Friday, May 23, 2008

Myanmarnese, are we corrupt? And how you wanna deal with it?

့ညီလေးရေ (၁၀)တန်းအောင်ရင် ဘာလုပ်ဘို့ စဉ်းစားထားသလဲ။
စစ်ဆေး (စစ်ဆေးတက္ကသိုလ်) သွားမယ် အကိုကြီး။
ဟ မင်းကဘာလို့သွားချင်ရတာလဲကွ။
စားရတယ် ကိုကြီးရ။ (အဆောင်က ကျွေးတဲ့ ထမင်းစားရတာကို ပြောတာဖြစ်မှာပါ)
ဟကောင်ရာ အပြင်မှာ ဆန်ပြုတ် ပြုတ်သောက်နေစမ်းပါကွာ ၊ ကျက်သရေတုံးတဲ့ အတွေးအခေါ်တွေ ၀င်မနေစမ်းပါနဲ့။

ကျွန်တော်ကိုယ်တိုင်ပြောခဲ့ဘူးတဲ့စကားများဖြစ်ပါတယ်။
လမ်းမှာ ဖြတ်ရတဲ့ ဂိတ်က ၂၀ ၊ ၃၀ လောက်ရှိတယ်။ စစဖြစ်ချင်းတုန်းကတော့ တစ်ဂိတ်ကို ၂၀၀၊ ၃၀၀ ပေးရင်ရတယ်၊ အခု ၅၀၀၀၊ ၆၀၀၀ ပေးမှဖြတ်လို့ရတော့တယ်။ ကျွန်မ အမျိုးတွေတော့ ဟိုမှာ သေသူသေ၊ ငတ်တဲ့သူက ငတ်ကုန်ကြပြီ။ မုန်တိုင်းပြီးလို့ အသက်ရှင်ကျန်တာတောင် ရေငတ်သေတဲ့သူတွေရှိတယ်။
မြန်မာပြည်မှ ပြန်လာတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပြောတာဖြစ်ပါတယ်။
(မြန်မာပြည်မှာ အကျင့်ပျက်တာ ဒီအထိတောင်ဆိုးရွားနေကြပြီလားခင်ဗျာ)

Corruption ဟာ မြန်မာပြည်မှာ အမြစ်တွယ်နေတဲ့ အရာတစ်ခုဖြစ်နေပြီမို့ ဒီ Corruption ကိုဘယ်လို တိုက်ဖျက်ပစ်နိုင်ကြမလဲဆိုတာကို ကျွန်တော်တို့ လေ့လာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘာတွေတွေ့လာရသလဲဆို တော့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ တစ်သောင်းခြောက်ထောင်မျှသော ပြသနာများပဲဖြစ်ပါတယ်။ ထိုကဲ့သို့

မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ တစ်သောင်းခြောက်ထောင်သော ပြသနာများထဲက ကျွန်တော်တို့ အစိုးရိမ်ဆုံးအရာတစ်ခုရှိပါတယ်။ Moral Decadence လို့ခေါ်တဲ့ အကျင့်စာရိတ္တဆုတ်ယုတ်ပျက်ပြားခြင်းပါပဲ။ လာဘ်ပေးလာဘ်ယူမှုတွေ၊ ထမ်းဆောင်ရမဲ့ တာဝန်အလုပ်တွေမှာ မြုပ်နှံလုပ်ကိုင်ခြင်း (Dedication) မရှိတော့တာတွေ၊ အကျင့်စာရိတ္တပျက်ပြားလာတာတွေ ၊ အပြောအဆို အပြုအမူအနေအထိုင်က အစရိုးသားခြင်းကင်းမဲ့လာတာတွေ သောက်စားမူးယစ်လောင်းကစား မှုတွေ တိုးပွားလာတာတွေ အားလုံးဟာ ကျွန်တော်တို့ အတွက် စိုးရိမ်စရာတွေဖြစ်ပါတယ်။ Corruption လို့ဆိုလိုက်တာနဲ့ ကျွန်တော်တို့ အရင်ဆုံးပြေးမြင်မိတာက လဒ်ပေးလာဘ်ယူမှုပါ။ ဒါပေမဲ့ အကျင့်ပျက်မှု (Corruption) ဟာ လာဘ်ပေးမှု ပြုလုပ်မှ လားဆိုတာကို ကျွန်တော်တို့ ကြည့်ကြည့်ရအောင်ခင်ဗျာ။

