်တို့ စွမ်းနိုင်သလောက် နိုင်ငံကို ကူညီသွားမှာပါ။ ကျွန်တော်တို့က ပြည်သူတွေကျွေးတဲ့ထမင်းကို စားနေတဲ့သူတွေ ပြည်သူတွေ သစ္စာကို စောင့်သိတာပေါ့ဗျာ...။

Anonymous said...

လူမှုရေးစိတ်ဓါတ် ၊ စွန်းရည်သတ္တိ ရှိသော မြန်မာလူငယ်များသို့

ပြည်တွင်းက (အထူးသဖြင့် မုန်တိုင်းဒဏ် မခံရသော မြန်မာပြည် အထက်ပိုင်းမှ) ကျန်းမာကြံခိုင်သော လူငယ်များ ကိုယ်ပိုင်ရိက္ခာ (၁၀)ရက်စာခန့်ယူကာ ကိုယ်ပိုင် အစီအစဉ်ဖြင့် (၅) ယောက်တစ်ဖွဲ့ ၊ (၁၀) တစ်ဖွဲ့ စုဝေးပြီး ၊ မုန်တိုင်းဖြစ်ပြီးခါစ မှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါများကို ကာကွယ်နိုင်တဲ့ ဆေးဝါးများယူဆောင်ကာ အစိုးရ၊ NGO အဖွဲ့ အစည်းတို့ မရောက်နိုင်သော ဒေသများ၊ အကူအညီ လစ်ဟာနေသော ဒေသများသို့စေတနာထား၍ စွန့်စွန့်စားစား အမြန်ဆုံးသွားရောက် ကူညီသင့် ။ ကင်မရာတွေလဲ ယူသွားကြ။ ရေဒီယိုတွေ ယူသွားကြပါ။





အမျိုးသမီးငယ်များ ၊ ကျောင်းပိတ်နေဆဲ ကျောင်းသူများ မိမိ ကျေးရွာ ၊ရပ်ကွက် ၊ မြို့နယ် အတွင်း အလှူငွေများ ၊ အ၀တ် အထည်၊ စားစရာများ တက်တက်ကြွကြွ အပင်ပန်းခံ လိုက်လံအလှူခံကာ ရယက၊ မယက ရုံးများသို့ သွားရောက်လှူဒါန်းကြ၊
















သနားစရာ ရင်သွေးငယ် နှစ်ဦးနှင့် မိခင် (လင်ယောင်္ကျားက ရှိပါဦးမလား)

အရင်ထဲက တဲနဲ့ နေရပုံရတယ် ၊ အခုတော့ တဲနဲ့တောင် နေနိုင်တော့မဲ့ပုံ မပေါ်ဘူး





ကလေးငယ် တစ်ယောက် သူ့မိသားစုကို အကူအညီပေးမဲ့လူတွေကို မျှော်နေလေရဲ့



http://www.countrybuilders.blogspot.com/ တွင် ရေးသားထားသော အောက်က အကြံပြုချက်လေးတွေကို လက်ကမ်းစာစောင်အဖြစ် ပြုလုပ်ပြီး ကိုယ်နှင့် မကွာယူသွားကြပါ ၊ ကျွန်တော်တို့ရင်ထဲ မှာ မချိအောင်နာပေမယ့် ပျက်ဆီးဆုံးရှုံးမှုက အရမ်းကိုများလွန်းနေတော့ အကူအညီပေးရတာ အားမရနိုင်ဖြစ်ကြ ရပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးတဲ့ အခါမှာ သိသင့်တယ်လို့ထင်တဲ့အချက်ကလေးများကို လေ့လာတင်ပြပေးလိုက်ပါတယ်ခင်ဗျာ။ တတ်အားသရွေ့ ဖြန့်ဝေပေးကြပါခင်ဗျား။ နောက်တစ်ခုပန်ကြားလိုတာ ကတော့ ကျွန်တော်တို့ သဘာဝဘေးအန္တရာယ်ကျရောက် တဲ့အခါမှာ လိုက်နာဆောင်ရွက်ရမဲ့ လက်စွဲစာအုပ် ငယ်ကို ရှာဖွေပြီးတော့ ဘေးက Pane မှာ Link လုပ်ပေးထားပါတယ်။ တတ်နိုင်ရင် Chapter တစ်ခုစီလောက် မြန်မာလိုပြန်ပြီး ကျွန်တော်တို့ဆီကို ပို့ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။ အကျဉ်းချုပ်ကို Print ထုတ်ပြီး အုပ်ရေ ၁၀၀၀၀၊ ၂၀၀၀၀ လောက်ဝေနိုင်ရင်လဲ အကျိုးရှိနိုင်မယ်ယူဆလို့ပါခင်ဗျာ။သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပြီးချင်းမှာ အရေးအကြီးဆုံးလိုအပ်တဲ့အချက်တွေကတော့ သောက်ရေသန့်၊ ရိက္ခာထောက်ပံ့မှု၊ ဓာတ်အားပြတ်တောက်ခြင်းနဲ့ ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ကယ်ဆယ်မှုလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်ရမယ်၊ အစားအသောက်တွေကို ဘယ်လိုပြင်ဆင် မှုပြုရမယ်၊ ရေတွင်းရေကန်တွေကို ဘယ်လိုပိုးသတ်ရမလဲဆိုတာတွေ၊ တစ်သက်လုံးအမာရွတ်ထင်သွား စေနိုင်တဲ့ ကပ်ဘေးဒဏ်ခံ ပြည်သူတွေခံစားလိုက်ရတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားပေးနိုင်မလဲ ဆိုတာတွေကို လေ့လာ အသုံးချနိုင်ကြပါတယ်ခင်ဗျာ။ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ရာတွင် သတိပြုသင့်သည့်အချက်များ (မှတ်ချက်။ ကူးယူဖော်ပြခြင်းသာဖြစ်ပါသည်။ လိုအပ်သည်ထက်ပိုပြီး ဂရုစိုက်လွန်းသည်ထင်ပါက ပယ်နိုင်ပါသည်)
*အမှန်တစ်ကယ်အကူအညီပေးနိုင်သည့် အကြောင်းရင်းမရှိပဲနှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် နေရာအား မသွားပါနှင့်
*အမြဲတမ်းသတိရှိပါ။ လှေစီးလျင် မီးကြိုးများရေထဲထိနေခြင်းရှိမရှိစသည်။
*ရေကြီးနေသည့် အဆောက်အဦးများအတွင်းသို့ အန္တရာယ်ရှိသည်ဟုထင်လျင် လုံးဝမ၀င်ပါနှင့်။
*ရေကြီးရာမှ ဖြစ်ပေါ်လာသော ရေစီးကြောင်းများအတွင်း ကယ်ဆယ်ရန်မလိုအပ်ပဲနှင့် လုံးဝ မသွားပါနှင့်။ *ထိုရေများအတွင်းတွင် ဘက်တီးရီးယားပိုးမွှား မြောက်မြားစွာပါဝင်ပြီး ထိခိုက်ရာမှ ရရှိသော အပွန်းအပဲ့ ကလေးများအတွင်းသို့ပင် ရောဂါပိုးဝင်ရောက်နိုင်ပါသည်။
*ရေစီးကြောင်းများ၏ အနက်နှင့် ရေစီး အရှိန်သည် ထင်ရသည်ထက် များစွာပိုပါသည်။ ထိုရေစီးကြောင်းများအတွင်းကူးခတ်ရန် လုံးဝမကြိုးစားပါနှင့်။
*တိရိစ္ဆာန်များအား ကယ်တင်လိုပါက လှေငယ်ကလေးများအား လုံးဝအသုံးမပြုပါနှင့်။


*ခြံစည်းရိုးအစရှိသည်နောက်တွင် ပိတ်မိနေပါက ပိတ်နေသည့် အတားအဆီးများကိုသာ ဖယ်ရှားပါ။
***အစားအသောက်ပေးလှူလိုသည်ဆိုလျင်အောက်ပါအချက်များအား စဉ်းစားပါ
*ချက်ပြုတ်စရာနှင့် ရေခဲသေတ္တာတွင်း ထည့်သွင်းသိမ်းဆည်းရန်မလိုသော အစားအသောက်များ
*လွယ်လင့်တကူ ပြင်ဆင်နိုင်သော အစားအစာများ
*ကယ်လိုရီနှင့် ပရိုတိန်း များများပါသောအစားအစာများ
*ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သောအစားအစာများ
*ဥပမာပေးထားသည့် အစားအစာများမှာ -