လူအများ၏ အထင်ကြီးအားကျမှုကို ခံရသူများသည် ညှင်းဆဲ နှိပ်စက်တတ်သူ၊ အလွဲသုံးစားပြုသူများဖြစ်နေ သည့်အခါ၊(အဲဒါဗိုလ်ချုပ်သားလေ) လူမှုအဖွဲ့အစည်းတစ်ခုခုသည် ဂုဏ်ယူစရာမဟုတ်သည့် အချက်များအပေါ်တွင် မာန်တက်နေ သောအခါ (မြန်မာပြည်မှာ မုန်တိုင်းတိုက်သွားတောင်မှ ဆန်အလုံအလောက်ရှိသေးတယ် - ဒါကိုသူတို့အရမ်းဂုဏ်ယူပါတယ် လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက လွန်ခဲ့သောရက်အနည်းငယ်အတွင်းက ပြောကြားသွားခဲ့ပါသည်) ၊ အခြေခံချမှတ်ထားသည့် မူဝါဒ စည်းမျဉ်းစည်းကမ်းများပျက်သုဉ်းပြီး အခြေအနေအရ လိုက်လျော လုပ်ကိုင်ရသည်များ အချောင်သမားဝါဒများ ကြီးစိုးနေသည့်အခါ ၊ ပမာမခန့် စော်ကားပြုမူသည်များ ကြီးစိုးပြီး ထိုကဲ့သို့ ပမာမခန့်ပြုမူခံရသူများကလည်း ငြိမ်ခံနေသည့် အခါပတ်ဝန်းကျင်တွင်ဖြစ်ပျက်ကျက်စားနေရ သည့် နေတဓူဝအခြေအနေများအားလုံး ပျက်စီးနေသော်လည်း လူအများစုက ငုံ့ခံနေကြသောအခါ၊ ထိုကဲ့သို့ သောအခါ အခြေအနေများ စုစည်းနေသည့် လူမှုအသိုင်းအ၀န်းတစ်ခုအား အကျင့်ပျက်နေသည့် လူမှု အသိုင်းအ၀န်းတစ်ခု အဖြစ်သတ်မှတ်သည်။ ဂွာတီမာလာနိုင်ငံမှ စာစောင်တစ်ခုမှ ပါဝင်တဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ - ကျွန်တော်တို့ထောက်ပြချင်တာကတော့ အနိုင်ကျင့်သူ ၊ အကျင့်ပျက်သူ ၊ လာဘ်ယူသူသည်သာ အကျင့်စာရိတ္တပျက်စီးနေတာမဟုတ်ပဲနဲ့၊ ဒါမျိုးအနိုင်ကျင့်မှုကို ငုံ့ခံတဲ့ သူဟာလဲ အကျင့်ပျက်တဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုပါပဲ။

မြန်မာပြည်မှာ ကျွန်တော်တို့အထက်က တင်ပြခဲ့တဲ့ အချက်တွေ ဖြစ်ပျက်လို့နေသလား လို့ ကျွန်တော်တို့ မေးကြည့်စရာ မလိုဘူးလို့ထင်ပါတယ်။ ဒါပေမယ့် လူအများအကျင့်ပျက်ကြတဲ့အတွက် ဘယ်သူတွေမှာ အကျိုးရှိသွားပါသလဲလို့ မေးကြည့်လိုက်ရင် အကျင့်ပျက်နေတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ အာဏာရှိနေတဲ့သူ တွေဟာ အကျိုးအမြတ်အရဆုံးဖြစ်ကာ ဒီ့အတွက်ကြောင့်ပဲ Corruption လို့အလွယ်တကူ ပြောနေကြတဲ့ လူများ အကျင့်စာရိတ္တပျက်ပြားမှုကို ထိန်းချုပ်ရခက်ခဲခြင်း ဖြစ်ပါတယ်။ တစ်ကယ်လို့များ မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ ပြည်သူအများစုအနေနဲ့ ဘယ်သူအကျင့်ပျက်ပျက် ကိုယ်မပျက်ဘူး၊ အကျင့် မပျက်လို့ ရလာတဲ့ ဒုက္ခတွေကို ခါးစီးခံမယ် ၊ မတရားမှုမှန်သမျှ ဆန့်ကျင်တော်လှန်ရမယ် ဆိုတဲ့ စိတ်ဓာတ်မျိုးများရှိနေခဲ့ကြရင် မြန်မာပြည်တွင်းမှာရှိနေကြတဲ့ လူယုတ်မာတွေ အနှေးနဲ့ အမြန် ဇာတ်သိမ်းရမှာပဲဖြစ်ပါတယ်။