စည်သွပ်ဘူးများ ၊ အသား၊ ငါး၊ အသီးအရွက်နှင့် ဖျော်ရည် နို့အစရှိသည်။ ကယ်လိုရီနှင့် စွမ်းအင် များစွာပါသောအစားအစာများမှာ Peanut Butter, ဂျယ်လီ၊ မုန့်ကြွတ် နှင့် တောင်တက်သမားများ အသုံးပြုကြသော မုန့်ခြောက်များ၊ လက်ဖက်ရည်၊ ရယ်ဒီမိတ်ကော်ဖီ၊ ချိုချဉ်၊ ဘီစကွတ်စသော မုန့်များကို စိတ်ဖိစီးမှုလျော့ကျစေရန်အတွက် စားသုံးနိုင်ပါသည်။ ဗီတာမင်ဆေးပြားများနှင့် ပရိုတိန်းအစားထိုးဆေးပြားများကိုလည်းပေးပို့နိုင်ပါသည်။ ဒါမျိုးအစားအစာတွေ ကိုရှောင်ပါ။
စီးပွားဖြစ်ထုတ်လုပ်ထားသည့် ရေဓာတ်ဖယ်ထားသော အစားအစာများ။ (အစာခြောက်များ) ထိုကဲ့သို့သော အစားအစာများ အားချေဖျက်ရန်ရေဓာတ်များစွာလိုအပ်ပါသည်။
*ပုလင်းသွတ်ထားသည့် အစားအစာများ။ (လေးလံသည်၊ ၀န်ကျယ်သည်၊ အလွယ်တကူ ကွဲနိုင်သည်)
*အစေ့မှရသည့် အစားအစာများ၊ (ဆန်နှင့်ပဲအစရှိသည်)။ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေသူများ အနေနှင့် ထိုကဲ့သို့သော အစားအစာမျိုးကို ပြင်ဆင်မှုပြုရန်မှာ ခက်ခဲလှပါသည်။
အစားအသောက်များအား မည်ကဲ့သို့ သိုလှောင်ထားရမည်နည်း။
*နေအိမ်အတွင်းရှိ အခြောက်သွေ့ဆုံးနှင့် အအေးဆုံးနေရာများတွင် အစားအစာများထားပါ။



*အလင်းရောင်မရှိသည့်နေရာတွင် ဖြစ်နိုင်ပါက ထားပါ။
*အစားအစာများအား လုံခြုံစွာ ဖုံးအုပ်ထားပါ။
*ကွတ်ကီးနှင့် ဘီစကစ်အစရှိသည့်မုန့်များကို ပလတ်စတစ်အိပ်များအတွင်း လေလုံအောင်ထုတ်ပြီး


*နောက်တစ်ထပ် ဘူးတစ်ခုခုအတွင်း ထည့်သွင်းသိမ်းဆည်းပါ။
*ပုရွက်ဆိတ်အစရှိသည့် အင်းဆက်များ လာရောက်စားသုံးနိုင်သည့် အစားအစာများအား



*လေလုံဘူးအတွင်းသို့ သေချာစွာပိတ်သွင်းသိမ်းဆည်းပါ။
*လူတစ်ဦး သောက်သုံးရန်နှင့် အစားအစာအတွက် ပြင်ဆင်ရန် တစ်နေ့လျင် အနည်းဆုံးရေ (၁) ဂါလန်လိုအပ်ပါသည်။ ကိုယ်ဝန်သယ်များ၊ ကလေးငယ်များ၊ အသက်အရွယ်ကြီးသူများနှင့် လူမမာများ အတွက် လိုအပ်ချက်မှာ ထို့ထက်ပိုပါသည်။ ပလပ်စတစ်ပုလင်းများနှင့် ပုံးများအတွင်းတွင် ရေကိုသိုလှောင်ထားပါ။ သဘာဝဘေးဒဏ်ခံနေရသည့် ကာလတစ်လျောက်လုံး အတွက် အနည်းဆုံး (၃)ရက်စာ ရေရှိနေရန်လိုအပ်ပါသည်။ ရေသန့်စင်ရန်အတွက် ရေသန့်ဆေးပြားများနှင့် Chlorine bleach အား အနံ့ထည့်မထားပါက အသုံးပြုနိုင်ပါသည်။ ရောစပ်ရမည့် အချိုးအစားမှာ တစ်ဂါလန်လျင် ၁၆စက် ၊ သို့မဟုတ် ရေ ၅ ဂါလန်အား Bleach လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရောစပ်ပြီး သမစွာမွှေလျင် ထိုရေအားသောက်သုံးနိုင် ပါသည်။ နိုင်ငံရပ်ခြားတိုင်းပြည်များရှိ ကုန်စုံဆိုင်များတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ ရေကူးကန်များတွင် အသုံးပြုသည့် ဟိုက်ပိုကလိုရိုက်နှင့် ကလိုရီနိတ်တက် လိုင်းမ် အစရှိသည် တို့ကိုလည်း ရေသန့်စင်ရန်အသုံးပြုနိုင်ပါသည်။
ကျန်းမာရေးနှင့် ကိုယ်လက်သန့်စင်ရေးဆိုင်ရာ သိကောင်းစရာများ
*ကိုယ်လက်သန့်စင်ရန်အတွက် အနည်းဆုံးအောက်ပါပစ္စည်းများလိုအပ်ပါသည်။
*အဖုံးကျပ်ကျပ် ပါသည့် အရွယ်အလတ်စား ပလတ်စတစ်ပုံး
*ပလစ်စတစ်အမှိုက်အိတ်များနှင့် ချည်နှောင်စရာကြိုး (Cable Ties) မှာ (၀န်ခံအားကောင်းရမည်)
*ကလိုရင်း ဆေးရည်
*ဆပ်ပြာ ဆပ်ပြာရည် နှင့် ဆပ်ပြာမှုန့်
*အိမ်သာသုံးစက္ကူ
*အိမ်သာဘယ်လိုဆောက်မလဲ -



*ရေဆိုးလိုင်းများ ပေါက်ကွဲ ပျက်ဆီးကုန်လျင် အိမ်သာအတွင်းသို့ ပလတ်စတစ် အိတ် ခံကာ အခင်းသွားပါ။


*အိမ်သာအိုးလဲ သုံးမရအောင်ဖြစ်နေပါက အဖုံးပါသည့် ပလတ်စတစ်ပုံးအတွင်းသို့ ပလပ်စတစ်အိတ်ခင်းကာ အခင်းသွားနိုင်ပါသည်။ ထိုင်စရာအတွက် ထိုပလတ်စတစ်ပုံးအပေါ်တွင် ပျဉ်ပြားနှစ်ချပ် ကန့်လန့်တင်ကာ ပြုလုပ်ယူနိုင်ပါသည်။ အခင်းသွားပြီးလျင် ဆပ်ပြာမှုန့်ခတ်ပြီး အဖုံးကို လုံအောင် ပိတ်ထားပါ။ စွန့်ပစ်လိုပါက ကြွက်၊ အစရှိသည်တို့ တူးဖော်ခြင်း မပြုနိုင်ရန် မြေမြုပ်ပစ်ရပါမည်။ ရေတွင်းရေကန်အစရှိသည်တို့နှင့် ဝေးရာတွင်စွန့်ပစ်ရန်သတိပြုပါ။



ကိုယ်လက်သန့်စင်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့်အရာဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက် ရေချိုးရန်မှာ မဖြစ်နိုင်သည့်အတွက် ကိုယ်လက်သန့်စင်ရန်အတွက် နည်းလမ်းများရှာဖွေရန်လိုအပ်ပါသည်။


ကိုယ်လက်သန့်စင်ရန် ပြုလုပ်နိုင်သည် များမှာ
*အရက်ပျံနှင့် ပွတ်သတ် သန့်စင်ခြင်း
*အရက်ပျံပါသည့် လိမ်းဆေး (Lotions) များနှင့် သန့်စင်ခြင်း
*ရေပတ်တိုက်ခြင်း
*Towlettes များအသုံးပြုသန့်စင်ခြင်း
*မျက်နှာလိမ်းသည့် ကရင်များ မုတ်ဆိတ်မွှေးရိတ်သည့် Lotions များနှင့် သန့်စင်ခြင်း
*စပရေးဘူးများအတွင်းသို့ ရေထည့် ကာ ပက်ဖြန်းရေချိုးခြင်းတို့ဖြစ်သည်။

AungNN said...

ပင်လယ်စပ်ကမ်းချေတွေမှာလမုပင်တွေခုတ်ထင်းလုပ်၊ ပုဇွန်မွေးကန်တွေလုပ်၊ လေပြင်းတိုက်တော့ လှိုင်းလုံးခံနိုင် တဲ့အပင်မရှိဖြစ်ရတယ်၊ ၂၅ ပေလှိုင်းကတော့ကျော်သွားမှာပေါ့ဒါပေမဲ့နဲနဲအားပြော့ သွားမှာပေါ့၊ Katrina တုံးကလဲသဘာဝအတားအဆီးတွေ လူတွေကဖျက်ဆီးထားလို့ဆိုးဆိုးဝါးဝါးခံရတာပါဘဲ၊

AungNN said...

peanut butter တို့ Jelly တို့ အရက်ပျံပါတဲ့ Hand sanitizer တို့ ကသိပ်မလွယ်လှဘူးထင်ပါသည်၊ ဖြစ်နိုင်တဲ့ဟာလေးတွေနဲ့လုမ်ကြရရင်အဆင်ပြေမလားလို့