အမြစ်တွယ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေကို ဘယ်လို ထိန်းချုပ်နိုင်မလဲလို့ ကျွန်တော်တို့ အကြမ်းမျဉ်းလေ့လာကြည့်ကြတဲ့အခါမှာ နိုင်ငံတကာမှာ ရှိတဲ့ အကျင့်ပျက်မှုကို ဘယ်လိုထိန်းချုပ်နိုင်မလဲ ဆိုတာကို လေ့လာတဲ့ပညာရှင်တွေဟာလဲ မြန်မာနိုင်ငံကို အတော်ကလေး အလေးထားတာကို တွေ့လာရပါတယ်။ ဘယ်လိုတွေ့လာရသလဲဆိုတော့ Cambridge University ကသမိုင်းပညာရှင် J.S. Furnivall ကပြုစုခဲ့တဲ့ မှတ်တမ်းထဲမှာဆိုရင် မြန်မာပြည်တွင် အကျင့်ပျက်ကြသည်မှာ ပြုမူကျင့်ကြံနေကြသည့် အကျင့်ပျက်မှုအားလုံးသည် ရိုးရာအစဉ်အလာအား လိုက်နာထိန်းသိမ်း မှု ပြုလုပ်နေခြင်းဖြစ်သည်ဟုပင် လူအများ ထင်မှတ်မှားလာကြပေသည် - လို့ ရေးသားခဲ့ပါတယ်ခင်ဗျား။ ဒီစာကြောင်းကို ဖတ်ပြီးတော့ ကျွန်တော် တို့ မျက်စိထဲ တန်းမြင်လာတဲ့ အရာကြီးကတော့ အခါကြီးရက်ကြီးမှာ လက်အုပ်လေးတစ်ချီချီနဲ့ မုန့်ပုံးထဲမှာ ငွေအထုတ်လိုက်ထည့်ပြီး ကန်တော့ကြသူများနဲ့ ကန်တော့ခံကြသူများပဲ ဖြစ်ပါတယ်။ ကောင်းပါပြီ၊ အများသိကြပြီးသားအရာတစ်ခုကို အပ်ကြောင်းထပ်အောင် မရေးပြတော့ပါဘူး။ ဘယ်လိုကာကွယ်စောင့်ထိန်း ၊ ထိန်းချုပ်နိုင်ကြမလဲဆိုတာကိုသာ ဆက်ပြီးဆွေးနွေးလိုပါတယ်ခင်ဗျာ။ ဒါပေမယ့် အတတ်နိုင်ဆုံး အကျင့်မပျက်မိကြစေဘို့ (လေယာဉ်ကွင်းမှာ ဆေးလိပ်ဘူး ပေးတာကအစ) တော့ ပန်ကြားလိုပါတယ်။

နောက်တစ်နေ့မှ ဆက်ပါတော့မယ်ခင်ဗျား


3 comments:

Anonymous said...

သိမ်ဖျင်းတဲ့ တန်ဖိုးမဲ့တဲ့စကားတွေနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမချနဲ့။

အသက်ကြီးသလောက် လူကြီးဆန်နိုင်ပါစေ။

ကိုယ်က သူများကို အပြစ်တင် ရှုံ့ချနေတာဟာ သူဘယ်လိုလူလဲ ဆိုတာ မပေါ်လွင်ဘူး။ ကိုယ်ဘယ်လိုလူလဲ ဆိုတာ တော့ သေသေချာချာ ပေါ်လွင်သွားပြီ။

သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲဒီအပြစ်မျိုး ကိုယ့်မှာရှာကြည့်ပါ။ ရှိနေတတ်ပါတယ်။ သူတစ်ပါးမှာ ကောင်းတာမြင်ရင်လည်း အဲဒီလို ကောင်းတာကော ငါ့မှာ မရှိဘူးလား။ ရှိရင်ကောင်းပါတယ်။ မရှိသေးရင် ရှိအောင်လုပ်ရမည်။


ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူ၊ ကိုယ့်အလုပ်ကိုကိုယ် အတက်နိုင်ဆုံး ကောင်းအောင် လုပ်တဲ့သူဟာ သူ့ဟာသူ စိတ်ကျေနပ်မှု ရနေတယ်။ စိတ်ချမ်းသာနေတယ်။ ပျော်နေတယ်။ သူများချီးမွမ်းတာ အပေါ်မှာ မှီခိုမှု မရှိဘူး။ လွတ်လပ်နေတယ်။

လူတစ်ယောက်နဲ့ ရန်ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သူနဲ့ တန်းတူဖြစ်အောင် အဆင့်နိမ့်လိုက်ခြင်း ဖြစ်သည်။
(ဦးဇောတိက)

Anonymous said...

အဲဒါတွေက ဦးဇောတိက ၀ါးရင်းတုတ်အစွမ်းအကြောင်းမသိခင်က ရေးခဲ့တာတွေဖြစ်မယ်။
အခုဦးဇောတိကပြောတာ ဒီခွေးမသား စစ်ခွေးနဲ့ စွမ်းအားရှင်တွေ အသေသတ်ပစ်မှကို အေးမှာပါတဲဗျား။

Anonymous said...

တော်တော်လဲ ပေါ ရဲတဲ့ကောင်ပဲကွာ။ အသက်ကြီးသလောက် အချိန် မစီးဘူး။ ကလေးလောက်တောင် အသိဥာဏ်မရှိဘူး။
ရှက်ဖွယ်ပဲ။
အခုမှပဲ အဆင့်အတန်းက သိသိသာသာပေါ်တော့တယ်။